မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဈာပနကို ပင့်သံဃာ(၁၀၈)ပါးဖြင့် မေလ ၉ ရက်နေ့တွင် ကျင်းပမည်

 4034

ယွန်း (NP News) - မေ ၆

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဈာပနကို ပင့်သံဃာ(၁၀၈)ပါးဖြင့် လာမည့် မေလ ၉ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ဆရာတော်ကြီး၏တပည့်ကပ္ပိယများထံမှ သိရသည်။

ဆရာ‌တော်ကြီး၏ အန္တိမအဂ္ဂိဈာပနကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဉေယျဓမ်တောရတွင် မေလ ၉ ရက်နေ့နှင့် ၁၀ ရက်တို့တွင် (၂)ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

“ဆရာတော်ကြီးရဲ့ ဈာပနကိုတော့ လာမယ့် ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ (၂)ရက်လုပ်မှာပါ။ ပင့်သံဃာ(၁၀၈)ပါးပင့်မှာပါ။ ဆရာ‌တော်ကြီး ခန္ဓာဝန်ချခဲ့တဲ့ ဉေယျဓမ်တောရမှာပဲ လုပ်မှာပါ” ဟု ဆရာတော်ကြီး၏ ကပ္ပိယတစ်ဦးက NP News ကိုပြောသည်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား မီးမပူဇော်ဘဲ စံကျောင်းဖြင့် ပူဇော်သွားမည်ဖြစ်ပြီး အဆိုပါစံကျောင်းကို ဆရာတော်ကြီး ပျံလွန်တော်မမူမီက မိန့်ကြားခဲ့သည့် ဉေယျဓမ်တောရ၏ အင်္ဂါထောင့်တွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆရာတော်ကြီးရဲ့မိန့်ကြားချက်ထဲမှာ ပါတဲ့အတိုင်း ဉေယျဓမ်တောရရဲ့ အင်္ဂါထောင့်မှာဆောက်မှာပါ။ အကုန်လုံးလဲ တိုင်ပင်ပြီးပါပြီ။ ဉေယျဓမ်တောရရဲ့ အင်္ဂါထောင့်မှာ ဆရာတော်ကြီးကျောက်တိုင်စိုက်ထားခဲ့တာရှိတယ်။ အဲဒီနေရာမှာပဲ ဆောက်မှာ။ ၆ လလောက်တော့ ကြာပါမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးသည် ပြီးခဲ့သည့် ဧပြီ(၃၀)ရက်၊ နေ့လည် (၁)နာရီ (၁၀)မိနစ်အချိန်ခန့်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မလည်တိုက်နယ်၊ ဉေယျဓမ်တောရတွင် သီတင်းသုံးတော်မူနေစဉ် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၈၃ နှစ်ရှိပြီဖြစ်သည်။

မဟာဗောဓိမြိုင် ဆရာတော်လောင်းလျာကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းရွာနေ ဦးဘစံ-ဒေါ်မေတို့မှ ၁၃၀၃-ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက် အင်္ဂါနေ့တွင် ဖွားမြင်ပြီး ငယ်နာမည် မောင်ငြိမ်းမောင် ဖြစ်သည်။

zawgyi version
မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး၏ ဈာပနကို ပင့္သံဃာ(၁၀၈)ပါးျဖင့္ ေမလ ၉ ရက္ေန႔တြင္ က်င္းပမည္
ယြန္း (NP News) - ေမ ၆

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး၏ ဈာပနကို ပင့္သံဃာ(၁၀၈)ပါးျဖင့္ လာမည့္ ေမလ ၉ ရက္ေန႔တြင္ စတင္က်င္းပသြားမည္ျဖစ္ေၾကာင္း ဆရာေတာ္ႀကီး၏တပည့္ကပၸိယမ်ားထံမွ သိရသည္။

ဆရာ‌ေတာ္ႀကီး၏ အႏၲိမအဂၢိဈာပနကို စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္ရွိ ေဉယ်ဓမ္ေတာရတြင္ ေမလ ၉ ရက္ေန႔ႏွင့္ ၁၀ ရက္တို႔တြင္ (၂)ရက္ၾကာ က်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ဆရာေတာ္ႀကီးရဲ႕ ဈာပနကိုေတာ့ လာမယ့္ ၉ ရက္ေန႔နဲ႔ ၁၀ ရက္ေန႔ (၂)ရက္လုပ္မွာပါ။ ပင့္သံဃာ(၁၀၈)ပါးပင့္မွာပါ။ ဆရာ‌ေတာ္ႀကီး ခႏၶာဝန္ခ်ခဲ့တဲ့ ေဉယ်ဓမ္ေတာရမွာပဲ လုပ္မွာပါ” ဟု ဆရာေတာ္ႀကီး၏ ကပၸိယတစ္ဦးက NP News ကိုေျပာသည္။

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး၏ ဥတုဇ႐ုပ္ကလာပ္ေတာ္အား မီးမပူေဇာ္ဘဲ စံေက်ာင္းျဖင့္ ပူေဇာ္သြားမည္ျဖစ္ၿပီး အဆိုပါစံေက်ာင္းကို ဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မမူမီက မိန႔္ၾကားခဲ့သည့္ ေဉယ်ဓမ္ေတာရ၏ အဂၤါေထာင့္တြင္ ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဆရာေတာ္ႀကီးရဲ႕မိန႔္ၾကားခ်က္ထဲမွာ ပါတဲ့အတိုင္း ေဉယ်ဓမ္ေတာရရဲ႕ အဂၤါေထာင့္မွာေဆာက္မွာပါ။ အကုန္လုံးလဲ တိုင္ပင္ၿပီးပါၿပီ။ ေဉယ်ဓမ္ေတာရရဲ႕ အဂၤါေထာင့္မွာ ဆရာေတာ္ႀကီးေက်ာက္တိုင္စိုက္ထားခဲ့တာရွိတယ္။ အဲဒီေနရာမွာပဲ ေဆာက္မွာ။ ၆ လေလာက္ေတာ့ ၾကာပါမယ္”ဟု ၎က ဆက္လက္ေျပာသည္။

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးသည္ ၿပီးခဲ့သည့္ ဧၿပီ(၃၀)ရက္၊ ေန႔လည္ (၁)နာရီ (၁၀)မိနစ္အခ်ိန္ခန႔္က စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္ မလည္တိုက္နယ္၊ ေဉယ်ဓမ္ေတာရတြင္ သီတင္းသုံးေတာ္မူေနစဥ္ ဘဝနတ္ထံပ်ံလြန္ေတာ္မူခဲ့ၿပီး ပ်ံလြန္ေတာ္မူခ်ိန္တြင္ သက္ေတာ္ ၈၃ ႏွစ္ရွိၿပီျဖစ္သည္။

မဟာေဗာဓိၿမိဳင္ ဆရာေတာ္ေလာင္းလ်ာကို စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္၊ မင္းကုန္း႐ြာေန ဦးဘစံ-ေဒၚေမတို႔မွ ၁၃၀၃-ခုႏွစ္၊ ဝါဆိုလျပည့္ေက်ာ္ (၁)ရက္ အဂၤါေန႔တြင္ ဖြားျမင္ၿပီး ငယ္နာမည္ ေမာင္ၿငိမ္းေမာင္ ျဖစ္သည္။

Related news

© 2021. All rights reserved.