လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်သော လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၏ လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်မှုအပေါ်ဝေဖန်မှုမြင့်တက်

 2902

ယွန်း (NP News) - မေ ၆

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ပြီး လတ်တလော၌ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာမှုအပေါ် ဝေဖန်မှုများရှိနေသည်။

နိုင်ငံရေးအခင်းအကျင်း မဖြစ်မီကာလနှင့် နှိုင်းယှဉ်ပါက လက်ရှိကာလတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မဂ္ဂါဝပ်(၁၀ဝဝ)ခန့် လျော့နည်းနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။ ပြည်တွင်း၌ ရေအားအပါအဝင် သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်နှင့် ကျောက်မီးသွေးဟူသည့် စွမ်းအင်အမျိုးအစား(၄)မျိုးဖြင့် စက်ရုံပေါင်း (၆၄)ရုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိပြီး စုစုပေါင်း စက်တပ်ဆင်အင်အား ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ် ဖြစ်သော်လည်း နေ့စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ၂၈၆၅ ဒသမ ဝ၁ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။

လက်ရှိကာလတွင် ရွှေကျင်၊ ဘီလူးချောင်း(၁)၊ (၂)၊ (၃)၊ သဖန်းဆိပ် ရေအားလျှပ်စစ် ဓာတ် အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်နေသည့် ၂၃၀ ကေဗီ၊ ၁၃၂ ကေဗီဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရမှုများရှိကြောင်း သိရသည်။ ထို့ပြင် သဘာဝဓာတ်ငွေ့ခွဲတမ်း လျော့နည်းရရှိမှုအရ အပူစွမ်းအင်သုံးစက်ရုံတို့မှ စွမ်းအားပြည့်မောင်းနှင် ထုတ် လုပ်နိုင်မှုမရှိခြင်းတို့ကြောင့် သာမန်အချိန်ထက် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၀ဝ၀ ခန့် လျော့နည်းနေကြောင်း ဝန်ကြီးဌာနကဆိုသည်။

‘‘ရွှေကျင်၊ ဘီလူးချောင်း (၁)၊ (၂)၊ (၃)၊ သဖန်း ဆိပ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေကနေ ထွက်ရှိတဲ့ ဓာတ်အားကိုပို့လွှတ်နေတဲ့ ၂၃၀ ကေဗီ၊ ၁၃၂ ကေဗီဓာတ်အားလိုင်းတွေ ဖျက်ဆီးခံထားရခြင်း၊ သဘာဝဓာတ်ငွေ့ခွဲတမ်း လျော့နည်းရရှိမှုအရ အပူစွမ်းအင်သုံးစက်ရုံတွေကနေ စွမ်းအားပြည့်မောင်းနှင် ထုတ်လုပ်နိုင်မှုမရှိတာတွေကြောင့် သာမန်အချိန်ထက် မဂ္ဂါဝပ် ၁၀ဝ၀ ခန့် လျော့နည်းနေပြီး ဓာတ်အားခွဲဝေဖြန့်ဖြူခြင်းများကို ဆောင်ရွက်နေပါတယ်’’ ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နောက်ပိုင်းမှစ၍ လျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ရရှိခဲ့သော်လည်း လျှပ်စစ် ဓာတ်အားပြတ်တောက်မှုသည် ယခုနှစ် (၂၀၂၄)တွင် ပိုမိုဆိုးရွားလာခဲ့ပြီး မီးလာချိန်ထက် ပျက်ချိန်ပိုများနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ဆိုထားသည်။

‘‘ကျွန်တော်တို့ ဆောက်လုပ်ရေးတွေအနေနဲ့တော့ မီးမလာတဲ့အတွက် တည်ဆောက်တဲ့နေရာတွေ မှာသုံးတဲ့ စက်ပစ္စည်းတွေက မီးစက်တွေကို သုံးရတယ်။ မီးစက်တွေမှာသုံးရတဲ့ ဒီဇယ်တွေကလည်း လိုသလောက်ဝယ်လို့မရဘူး။ ဘယ်လိုပဲ လုပ်ငန်းအတွက်ထောက်ခံချက်ပါပါ လိုသလောက် ဝယ်လို့မရတဲ့အခါကျတော့ အလုပ်တွေကို အချိန်လျှော့ တာတွေ၊ အချိန်ပြောင်းတာတွေလုပ်ရတယ်။ ခက်တာက မနက်(၇)နာရီကနေ ည(၇)နာရီအထိပဲ စည်ပင်သာယာက လုပ်ခွင့်ပေးတာလေ။ အဲဒီတော့ အလုပ်တွေကတော့ ထိခိုက်မှုတွေများတာပေါ့။ ကွန်ဒိုတွေမှာ ဆိုရင်လည်း မီးမလာ‌ တော့ ဒီတိုင်းပဲ မီးစက်နဲ့သုံးရတယ်။ ပုံမှန်ကုန်ကျတာထက် ပိုလည်းကုန်တယ်။ အလုပ်လည်းမတွင်ဘူး။ အခုက ပိုဆိုး လာတာ။ မီးကလာမယ်ဆိုတဲ့အချိန်မှာတောင် မလာဘူးလေ။ ပြီးခဲ့တဲ့နှစ်ကလည်း ပြတ်တော့ပြတ်တယ်။ ဒီလောက် တော့ မဆိုးခဲ့ဘူး’’ဟု ပြည်တွင်းရှိ ဆောက်လုပ်‌ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သုံးစွဲသူစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်မှာ အိမ်သုံးအမျိုးအစားဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်မှာ စက်မှုသုံး၊ စီးပွားဖြစ် အမျိုးအစားများ ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။ ‘‘ပြတ်တာတော့ ပြတ်လို့ရပါတယ်။ မပြတ်နဲ့လို့မဆိုလိုဘူး။ အတိုင်းအတာလေး တစ်ခုအထိတော့ပြတ်ပေါ့။ ပြတ်ချိန်နဲ့ မီးလာချိန် မှန်မှန်လေးပေါ့။ အခုက ပြတ်ချင်တဲ့အချိန်ပြတ် လာချင်တဲ့အချိန်လာဆိုတော့ အချိန်နဲ့အလုပ်လုပ်ရတဲ့ လူကျတော့ အဆင်မပြေဘူးလေ။ သူ့ဟာနဲ့သူ သတ်မှတ်ချက်တစ်ခုထားပြီး နှစ်နာရီပေးမယ်ဆိုလည်း နှစ်နာရီပေး။ နှစ်နာရီပျက်မယ် ဆိုလည်း နှစ်နာရီပျက်ပေါ့။ သတ်မှတ်ချက်လေးတစ်ခုနဲ့ဆို ပိုအဆင်ပြေတာပေါ့။ အခုကပြတ်ချိန်က ပိုများနေတယ်။ ထမင်းချက်တဲ့အချိန်မှာ ပြတ်သွားတာ အဆိုးဆုံးပဲ။ မီးလာလို့ချက်လိုက်တယ်။ ထမင်းအိုးမကျက်ခင် မီးကပြတ်သွား တယ်။ ထမင်းအိုးလည်း ပျက်တယ်။ ချက်တဲ့ထမင်းကလည်း လွှင့်ပစ်ရတာများတယ်။ ဆန်ဈေးတွေကလည်းသိတဲ့ အတိုင်း တက်နေတာ’’ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးကဆိုသည်။

ထိုသို့ လျှပ်စစ်မီးလုံလောက်စွာပေးနိုင်မှုမရှိခြင်းကြောင့် လစဉ်ကျပ်(၅၀)ဘီလျံထက်မနည်း နိုင်ငံသားများ ဘက်မှ နစ်နာဆုံးရှုံးနေကြောင်း အကြမ်းဖျင်းတွက်ချက်မှုများအရသိရပြီး စက်မှုလုပ်ငန်းများ အပါအဝင် ပြည်သူလူထု အနေဖြင့် လုပ်ငန်းပိုင်ဆိုင်ရာများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

‘‘အစ်မဆိုရင် တစ်ပိုင်တစ်နိုင်စီးပွား‌ရေးလေး လုပ်နေတာပေါ့။ ကိတ်ဆိုင်လေးဖွင့်ထားတယ်။ ပုံမှန် မီးလာချိန်ကို ပဲစောင့်ပြီး မုန့်ဖုတ်ရတာလေ။ အခုကကျတော့ ကိတ်ဖုတ်ဖို့အဆင်သင့်ဖြစ်ပြီ မီးလာတာကို စောင့်နေ၊ မီးလာလို့ ကိတ်ဖုတ်ဖို့ထည့်လိုက်တော့ ငါးမိနစ်လောက်နဲ့မီးက ပြတ်သွားရော။ ၄၅ မိနစ်လောက်ကြာတယ်လေ။ မီးလာမှ ပြန်ဖုတ် လို့မရဘူး။ မီးလာအောင်စောင့်နေတဲ့အချိန်မှာ ကိတ်ရဖို့ရောစပ်ထားတဲ့ အရာတွေက ကိတ်ဖြစ်မလာတော့ဘူး။ အသစ် ထပ်ပြီး လုပ်မှ ရတာပေါ့’’ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ မမီးမီးက ပြောသည်။

ထို့ပြင် တည်ဆောက်ဆဲ ရေအားလျှပ်စစ်ဓာတ် အားပေးစီမံကိန်း(၇)ခုရှိပြီး အဆိုပါစီမံကိန်းများ တည်ဆောက် ပြီးစီးပါက လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁၃၂၀ ဒသမ ၄ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိကာလတွင် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား(၂၈၀ဝ)မဂ္ဂါဝပ်ခန့်သာ ပျမ်းမျှထုတ်လုပ်နိုင်ပြီး လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က မေလ(၁)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ဓာတ်အားဝယ်ယူနိုင်ရေးအတွက် တရုတ် နိုင်ငံမှ ပထမအဆင့် ၁၀ဝ မဂ္ဂါဝပ်၊ ဒုတိယအဆင့် ၃၀ဝ မဂ္ဂါဝပ်နှင့် လာအိုနိုင်ငံမှ လျှပ်စစ် ၁၀ဝ၀ မဂ္ဂါဝပ်ကို အဆင့်လိုက် ဝယ်ယူနိုင်ရေးကို အသေးစိတ်ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

zawgyi version
လိုအပ္ခ်က္၏ ၅၀ ရာခိုင္ႏႈန္းခန႔္သာ ထုတ္လုပ္ျဖန႔္ျဖဴးေပးႏိုင္ေသာ လွ်ပ္စစ္စြမ္းအားဝန္ႀကီး ဌာန၏ လွ်ပ္စစ္မီး ဆိုး႐ြားစြာျပတ္ေတာက္မႈအေပၚေဝဖန္မႈျမင့္တက္
ယြန္း (NP News) - ေမ ၆

ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္၏ ၅၀ ရာခိုင္ႏႈန္းခန႔္သာ ထုတ္လုပ္ျဖန႔္ျဖဴး ေပးႏိုင္ၿပီး လတ္တေလာ၌ လွ်ပ္စစ္မီးျပတ္ေတာက္မႈ ပိုမိုဆိုး႐ြားလာမႈအေပၚ ေဝဖန္မႈမ်ားရွိေနသည္။

ႏိုင္ငံေရးအခင္းအက်င္း မျဖစ္မီကာလႏွင့္ ႏႈိင္းယွဥ္ပါက လက္ရွိကာလတြင္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္မႈ မဂၢါဝပ္(၁၀ဝဝ)ခန႔္ ေလ်ာ့နည္းေနေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနထံမွ သိရသည္။ ျပည္တြင္း၌ ေရအားအပါအဝင္ သဘာဝဓာတ္ေငြ႕၊ ေနေရာင္ျခည္ႏွင့္ ေက်ာက္မီးေသြးဟူသည့္ စြမ္းအင္အမ်ိဳးအစား(၄)မ်ိဳးျဖင့္ စက္႐ုံေပါင္း (၆၄)႐ုံမွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္လ်က္ရွိၿပီး စုစုေပါင္း စက္တပ္ဆင္အင္အား ၇၁၈၄ ဒသမ ၄၆ မဂၢါဝပ္ ျဖစ္ေသာ္လည္း ေန႔စဥ္ပ်မ္းမွ် လွ်ပ္စစ္ဓာတ္အား ၂၈၆၅ ဒသမ ဝ၁ မဂၢါဝပ္ခန႔္သာ ထုတ္လုပ္ျဖန႔္ျဖဴးေပးႏိုင္ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။

လက္ရွိကာလတြင္ ေ႐ႊက်င္၊ ဘီလူးေခ်ာင္း(၁)၊ (၂)၊ (၃)၊ သဖန္းဆိပ္ ေရအားလွ်ပ္စစ္ ဓာတ္ အားေပးစက္႐ုံမ်ားမွ ထြက္ရွိသည့္ ဓာတ္အားကို ပို႔လႊတ္ေနသည့္ ၂၃၀ ေကဗီ၊ ၁၃၂ ေကဗီဓာတ္အားလိုင္းမ်ား ဖ်က္ဆီးခံထားရမႈမ်ားရွိေၾကာင္း သိရသည္။ ထို႔ျပင္ သဘာဝဓာတ္ေငြ႕ခြဲတမ္း ေလ်ာ့နည္းရရွိမႈအရ အပူစြမ္းအင္သုံးစက္႐ုံတို႔မွ စြမ္းအားျပည့္ေမာင္းႏွင္ ထုတ္ လုပ္ႏိုင္မႈမရွိျခင္းတို႔ေၾကာင့္ သာမန္အခ်ိန္ထက္ လွ်ပ္စစ္ဓာတ္အားမဂၢါဝပ္ ၁၀ဝ၀ ခန႔္ ေလ်ာ့နည္းေနေၾကာင္း ဝန္ႀကီးဌာနကဆိုသည္။

‘‘ေ႐ႊက်င္၊ ဘီလူးေခ်ာင္း (၁)၊ (၂)၊ (၃)၊ သဖန္း ဆိပ္ေရအားလွ်ပ္စစ္ ဓာတ္အားေပးစက္႐ုံေတြကေန ထြက္ရွိတဲ့ ဓာတ္အားကိုပို႔လႊတ္ေနတဲ့ ၂၃၀ ေကဗီ၊ ၁၃၂ ေကဗီဓာတ္အားလိုင္းေတြ ဖ်က္ဆီးခံထားရျခင္း၊ သဘာဝဓာတ္ေငြ႕ခြဲတမ္း ေလ်ာ့နည္းရရွိမႈအရ အပူစြမ္းအင္သုံးစက္႐ုံေတြကေန စြမ္းအားျပည့္ေမာင္းႏွင္ ထုတ္လုပ္ႏိုင္မႈမရွိတာေတြေၾကာင့္ သာမန္အခ်ိန္ထက္ မဂၢါဝပ္ ၁၀ဝ၀ ခန႔္ ေလ်ာ့နည္းေနၿပီး ဓာတ္အားခြဲေဝျဖန႔္ျဖဴျခင္းမ်ားကို ေဆာင္႐ြက္ေနပါတယ္’’ ဟု လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ေနာက္ပိုင္းမွစ၍ လွ်ပ္စစ္မီးကို အလွည့္က်စနစ္ျဖင့္ ပုံမွန္ရရွိခဲ့ေသာ္လည္း လွ်ပ္စစ္ ဓာတ္အားျပတ္ေတာက္မႈသည္ ယခုႏွစ္ (၂၀၂၄)တြင္ ပိုမိုဆိုး႐ြားလာခဲ့ၿပီး မီးလာခ်ိန္ထက္ ပ်က္ခ်ိန္ပိုမ်ားေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္ အသိုင္းအဝိုင္းက ဆိုထားသည္။

‘‘ကြၽန္ေတာ္တို႔ ေဆာက္လုပ္ေရးေတြအေနနဲ႔ေတာ့ မီးမလာတဲ့အတြက္ တည္ေဆာက္တဲ့ေနရာေတြ မွာသုံးတဲ့ စက္ပစၥည္းေတြက မီးစက္ေတြကို သုံးရတယ္။ မီးစက္ေတြမွာသုံးရတဲ့ ဒီဇယ္ေတြကလည္း လိုသေလာက္ဝယ္လို႔မရဘူး။ ဘယ္လိုပဲ လုပ္ငန္းအတြက္ေထာက္ခံခ်က္ပါပါ လိုသေလာက္ ဝယ္လို႔မရတဲ့အခါက်ေတာ့ အလုပ္ေတြကို အခ်ိန္ေလွ်ာ့ တာေတြ၊ အခ်ိန္ေျပာင္းတာေတြလုပ္ရတယ္။ ခက္တာက မနက္(၇)နာရီကေန ည(၇)နာရီအထိပဲ စည္ပင္သာယာက လုပ္ခြင့္ေပးတာေလ။ အဲဒီေတာ့ အလုပ္ေတြကေတာ့ ထိခိုက္မႈေတြမ်ားတာေပါ့။ ကြန္ဒိုေတြမွာ ဆိုရင္လည္း မီးမလာ‌ ေတာ့ ဒီတိုင္းပဲ မီးစက္နဲ႔သုံးရတယ္။ ပုံမွန္ကုန္က်တာထက္ ပိုလည္းကုန္တယ္။ အလုပ္လည္းမတြင္ဘူး။ အခုက ပိုဆိုး လာတာ။ မီးကလာမယ္ဆိုတဲ့အခ်ိန္မွာေတာင္ မလာဘူးေလ။ ၿပီးခဲ့တဲ့ႏွစ္ကလည္း ျပတ္ေတာ့ျပတ္တယ္။ ဒီေလာက္ ေတာ့ မဆိုးခဲ့ဘူး’’ဟု ျပည္တြင္းရွိ ေဆာက္လုပ္‌ေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

၂၀၂၄ ခုႏွစ္ ဇန္နဝါရီလတြင္ သုံးစြဲသူစုစုေပါင္း၏ ၉၀ ရာခိုင္ႏႈန္းခန႔္မွာ အိမ္သုံးအမ်ိဳးအစားျဖစ္ၿပီး ၁၀ ရာခိုင္ႏႈန္းခန႔္မွာ စက္မႈသုံး၊ စီးပြားျဖစ္ အမ်ိဳးအစားမ်ား ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုထားသည္။ ‘‘ျပတ္တာေတာ့ ျပတ္လို႔ရပါတယ္။ မျပတ္နဲ႔လို႔မဆိုလိုဘူး။ အတိုင္းအတာေလး တစ္ခုအထိေတာ့ျပတ္ေပါ့။ ျပတ္ခ်ိန္နဲ႔ မီးလာခ်ိန္ မွန္မွန္ေလးေပါ့။ အခုက ျပတ္ခ်င္တဲ့အခ်ိန္ျပတ္ လာခ်င္တဲ့အခ်ိန္လာဆိုေတာ့ အခ်ိန္နဲ႔အလုပ္လုပ္ရတဲ့ လူက်ေတာ့ အဆင္မေျပဘူးေလ။ သူ႔ဟာနဲ႔သူ သတ္မွတ္ခ်က္တစ္ခုထားၿပီး ႏွစ္နာရီေပးမယ္ဆိုလည္း ႏွစ္နာရီေပး။ ႏွစ္နာရီပ်က္မယ္ ဆိုလည္း ႏွစ္နာရီပ်က္ေပါ့။ သတ္မွတ္ခ်က္ေလးတစ္ခုနဲ႔ဆို ပိုအဆင္ေျပတာေပါ့။ အခုကျပတ္ခ်ိန္က ပိုမ်ားေနတယ္။ ထမင္းခ်က္တဲ့အခ်ိန္မွာ ျပတ္သြားတာ အဆိုးဆုံးပဲ။ မီးလာလို႔ခ်က္လိုက္တယ္။ ထမင္းအိုးမက်က္ခင္ မီးကျပတ္သြား တယ္။ ထမင္းအိုးလည္း ပ်က္တယ္။ ခ်က္တဲ့ထမင္းကလည္း လႊင့္ပစ္ရတာမ်ားတယ္။ ဆန္ေဈးေတြကလည္းသိတဲ့ အတိုင္း တက္ေနတာ’’ဟု ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူတစ္ဦးကဆိုသည္။

ထိုသို႔ လွ်ပ္စစ္မီးလုံေလာက္စြာေပးႏိုင္မႈမရွိျခင္းေၾကာင့္ လစဥ္က်ပ္(၅၀)ဘီလ်ံထက္မနည္း ႏိုင္ငံသားမ်ား ဘက္မွ နစ္နာဆုံးရႈံးေနေၾကာင္း အၾကမ္းဖ်င္းတြက္ခ်က္မႈမ်ားအရသိရၿပီး စက္မႈလုပ္ငန္းမ်ား အပါအဝင္ ျပည္သူလူထု အေနျဖင့္ လုပ္ငန္းပိုင္ဆိုင္ရာမ်ား အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။

‘‘အစ္မဆိုရင္ တစ္ပိုင္တစ္ႏိုင္စီးပြား‌ေရးေလး လုပ္ေနတာေပါ့။ ကိတ္ဆိုင္ေလးဖြင့္ထားတယ္။ ပုံမွန္ မီးလာခ်ိန္ကို ပဲေစာင့္ၿပီး မုန႔္ဖုတ္ရတာေလ။ အခုကက်ေတာ့ ကိတ္ဖုတ္ဖို႔အဆင္သင့္ျဖစ္ၿပီ မီးလာတာကို ေစာင့္ေန၊ မီးလာလို႔ ကိတ္ဖုတ္ဖို႔ထည့္လိုက္ေတာ့ ငါးမိနစ္ေလာက္နဲ႔မီးက ျပတ္သြားေရာ။ ၄၅ မိနစ္ေလာက္ၾကာတယ္ေလ။ မီးလာမွ ျပန္ဖုတ္ လို႔မရဘူး။ မီးလာေအာင္ေစာင့္ေနတဲ့အခ်ိန္မွာ ကိတ္ရဖို႔ေရာစပ္ထားတဲ့ အရာေတြက ကိတ္ျဖစ္မလာေတာ့ဘူး။ အသစ္ ထပ္ၿပီး လုပ္မွ ရတာေပါ့’’ဟု မရမ္းကုန္းၿမိဳ႕နယ္တြင္ ေနထိုင္သူ မမီးမီးက ေျပာသည္။

ထို႔ျပင္ တည္ေဆာက္ဆဲ ေရအားလွ်ပ္စစ္ဓာတ္ အားေပးစီမံကိန္း(၇)ခုရွိၿပီး အဆိုပါစီမံကိန္းမ်ား တည္ေဆာက္ ၿပီးစီးပါက လွ်ပ္စစ္ဓာတ္အားမဂၢါဝပ္ ၁၃၂၀ ဒသမ ၄ ထုတ္လုပ္ေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိကာလတြင္ တစ္ရက္လွ်င္ လွ်ပ္စစ္ဓာတ္အား(၂၈၀ဝ)မဂၢါဝပ္ခန႔္သာ ပ်မ္းမွ်ထုတ္လုပ္ႏိုင္ၿပီး လိုအပ္ခ်က္၏ ၅၀ ရာခိုင္ႏႈန္းခန႔္သာ ထုတ္လုပ္ေပးလ်က္ရွိေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန က ေမလ(၁)ရက္ေန႔တြင္ အသိေပးထုတ္ျပန္ထားသည္။

ဝန္ႀကီးဌာနအေနျဖင့္ ျပည္ပႏိုင္ငံမ်ားမွတစ္ဆင့္ နယ္စပ္ျဖတ္ေက်ာ္ ဓာတ္အားဝယ္ယူႏိုင္ေရးအတြက္ တ႐ုတ္ ႏိုင္ငံမွ ပထမအဆင့္ ၁၀ဝ မဂၢါဝပ္၊ ဒုတိယအဆင့္ ၃၀ဝ မဂၢါဝပ္ႏွင့္ လာအိုႏိုင္ငံမွ လွ်ပ္စစ္ ၁၀ဝ၀ မဂၢါဝပ္ကို အဆင့္လိုက္ ဝယ္ယူႏိုင္ေရးကို အေသးစိတ္ညႇိႏႈိင္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.