မန္တလေးရှိ တောင်အင်းမြောက်အင်းအမှိုက်ပုံ၌ (၁၀)နာရီကျော်ကြာ မီးလောင်ခဲ့ပြီး ဖြစ်စဉ်တွင်းလူနေအိမ်(၄)လုံးမီးလောင်ဆုံးရှုံး
                        
                            
                             
 1148
 
                             
                            
                            
                         
                        
 
                        သန့်ဇင်(NP News) - မေ ၆
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ တောင်အင်းမြောက်အင်းအမှိုက်ပုံ (၁၀)နာရီကျော်ကြာ မီးလောင်ခဲ့ပြီး ဖြစ်စဉ်တွင်း လူနေအိမ်(၄)လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း အမရပူရမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(မေလ ၆ ရက်) နံနက် ၂နာရီအချိန်ခန့်က အမရပူရမြို့နယ်၊ နတ်ရေ ကန်ကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာအနီး တောင်အင်းမြောက်အင်းအမှိုက်ပုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးစလောင်နေတာက ၂နာရီလောက်ကတည်းကလောင်နေတာ။ အဲဒါကို စည်ပင်ကငြှိမ်းနေတုန်းမနိုင်တော့တာနဲ့ မီးသတ်တွေခေါ်ရတာပေါ့။ လောင်တာကတော့ အရင်နေ့က ဒီမှာမိုးမစို့မပို့ရွာသွားတယ်။ အမှိုက်ပုံတွေက အဲဒီလိုမိုးမစို့မပို့ရွာရင် မီးလောင်ချင်တယ်။ ရွာမယ်ဆို လည်း စိုရွှဲသွားအောင်ရွာမှလေ။ အမှိုက်ပုံမှာအပူရှိန်တယ်။ အဲဒီအပူရှိန်က အောင်းနေရာကနေ မိုးမစို့မပို့ရွာတော့ အပူမြင့်တက်လာပြီး လောင်တာပေါ့။ အမှိုက်ပုံတော်တော်များများမီးလောင်တာလည်း အဲဒီအောင်းပူကြောင့် လောင်တာများတယ်”ဟု အမရပူရမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ အမှိုက်ပုံမီးလောင်မှုဖြစ်စဉ်တွင် လူနေအိမ်(၄)လုံးမီးလောင်ဆုံးရှုံးသွားခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
“အမှိုက်ပုံနားက အိမ်(၄)လုံးတော့မီးထဲပါသွားတယ်။ လေကလည်းတအားတိုက်နေတော့အိမ်တွေကူးပြီးလောင်သွားတာပေါ့။ မီးညွန့်သေတာတောင် မနက် ၆နာရီလောက်မှသေတာ။ အဲဒီအမှိုက်ပုံက နှစ်တိုင်းလိုလိုလောင်တယ်။ စောစောကပြောသလို အောင်းပူကြောင့်လောင်တာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် အဆိုပါအမှိုက်ပုံမီးလောင်မှုကို အမရပူရမြို့နယ် မီးသတ်တပ်ဖွဲ့၊ ဖျောက်ဆိတ်ကုန်းအရန်မီးသတ်တပ်ဖွဲ့၊ မြစ်ငယ်နယ်မြေမီးသတ်တပ်ဖွဲ့၊ ပြည်ကြီးတံခွန်မြို့နယ် လောကပါလ အရန်မီးသတ်တပ်ဖွဲ့၊ ယာတော်အရန်မီးတပ်ဖွဲ့နှင့် သင်ပန်းကုန်းအရန် မီးသတ်တပ်ဖွဲ့အပြင် အခြားပရဟိတအသင်းအဖွဲ့များက (၁၀)နာရီကျော်ခန့်အကြာမီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
                     
                        
                                                                    
 
                                
                                
                                        zawgyi version
မႏၲေလးရွိ ေတာင္အင္းေျမာက္အင္းအမႈိက္ပုံ၌ (၁၀)နာရီေက်ာ္ၾကာ မီးေလာင္ခဲ့ၿပီး ျဖစ္စဥ္တြင္းလူေနအိမ္(၄)လုံးမီးေလာင္ဆုံးရႈံး
သန႔္ဇင္(NP News) - ေမ ၆
မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္ရွိ ေတာင္အင္းေျမာက္အင္းအမႈိက္ပုံ (၁၀)နာရီေက်ာ္ၾကာ မီးေလာင္ခဲ့ၿပီး ျဖစ္စဥ္တြင္း လူေနအိမ္(၄)လုံးမီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း အမရပူရၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
မီးေလာင္မႈသည္ ယေန႔(ေမလ ၆ ရက္) နံနက္ ၂နာရီအခ်ိန္ခန႔္က အမရပူရၿမိဳ႕နယ္၊ နတ္ေရ ကန္ေက်း႐ြာအုပ္စု၊ ေညာင္ပင္ေစာက္ေက်း႐ြာအနီး ေတာင္အင္းေျမာက္အင္းအမႈိက္ပုံတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မီးစေလာင္ေနတာက ၂နာရီေလာက္ကတည္းကေလာင္ေနတာ။ အဲဒါကို စည္ပင္ကျငႇိမ္းေနတုန္းမႏိုင္ေတာ့တာနဲ႔ မီးသတ္ေတြေခၚရတာေပါ့။ ေလာင္တာကေတာ့ အရင္ေန႔က ဒီမွာမိုးမစို႔မပို႔႐ြာသြားတယ္။ အမႈိက္ပုံေတြက အဲဒီလိုမိုးမစို႔မပို႔႐ြာရင္ မီးေလာင္ခ်င္တယ္။ ႐ြာမယ္ဆို လည္း စို႐ႊဲသြားေအာင္႐ြာမွေလ။ အမႈိက္ပုံမွာအပူရွိန္တယ္။ အဲဒီအပူရွိန္က ေအာင္းေနရာကေန မိုးမစို႔မပို႔႐ြာေတာ့ အပူျမင့္တက္လာၿပီး ေလာင္တာေပါ့။ အမႈိက္ပုံေတာ္ေတာ္မ်ားမ်ားမီးေလာင္တာလည္း အဲဒီေအာင္းပူေၾကာင့္ ေလာင္တာမ်ားတယ္”ဟု အမရပူရၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ အမႈိက္ပုံမီးေလာင္မႈျဖစ္စဥ္တြင္ လူေနအိမ္(၄)လုံးမီးေလာင္ဆုံးရႈံးသြားခဲ့ေသာ္လည္း လူထိခိုက္မႈမရွိခဲ့ေၾကာင္း သိရသည္။
“အမႈိက္ပုံနားက အိမ္(၄)လုံးေတာ့မီးထဲပါသြားတယ္။ ေလကလည္းတအားတိုက္ေနေတာ့အိမ္ေတြကူးၿပီးေလာင္သြားတာေပါ့။ မီးၫြန႔္ေသတာေတာင္ မနက္ ၆နာရီေလာက္မွေသတာ။ အဲဒီအမႈိက္ပုံက ႏွစ္တိုင္းလိုလိုေလာင္တယ္။ ေစာေစာကေျပာသလို ေအာင္းပူေၾကာင့္ေလာင္တာေပါ့” ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ အဆိုပါအမႈိက္ပုံမီးေလာင္မႈကို အမရပူရၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕၊ ေဖ်ာက္ဆိတ္ကုန္းအရန္မီးသတ္တပ္ဖြဲ႕၊ ျမစ္ငယ္နယ္ေျမမီးသတ္တပ္ဖြဲ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ေလာကပါလ အရန္မီးသတ္တပ္ဖြဲ႕၊ ယာေတာ္အရန္မီးတပ္ဖြဲ႕ႏွင့္ သင္ပန္းကုန္းအရန္ မီးသတ္တပ္ဖြဲ႕အျပင္ အျခားပရဟိတအသင္းအဖြဲ႕မ်ားက (၁၀)နာရီေက်ာ္ခန႔္အၾကာမီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။