အသက် (၂၃) နှစ်မှ (၃၁) ကြားရှိ အမျိုးသားများမှလွဲ၍ ကျန်အမျိုးသားများအနေဖြင့် ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်ရရှိ

 25792

Pearl (NP News)- မေ ၇

အသက် (၂၃) နှစ်မှ (၃၁) ကြားရှိ အမျိုးသားများမှလွဲ၍ ကျန်အမျိုးသားများအနေဖြင့် ပြည်ပထွက်ခွာ၍ အလုပ်လုပ်ကိုင်ခွင့်ရရှိပြီဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ အတွင်းရေးမှူးဖြစ်သူ ဦးမြတ်သူက NP News ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၁ ရက်မှစ၍ ပြည်ပနိုင်ငံများ၏ မြန်မာအမျိုးသားအလုပ်ခေါ်စာများကို ယာယီဆိုင်းငံ့ထားရာမှ တစ်ပတ်အကြာတွင် ယခုကဲ့သို့ ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

“ပြန်ပြီးတော့ ဖွင့်မယ်လို့ပြောပါတယ်။ (၅၀) ရာခိုင်နှုန်း ပြန်ဖွင့်ပေးမယ်လို့ ပြောတယ်။ ယောက်ျားလေးဆို တကယ့်တကယ်တင်တဲ့အခါမှာ အသက် (၁၈) နှစ်နဲ့ (၂၁)နှစ်ကြားရမယ်၊ နောက် အသက် (၃၁) နှစ်အထက်တွေလည်းရလိမ့်မယ်”ဟု ဦးမြတ်သူက ပြောသည်။

ထိုသို့ ပြန်လည်လက်ခံရာတွင် အသက် (၁၈) နှစ် နှင့် (၂၂) နှစ်ကြား ၊ အသက် (၃၁) နှစ် အထက် အမျိုးသားအလုပ်ခေါ်စာများကိုသာ ပြန်လည်လက်ခံပေးနေပြီး အသက် (၂၃) နှစ်မှ (၃၁) ကြားရှိ အမျိုးသားအလုပ်ခေါ်စာများကို လတ်တလောတွင် လက်ခံခြင်းမရှိသေးကြောင်းလည်း သိရသည်။

“ပိတ်ရာကနေ၊ ယောက်ျားလေး လုံးဝ မရတာကနေပြီးတော့ ဒီ‌လောက်လေး နည်းနည်းဖြစ်သွားတာတော့ တစ်ဆင့်တော့ ကျသွားတာပေါ့နော်။ လုံးဝ အားလုံး Clear ဆိုရင်တော့ ပိုကောင်းတာပေါ့။ ဒါကတော့ အကြောင်းရှိလို့ လုပ်တယ်ဆိုတာလည်း သိပါတယ်။ နည်းနည်းလေးတော့ အသက်ရှူချောင်သွားတာပေါ့နော်”ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုင်းနိုင်ငံသည် မြန်မာအမျိုးသားအလုပ်သမား ခေါ်ယူမှု အများဆုံးနိုင်ငံဖြစ်ပြီး စင်္ကာပူနိုင်ငံ ၊ ဂျပန်နိုင်ငံတို့မှလည်း မြန်မာအမျိုးသား အလုပ်သမားအများအပြားခေါ်ယူလျက်ရှိကြောင်း သိရသည်။

zawgyi version
အသက္ (၂၃) ႏွစ္မွ (၃၁) ၾကားရွိ အမ်ိဳးသားမ်ားမွလြဲ၍ က်န္အမ်ိဳးသားမ်ားအေနျဖင့္ ျပည္ပထြက္ခြာ အလုပ္လုပ္ခြင့္ရရွိ
Pearl (NP News)- ေမ ၇

အသက္ (၂၃) ႏွစ္မွ (၃၁) ၾကားရွိ အမ်ိဳးသားမ်ားမွလြဲ၍ က်န္အမ်ိဳးသားမ်ားအေနျဖင့္ ျပည္ပထြက္ခြာ၍ အလုပ္လုပ္ကိုင္ခြင့္ရရွိၿပီျဖစ္ေၾကာင္း ျမန္မာျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္မွ အတြင္းေရးမႉးျဖစ္သူ ဦးျမတ္သူက NP News ကို ေျပာသည္။

ၿပီးခဲ့သည့္ ေမလ ၁ ရက္မွစ၍ ျပည္ပႏိုင္ငံမ်ား၏ ျမန္မာအမ်ိဳးသားအလုပ္ေခၚစာမ်ားကို ယာယီဆိုင္းငံ့ထားရာမွ တစ္ပတ္အၾကာတြင္ ယခုကဲ့သို႔ ျပန္လည္ခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္။

“ျပန္ၿပီးေတာ့ ဖြင့္မယ္လို႔ေျပာပါတယ္။ (၅၀) ရာခိုင္ႏႈန္း ျပန္ဖြင့္ေပးမယ္လို႔ ေျပာတယ္။ ေယာက္်ားေလးဆို တကယ့္တကယ္တင္တဲ့အခါမွာ အသက္ (၁၈) ႏွစ္နဲ႔ (၂၁)ႏွစ္ၾကားရမယ္၊ ေနာက္ အသက္ (၃၁) ႏွစ္အထက္ေတြလည္းရလိမ့္မယ္”ဟု ဦးျမတ္သူက ေျပာသည္။

ထိုသို႔ ျပန္လည္လက္ခံရာတြင္ အသက္ (၁၈) ႏွစ္ ႏွင့္ (၂၂) ႏွစ္ၾကား ၊ အသက္ (၃၁) ႏွစ္ အထက္ အမ်ိဳးသားအလုပ္ေခၚစာမ်ားကိုသာ ျပန္လည္လက္ခံေပးေနၿပီး အသက္ (၂၃) ႏွစ္မွ (၃၁) ၾကားရွိ အမ်ိဳးသားအလုပ္ေခၚစာမ်ားကို လတ္တေလာတြင္ လက္ခံျခင္းမရွိေသးေၾကာင္းလည္း သိရသည္။

“ပိတ္ရာကေန၊ ေယာက္်ားေလး လုံးဝ မရတာကေနၿပီးေတာ့ ဒီ‌ေလာက္ေလး နည္းနည္းျဖစ္သြားတာေတာ့ တစ္ဆင့္ေတာ့ က်သြားတာေပါ့ေနာ္။ လုံးဝ အားလုံး Clear ဆိုရင္ေတာ့ ပိုေကာင္းတာေပါ့။ ဒါကေတာ့ အေၾကာင္းရွိလို႔ လုပ္တယ္ဆိုတာလည္း သိပါတယ္။ နည္းနည္းေလးေတာ့ အသက္ရႉေခ်ာင္သြားတာေပါ့ေနာ္”ဟု ၎က ဆက္လက္ေျပာသည္။

ထိုင္းႏိုင္ငံသည္ ျမန္မာအမ်ိဳးသားအလုပ္သမား ေခၚယူမႈ အမ်ားဆုံးႏိုင္ငံျဖစ္ၿပီး စကၤာပူႏိုင္ငံ ၊ ဂ်ပန္ႏိုင္ငံတို႔မွလည္း ျမန္မာအမ်ိဳးသား အလုပ္သမားအမ်ားအျပားေခၚယူလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.