ပြင်ဦးလွင်မြို့တွင် HIJET ကားတစ်စီး တွဲကားနှင့်ချိတ်မိတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါအမျိုးသား(၃)ဦးပွဲချင်းပြီးသေဆုံး

 1251

သန့်ဇင် (NP News) - မေ ၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် HIJET ကားတစ်စီး တွဲကားနှင့်ချိတ်မိတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါသူ အမျိုးသား(၃)ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အလောင်းသွားရောက်ကောက်ယူခဲ့သည့် ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၇ ရက်)၊ ညနေ ၆နာရီ ၄၅ မိနစ်အချိန်ခန့်က ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်း၊ ထင်းရှူးတောအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“HIJET ကားက တွဲကားနဲ့ချိတ်မိပြီးမှောက်သွားတာလို့သိရပါတယ်။ မှောက်သွားတဲ့ကားက ပြင်ဦးလွင်ကတော့မဟုတ်ဘူး။ ကားပေါ်မှာပါတဲ့ အမျိုးသား(၃)ယောက်လုံးသေသွားပါတယ်။ အခုတော့ ရင်ခွဲရုံမှာပါ”ဟု အလောင်းသွားရောက်ကောက်ယူခဲ့သည့် ဒေသခံလူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် HIJET ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၂၀) ဝန်းကျင်အမျိုးသား(၃)ဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသား(၃)ဦး၏ ရုပ်အလောင်းများကို သန္တိသုခလူမှုကူညီရေးအသင်းက ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ျပင္ဦးလြင္ၿမိဳ႕တြင္ HIJET ကားတစ္စီး တြဲကားႏွင့္ခ်ိတ္မိတိမ္းေမွာက္ခဲ့ရာ ယာဥ္ေပၚပါအမ်ိဳးသား(၃)ဦးပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ေမ ၈

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕တြင္ HIJET ကားတစ္စီး တြဲကားႏွင့္ခ်ိတ္မိတိမ္းေမွာက္ခဲ့ရာ ယာဥ္ေပၚပါသူ အမ်ိဳးသား(၃)ဦးပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း အေလာင္းသြားေရာက္ေကာက္ယူခဲ့သည့္ ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၇ ရက္)၊ ညေန ၆နာရီ ၄၅ မိနစ္အခ်ိန္ခန႔္က ျပင္ဦးလြင္ၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္း၊ ထင္းရႉးေတာအနီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“HIJET ကားက တြဲကားနဲ႔ခ်ိတ္မိၿပီးေမွာက္သြားတာလို႔သိရပါတယ္။ ေမွာက္သြားတဲ့ကားက ျပင္ဦးလြင္ကေတာ့မဟုတ္ဘူး။ ကားေပၚမွာပါတဲ့ အမ်ိဳးသား(၃)ေယာက္လုံးေသသြားပါတယ္။ အခုေတာ့ ရင္ခြဲ႐ုံမွာပါ”ဟု အေလာင္းသြားေရာက္ေကာက္ယူခဲ့သည့္ ေဒသခံလူမႈ ကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္တြင္ HIJET ကားေပၚတြင္လိုက္ပါလာသည့္ အသက္(၂၀) ဝန္းက်င္အမ်ိဳးသား(၃)ဦးမွာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား(၃)ဦး၏ ႐ုပ္အေလာင္းမ်ားကို သႏၲိသုခလူမႈကူညီေရးအသင္းက ျပင္ဦးလြင္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.