သစ်ပင်များကို ပြန်လည်စိုက်ပျိုးရာတွင် မြန်မာ့ရေမြေနှင့်ကိုက်ညီသော အပင်များကို စိုက်ပျိုးရန်လိုအပ်ပြီး ရှိနှင့်ပြီးသား အပင်များကိုလည်း ထိန်းသိမ်းရမည်ဖြစ်

 918

စော (NP News) - မေ ၈

သစ်ပင်များကို ပြန်လည်စိုက်ပျိုးရာတွင် မြန်မာ့ရေမြေနှင့် ကိုက်ညီသော အပင်များကို စိုက်ပျိုးရန်လိုအပ်ပြီး ရှိနှင့်ပြီးသား အပင်များကိုလည်း ထိန်းသိမ်းရမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ဦးက NP News မှတဆင့် အကြံပြုပြောကြားချက်အရ သိရသည်။

ယခုနှစ်နွေရာသီတွင် အပူချိန်ပိုမို မြင့်မားနေသည့်အတွက် ပူပြင်းခြောက်သွေ့ဒေသများ၌ သစ်ပင်များ မစိုက်ပျိုးသင့်သေးဘဲ မိုးရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်လတို့တွင် စိုက်ပျိုးရန် ပိုမိုသင့်လျော်ကြောင်း ၎င်းကဆိုသည်။

“အပင်ကတော့ စိုက်သင့်တယ်လို့ထင်တယ်။ စိုက်သင့်တဲ့ အပြင်ကို ဒုတိယတစ်ချက်က စိုက်တာထက်ပိုပြီးတော့ အရေးကြီးတဲ့အချက်က ရှိပြီးသားအပင်တွေကို ထိန်းသိမ်းဖို့လည်းလိုတယ်။ ဟိုးအရင်တုန်းက မြန်မာနိုင်ငံမှာနှစ်တိုင်း မိုးရာသီဆိုရင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲဆိုပြီး လုပ်ကြတယ်။ ပွဲတော်အနေနဲ့ကော လူထုလှုပ်ရှားမှုအနေနဲ့ကော ကျောင်းတွေကကော၊ ရုံးဌာနတွေကကော လုပ်ကြတယ်။ အဲဒီလိုမျိုးစိုက်တာက စိုက်ပြီးတာပဲရှိတာ စိုက်ပြီးသွားရင် ဒီကောင်တွေကို ဆက်လက်ပြီးထိန်းသိမ်းတဲ့ ပုံစံမရှိတော့ဘူး”ဟု အထက်ပါ တက်ကြွလှုပ်ရှားသူက ပြောသည်။

ထို့ကြောင့် အပင်များစိုက်ပျိုးပြီးပါက ရေလောင်းခြင်း၊ ပေါင်းသင်ခြင်းနှင့် မြေဩဇာကျွေးခြင်းများ လုပ်ပေးရန်လိုအပ်ပြီး အဆိုပါအပင်များကို အရွယ်တစ်ခုရောက်သည်အထိ ဂရုစိုက်ရန် လိုပြီး ပစ်မထားရန် ၎င်းက တိုက်တွန်းပြောကြားသည်။ ထို့ပြင် အပင်များကို စိုက်ပျိုးရာတွင် မိမိတို့ နေထိုင်သော ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီသည့် အပင်၊ မိသားစု၊ ပတ်ဝန်းကျင်ကို အကျိုးဖြစ်ထွန်းစေမယ့် အပင် နှင့် မြန်မာ့ မျိုးရင်း၊ ဒေသရင်းဖြစ်သော အပင်မျိုးစိတ်များကို စိုက်ပျိုးရမည်ဖြစ်ကြောင်း သိရသည်။

“တစ်ချို့ကျလည်း စိုက်မယ်။ ဒါပေမဲ့ ကိုယ့်ဒေသနဲ့ ကိုက်မဲ့အပင်မျိုးကို မသိကြတာများတယ်။ အဓိကကတော့ ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ အပင်ကိုမစိုက်တတ်ကြတာ။ ကိုယ်ဒေသအပူချိန်နဲ့ကိုက်ညီမယ့်အပင်မျိုးကို စိုက်သင့်တယ်လို့ ထင်တယ်။ ဥပမာ ရန်ကုန်မှာဆိုရင် ရန်ကုန်ရဲ့ ရေမြေ၊ ရန်ကုန်ရဲ့ မိုးရေက ဘယ်လောက်ရမလဲ။ ရန်ကုန်ဆိုရင် တခြားဒေသထက်စာရင် မိုးရေ ရတာများတယ်။ အလယ်ပိုင်းထက်စာရင် မိုးရေက ပိုပြီးတော့များတယ်။ အဲဒီအခါမှာ သူကို ရန်ကုန်မှာဆိုရင် ရေပိုကြိုက်တဲ့အပင်ကိုစိုက်လို့ရတယ်။ ပြီးရင် ရန်ကုန်ရဲ့ အပူချိန်က သမပိုင်းပုံစံမျိုးရှိတာမို့လို့ သမပိုင်းပေါက်ပင်တွေစိုက်လို့ရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

အပင်ကြီးမျိုးစိတ်များကို စိုက်ပျိုးရာတွင် အမြစ်ကုပ်အားမကောင်းသော အပင်များ၊ ကိုင်းဆက်ပြီး ကျိုးလွယ်သော အပင်များကို လေတိုက်နှုန်းများသော ဒေသများ၊ အဆောက်အအုံနှင့် နီးသောနေရာများ၊ လူသွားလူလာများသော နေရာများတွင် မစိုက် ပျိုးရန် အရေးကြီးကြောင်းလည်း အသိပေးချက်များအရ သိရသည်။

zawgyi version
သစ္ပင္မ်ားကို ျပန္လည္စိုက္ပ်ိဳးရာတြင္ ျမန္မာ့ေရေျမႏွင့္ကိုက္ညီေသာ အပင္မ်ားကို စိုက္ပ်ိဳးရန္လိုအပ္ၿပီး ရွိႏွင့္ၿပီးသား အပင္မ်ားကိုလည္း ထိန္းသိမ္းရမည္ျဖစ္

ေစာ (NP News) - ေမ ၈

သစ္ပင္မ်ားကို ျပန္လည္စိုက္ပ်ိဳးရာတြင္ ျမန္မာ့ေရေျမႏွင့္ ကိုက္ညီေသာ အပင္မ်ားကို စိုက္ပ်ိဳးရန္လိုအပ္ၿပီး ရွိႏွင့္ၿပီးသား အပင္မ်ားကိုလည္း ထိန္းသိမ္းရမည္ျဖစ္ေၾကာင္း သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးတက္ႂကြလႈပ္ရွားသူတစ္ဦးက NP News မွတဆင့္ အႀကံျပဳေျပာၾကားခ်က္အရ သိရသည္။

ယခုႏွစ္ေႏြရာသီတြင္ အပူခ်ိန္ပိုမို ျမင့္မားေနသည့္အတြက္ ပူျပင္းေျခာက္ေသြ႕ေဒသမ်ား၌ သစ္ပင္မ်ား မစိုက္ပ်ိဳးသင့္ေသးဘဲ မိုးရာသီျဖစ္သည့္ ဇြန္၊ ဇူလိုင္လတို႔တြင္ စိုက္ပ်ိဳးရန္ ပိုမိုသင့္ေလ်ာ္ေၾကာင္း ၎ကဆိုသည္။

“အပင္ကေတာ့ စိုက္သင့္တယ္လို႔ထင္တယ္။ စိုက္သင့္တဲ့ အျပင္ကို ဒုတိယတစ္ခ်က္က စိုက္တာထက္ပိုၿပီးေတာ့ အေရးႀကီးတဲ့အခ်က္က ရွိၿပီးသားအပင္ေတြကို ထိန္းသိမ္းဖို႔လည္းလိုတယ္။ ဟိုးအရင္တုန္းက ျမန္မာႏိုင္ငံမွာႏွစ္တိုင္း မိုးရာသီဆိုရင္ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲဆိုၿပီး လုပ္ၾကတယ္။ ပြဲေတာ္အေနနဲ႔ေကာ လူထုလႈပ္ရွားမႈအေနနဲ႔ေကာ ေက်ာင္းေတြကေကာ၊ ႐ုံးဌာနေတြကေကာ လုပ္ၾကတယ္။ အဲဒီလိုမ်ိဳးစိုက္တာက စိုက္ၿပီးတာပဲရွိတာ စိုက္ၿပီးသြားရင္ ဒီေကာင္ေတြကို ဆက္လက္ၿပီးထိန္းသိမ္းတဲ့ ပုံစံမရွိေတာ့ဘူး”ဟု အထက္ပါ တက္ႂကြလႈပ္ရွားသူက ေျပာသည္။

ထို႔ေၾကာင့္ အပင္မ်ားစိုက္ပ်ိဳးၿပီးပါက ေရေလာင္းျခင္း၊ ေပါင္းသင္ျခင္းႏွင့္ ေျမဩဇာေကြၽးျခင္းမ်ား လုပ္ေပးရန္လိုအပ္ၿပီး အဆိုပါအပင္မ်ားကို အ႐ြယ္တစ္ခုေရာက္သည္အထိ ဂ႐ုစိုက္ရန္ လိုၿပီး ပစ္မထားရန္ ၎က တိုက္တြန္းေျပာၾကားသည္။ ထို႔ျပင္ အပင္မ်ားကို စိုက္ပ်ိဳးရာတြင္ မိမိတို႔ ေနထိုင္ေသာ ေဒသ၊ ရာသီဥတုႏွင့္ ကိုက္ညီသည့္ အပင္၊ မိသားစု၊ ပတ္ဝန္းက်င္ကို အက်ိဳးျဖစ္ထြန္းေစမယ့္ အပင္ ႏွင့္ ျမန္မာ့ မ်ိဳးရင္း၊ ေဒသရင္းျဖစ္ေသာ အပင္မ်ိဳးစိတ္မ်ားကို စိုက္ပ်ိဳးရမည္ျဖစ္ေၾကာင္း သိရသည္။

“တစ္ခ်ိဳ႕က်လည္း စိုက္မယ္။ ဒါေပမဲ့ ကိုယ့္ေဒသနဲ႔ ကိုက္မဲ့အပင္မ်ိဳးကို မသိၾကတာမ်ားတယ္။ အဓိကကေတာ့ ကိုယ့္ေဒသနဲ႔ ကိုက္ညီတဲ့ အပင္ကိုမစိုက္တတ္ၾကတာ။ ကိုယ္ေဒသအပူခ်ိန္နဲ႔ကိုက္ညီမယ့္အပင္မ်ိဳးကို စိုက္သင့္တယ္လို႔ ထင္တယ္။ ဥပမာ ရန္ကုန္မွာဆိုရင္ ရန္ကုန္ရဲ႕ ေရေျမ၊ ရန္ကုန္ရဲ႕ မိုးေရက ဘယ္ေလာက္ရမလဲ။ ရန္ကုန္ဆိုရင္ တျခားေဒသထက္စာရင္ မိုးေရ ရတာမ်ားတယ္။ အလယ္ပိုင္းထက္စာရင္ မိုးေရက ပိုၿပီးေတာ့မ်ားတယ္။ အဲဒီအခါမွာ သူကို ရန္ကုန္မွာဆိုရင္ ေရပိုႀကိဳက္တဲ့အပင္ကိုစိုက္လို႔ရတယ္။ ၿပီးရင္ ရန္ကုန္ရဲ႕ အပူခ်ိန္က သမပိုင္းပုံစံမ်ိဳးရွိတာမို႔လို႔ သမပိုင္းေပါက္ပင္ေတြစိုက္လို႔ရတယ္”ဟု ၎က ဆက္လက္ေျပာသည္။

အပင္ႀကီးမ်ိဳးစိတ္မ်ားကို စိုက္ပ်ိဳးရာတြင္ အျမစ္ကုပ္အားမေကာင္းေသာ အပင္မ်ား၊ ကိုင္းဆက္ၿပီး က်ိဳးလြယ္ေသာ အပင္မ်ားကို ေလတိုက္ႏႈန္းမ်ားေသာ ေဒသမ်ား၊ အေဆာက္အအုံႏွင့္ နီးေသာေနရာမ်ား၊ လူသြားလူလာမ်ားေသာ ေနရာမ်ားတြင္ မစိုက္ပ်ိဳးရန္ အေရးႀကီးေၾကာင္းလည္း အသိေပးခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.