အပူချိန်မြင့်တက်လာသည့်အတွက် လာမည့်မိုးရာသီတွင် မိုးကြိုးမုန်တိုင်းဖြစ်ပွားနိုင်ပြီး မိုးကြိုးပစ်မည့် အန္တရာယ်ကို သတိထားရန်လို

 2810

ယွန်း (NP News) - မေ ၈

အပူချိန်မြင့်တက်လာသည့်အတွက် လာမည့်မိုးရာသီတွင် မိုးကြိုးမုန်တိုင်းများ ဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် မိုးကြိုးပစ်မည့် အန္တရာယ်ကို သတိထားရန်လိုကြောင်း မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ မိုးကြိုးမုန်တိုင်းများဖြစ်ပွားမှု များပြားနေခြင်းမှာ အပူချိန်မြင့်တက်လာမှုအပါအဝင် အနောက်မြောက်ဘက်မှ ဝင်လာသည့် တိမ်များ၏ ဖွဲ့စည်းပုံမတူညီခြင်းကြောင့် မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းများဖြစ်ပေါ်ပြီး မိုးကြိုးမုန်တိုင်းများဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း သိရသည်။

မိုးကြိုးမုန်တိုင်းဆိုသည်မှာ ၁၅ မိနစ်(သို့မဟုတ်)နာရီဝက်ဆက်တိုက် မိုးကြိုးပစ်ခြင်းများဖြစ်ပွားခြင်းကိုဆိုလိုပြီး လာမည့်မိုးရာသီတွင် အဆိုပါ မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

“ဒီနှစ်မိုးရာသီမှာလည်း မိုးကြိုးမုန်တိုင်းတွေဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံထဲကို ဝင်လာတဲ့ လေစီးကြောင်းတွေက အများကြီးပဲ။ မတူတဲ့လေစီးကြောင်းတွေမှာ ပါလာတဲ့တိမ်တွေက တစ်ခုနဲ့တစ်ခုမတူတဲ့အချိန်မှာ လျှပ်စီးလက်မယ်။ မိုးကြိုးပစ်မယ်။ အထူးသဖြင့် လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေဖြစ်ပြီးတော့ ကုန်တွင်းနဲ့နီးလာတဲ့ အချိန်မျိုးမှာ မိုးကြိုးမုန်တိုင်းတွေဖြစ်တတ်တယ်။ မိုးကြို၊ မိုးဦး၊ မိုးလယ်၊ မိုးနှောင်းအကုန်လုံးမှာ ဝင်လာတဲ့ တိမ်တိုက်တွေနဲ့ လေစီးကြောင်းတွေရဲ့ အခြေအနေပေါ်မူတည်ပြီးတော့ မိုးကြိုးပစ်တာတွေက တောက်လျှောက်ဖြစ်မယ်”ဟု ဦးဝင်းနိုင်က ဆိုသည်။

ယခုနှစ်တွင် မိုးဦးကာလသည် မြန်မာနိုင်ငံအတွင်းသို့ အ‌နောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်သည့်နေ့မှစ၍ ဇွန်လကုန်အထိဖြစ်ပြီး မိုးလယ်ကာလသည် ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လကုန်အထိ ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့်လက ထုတ်ပြန်ထားသည်။

အလားတူ မိုးနှောင်းကာလသည် စက်တင်ဘာလ ၁ ရက်နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိဖြစ်ပြီး အဆိုပါကာလများတွင် မိုးကြိုးမုန်တိုင်းများဖြစ်ပေါ်နိုင်ခြင်းကြောင့် လူသေဆုံးမှုများရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုများလည်း ဖြစ်ပေါ်လျက်ရှိရာ မိုးရွာသွန်းမှုမမှန်ကန်ခြင်းအပြင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီး လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ရာသီဥတုဖော်ပြန်မှုများ ပိုမိုဆိုးရွာလာနိုင်ကြောင်း ဦးဝင်းနိုင်က ဆက်လက်သုံးသပ်ထားသည်။

“ရာသီဥတုပြောင်းလဲခြင်းဆိုတာက ဖြစ်နေတယ်။ ကမ္ဘာကြီးပူနွေးမှုကလည်းဖြစ်တယ်။ ဒီနှစ်ဆိုရင် အယ်လ်နီညိုဒဏ်ကိုလည်း ကျွန်တော်တို့ခံနေရတယ်။ နေပေါက်ကွဲမှုဖြစ်စဥ်ရဲ့ သက် ရောက်မှုကိုလည်း ခံနေရတယ်။ အခုချိန်မှာ အယ်လ်နီညိုက ပြီးသွားပြီဆိုပေမယ့် ဇွန်လအထိကို သက်ရောက်မှု ကျန်နေသေးတယ်။ အဲဒီတော့ ပူတဲ့နေရာတွေ ပူတယ်။ မုတ်သုံဝင်တာတွေမမှန်ဘူး။ မိုးရွာတာတွေမမှန်ဘူး။ နောက်တစ်ခုက အာတိတ်နဲ့ အန္တတိကတိုက်တွေရဲ့ ရေခဲပြင်အရည်ပျော်မှုနှုန်းတွေများလာတယ်။ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာတွေရှိတယ်။ ၂၀၃၀ ပြည့်နှစ်ဆိုရင် ဒီဟာတွေမြင့်လာမယ်ဆိုတာလည်း သတိပေးထားတယ်။ လာမယ့် အချိန်တွေမှာလည်း ဖြစ်နေဦးမှာပဲ”ဟု ဦးဝင်းနိုင်က ဆက်လက်သုံးသပ်ပြောကြားသည်။

ရာသီဥတုပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေပါက မိုးကြိုးမုန်တိုင်းဖြစ်ပေါ်မှု အပါအဝင် မုန်တိုင်းများ၊ အယ်လ်နီညို၊ လာနီညာဖြစ်စဥ်များကို ပိုမို ကြုံတွေ့လာရနိုင်ကြောင်း ပညာရှင် ဦးဝင်းနိုင်က ဆိုထားသည်။

zawgyi version
အပူခ်ိန္ျမင့္တက္လာသည့္အတြက္ လာမည့္မိုးရာသီတြင္ မိုးႀကိဳးမုန္တိုင္းျဖစ္ပြားႏိုင္ၿပီး မိုးႀကိဳးပစ္မည့္ အႏၲရာယ္ကို သတိထားရန္လို
ယြန္း (NP News) - ေမ ၈

အပူခ်ိန္ျမင့္တက္လာသည့္အတြက္ လာမည့္မိုးရာသီတြင္ မိုးႀကိဳးမုန္တိုင္းမ်ား ဆက္လက္ျဖစ္ပြားႏိုင္သည့္အတြက္ မိုးႀကိဳးပစ္မည့္ အႏၲရာယ္ကို သတိထားရန္လိုေၾကာင္း မိုးေလဝသပညာရွင္ဦးဝင္းႏိုင္က ဆိုသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ မိုးႀကိဳးမုန္တိုင္းမ်ားျဖစ္ပြားမႈ မ်ားျပားေနျခင္းမွာ အပူခ်ိန္ျမင့္တက္လာမႈအပါအဝင္ အေနာက္ေျမာက္ဘက္မွ ဝင္လာသည့္ တိမ္မ်ား၏ ဖြဲ႕စည္းပုံမတူညီျခင္းေၾကာင့္ မိုးႀကိဳးပစ္ျခင္းႏွင့္ လွ်ပ္စီးလက္ျခင္းမ်ားျဖစ္ေပၚၿပီး မိုးႀကိဳးမုန္တိုင္းမ်ားျဖစ္ေပၚလာရျခင္းျဖစ္ေၾကာင္း သိရသည္။

မိုးႀကိဳးမုန္တိုင္းဆိုသည္မွာ ၁၅ မိနစ္(သို႔မဟုတ္)နာရီဝက္ဆက္တိုက္ မိုးႀကိဳးပစ္ျခင္းမ်ားျဖစ္ပြားျခင္းကိုဆိုလိုၿပီး လာမည့္မိုးရာသီတြင္ အဆိုပါ မိုးႀကိဳးမုန္တိုင္းမ်ား ျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။

“ဒီႏွစ္မိုးရာသီမွာလည္း မိုးႀကိဳးမုန္တိုင္းေတြျဖစ္ႏိုင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံထဲကို ဝင္လာတဲ့ ေလစီးေၾကာင္းေတြက အမ်ားႀကီးပဲ။ မတူတဲ့ေလစီးေၾကာင္းေတြမွာ ပါလာတဲ့တိမ္ေတြက တစ္ခုနဲ႔တစ္ခုမတူတဲ့အခ်ိန္မွာ လွ်ပ္စီးလက္မယ္။ မိုးႀကိဳးပစ္မယ္။ အထူးသျဖင့္ ေလဖိအားနည္းရပ္ဝန္းေတြ၊ မုန္တိုင္းေတြျဖစ္ၿပီးေတာ့ ကုန္တြင္းနဲ႔နီးလာတဲ့ အခ်ိန္မ်ိဳးမွာ မိုးႀကိဳးမုန္တိုင္းေတြျဖစ္တတ္တယ္။ မိုးႀကိဳ၊ မိုးဦး၊ မိုးလယ္၊ မိုးေႏွာင္းအကုန္လုံးမွာ ဝင္လာတဲ့ တိမ္တိုက္ေတြနဲ႔ ေလစီးေၾကာင္းေတြရဲ႕ အေျခအေနေပၚမူတည္ၿပီးေတာ့ မိုးႀကိဳးပစ္တာေတြက ေတာက္ေလွ်ာက္ျဖစ္မယ္”ဟု ဦးဝင္းႏိုင္က ဆိုသည္။

ယခုႏွစ္တြင္ မိုးဦးကာလသည္ ျမန္မာႏိုင္ငံအတြင္းသို႔ အ‌ေနာက္ေတာင္မုတ္သုံေလ စတင္ဝင္ေရာက္သည့္ေန႔မွစ၍ ဇြန္လကုန္အထိျဖစ္ၿပီး မိုးလယ္ကာလသည္ ဇူလိုင္လ ၁ ရက္ေန႔မွ ၾသဂုတ္လကုန္အထိ ျဖစ္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ၿပီးခဲ့သည့္လက ထုတ္ျပန္ထားသည္။

အလားတူ မိုးေႏွာင္းကာလသည္ စက္တင္ဘာလ ၁ ရက္ေန႔မွ အေနာက္ေတာင္မုတ္သုံေလ ျမန္မာႏိုင္ငံတစ္ဝန္းလုံးမွ ျပန္လည္ဆုတ္ခြာသြားသည့္ေန႔အထိျဖစ္ၿပီး အဆိုပါကာလမ်ားတြင္ မိုးႀကိဳးမုန္တိုင္းမ်ားျဖစ္ေပၚႏိုင္ျခင္းေၾကာင့္ လူေသဆုံးမႈမ်ားရွိႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ ကမာၻႀကီးပူေႏြးလာမႈေၾကာင့္ ရာသီဥတုေျပာင္းလဲမႈမ်ားလည္း ျဖစ္ေပၚလ်က္ရွိရာ မိုး႐ြာသြန္းမႈမမွန္ကန္ျခင္းအျပင္ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္ျခင္းတို႔ျဖစ္ေပၚႏိုင္ၿပီး လာမည့္ ၂၀၃၀ ျပည့္ႏွစ္တြင္ ရာသီဥတုေဖာ္ျပန္မႈမ်ား ပိုမိုဆိုး႐ြာလာႏိုင္ေၾကာင္း ဦးဝင္းႏိုင္က ဆက္လက္သုံးသပ္ထားသည္။

“ရာသီဥတုေျပာင္းလဲျခင္းဆိုတာက ျဖစ္ေနတယ္။ ကမာၻႀကီးပူေႏြးမႈကလည္းျဖစ္တယ္။ ဒီႏွစ္ဆိုရင္ အယ္လ္နီညိဳဒဏ္ကိုလည္း ကြၽန္ေတာ္တို႔ခံေနရတယ္။ ေနေပါက္ကြဲမႈျဖစ္စဥ္ရဲ႕ သက္ ေရာက္မႈကိုလည္း ခံေနရတယ္။ အခုခ်ိန္မွာ အယ္လ္နီညိဳက ၿပီးသြားၿပီဆိုေပမယ့္ ဇြန္လအထိကို သက္ေရာက္မႈ က်န္ေနေသးတယ္။ အဲဒီေတာ့ ပူတဲ့ေနရာေတြ ပူတယ္။ မုတ္သုံဝင္တာေတြမမွန္ဘူး။ မိုး႐ြာတာေတြမမွန္ဘူး။ ေနာက္တစ္ခုက အာတိတ္နဲ႔ အႏၲတိကတိုက္ေတြရဲ႕ ေရခဲျပင္အရည္ေပ်ာ္မႈႏႈန္းေတြမ်ားလာတယ္။ ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္လာတာေတြရွိတယ္။ ၂၀၃၀ ျပည့္ႏွစ္ဆိုရင္ ဒီဟာေတြျမင့္လာမယ္ဆိုတာလည္း သတိေပးထားတယ္။ လာမယ့္ အခ်ိန္ေတြမွာလည္း ျဖစ္ေနဦးမွာပဲ”ဟု ဦးဝင္းႏိုင္က ဆက္လက္သုံးသပ္ေျပာၾကားသည္။

ရာသီဥတုေျပာင္းလဲမႈမ်ား ဆက္လက္ျဖစ္ေပၚေနပါက မိုးႀကိဳးမုန္တိုင္းျဖစ္ေပၚမႈ အပါအဝင္ မုန္တိုင္းမ်ား၊ အယ္လ္နီညိဳ၊ လာနီညာျဖစ္စဥ္မ်ားကို ပိုမို ႀကဳံေတြ႕လာရႏိုင္ေၾကာင္း ပညာရွင္ ဦးဝင္းႏိုင္က ဆိုထားသည္။

Related news

© 2021. All rights reserved.