သြစတြေးလျသည် ကျောင်းသားဗီဇာအတွက် အနိမ့်ဆုံး စုဆောင်းငွေကိုတိုးမြှင့်ပြီး တရားမဝင် ကျောင်းသားစုဆောင်းမှုများအပေါ် သတိပေးထား

 1759

ALynn (NP News) - မေ ၈

ဗုဒ္ဓဟူးနေ့ (မေလ ၈ ရက်) တွင် ဩစတြေးလျက နိုင်ငံတကာကျောင်းသားများ ဗီဇာလျှောက် ထားရန်ပြသရမည့် စုငွေပမာဏကို တိုးမြှင့်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး စံချိန်တင် ရွှေ့ပြောင်းနေထိုင်မှုများကို ထိန်းချုပ်သည့်အနေဖြင့် မသမာသောနည်းလမ်းသုံး၍ ကျောင်း သားစုဆောင်းသည့် ကောလိပ်အများအပြားကိုလည်း သတိပေးလိုက်သည်။

သောကြာနေ့မှစ၍ နိုင်ငံတကာ ကျောင်းသားများသည် ဗီဇာရရှိရန်အတွက် စုငွေဩစတြေးလျဒေါ်လာ ၂၉,၇၁၀ အနည်းဆုံးရှိကြောင်းပြသရမည်ဖြစ်ပြီး ယင်းမှာ ၇ လအတွင်း ဒုတိယအကြိမ်တိုးမြှင့်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလကလည်း ဩစတြေး လျဒေါ်လာ ၂၁,၀၄၁ မှ ၂၄,၅၀၅ ဒေါ်လာသို့ တိုးမြှင့် သတ်မှတ်ခဲ့ပြီးဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ရုတ်သိမ်းလိုက်ခြင်းကြောင့် ရွှေ့ပြောင်း အခြေချသူများ ရုတ်တရက်အလုံးအရင်းဝင်ရောက်လာသောကြောင့် ကျောင်းသားဗီဇာစည်းမျဉ်း များကို တင်းကျပ်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်။ မတ်လတွင် ကျောင်းသားဗီဇာအတွက် အင်္ဂလိပ်ဘာသာစကားလိုအပ်ချက်များကို တိုးမြှင့်ခဲ့ပြီး နိုင်ငံတကာကျောင်း သားများ နေထိုင်ခွင့် သက်တမ်းကြာမြင့်စေမည့် အနေအထားများကို အဆုံးသတ်ရန် အစိုးရက လုပ်ဆောင်လျက်ရှိသည်။

အမြတ်ထုတ်သော ကျောင်းသားစုဆောင်းရေးအပြုအမူများအတွက် ပညာရေးဝန်ဆောင်မှု လုပ်ကိုင်သူ ၃၄ ဦးထံ သတိပေးစာများပေးပို့ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Clare O'Neil က ပြောကြားခဲ့သည်။ ထို့ပြင် အပြစ်ရှိကြောင်းတွေ့ရှိပါက ၎င်းတို့အား ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်ကြောင်း ၎င်းက ဆိုသည်။ နိုင်ငံတကာပညာရေးသည် သြစတြေးလျ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၂၂-၂၃ ပညာသင်နှစ်တွင် ဩစတြေးလျဒေါ်လာ ၃၆ ဒသမ ၄ ဘီလျံတန်ဖိုးအထိရှိခဲ့သည်။ သို့သော် နိုင်ငံတကာ ကျောင်းသားအများစုကြောင့် ဖြစ်ပေါ်ခဲ့ သော စံချိန်တင်ရွှေ့ပြောင်းနေထိုင်မှုက နိုင်ငံတစ်ဝန်းငှားရမ်းခ ဈေးနှုန်းများ မြင့်တက်စေခဲ့သည့်အတွက် အစိုးရကို ဖိအားပေးလာခြင်းများရှိခဲ့သည်။ လူဝင်မှုကြီးကြပ်ရေး၏ စာရင်းများအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ တစ်နှစ်အတွင်း စံချိန်တင်ရွှေ့ပြောင်းနေထိုင်သူ ၅၄၈,၈၀၀ အထိရှိခဲ့ပြီး ၆၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဩစတြေးလျအစိုးရက ၎င်း၏မူဝါဒများသည် လာမည့်နှစ်နှစ်အတွင်း ရွှေ့ပြောင်းဝင်ရောက်မှုကို ထက်ဝက်လျှော့ချနိုင်မည်ဟု မျှော်လင့်ထားသည်။

zawgyi version
ၾသစေၾတးလ်သည္ ေက်ာင္းသားဗီဇာအတြက္ အနိမ့္ဆုံး စုေဆာင္းေငြကိုတိုးျမႇင့္ၿပီး တရားမဝင္ ေက်ာင္းသားစုေဆာင္းမႈမ်ားအေပၚ သတိေပးထား
ALynn (NP News) - ေမ ၈

ဗုဒၶဟူးေန႔ (ေမလ ၈ ရက္) တြင္ ဩစေၾတးလ်က ႏိုင္ငံတကာေက်ာင္းသားမ်ား ဗီဇာေလွ်ာက္ ထားရန္ျပသရမည့္ စုေငြပမာဏကို တိုးျမႇင့္သြားမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့ၿပီး စံခ်ိန္တင္ ေ႐ႊ႕ေျပာင္းေနထိုင္မႈမ်ားကို ထိန္းခ်ဳပ္သည့္အေနျဖင့္ မသမာေသာနည္းလမ္းသုံး၍ ေက်ာင္း သားစုေဆာင္းသည့္ ေကာလိပ္အမ်ားအျပားကိုလည္း သတိေပးလိုက္သည္။

ေသာၾကာေန႔မွစ၍ ႏိုင္ငံတကာ ေက်ာင္းသားမ်ားသည္ ဗီဇာရရွိရန္အတြက္ စုေငြဩစေၾတးလ်ေဒၚလာ ၂၉,၇၁၀ အနည္းဆုံးရွိေၾကာင္းျပသရမည္ျဖစ္ၿပီး ယင္းမွာ ၇ လအတြင္း ဒုတိယအႀကိမ္တိုးျမႇင့္လာျခင္းျဖစ္သည္။ ၿပီးခဲ့သည့္ ေအာက္တိုဘာလကလည္း ဩစေၾတး လ်ေဒၚလာ ၂၁,၀၄၁ မွ ၂၄,၅၀၅ ေဒၚလာသို႔ တိုးျမႇင့္ သတ္မွတ္ခဲ့ၿပီးျဖစ္သည္။

၂၀၂၂ ခုႏွစ္တြင္ ကိုဗစ္-၁၉ ကန႔္သတ္ခ်က္မ်ားကို ႐ုတ္သိမ္းလိုက္ျခင္းေၾကာင့္ ေ႐ႊ႕ေျပာင္း အေျခခ်သူမ်ား ႐ုတ္တရက္အလုံးအရင္းဝင္ေရာက္လာေသာေၾကာင့္ ေက်ာင္းသားဗီဇာစည္းမ်ဥ္း မ်ားကို တင္းက်ပ္ရန္ လုပ္ေဆာင္လာျခင္းျဖစ္သည္။ မတ္လတြင္ ေက်ာင္းသားဗီဇာအတြက္ အဂၤလိပ္ဘာသာစကားလိုအပ္ခ်က္မ်ားကို တိုးျမႇင့္ခဲ့ၿပီး ႏိုင္ငံတကာေက်ာင္း သားမ်ား ေနထိုင္ခြင့္ သက္တမ္းၾကာျမင့္ေစမည့္ အေနအထားမ်ားကို အဆုံးသတ္ရန္ အစိုးရက လုပ္ေဆာင္လ်က္ရွိသည္။

အျမတ္ထုတ္ေသာ ေက်ာင္းသားစုေဆာင္းေရးအျပဳအမူမ်ားအတြက္ ပညာေရးဝန္ေဆာင္မႈ လုပ္ကိုင္သူ ၃၄ ဦးထံ သတိေပးစာမ်ားေပးပို႔ခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီး Clare O'Neil က ေျပာၾကားခဲ့သည္။ ထို႔ျပင္ အျပစ္ရွိေၾကာင္းေတြ႕ရွိပါက ၎တို႔အား ေထာင္ဒဏ္ ႏွစ္ႏွစ္အထိ ခ်မွတ္ႏိုင္ေၾကာင္း ၎က ဆိုသည္။ ႏိုင္ငံတကာပညာေရးသည္ ၾသစေၾတးလ်၏ အႀကီးဆုံး စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္ၿပီး ၂၀၂၂-၂၃ ပညာသင္ႏွစ္တြင္ ဩစေၾတးလ်ေဒၚလာ ၃၆ ဒသမ ၄ ဘီလ်ံတန္ဖိုးအထိရွိခဲ့သည္။ သို႔ေသာ္ ႏိုင္ငံတကာ ေက်ာင္းသားအမ်ားစုေၾကာင့္ ျဖစ္ေပၚခဲ့ ေသာ စံခ်ိန္တင္ေ႐ႊ႕ေျပာင္းေနထိုင္မႈက ႏိုင္ငံတစ္ဝန္းငွားရမ္းခ ေဈးႏႈန္းမ်ား ျမင့္တက္ေစခဲ့သည့္အတြက္ အစိုးရကို ဖိအားေပးလာျခင္းမ်ားရွိခဲ့သည္။ လူဝင္မႈႀကီးၾကပ္ေရး၏ စာရင္းမ်ားအရ ၂၀၂၃ ခုႏွစ္၊ စက္တင္ဘာလ ၃၀ ရက္အထိ တစ္ႏွစ္အတြင္း စံခ်ိန္တင္ေ႐ႊ႕ေျပာင္းေနထိုင္သူ ၅၄၈,၈၀၀ အထိရွိခဲ့ၿပီး ၆၀ ရာခိုင္ႏႈန္းျမင့္တက္ခဲ့သည္။ ဩစေၾတးလ်အစိုးရက ၎၏မူဝါဒမ်ားသည္ လာမည့္ႏွစ္ႏွစ္အတြင္း ေ႐ႊ႕ေျပာင္းဝင္ေရာက္မႈကို ထက္ဝက္ေလွ်ာ့ခ်ႏိုင္မည္ဟု ေမွ်ာ္လင့္ထားသည္။

Related news

© 2021. All rights reserved.