နယူးယောက်မြို့ကို ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့သန်းကြွယ်သူဌေးအများဆုံးမြို့အဖြစ်သတ်မှတ်ဖော်ပြ

 781

ဂျန်ဇက် (NP News) - မေ ၉

အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ ကယ်လီဖိုးနီးယားမြို့တို့ဟာ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့သန်းကြွယ်သူဌေးအများဆုံးမြို့တွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေကြောင်းသိရပါတယ်။

Henry & Partners အဖွဲ့ဟာ “2024 World’s Wealthiest Cities” သန်းကြွယ်သူဌေးအများဆုံးရှိနေတဲ့မြို့တွေစာရင်းကိုဖော်ပြခဲ့ရာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က ထိပ်ဆုံးမှာရှိနေပြီး နယူးယောက်မြို့မှာ အမေရိကန်ဒေါ်လာ ၁သန်းနဲ့အထက် ကြွယ်ဝချမ်းသာသူဦးရေ ၃၄၉၅၀၀ ဦးရှိနေကြောင်းသိရပါတယ်။ ဒါ့ပြင် ကယ်လီဖိုးနီးယားပြည်နယ် Bay Area မြို့မှာ သန်းကြွယ်သူဌေး စုစုပေါင်း ၃၀၅၇၀၀ ဦးရှိနေပြီး ဆန်ဖရန်စစ်စကိုမြို့၊ Silicon Valley မြို့တွေလည်း ထိပ်ဆုံး ၅ မြို့ထဲမှာပါဝင်နေကြောင်းသိရပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ သန်းကြွယ်သူဌေးဦးရေ ၂၉၈၀၀၀ ဦးရှိနေပြီး စင်ကာပူမှာ သန်းကြွယ်သူဌေးဦးရေ ၂၄၄၈၀၀ ဦးနဲ့ လန်ဒန်မြို့မှာ သန်းကြွယ်သူဌေးဦးရေ ၂၂၇၀၀၀ဦးရှိနေကြောင်းသိရပါတယ်။ တောင်ကိုရီးယားနိုင်ငံဆိုလ်းမြို့မှာ သန်းကြွယ်သူဌေးဦးရေ ၈၂၅၀၀ ဦး၊ ဆွတ်ဇာလန်နိုင်ငံ ဂျနီဖာမြို့မှာ သန်းကြွယ်သူဌေးဦးရေ ၇၉၈၀၀ ဦး၊ ဒူဘိုင်းမြို့မှာ ၇၂၅၀၀ ဦးရှိနေကြောင်းသိရပါတယ်။ Henry & Partners အဖွဲ့ရဲ့အဆိုအရ နယူးယောက်မြို့မှာနေထိုင်နေသူအားလုံးရဲ့ ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ ၃ ထရီလျံရှိနေပြီး ကမ္ဘာ့ထိပ်သီး နိုင်ငံပေါင်း ၂၀ ရဲ့ကြွယ်ဝချမ်းသာမှုထက် ပိုများနေကြောင်းသိရပါတယ်။

zawgyi version
နယူးေယာက္ၿမိဳ႕ကို ၂၀၂၄ ခုႏွစ္အတြက္ ကမာၻ႔သန္းႂကြယ္သူေဌးအမ်ားဆုံးၿမိဳ႕အျဖစ္သတ္မွတ္ေဖာ္ျပ
ဂ်န္ဇက္ (NP News) - ေမ ၉

အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕နဲ႔ ကယ္လီဖိုးနီးယားၿမိဳ႕တို႔ဟာ ၂၀၂၄ ခုႏွစ္အတြက္ ကမာၻ႔သန္းႂကြယ္သူေဌးအမ်ားဆုံးၿမိဳ႕ေတြထဲမွာ ထိပ္ဆုံးက ရပ္တည္ေနေၾကာင္းသိရပါတယ္။

Henry & Partners အဖြဲ႕ဟာ “2024 World’s Wealthiest Cities” သန္းႂကြယ္သူေဌးအမ်ားဆုံးရွိေနတဲ့ၿမိဳ႕ေတြစာရင္းကိုေဖာ္ျပခဲ့ရာ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕က ထိပ္ဆုံးမွာရွိေနၿပီး နယူးေယာက္ၿမိဳ႕မွာ အေမရိကန္ေဒၚလာ ၁သန္းနဲ႔အထက္ ႂကြယ္ဝခ်မ္းသာသူဦးေရ ၃၄၉၅၀၀ ဦးရွိေနေၾကာင္းသိရပါတယ္။ ဒါ့ျပင္ ကယ္လီဖိုးနီးယားျပည္နယ္ Bay Area ၿမိဳ႕မွာ သန္းႂကြယ္သူေဌး စုစုေပါင္း ၃၀၅၇၀၀ ဦးရွိေနၿပီး ဆန္ဖရန္စစ္စကိုၿမိဳ႕၊ Silicon Valley ၿမိဳ႕ေတြလည္း ထိပ္ဆုံး ၅ ၿမိဳ႕ထဲမွာပါဝင္ေနေၾကာင္းသိရပါတယ္။

ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕မွာ သန္းႂကြယ္သူေဌးဦးေရ ၂၉၈၀၀၀ ဦးရွိေနၿပီး စင္ကာပူမွာ သန္းႂကြယ္သူေဌးဦးေရ ၂၄၄၈၀၀ ဦးနဲ႔ လန္ဒန္ၿမိဳ႕မွာ သန္းႂကြယ္သူေဌးဦးေရ ၂၂၇၀၀၀ဦးရွိေနေၾကာင္းသိရပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံဆိုလ္းၿမိဳ႕မွာ သန္းႂကြယ္သူေဌးဦးေရ ၈၂၅၀၀ ဦး၊ ဆြတ္ဇာလန္ႏိုင္ငံ ဂ်နီဖာၿမိဳ႕မွာ သန္းႂကြယ္သူေဌးဦးေရ ၇၉၈၀၀ ဦး၊ ဒူဘိုင္းၿမိဳ႕မွာ ၇၂၅၀၀ ဦးရွိေနေၾကာင္းသိရပါတယ္။ Henry & Partners အဖြဲ႕ရဲ႕အဆိုအရ နယူးေယာက္ၿမိဳ႕မွာေနထိုင္ေနသူအားလုံးရဲ႕ ႂကြယ္ဝခ်မ္းသာမႈဟာ အေမရိကန္ေဒၚလာ ၃ ထရီလ်ံရွိေနၿပီး ကမာၻထိပ္သီး ႏိုင္ငံေတြေပါင္း ၂၀ ရဲ႕ႂကြယ္ဝခ်မ္းသာမႈထက္ ပိုမ်ားေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.