ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးကားတစ်စီး လမ်းလယ်ပလက်ဖောင်းကိုဝင်တိုက်မိခဲ့ရာ လူတစ်ဦးပွဲချင်းပြီး သေဆုံး

 1029

သန့်ဇင် (NP News) - မေ ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးကားတစ်စီး လမ်းလယ်ပလက်ဖောင်းကို ဝင်တိုက်မိခဲ့ရာ လူတစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဝန်ဇင်းလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မေလ ၈ရက်)၊ ည ၇နာရီ ၄၅မိနစ်အချိန်တွင် မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၉၅/၂)အနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သိရတာတော့ သူတို့က ရန်ကုန်ကနေ မန္တလေးကိုအပြန်မှာဖြစ်တာလို့သိရတယ်။ ကားက(၂)စီးလာတာမှာ တစ်စီးက မိုင်တိုင်(၃၀၀)ကို ကျော်နေပြီ အခုဖြစ်တဲ့ကားက ၂၉၅မိုင်မှာဖြစ်တာ။ အိပ်ငိုက်ပြီး လမ်းလယ်ကပလက်ဖောင်းကိုဝင်တိုက်မိတာပေါ့။ ပြီးတော့ကားကလည်သွားပြီး ရန်ကုန်ဘက်ကိုပြန်တဲ့လမ်းကိုရောက်သွားတာ” ဟု ဝန်ဇင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် လင်မယား(၂)ဦးအနက် အသက်(၂၇)နှစ်အရွယ် ယာဉ်မောင်းအမျိုးသား၌ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“သေသွားတဲ့အမျိုးသားက ခေါင်းပေါက်တယ်။ ခြေထောက်လဲကျိုးထားသေးတယ်။ သူ့အမျိုးသမီးကတော့ ညကသတိပြန်ရတယ်။ သိရတာတော့ ရန်ကုန်ကနေအမျိုးတွေဆီသွားပြီးပြန်လာတယ်လို့သိရတယ်။ အိပ်ရေးလည်းပျက်ထားတော့အခုလိုဖြစ်တာပေါ့။ အကြံပြုချင်တာကတော့ ကားမောင်းနေရင်းအိပ်ချင်လာရင် လမ်းဘေးရပ်ပြီး မျက်နှာလေးသစ်ပြီးမှပြန်မောင်းပေါ့။ အဲဒီလိုလေး လုပ်စေချင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို ဝန်ဇင်းလူမှုကူညီရေးအသင်းက မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရန်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အလားတူ အဆိုပါနေ့ည ၁၂နာရီအချိန်ကလည်း မတ္တရာမြို့၊ Alpha ဘိလပ်မြေစက်ရုံကားကြီးကွင်းအဝင်ပေါက်အနီးတွင် ရပ်ထားသည့် တွဲကားကို (၆)ဘီးကားမှ အနောက်မှဝင်တိုက်မိခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအသင်း မတ္တရာမြို့ထံမှ သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်၌ မန္တလေးမြို့တွင် နေထိုင်သည့် အသက်(၃၅)နှစ်အရွယ် ကိုအောင်ကိုချစ်တွင် ညာဘက်ခြေလက်များပြတ်ထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း မတ္တာမြို့က မန္တလေးဆေးရုံကြီးသို့ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ အိမ္စီးကားတစ္စီး လမ္းလယ္ပလက္ေဖာင္းကိုဝင္တိုက္မိခဲ့ရာ လူတစ္ဦးပြဲခ်င္းၿပီး ေသဆုံး
သန႔္ဇင္ (NP News) - ေမ ၉

မႏၲေလးတိုင္းေဒသႀကီး၊ မိတၳီလာၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ အိမ္စီးကားတစ္စီး လမ္းလယ္ပလက္ေဖာင္းကို ဝင္တိုက္မိခဲ့ရာ လူတစ္ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ဝန္ဇင္းလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေမလ ၈ရက္)၊ ည ၇နာရီ ၄၅မိနစ္အခ်ိန္တြင္ မိတၳီလာၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္ (၂၉၅/၂)အနီးတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“သိရတာေတာ့ သူတို႔က ရန္ကုန္ကေန မႏၲေလးကိုအျပန္မွာျဖစ္တာလို႔သိရတယ္။ ကားက(၂)စီးလာတာမွာ တစ္စီးက မိုင္တိုင္(၃၀၀)ကို ေက်ာ္ေနၿပီ အခုျဖစ္တဲ့ကားက ၂၉၅မိုင္မွာျဖစ္တာ။ အိပ္ငိုက္ၿပီး လမ္းလယ္ကပလက္ေဖာင္းကိုဝင္တိုက္မိတာေပါ့။ ၿပီးေတာ့ကားကလည္သြားၿပီး ရန္ကုန္ဘက္ကိုျပန္တဲ့လမ္းကိုေရာက္သြားတာ” ဟု ဝန္ဇင္းလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ကားေပၚတြင္လိုက္ပါလာသည့္ လင္မယား(၂)ဦးအနက္ အသက္(၂၇)ႏွစ္အ႐ြယ္ ယာဥ္ေမာင္းအမ်ိဳးသား၌ ထိခိုက္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ေသသြားတဲ့အမ်ိဳးသားက ေခါင္းေပါက္တယ္။ ေျခေထာက္လဲက်ိဳးထားေသးတယ္။ သူ႔အမ်ိဳးသမီးကေတာ့ ညကသတိျပန္ရတယ္။ သိရတာေတာ့ ရန္ကုန္ကေနအမ်ိဳးေတြဆီသြားၿပီးျပန္လာတယ္လို႔သိရတယ္။ အိပ္ေရးလည္းပ်က္ထားေတာ့အခုလိုျဖစ္တာေပါ့။ အႀကံျပဳခ်င္တာကေတာ့ ကားေမာင္းေနရင္းအိပ္ခ်င္လာရင္ လမ္းေဘးရပ္ၿပီး မ်က္ႏွာေလးသစ္ၿပီးမွျပန္ေမာင္းေပါ့။ အဲဒီလိုေလး လုပ္ေစခ်င္တယ္” ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ဝန္ဇင္းလူမႈကူညီေရးအသင္းက မိတၳီလာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ထိုမွတစ္ဆင့္ ေနျပည္ေတာ္ကုတင္(၁၀၀၀)ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ရန္လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

အလားတူ အဆိုပါေန႔ည ၁၂နာရီအခ်ိန္ကလည္း မတၱရာၿမိဳ႕၊ Alpha ဘိလပ္ေျမစက္႐ုံကားႀကီးကြင္းအဝင္ေပါက္အနီးတြင္ ရပ္ထားသည့္ တြဲကားကို (၆)ဘီးကားမွ အေနာက္မွဝင္တိုက္မိခဲ့ရာ တစ္ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ေရးအသင္း မတၱရာၿမိဳ႕ထံမွ သိရသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္၌ မႏၲေလးၿမိဳ႕တြင္ ေနထိုင္သည့္ အသက္(၃၅)ႏွစ္အ႐ြယ္ ကိုေအာင္ကိုခ်စ္တြင္ ညာဘက္ေျခလက္မ်ားျပတ္ထြက္ဒဏ္ရာရရွိကာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏ ႐ုပ္အေလာင္းကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအသင္း မတၱာၿမိဳ႕က မႏၲေလးေဆး႐ုံႀကီးသို႔ပို႔ေဆာင္ ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.