ကမ္ဘာ့စစ်ရေးပဋိပက္ခတွေဖြစ်လာစေဖို့ ခွင့်ပြုမှာမဟုတ်ကြောင်း ရုရှားသမ္မတပူတင်ပြော

 594

ဂျန်ဇက် (NP News) - မေ ၉

ရုရှားနိုင်ငံအနေနဲ့ ကမ္ဘာ့ပဋိပက္ခတွေဖြစ်လာအောင်ခွင့်ပြုမှာမဟုတ်ကြောင်း သမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံမှာ မေလ ၉ရက်နေ့က ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီ နာဇီအပေါ် စစ်ပွဲအောင်နိုင်မှု ၇၉ ကြိမ်မြောက်အခမ်းအနားကျင်းပခဲ့ပြီး သမ္မတပူတင်က မိန့်ခွန်းပြောဆိုချိန်မှာ အခုလိုမျိုးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ရုရှားသမ္မတက "ရုရှား နိုင်ငံဟာ ကမ္ဘာစစ်ဖြစ်လာမှုတွေကို တားဆီးနိုင်ဖို့ လုပ်ပိုင်ခွင့် သြဇာအင်အားအားလုံးကို အသုံးချသွားမယ်။ အခြားနိုင်ငံတွေအပေါ် ခြိမ်းခြောက်အကြပ်ကိုင်တာမျိုးခွင့်ပြုမှာမဟုတ်ဘူး။ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ဒုတိယကမ္ဘာစစ်ပွဲတုန်းက သင်ခန်းစာတွေကို မေ့ပျောက်ဖို့ လိုလားနေတယ်။ ကျွန်တော်တို့ကတော့ ဒုတိယကမ္ဘာစစ်တုန်းက မော်စကိုနဲ့ လီနင်ဂရက်မြို့နားမှာ မြေပြင်တိုက်ပွဲတွေဟာ လူသားတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ခဲ့တာကို သတိရနေတယ်။ ရုရှားစစ်တပ်ဟာ အမြဲတမ်းတပ်လှန့်ထားတယ်။ နိုင်ငံအချုပ်အခြာအာဏာပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ အဆင့်သင့်ရှိနေတယ်'လို့ ပြောပါတယ်။

ရုရှားသမ္မတဟာ သမိုင်းမှာခက်ခဲတဲ့ သမိုင်းမှတ်တိုင်တွေကို ရင်ဆိုင်ခဲ့ရဖူးတဲ့အတွေ့အကြုံရှိခဲ့ကြောင်း၊ ရုရှားနိုင်ငံရဲ့ကံကြမ္မာကို ပြည်သူများကသာ ဆုံးဖြတ်မှာဖြစ်ကြောင်း ရုရှားသမ္မတကပြောပါတယ်။ ရုရှားသမ္မတက ရုရှားနိုင်ငံအနေနဲ့ ဒုတိယကမ္ဘာစစ်အတွင်းကျဆုံးခဲ့တဲ့ ရုရှားစစ်သားတွေအပြင် ယူကရိန်းစစ်ပွဲအတွင်းသေဆုံးခဲ့တဲ့ ရုရှားစစ်သားတွေကို အမြဲတမ်းသတိရနေမှာဖြစ်ကြောင်းပြောပါတယ်။ရုရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပခဲ့တဲ့ ဂျာမနီနာဇီအပေါ် အောင် မြင်ခဲ့တဲ့ စစ်အောင်ပွဲကို မေလ ၉ရက်နေ့က ရင်ပြင်နီမှာကျင်းပခဲ့ပြီး ရုရှားစစ်သားပေါင်း ၉၀၀၀ ကျော်ပါဝင်ခဲ့ကာ အခြားမြို့တွေမှာလည်း ဒုတိယကမ္ဘာစစ် စစ်နိုင်မှုအခမ်းအနာတွေကိုကျင်းပခဲ့ကြောင်းသိရပါတယ်။

zawgyi version
ကမာၻ႔စစ္ေရးပဋိပကၡေတြျဖစ္လာေစဖို႔ ခြင့္ျပဳမွာမဟုတ္ေၾကာင္း ႐ုရွားသမၼတပူတင္ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၉

႐ုရွားႏိုင္ငံအေနနဲ႔ ကမာၻ႔ပဋိပကၡေတြျဖစ္လာေအာင္ခြင့္ျပဳမွာမဟုတ္ေၾကာင္း သမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

႐ုရွားႏိုင္ငံမွာ ေမလ ၉ရက္ေန႔က ဒုတိယကမာၻစစ္အတြင္းက ဂ်ာမနီ နာဇီအေပၚ စစ္ပြဲေအာင္ႏိုင္မႈ ၇၉ ႀကိမ္ေျမာက္အခမ္းအနားက်င္းပခဲ့ၿပီး သမၼတပူတင္က မိန႔္ခြန္းေျပာဆိုခ်ိန္မွာ အခုလိုမ်ိဳးထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။ ႐ုရွားသမၼတက "႐ုရွား ႏိုင္ငံဟာ ကမာၻစစ္ျဖစ္လာမႈေတြကို တားဆီးႏိုင္ဖို႔ လုပ္ပိုင္ခြင့္ ၾသဇာအင္အားအားလုံးကို အသုံးခ်သြားမယ္။ အျခားႏိုင္ငံေတြအေပၚ ၿခိမ္းေျခာက္အၾကပ္ကိုင္တာမ်ိဳးခြင့္ျပဳမွာမဟုတ္ဘူး။ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြဟာ ဒုတိယကမာၻစစ္ပြဲတုန္းက သင္ခန္းစာေတြကို ေမ့ေပ်ာက္ဖို႔ လိုလားေနတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ဒုတိယကမာၻစစ္တုန္းက ေမာ္စကိုနဲ႔ လီနင္ဂရက္ၿမိဳ႕နားမွာ ေျမျပင္တိုက္ပြဲေတြဟာ လူသားေတြရဲ႕ ကံၾကမၼာကို ဆုံးျဖတ္ခဲ့တာကို သတိရေနတယ္။ ႐ုရွားစစ္တပ္ဟာ အၿမဲတမ္းတပ္လွန႔္ထားတယ္။ ႏိုင္ငံအခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈေတြကို ကာကြယ္ဖို႔ အဆင့္သင့္ရွိေနတယ္'လို႔ ေျပာပါတယ္။

႐ုရွားသမၼတဟာ သမိုင္းမွာခက္ခဲတဲ့ သမိုင္းမွတ္တိုင္ေတြကို ရင္ဆိုင္ခဲ့ရဖူးတဲ့အေတြ႕အႀကဳံရွိခဲ့ေၾကာင္း၊ ႐ုရွားႏိုင္ငံရဲ႕ကံၾကမၼာကို ျပည္သူမ်ားကသာ ဆုံးျဖတ္မွာျဖစ္ေၾကာင္း ႐ုရွားသမၼတကေျပာပါတယ္။ ႐ုရွားသမၼတက ႐ုရွားႏိုင္ငံအေနနဲ႔ ဒုတိယကမာၻစစ္အတြင္းက်ဆုံးခဲ့တဲ့ ႐ုရွားစစ္သားေတြအျပင္ ယူကရိန္းစစ္ပြဲအတြင္းေသဆုံးခဲ့တဲ့ ႐ုရွားစစ္သားေတြကို အၿမဲတမ္းသတိရေနမွာျဖစ္ေၾကာင္းေျပာပါတယ္။႐ုရွားႏိုင္ငံမွာ ႏွစ္စဥ္က်င္းပခဲ့တဲ့ ဂ်ာမနီနာဇီအေပၚ ေအာင္ ျမင္ခဲ့တဲ့ စစ္ေအာင္ပြဲကို ေမလ ၉ရက္ေန႔က ရင္ျပင္နီမွာက်င္းပခဲ့ၿပီး ႐ုရွားစစ္သားေပါင္း ၉၀၀၀ ေက်ာ္ပါဝင္ခဲ့ကာ အျခားၿမိဳ႕ေတြမွာလည္း ဒုတိယကမာၻစစ္ စစ္ႏိုင္မႈအခမ္းအနာေတြကိုက်င္းပခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.