EU က ဟန်ဂေရီအနေဖြင့် တရုတ်အပေါ် အလွန်အမင်း မှီခိုမှုမပြုရန် သတိပေးနေချိန်တွင် တရုတ်နှင့်ဟန်ဂေရီအကြား စီးပွားရေးအရ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာ

 547

ALynn (NP News) - မေ ၁ဝ

ဟန်ဂေရီနိုင်ငံ၊ Mikepércs ကျေးရွာမှ ဒေသခံများသည် ဥရောပ၏ အကြီးဆုံး လျှပ်စစ်ကားစက်ရုံ တည်ဆောက်မှုကို ကန့်ကွက်ကြသည်။ စက်ရုံသည် ဒေသတွင်း ရေပေးဝေမှုနှင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေမည်ကို စိုးရိမ်သဖြင့် အချို့က ကမ္ဘာ့စျေးကွက်ဝေစု၏ သုံးပုံတစ်ပုံကျော်ကို ထိန်းချုပ်ထားသော တရုတ် EV ဘတ္ထရီထုတ်လုပ်သည့် CATL စက်ရုံပိုင်ရှင်အား တရားစွဲဆိုခဲ့သည်။

Mikepércs သည် နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Debrecen ၏ ဆင်ခြေဖုံးတွင် တည်ရှိသည်။ ဟန်ဂေရီသည် တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နှစ်ဆတိုးလာနေပြီး ဥရောပသမဂ္ဂက တရုတ်နိုင်ငံအပေါ် အလွန်အမင်း မှီခိုမှုမဖြစ်ရန် သတိပေးနေချိန်တွင် ထိုကဲ့သို့ဒေသခံများ၏ စိုးရိမ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါစက်ရုံနှင့် လာမည့် EV ထုတ်လုပ်သူ BYD ၏ ဟန်ဂေရီတောင်ပိုင်းတွင် တည်ဆောက်မည့် ထုတ်လုပ်မှုစက်ရုံသည် ၂ဝ၁ဝ ပြည့်နှစ်မှစ၍ နိုင်ငံတွင်း တရုတ်ကုမ္ပဏီများ၏ အကြီးဆုံးစီမံကိန်းနှစ်ခု ဖြစ်သည်။

ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban သည် ၎င်း၏ "အရှေ့တံခါးဖွင့်ခြင်း" နိုင်ငံခြားရေး မူဝါဒဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လာခြင်းဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာတင်းမာမှုများကြားတွင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာဆက်ဆံမှုများ မြှင့်တင်ရန် ရည်ရွယ်သည့် ဥရောပသုံးနိုင်ငံ ခရီးစဉ်တွင် တရုတ်သမ္မတရှီကျင့်ဖျင်သည် အင်္ဂါနေ့ (မေလ ၈ ရက်) တွင် ဟန်ဂေရီနိုင်ငံသို့ သွားရောက်ခဲ့သည်။

တရုတ်နိုင်ငံသည် ဟန်ဂေရီ၏ ထိပ်တန်း နိုင်ငံခြားရင်းနှီးမြုပ်နှံသူဖြစ်ပြီး နိုင်ငံတွင်းပြည်ပရင်းနှီးမြှုပ်နှံမှု၏ သုံးပုံတစ်ပုံကျော်ရှိသည်။ တရုတ်ကုမ္ပဏီများမှ ဒေါ်လာဘီလီယံပေါင်းများစွာ ဟန်ဂေရီရှိ EV လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှုသည် ဟန်ဂေရီအား တရုတ်အတွက် အရေးပါသော ဇာတ်ကောင်ဖြစ်လာစေရန် ရည်မှန်းထားခြင်းကြောင့်ဖြစ်သည်။

သို့သော် ဤပရောဂျက်များ၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ဟန်ဂေရီ၏ တရုတ်နှင့် ပိုမို နက်ရှိုင်း သောဆက်ဆံရေးအပေါ် စိုးရိမ်မှုများ တိုးမြင့်လာနေသည်။ Corvinus University of Budapest မှ Central and Eastern European Center for Asian Studies ၏ တည်ထောင်သူ ဒေါက်တာ Tamas Matura က “အထူးသဖြင့် အဆိုပါကဏ္ဍတွင် အလားအလာရှိသော တရုတ်အစိုးရ၏ ပံ့ပိုးကူညီမှုများနှင့် ပတ်သက်၍ တရားဝင်လုပ်ငန်းစဉ်များစွာကို စတင်လုပ်ဆောင်နေပြီ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် “၎င်းသာ ပြီးစီးသွားလျှင် ဥရောပသမဂ္ဂ၏ နယ်နိမိတ်အတွင်း ဖြစ်သော ဟန်ဂေရီတွင် တရုတ်တို့၏ စီမံကိန်းများကို ဆောက်လုပ်ခွင့်မပြုရန် ဟန်ဂေရီအစိုးရအပေါ် ဖိအားများတိုးမြှင့်လာနိုင်ကြောင်း” ဒေါက်တာ Matura က ပြောကြားခဲ့သည်။

Zawgyi Version;
EU က ဟန္ေဂရီအေနျဖင့္ တ႐ုတ္အေပၚ အလြန္အမင္း မွီခိုမႈမျပဳရန္ သတိေပးေနခ်ိန္တြင္ တ႐ုတ္ႏွင့္ဟန္ေဂရီအၾကား စီးပြားေရးအရ ဆက္ဆံေရး ပိုမိုနက္ရႈိင္းလာ
ALynn (NP News) - ေမ ၁ဝ

ဟန္ေဂရီႏိုင္ငံ၊ Mikepércs ေက်း႐ြာမွ ေဒသခံမ်ားသည္ ဥေရာပ၏ အႀကီးဆုံး လွ်ပ္စစ္ကားစက္႐ုံ တည္ေဆာက္မႈကို ကန႔္ကြက္ၾကသည္။ စက္႐ုံသည္ ေဒသတြင္း ေရေပးေဝမႈႏွင့္ သဘာဝပတ္ဝန္းက်င္ကို ညစ္ညမ္းေစမည္ကို စိုးရိမ္သျဖင့္ အခ်ိဳ႕က ကမာၻ႔ေစ်းကြက္ေဝစု၏ သုံးပုံတစ္ပုံေက်ာ္ကို ထိန္းခ်ဳပ္ထားေသာ တ႐ုတ္ EV ဘတၳရီထုတ္လုပ္သည့္ CATL စက္႐ုံပိုင္ရွင္အား တရားစြဲဆိုခဲ့သည္။

Mikepércs သည္ ႏိုင္ငံ၏ ဒုတိယအႀကီးဆုံးၿမိဳ႕ျဖစ္ေသာ Debrecen ၏ ဆင္ေျခဖုံးတြင္ တည္ရွိသည္။ ဟန္ေဂရီသည္ တ႐ုတ္ႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ ႏွစ္ဆတိုးလာေနၿပီး ဥေရာပသမဂၢက တ႐ုတ္ႏိုင္ငံအေပၚ အလြန္အမင္း မွီခိုမႈမျဖစ္ရန္ သတိေပးေနခ်ိန္တြင္ ထိုကဲ့သို႔ေဒသခံမ်ား၏ စိုးရိမ္မႈမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။

အဆိုပါစက္႐ုံႏွင့္ လာမည့္ EV ထုတ္လုပ္သူ BYD ၏ ဟန္ေဂရီေတာင္ပိုင္းတြင္ တည္ေဆာက္မည့္ ထုတ္လုပ္မႈစက္႐ုံသည္ ၂ဝ၁ဝ ျပည့္ႏွစ္မွစ၍ ႏိုင္ငံတြင္း တ႐ုတ္ကုမၸဏီမ်ား၏ အႀကီးဆုံးစီမံကိန္းႏွစ္ခု ျဖစ္သည္။

ဟန္ေဂရီဝန္ႀကီးခ်ဳပ္ Viktor Orban သည္ ၎၏ "အေရွ႕တံခါးဖြင့္ျခင္း" ႏိုင္ငံျခားေရး မူဝါဒဗ်ဴဟာ၏ တစ္စိတ္တစ္ပိုင္းအျဖစ္ တ႐ုတ္ႏွင့္ တက္ႂကြစြာ ပူးေပါင္းေဆာင္႐ြက္လာျခင္းျဖစ္သည္။
ကမာၻလုံးဆိုင္ရာတင္းမာမႈမ်ားၾကားတြင္ ႏိုင္ငံေရးႏွင့္ စီးပြားေရးဆိုင္ရာဆက္ဆံမႈမ်ား ျမႇင့္တင္ရန္ ရည္႐ြယ္သည့္ ဥေရာပသုံးႏိုင္ငံ ခရီးစဥ္တြင္ တ႐ုတ္သမၼတရွီက်င့္ဖ်င္သည္ အဂၤါေန႔ (ေမလ ၈ ရက္) တြင္ ဟန္ေဂရီႏိုင္ငံသို႔ သြားေရာက္ခဲ့သည္။

တ႐ုတ္ႏိုင္ငံသည္ ဟန္ေဂရီ၏ ထိပ္တန္း ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံသူျဖစ္ၿပီး ႏိုင္ငံတြင္းျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈ၏ သုံးပုံတစ္ပုံေက်ာ္ရွိသည္။ တ႐ုတ္ကုမၸဏီမ်ားမွ ေဒၚလာဘီလီယံေပါင္းမ်ားစြာ ဟန္ေဂရီရွိ EV လုပ္ငန္းမ်ားတြင္ ရင္းႏွီးျမဳပ္ႏွံမႈသည္ ဟန္ေဂရီအား တ႐ုတ္အတြက္ အေရးပါေသာ ဇာတ္ေကာင္ျဖစ္လာေစရန္ ရည္မွန္းထားျခင္းေၾကာင့္ျဖစ္သည္။

သို႔ေသာ္ ဤပေရာဂ်က္မ်ား၏ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈႏွင့္ ဟန္ေဂရီ၏ တ႐ုတ္ႏွင့္ ပိုမို နက္ရႈိင္း ေသာဆက္ဆံေရးအေပၚ စိုးရိမ္မႈမ်ား တိုးျမင့္လာေနသည္။ Corvinus University of Budapest မွ Central and Eastern European Center for Asian Studies ၏ တည္ေထာင္သူ ေဒါက္တာ Tamas Matura က “အထူးသျဖင့္ အဆိုပါက႑တြင္ အလားအလာရွိေသာ တ႐ုတ္အစိုးရ၏ ပံ့ပိုးကူညီမႈမ်ားႏွင့္ ပတ္သက္၍ တရားဝင္လုပ္ငန္းစဥ္မ်ားစြာကို စတင္လုပ္ေဆာင္ေနၿပီ” ဟု ေျပာၾကားခဲ့သည္။

ထို႔ျပင္ “၎သာ ၿပီးစီးသြားလွ်င္ ဥေရာပသမဂၢ၏ နယ္နိမိတ္အတြင္း ျဖစ္ေသာ ဟန္ေဂရီတြင္ တ႐ုတ္တို႔၏ စီမံကိန္းမ်ားကို ေဆာက္လုပ္ခြင့္မျပဳရန္ ဟန္ေဂရီအစိုးရအေပၚ ဖိအားမ်ားတိုးျမႇင့္လာႏိုင္ေၾကာင္း” ေဒါက္တာ Matura က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.