ယူကရိန်းပါလီမန်က အကျဉ်းသားတွေ စစ်မှုထမ်းနိုင်မည့် ဥပဒေမူကြမ်းကို အတည်ပြု

 368

ALynn (NP News) - မေ ၁ဝ

စစ်အင်အားလိုအပ်ချက်နှင့်အတူ စစ်မြေပြင်သို့ ရုရှားတပ်ဖွဲ့များ ဆက်လက်ချီတက်လာ နေခြင်းကြောင့် အကျဉ်းသားအချို့အား လက်နက်ကိုင်တပ်ဖွဲ့များတွင် ပါဝင်တိုက်ခိုက်နိုင်အောင် ယူကရိန်းပါလီမန်က ဥပဒေကြမ်းတစ်ခုကို တင်သွင်းလိုက်သည်။

ဗုဒ္ဓဟူးနေ့ (မေလ ၈ ရက်) က အဆိုပါလှုပ်ရှားမှုသည် ယူကရိန်း၏ ချဉ်းကပ်မှုတွင် ဂငယ်ကွေ့ အပြုအမူဖြစ်လာသည်။ ယူကရိန်းသည် အဆိုပါစီမံချက်နှင့် အလားတူသော ရုရှား၏ အကျဉ်းသားများအသုံးပြု၍ စစ်အင်အားဖြည့်တင်းခြင်း လမ်းစဉ်ကို ကာလရှည်ကြာ ဆန့်ကျင်ရှုတ်ချခဲ့ဖူးသည်။

အဆိုပါဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရန် ပါလီမန်ဥက္ကဋ္ဌ Verkhovna Rada နှင့် သမ္မတ ဇီလန်စကီးတို့က လက်မှတ်ရေးထိုးရမည်ဖြစ်သည်။ “မဲခွဲဆုံးဖြတ်ရာတွင် ပါလီမန်က ထောက်ခံခဲ့ကြသည်” ဟု ဇာလန်စကီးပါတီ၏ အကြီးအကဲ ပါလီမန်အမတ် Olena Shuliak က Facebook တွင် ရေးသားဖော်ပြခဲ့သည်။

“၎င်းဥပဒေမူကြမ်းမှာ ကာကွယ်ရေးတပ်များတွင် ပါဝင်ပြီး တိုင်းပြည်ကိုကာကွယ်လိုကြောင်း ဆန္ဒထုတ်ဖော်သော အကျဉ်းသားအချို့အတွက် ရည်ရွယ်ကြောင်း၊ ထို့ကြောင့် တပ်သား စုဆောင်းခြင်းသည် ဆန္ဒအလျောက်ဖြစ်ပြီး အချို့သော အကျဉ်းသားအမျိုးအစားများအတွက်သာဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရန် အရည်အချင်းမပြည့်မီသူများထဲတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူနှစ်ဦး (သို့မဟုတ်) ထို့ထက်ပို၍ လူသတ်မှု၊ ဆိုးရွားစွာအကျင့်ပျက်ခြစားမှုနှင့် အဆင့်မြင့်အရာရှိဟောင်းများ ပါဝင်ကြောင်း” သူမက ပြောကြားခဲ့သည်။

ပြစ်ဒဏ်မှ လွတ်မြောက်ရန် သုံးနှစ်အောက်သာကျန်ရှိသော အကျဉ်းသားများသာ လျှောက်ထားနိုင်ပြီး တပ်သားအဖြစ်စုဆောင်းခဲ့ရသော မည်သည့်အကျဉ်းသားမဆို လွတ်ငြိမ်းချမ်းသာခွင့်ထက် ခံဝန်ကတိဖြင့် လွတ်မြောက်ခွင့်ပေးမည်ဖြစ်သည်။ ယူကရိန်းအကျဉ်းသားများ အကာအကွယ်ပေးရေး အဖွဲ့အစည်းက အကျဉ်းသားများကို ထိုကဲ့သို့တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်စေသည့် စီမံချက်အတွက် စိတ်ပျက်လျက်ရှိသည်။

ရုရှားသည် ၎င်း၏အထူးစစ်ဆင်ရေးစတင်သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ရှေ့တန်း စစ်မျက်နှာတွင် အမှုထမ်းရန် အကျဉ်းသားများကို စုဆောင်းထားပြီး သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ရရှိရန် ခြောက်လကြာ စစ်မှုထမ်းပေးရမည်ဖြစ်ကြောင်း ကနဦးတွင် ကမ်းလှမ်းခဲ့သည်။

ရုရှား-ယူကရိန်းစစ်ပွဲ ၂ နှစ်ကျော်ကာလသို့ရောက်ရှိလာသည့်နှင့်အမျှ ယူကရိန်းသည် ရှေ့တန်း စစ်မျက်နှာတွင် ရုရှားတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများကို တွန်းလှန်ရန် လုံလောက်သော စစ်သည်အရေအတွက်စုဆောင်းနိုင်ရန် ရုန်းကန်နေရသည်။

Zawgyi Version;
ယူကရိန္းပါလီမန္က အက်ဥ္းသားေတြ စစ္မႈထမ္းႏိုင္မည့္ ဥပေဒမူၾကမ္းကို အတည္ျပဳ
ALynn (NP News) - ေမ ၁ဝ

စစ္အင္အားလိုအပ္ခ်က္ႏွင့္အတူ စစ္ေျမျပင္သို႔ ႐ုရွားတပ္ဖြဲ႕မ်ား ဆက္လက္ခ်ီတက္လာ ေနျခင္းေၾကာင့္ အက်ဥ္းသားအခ်ိဳ႕အား လက္နက္ကိုင္တပ္ဖြဲ႕မ်ားတြင္ ပါဝင္တိုက္ခိုက္ႏိုင္ေအာင္ ယူကရိန္းပါလီမန္က ဥပေဒၾကမ္းတစ္ခုကို တင္သြင္းလိုက္သည္။

ဗုဒၶဟူးေန႔ (ေမလ ၈ ရက္) က အဆိုပါလႈပ္ရွားမႈသည္ ယူကရိန္း၏ ခ်ဥ္းကပ္မႈတြင္ ဂငယ္ေကြ႕ အျပဳအမူျဖစ္လာသည္။ ယူကရိန္းသည္ အဆိုပါစီမံခ်က္ႏွင့္ အလားတူေသာ ႐ုရွား၏ အက်ဥ္းသားမ်ားအသုံးျပဳ၍ စစ္အင္အားျဖည့္တင္းျခင္း လမ္းစဥ္ကို ကာလရွည္ၾကာ ဆန႔္က်င္ရႈတ္ခ်ခဲ့ဖူးသည္။

အဆိုပါဥပေဒ အတည္ျပဳျပ႒ာန္းႏိုင္ရန္ ပါလီမန္ဥကၠ႒ Verkhovna Rada ႏွင့္ သမၼတ ဇီလန္စကီးတို႔က လက္မွတ္ေရးထိုးရမည္ျဖစ္သည္။ “မဲခြဲဆုံးျဖတ္ရာတြင္ ပါလီမန္က ေထာက္ခံခဲ့ၾကသည္” ဟု ဇာလန္စကီးပါတီ၏ အႀကီးအကဲ ပါလီမန္အမတ္ Olena Shuliak က Facebook တြင္ ေရးသားေဖာ္ျပခဲ့သည္။

“၎ဥပေဒမူၾကမ္းမွာ ကာကြယ္ေရးတပ္မ်ားတြင္ ပါဝင္ၿပီး တိုင္းျပည္ကိုကာကြယ္လိုေၾကာင္း ဆႏၵထုတ္ေဖာ္ေသာ အက်ဥ္းသားအခ်ိဳ႕အတြက္ ရည္႐ြယ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္သား စုေဆာင္းျခင္းသည္ ဆႏၵအေလ်ာက္ျဖစ္ၿပီး အခ်ိဳ႕ေသာ အက်ဥ္းသားအမ်ိဳးအစားမ်ားအတြက္သာျဖစ္ေၾကာင္း၊ တာဝန္ထမ္းေဆာင္ရန္ အရည္အခ်င္းမျပည့္မီသူမ်ားထဲတြင္ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ၊ လူႏွစ္ဦး (သို႔မဟုတ္) ထို႔ထက္ပို၍ လူသတ္မႈ၊ ဆိုး႐ြားစြာအက်င့္ပ်က္ျခစားမႈႏွင့္ အဆင့္ျမင့္အရာရွိေဟာင္းမ်ား ပါဝင္ေၾကာင္း” သူမက ေျပာၾကားခဲ့သည္။

ျပစ္ဒဏ္မွ လြတ္ေျမာက္ရန္ သုံးႏွစ္ေအာက္သာက်န္ရွိေသာ အက်ဥ္းသားမ်ားသာ ေလွ်ာက္ထားႏိုင္ၿပီး တပ္သားအျဖစ္စုေဆာင္းခဲ့ရေသာ မည္သည့္အက်ဥ္းသားမဆို လြတ္ၿငိမ္းခ်မ္းသာခြင့္ထက္ ခံဝန္ကတိျဖင့္ လြတ္ေျမာက္ခြင့္ေပးမည္ျဖစ္သည္။ ယူကရိန္းအက်ဥ္းသားမ်ား အကာအကြယ္ေပးေရး အဖြဲ႕အစည္းက အက်ဥ္းသားမ်ားကို ထိုကဲ့သို႔တိုက္ပြဲတြင္ ပါဝင္တိုက္ခိုက္ေစသည့္ စီမံခ်က္အတြက္ စိတ္ပ်က္လ်က္ရွိသည္။

႐ုရွားသည္ ၎၏အထူးစစ္ဆင္ေရးစတင္သည့္ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလကတည္းက ေရွ႕တန္း စစ္မ်က္ႏွာတြင္ အမႈထမ္းရန္ အက်ဥ္းသားမ်ားကို စုေဆာင္းထားၿပီး သမၼတ၏ လြတ္ၿငိမ္း ခ်မ္းသာခြင့္ရရွိရန္ ေျခာက္လၾကာ စစ္မႈထမ္းေပးရမည္ျဖစ္ေၾကာင္း ကနဦးတြင္ ကမ္းလွမ္းခဲ့သည္။

႐ုရွား-ယူကရိန္းစစ္ပြဲ ၂ ႏွစ္ေက်ာ္ကာလသို႔ေရာက္ရွိလာသည့္ႏွင့္အမွ် ယူကရိန္းသည္ ေရွ႕တန္း စစ္မ်က္ႏွာတြင္ ႐ုရွားတို႔၏ ျပင္းထန္ေသာ တိုက္ခိုက္မႈမ်ားကို တြန္းလွန္ရန္ လုံေလာက္ေသာ စစ္သည္အေရအတြက္စုေဆာင္းႏိုင္ရန္ ႐ုန္းကန္ေနရသည္။

Related news

© 2021. All rights reserved.