အမေရိကန် နယူးယောက်အာဏာပိုင်တွေက အပျော်စီးသင်္ဘောအနီး သေဆုံးခဲ့တဲ့ Sei ဝေလငါးကြီးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေ

 1873

ရောင်နီ (NP News) - မေ ၁ဝ

အဏ္ဏဝါထိန်းသိမ်းရေးသမားများနဲ့ အစိုးရသိပ္ပံပညာရှင်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က နယူးယောက်မြို့ ဘရွတ်ကလင်ဆိပ်ကမ်းမှာ အပျော်စီးသင်္ဘောဆိုက်ကပ်လာစဉ်တွေ့ရှိခဲ့တဲ့ ၁၃ မီတာ အရှည်ရှိ Sei ဝေလငါး အသေကောင်ကြီးနဲ့ပတ်သက်ပြီး နောက်ခံအကြောင်းကို စုံစမ်းစစ်ဆေးနေပါတယ်။

ခွဲစိတ်စစ်ဆေးမှုအရ အဆိုပါ ဝေလငါးကြီးဟာ လူနေအရပ်နဲ့ဝေးကွာတဲ့ ရေနက်ပိုင်းတွေမှာသာ ပုံမှန်အားဖြင့် တွေ့ရလေ့ရှိတဲ့ မျိုးသုဉ်းလုနီးပါး မျိုးစိတ်ဖြစ်ပြီး အရွယ်ရောက်ပြီးသား ပင်လယ်နို့တိုက်သတ္တဝါလည်းဖြစ်တယ်လို့ Atlantic Marine Conservation Society မှ မေ ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေတာကတော့ ဝေလငါး သေဆုံးမှုဟာ သင်္ဘောနဲ့ထိမိခြင်းကြောင့်လား၊ သင်္ဘောနဲ့ မထိတွေ့မီကတည်းကလား ဆိုတာကို စစ်ဆေးနေခြင်းဖြစ်ပါတယ်။

မေလ (၇)ရက်က ကင်ဆာရောဂါကုသရေးအဖွဲ့မှ အွန်လိုင်းထုတ်ပြန်ချက်တစ်ခုမှာ ဝေလငါးရဲ့ ညာဘက်ပခုံးနဲ့ ညာဘက်လက်ညှပ်ရိုး ကျိုးသွားတဲ့အထောက်အထားများ တွေ့ရှိခဲ့ပြီး ၎င်းရဲ့အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အစာတွေပြည့်နေတယ်လို့ ဆိုပါတယ်။

အဆိပ်ဗေဒနဲ့ ရောဂါဗေဒ ခွဲခြမ်းစိတ်ဖြာရေးအတွက် ဝေလငါးရဲ့အင်္ဂါ တစ်သျှူးအရိုးတွေကို နမူနာယူထားတယ်လို့ သိရပါတယ်။ အမေရိကန်အမျိုးသားသမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးဥပဒေ စိုးမိုးရေးရုံး (NOAA) ကလည်း အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Sei ဝေလငါးတွေဟာ NOAA ရဲ့အဆိုအရ တစ်နာရီကို ၅၅ ကီလိုမီတာထက်ပိုတဲ့အမြန်နှုန်းနဲ့ ကူးခတ်နိုင်ပြီး အတ္တလန်တိတ်၊ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာတို့မှာ အများစုနေထိုင်ကျက်စားကြလေ့ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ နယူးေယာက္အာဏာပိုင္ေတြက အေပ်ာ္စီးသေဘၤာအနီး ေသဆုံးခဲ့တဲ့ Sei ေဝလငါးႀကီးနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေန
ေရာင္နီ (NP News) - ေမ ၁ဝ

အဏၰဝါထိန္းသိမ္းေရးသမားမ်ားနဲ႔ အစိုးရသိပၸံပညာရွင္ေတြဟာ ၿပီးခဲ့တဲ့သီတင္းပတ္ကုန္က နယူးေယာက္ၿမိဳ႕ ဘ႐ြတ္ကလင္ဆိပ္ကမ္းမွာ အေပ်ာ္စီးသေဘၤာဆိုက္ကပ္လာစဥ္ေတြ႕ရွိခဲ့တဲ့ ၁၃ မီတာ အရွည္ရွိ Sei ေဝလငါး အေသေကာင္ႀကီးနဲ႔ပတ္သက္ၿပီး ေနာက္ခံအေၾကာင္းကို စုံစမ္းစစ္ေဆးေနပါတယ္။

ခြဲစိတ္စစ္ေဆးမႈအရ အဆိုပါ ေဝလငါးႀကီးဟာ လူေနအရပ္နဲ႔ေဝးကြာတဲ့ ေရနက္ပိုင္းေတြမွာသာ ပုံမွန္အားျဖင့္ ေတြ႕ရေလ့ရွိတဲ့ မ်ိဳးသုဥ္းလုနီးပါး မ်ိဳးစိတ္ျဖစ္ၿပီး အ႐ြယ္ေရာက္ၿပီးသား ပင္လယ္ႏို႔တိုက္သတၱဝါလည္းျဖစ္တယ္လို႔ Atlantic Marine Conservation Society မွ ေမ ၈ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

အာဏာပိုင္ေတြ စုံစမ္းစစ္ေဆးေနတာကေတာ့ ေဝလငါး ေသဆုံးမႈဟာ သေဘၤာနဲ႔ထိမိျခင္းေၾကာင့္လား၊ သေဘၤာနဲ႔ မထိေတြ႕မီကတည္းကလား ဆိုတာကို စစ္ေဆးေနျခင္းျဖစ္ပါတယ္။

ေမလ (၇)ရက္က ကင္ဆာေရာဂါကုသေရးအဖြဲ႕မွ အြန္လိုင္းထုတ္ျပန္ခ်က္တစ္ခုမွာ ေဝလငါးရဲ႕ ညာဘက္ပခုံးနဲ႔ ညာဘက္လက္ညႇပ္႐ိုး က်ိဳးသြားတဲ့အေထာက္အထားမ်ား ေတြ႕ရွိခဲ့ၿပီး ၎ရဲ႕အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ အစာေတြျပည့္ေနတယ္လို႔ ဆိုပါတယ္။

အဆိပ္ေဗဒနဲ႔ ေရာဂါေဗဒ ခြဲျခမ္းစိတ္ျဖာေရးအတြက္ ေဝလငါးရဲ႕အဂၤါ တစ္သွ်ဴးအ႐ိုးေတြကို နမူနာယူထားတယ္လို႔ သိရပါတယ္။ အေမရိကန္အမ်ိဳးသားသမုဒၵရာႏွင့္ ေလထုစီမံခန႔္ခြဲေရးဥပေဒ စိုးမိုးေရး႐ုံး (NOAA) ကလည္း အဆိုပါျဖစ္ရပ္ကို စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

Sei ေဝလငါးေတြဟာ NOAA ရဲ႕အဆိုအရ တစ္နာရီကို ၅၅ ကီလိုမီတာထက္ပိုတဲ့အျမန္ႏႈန္းနဲ႔ ကူးခတ္ႏိုင္ၿပီး အတၱလန္တိတ္၊ အိႏၵိယနဲ႔ ပစိဖိတ္သမုဒၵရာတို႔မွာ အမ်ားစုေနထိုင္က်က္စားၾကေလ့ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.