ပညာတတ်နည်းပါးသည့် နိုင်ငံများတွင် ပဋိပက္ခများဖြစ်ပေါ်နေမည်ဟု တပ်ချုပ်ပြော

 3609

Pearl (NP News) - မေ ၁ဝ

ပညာတတ်နည်းပါးသည့် နိုင်ငံများတွင် ပဋိပက္ခများဖြစ်ပေါ်နေမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့ (မေလ ၉ ရက်)တွင် နေပြည်တော်၌ ကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှု” အခမ်းအနားတွင် အထက်ပါကဲ့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် နစကဥက္ကဋ္ဌက မိမိတို့နိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက် အောင် မြင်ရန်ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အသိုင်းအဝိုင်း၊ သာယာဝပြောသည့် အသိုက်အဝန်းနှင့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ယှဉ်ပြိုင်နိုင်သည့် လူ့ဘောင်တည်ဆောက်နိုင်ရန်အတွက် အသိ ပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ပညာတတ်များ မွေးထုတ်ပေးရန်လိုကြောင်း၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါကြွယ်ဝရန် လိုကြောင်း နှင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတိုင်းသည် ပညာရေးကိုအားပေးဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားထားသည်။

ထို့ပြင် ပညာတတ်ပေါကြွယ်ဝသည့် နိုင်ငံများသည် အသိပညာကြွယ်ဝကြသဖြင့် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ တည်တည်ငြိမ်ငြိမ်ဖြင့် ဆောင်ရွက်နိုင်သည်ကို တွေ့ရပြီး နိုင်ငံရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးယဉ်ကျေးမှုအနေဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်ကြသော်လည်း ပညာတတ်နည်းပါးသည့် နိုင်ငံများတွင် ပဋိပက္ခများဖြစ်ပေါ်နေမည်ပင်ဖြစ်သည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် ပညာတတ်များ ပေါကြွယ်ဝစေရေးအတွက် လူတိုင်းစာတတ်မြောက်ရေးကို ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် ပညာတတ်များ ပေါကြွယ်ဝရေးကို ဆောင်ရွက်နေကြောင်း နှင့် မိမိတို့နိုင်ငံအနေဖြင့် ပညာရည်မြှင့်တင်ရေးလှုပ်ရှားမှုများကို မဖြစ်မနေအားပေးမြှင့်တင်ရန် လိုအပ်ကြောင်းလည်း နစကဥက္ကဋ္ဌက ပြောသည်။

zawgyi version
ပညာတတ္နည္းပါးသည့္ ႏိုင္ငံမ်ားတြင္ ပဋိပကၡမ်ားျဖစ္ေပၚေနမည္ဟု တပ္ခ်ဳပ္ေျပာ
Pearl (NP News) - ေမ ၁ဝ

ပညာတတ္နည္းပါးသည့္ ႏိုင္ငံမ်ားတြင္ ပဋိပကၡမ်ားျဖစ္ေပၚေနမည္ဟု နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

ယမန္ေန႔ (ေမလ ၉ ရက္)တြင္ ေနျပည္ေတာ္၌ က်င္းပေသာ “စာၾကည့္တိုက္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ စာဖတ္ရွိန္ျမႇင့္ တင္ေရးလႈပ္ရွားမႈ” အခမ္းအနားတြင္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

အဆိုပါ အခမ္းအနားတြင္ နစကဥကၠ႒က မိမိတို႔ႏိုင္ငံ၏ အမ်ိဳးသားေရးရည္မွန္းခ်က္ ေအာင္ ျမင္ရန္ဖြံ႕ၿဖိဳးတိုးတက္သည့္ လူ႔ေဘာင္အသိုင္းအဝိုင္း၊ သာယာဝေျပာသည့္ အသိုက္အဝန္းႏွင့္ ျမန္မာႏိုင္ငံကို ကမာၻႏွင့္ယွဥ္ၿပိဳင္ႏိုင္သည့္ လူ႔ေဘာင္တည္ေဆာက္ႏိုင္ရန္အတြက္ အသိ ပညာ၊ အတတ္ပညာႂကြယ္ဝသည့္ လူသားအရင္းအျမစ္ေကာင္းမ်ား မျဖစ္မေနလိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။

ထိုသို႔ ေဆာင္႐ြက္ႏိုင္ရန္အတြက္ ပညာတတ္မ်ား ေမြးထုတ္ေပးရန္လိုေၾကာင္း၊ ႏိုင္ငံတစ္ခုဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပညာတတ္မ်ား ေပါႂကြယ္ဝရန္ လိုေၾကာင္း ႏွင့္ ကမာၻေပၚရွိ ဖြံ႕ၿဖိဳးတိုးတက္သည့္ႏိုင္ငံတိုင္းသည္ ပညာေရးကိုအားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထည့္သြင္းေျပာၾကားထားသည္။

ထို႔ျပင္ ပညာတတ္ေပါႂကြယ္ဝသည့္ ႏိုင္ငံမ်ားသည္ အသိပညာႂကြယ္ဝၾကသျဖင့္ မည္သည့္ႏိုင္ငံေရးစနစ္ကို က်င့္သုံးသည္ျဖစ္ေစ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေဆာင္႐ြက္ႏိုင္သည္ကို ေတြ႕ရၿပီး ႏိုင္ငံေရးႏွင့္ပတ္သက္၍ သေဘာထားကြဲလြဲမႈမ်ားကို ႏိုင္ငံေရးယဥ္ေက်းမႈအေနျဖင့္သာ ေျဖရွင္းေဆာင္႐ြက္ႏိုင္ၾကေသာ္လည္း ပညာတတ္နည္းပါးသည့္ ႏိုင္ငံမ်ားတြင္ ပဋိပကၡမ်ားျဖစ္ေပၚေနမည္ပင္ျဖစ္သည္ဟု နစကဥကၠ႒က ေျပာသည္။

ထို႔ေၾကာင့္ ပညာတတ္မ်ား ေပါႂကြယ္ဝေစေရးအတြက္ လူတိုင္းစာတတ္ေျမာက္ေရးကို ေဆာင္႐ြက္ၿပီး ထိုမွတစ္ဆင့္ ပညာတတ္မ်ား ေပါႂကြယ္ဝေရးကို ေဆာင္႐ြက္ေနေၾကာင္း ႏွင့္ မိမိတို႔ႏိုင္ငံအေနျဖင့္ ပညာရည္ျမႇင့္တင္ေရးလႈပ္ရွားမႈမ်ားကို မျဖစ္မေနအားေပးျမႇင့္တင္ရန္ လိုအပ္ေၾကာင္းလည္း နစကဥကၠ႒က ေျပာသည္။

Picture

09675562211

10/05/2024 21:28

ေက်ာင္းစာၾကည့္တိုက္ေတြ ပိတ္တဲ့အက်ိဳး

Related news

© 2021. All rights reserved.