အမေရိကန်သမ္မတ၏ သတိပေးမှုများကို ငြင်းဆန်ပြီး အစ္စရေးစစ်တပ်က ဂါဇာဒေသရှိ ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ စတင်ပြုလုပ်

 782

ဂျန်ဇက် (NP News) - မေ ၁ဝ

အမေရိကန်အပါဝင် နိုင်ငံတကာအဖွဲ့စည်းများက သတိပေးတားမြစ်မှုများရှိခဲ့သော်လည်း အစ္စရေးစစ်တပ်က ဂါဇာဒေသရှိရာဖယ်မြို့အရှေ့ဘက်ပိုင်းကို မေလ ၉ ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာဒေသတောင်ပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဆိုလျှင်အစ္စရေးစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများကူညီပံ့ပိုးပေးခြင်းကို ရပ်ဆိုင်းသွားမည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် ခြိမ်းခြောက်ခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် အမေရိကန်သမ္မတ၏ ခြိမ်းခြောက်မှုများကို ငြင်းဆန်ပယ်ချခဲ့ပြီး ရာဖယ်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ရန် စီစဉ်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အစ္စရေးစစ်တပ်၏ အကြီးတန်းအရာရှိတစ်ဦးက " ဂါဇာဒေသမှာဖြစ်ပွားနေတဲ့ ရန်လိုမှုတွေ ရပ်တန့်စေဖို့ ဆွေးနွေးတာတွေလုပ်ခဲ့တယ်။ ဒါပေမဲ့ သဘောတူညီမှုတွေမရသေးဘူး၊ ဒါကြောင့် ဂါဇာကမ်းမြောင်ဒေသရှိအခြားနေရာတွေနဲ့ ရာဖယ်မြို့ကိုထိုးစစ်ဆင်တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့အတိုင်းလုပ်ဆောင်သွားမယ်။ကျွန်တော်တို့တိုက်ခိုက်မှုတွေလုပ်ဆောင်ချိန်မှာ ဂါဇာဒေသနဲ့ပတ်သက်ပြီး ထားရှိတဲ့ စစ်ရေးရည်မှန်းချက်တွေရအောင်လုပ်ဆောင်မယ်။" ဟုပြောသည်။

ဂါဇာဒေသရှိ ပါလက်စတိုင်း စစ်သွေးကြွအုပ်စုများနှင့် ဂျီဟတ်အုပ်စုများက ၎င်းတို့ရာဖယ်မြို့အစွန့်ကိုရောက်ရှိလာသော အ စ္စရေးတင့်ကားများကို တင့်ကားဖျက်ရော့က်ဒ်များ၊ မော်တာများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းပြောသည်။ အစ္စရေးသည် ရာဖယ်မြို့အတွင်းနေထိုင်နေသူများကို ဘေးလွှတ်ရာသို့ရွှေ့ပြောင်းကြရန် ပြီးခဲ့သောရက်ပိုင်းတွင် သတိပေးခဲ့ပြီးနောက် ရာဖယ်မြို့အတွင်း ဝင်ရောက်ကာ တိုက်ခိုက်မှုများစတင်လာခဲ့ခြင်းဖြစ်သည်။အစ္စရေးအစိုးရက ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကိုအမြစ်ပြတ်ချေမှုန်းနိုင်ရန်အတွက်ရာဖယ်မြို့ကိုထိုးစစ်ဆင်တိုက်ခိုက်ရမည်ဟု ပြောဆိုထားသည်။ သို့သော်လည်းအမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက ရာဖယ်မြို့အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများထပ်မံလုပ်ဆောင်မည်ဆိုလျှင်လူသေဆုံးမှုများပိုမိုမြင့်တက်လာနိုင်သလို နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက် ပိုမိုများပြားလာဖွယ်ရှိနေသည်ဟု သတိပေးထားသည်။

zawgyi version
အေမရိကန္သမၼတ၏ သတိေပးမႈမ်ားကို ျငင္းဆန္ၿပီး အစၥေရးစစ္တပ္က ဂါဇာေဒသရွိ ရာဖယ္ၿမိဳ႕ကို ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ား စတင္ျပဳလုပ္
ဂ်န္ဇက္ (NP News) - ေမ ၁ဝ

အေမရိကန္အပါဝင္ ႏိုင္ငံတကာအဖြဲ႕စည္းမ်ားက သတိေပးတားျမစ္မႈမ်ားရွိခဲ့ေသာ္လည္း အစၥေရးစစ္တပ္က ဂါဇာေဒသရွိရာဖယ္ၿမိဳ႕အေရွ႕ဘက္ပိုင္းကို ေမလ ၉ ရက္ေန႔တြင္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က အစၥေရးႏိုင္ငံအေနျဖင့္ ဂါဇာေဒသေတာင္ပိုင္းကို ထိုးစစ္ဆင္တိုက္ခိုက္မည္ဆိုလွ်င္အစၥေရးစစ္တပ္အတြက္ စစ္လက္နက္ပစၥည္းမ်ားကူညီပံ့ပိုးေပးျခင္းကို ရပ္ဆိုင္းသြားမည္ဟု ၿပီးခဲ့ေသာရက္ပိုင္းတြင္ ၿခိမ္းေျခာက္ခဲ့သည္။ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုသည္ အေမရိကန္သမၼတ၏ ၿခိမ္းေျခာက္မႈမ်ားကို ျငင္းဆန္ပယ္ခ်ခဲ့ၿပီး ရာဖယ္ၿမိဳ႕ကို ထိုးစစ္ဆင္တိုက္ခိုက္ရန္ စီစဥ္လာခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။အစၥေရးစစ္တပ္၏ အႀကီးတန္းအရာရွိတစ္ဦးက " ဂါဇာေဒသမွာျဖစ္ပြားေနတဲ့ ရန္လိုမႈေတြ ရပ္တန႔္ေစဖို႔ ေဆြးေႏြးတာေတြလုပ္ခဲ့တယ္။ ဒါေပမဲ့ သေဘာတူညီမႈေတြမရေသးဘူး၊ ဒါေၾကာင့္ ဂါဇာကမ္းေျမာင္ေဒသရွိအျခားေနရာေတြနဲ႔ ရာဖယ္ၿမိဳ႕ကိုထိုးစစ္ဆင္တိုက္ခိုက္ဖို႔ စီစဥ္ထားတဲ့အတိုင္းလုပ္ေဆာင္သြားမယ္။ကြၽန္ေတာ္တို႔တိုက္ခိုက္မႈေတြလုပ္ေဆာင္ခ်ိန္မွာ ဂါဇာေဒသနဲ႔ပတ္သက္ၿပီး ထားရွိတဲ့ စစ္ေရးရည္မွန္းခ်က္ေတြရေအာင္လုပ္ေဆာင္မယ္။" ဟုေျပာသည္။

ဂါဇာေဒသရွိ ပါလက္စတိုင္း စစ္ေသြးႂကြအုပ္စုမ်ားႏွင့္ ဂ်ီဟတ္အုပ္စုမ်ားက ၎တို႔ရာဖယ္ၿမိဳ႕အစြန႔္ကိုေရာက္ရွိလာေသာ အ စၥေရးတင့္ကားမ်ားကို တင့္ကားဖ်က္ေရာ့က္ဒ္မ်ား၊ ေမာ္တာမ်ားျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္းေျပာသည္။ အစၥေရးသည္ ရာဖယ္ၿမိဳ႕အတြင္းေနထိုင္ေနသူမ်ားကို ေဘးလႊတ္ရာသို႔ေ႐ႊ႕ေျပာင္းၾကရန္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ သတိေပးခဲ့ၿပီးေနာက္ ရာဖယ္ၿမိဳ႕အတြင္း ဝင္ေရာက္ကာ တိုက္ခိုက္မႈမ်ားစတင္လာခဲ့ျခင္းျဖစ္သည္။အစၥေရးအစိုးရက ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ကိုအျမစ္ျပတ္ေခ်မႈန္းႏိုင္ရန္အတြက္ရာဖယ္ၿမိဳ႕ကိုထိုးစစ္ဆင္တိုက္ခိုက္ရမည္ဟု ေျပာဆိုထားသည္။ သို႔ေသာ္လည္းအေမရိကန္အပါအဝင္ ႏိုင္ငံတကာအဖြဲ႕စည္းမ်ားက ရာဖယ္ၿမိဳ႕အတြင္း ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားထပ္မံလုပ္ေဆာင္မည္ဆိုလွ်င္လူေသဆုံးမႈမ်ားပိုမိုျမင့္တက္လာႏိုင္သလို ေနရပ္စြန႔္ခြာထြက္ေျပးရသူအေရအတြက္ ပိုမိုမ်ားျပားလာဖြယ္ရွိေနသည္ဟု သတိေပးထားသည္။

Related news

© 2021. All rights reserved.