လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာသည့်အတွက် ဆိုလာနှင့် ဘက်ထရီများကို ဝယ်ယူအသုံးပြုမှု မြင့်တက်

 1093

ယွန်း (NP News) -‌ မေ ၁၅

လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာသည့်အတွက် ဆိုလာနှင့်ဘက်ထရီများကို ဝယ်ယူအသုံးပြုမှု ပိုများလာကြောင်း ဈေးကွက်အတွင်း စုံစမ်းထားသည့် သတင်းအချက်အလက်များအရ သိရသည်။

ယခုနှစ်တွင် အယ်လ်နီညိုသက်ရောက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းအပူချိန်မြင့်တက်မှုသည် ယခင်နှစ်ထက်ပြင်းထန်ခဲ့ပြီး အပူရှိန်မြင့်တက်မှုကြောင့် လူသေဆုံးမှုဖြစ်စဉ်များလည်း ဖြစ်ပွားလျက်ရှိသည်။

ထိုသို့ လျှပ်စစ်မီးပြတ်တောက်မှုအပြင် အပူချိန်မြင့်တက်မှုတို့ကြောင့် ပြည်သူများအနေဖြင့် ပန်ကာ အပါအဝင် ဆိုလာ၊ ဘက်ထရီနှင့် အင်ဗာတာတို့ကို ယခင်ထက် ပိုမိုဝယ်ယူတပ်ဆင်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ဆိုင်မှာက လူအရမ်းတော့ မများဘူး။ လိုက်ပြီးတပ်ပေးရတာပိုများနေတယ်။ တပ်ပေးတဲ့ အဖွဲ့ဆိုလည်း လူအများကြီးရှိတယ်။ အခုနောက် ပိုင်း ခန့်ထားတဲ့ ဝန်ထမ်းတွေလည်းရှိတော့ တပ်ဆင်တဲ့ အပိုင်းမှာ‌တော့ လူအများကြီးရှိပါတယ်။ ဆိုလာတပ်တဲ့ သူတွေလည်းရှိသလို ပန်ကာတွေလည်း တော် တော်ရောင်းရတယ်။ ပန်ကာဆိုရင်တောင် အားသွင်းရတာမျိုးသိပ်မဝယ်ကြဘူး။ ဘက်ထရီပန်ကာမျိုး တွေကို ပိုဝယ်ကြတယ်” ဟု မြောက်ဒဂုံမြို့နယ်ရှိ ဆိုလာအပါအဝင် လျှပ်စစ်ပစ္စည်းရောင်းချနေသူ တစ်ဦးက NP News ကိုပြောသည်။

ထို့ပြင် ပုဂ္ဂလိကလုပ်ငန်းအချို့တွင်လည်း ဆိုလာ၊ အင်ဗာတာနှင့် ဘက်ထရီများကို တပ်ဆင်လာ ကြပြီး အဆိုပါနည်းစနစ်ကြောင့် ငွေကြေးကုန်ကျမှု ပိုမိုသက်သာကြောင်း ပြောဆိုမှုများလည်းရှိနေသည်။

“အရင်က မီးပျက်ရင် မီးစက်မောင်းရတယ်။ ဆီကလည်း ဝယ်ရတာမလွယ်ဘူး။ လုပ်ငန်းလုပ်နေတဲ့ သူတွေဆိုတော့ မီးပျက်တိုင်း မီးစက်နဲ့ မောင်းရနေရတာ ပိုလည်းကုန်တယ်လေ။ အခုအင်ဗာတာနဲ့ ဘက်ထရီဝယ်ပြီးသုံးနေတယ်။ မီးလာတဲ့အချိန် ဘက်ထရီကို အားသွင်းထားတယ်။ မီးပျက်ရင်သုံးလို့ရပြီ။ ဆီဖိုးကုန်မှာကို အင်ဗာတာနဲ့ ဘက်ထရီမှာသုံးလိုက်တာပေါ့။ မီးစက် သံကြီးမကြားရတော့ နားငြီးတာလည်း သက်သာသွားတယ်” ဟု မရမ်းကုန်းမြို့နယ်ရှိ ရုံးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား လို အပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ပြီး လတ်တ လော၌ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာမှုအပေါ် ပြည်သူ လူထု၏ ဝေဖန်မှုများရှိနေသည်။ “မီးတွေအရမ်းပျက်တော့ အင်ဗာတာ သီးသန့်တပ်ကြတာတော်တော်များတယ်။ အော်ဒါ တင်ထားတာတွေကလည်း တော် တော်များတယ်။ အိမ်သုံးတွေအတွက် တပ်ကြတာဆိုတော့ ကျွန်တော် တို့ဆိုရင် တစ်ရက်ကို နှစ်လုံးလောက်ပဲပြီးတယ်။ တစ်ပတ်လုံးမှာ မတပ်ရတဲ့ရက်ဆိုတာမရှိဘူး။ ဆိုလာနဲ့ တွဲတပ်တဲ့ အင်ဗာတာကလည်း သုံးကြတယ်။ ဒါပေမဲ့ အခုလောက်မီးလာနေရင်တော့ အင်ဗာတာလောက်နဲ့တော့ အဆင် ပြေတယ်။ ဆိုလာကတော့ မီးပျက်တာတွေ အရမ်းများလာရင်တော့ တပ်ဖို့ လိုလာတော့မယ်။ လျှပ်စစ်မီးသာမှန်နေရင် ဒါတွေက အပိုကုန်တာတွေပေါ့” ဟု လျှပ်စစ်သုံးပစ္စည်းများ တပ်ဆင်ပေးသူတစ်ဦးက ဆိုသည်။

ထိုသို့ လျှပ်စစ်မီးလုံလောက်စွာပေးနိုင်မှု မရှိခြင်းကြောင့် လစဉ်ကျပ်(၅၀)ဘီလျံထက်မနည်း နိုင်ငံသားများဘက်မှ နစ်နာဆုံးရှုံးနေကြောင်း အကြမ်းဖျင်း တွက်ချက်မှုများအရသိရပြီး စက်မှုလုပ် ငန်းများ အပါအဝင် ပြည်သူလူထုအနေဖြင့် လုပ်ငန်းပိုင်ဆိုင်ရာများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

zawgyi version
လွ်ပ္စစ္မီးျပတ္ေတာက္မႈ ပိုမိုဆိုး႐ြားလာသည့္အတြက္ ဆိုလာႏွင့္ ဘက္ထ ရီမ်ားကို ဝယ္ယူအသုံးျပဳမႈ ျမင့္တက္
ယြန္း (NP News) -‌ ေမ ၁၅

လွ်ပ္စစ္မီးျပတ္ေတာက္မႈ ပိုမိုဆိုး႐ြားလာသည့္အတြက္ ဆိုလာႏွင့္ဘက္ထရီမ်ားကို ဝယ္ယူအသုံးျပဳမႈ ပိုမ်ားလာေၾကာင္း ေဈးကြက္အတြင္း စုံစမ္းထားသည့္ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ယခုႏွစ္တြင္ အယ္လ္နီညိဳသက္ေရာက္မႈေၾကာင့္ ျမန္မာႏိုင္ငံတစ္ဝန္းအပူခ်ိန္ျမင့္တက္မႈသည္ ယခင္ႏွစ္ထက္ျပင္းထန္ခဲ့ၿပီး အပူရွိန္ျမင့္တက္မႈေၾကာင့္ လူေသဆုံးမႈျဖစ္စဥ္မ်ားလည္း ျဖစ္ပြားလ်က္ရွိသည္။

ထိုသို႔ လွ်ပ္စစ္မီးျပတ္ေတာက္မႈအျပင္ အပူခ်ိန္ျမင့္တက္မႈတို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ပန္ကာ အပါအဝင္ ဆိုလာ၊ ဘက္ထရီႏွင့္ အင္ဗာတာတို႔ကို ယခင္ထက္ ပိုမိုဝယ္ယူတပ္ဆင္လာေၾကာင္း ေဈးကြက္အတြင္းမွ စုံစမ္းသိရွိရသည္။

“ဆိုင္မွာက လူအရမ္းေတာ့ မမ်ားဘူး။ လိုက္ၿပီးတပ္ေပးရတာပိုမ်ားေနတယ္။ တပ္ေပးတဲ့ အဖြဲ႕ဆိုလည္း လူအမ်ားႀကီးရွိတယ္။ အခုေနာက္ ပိုင္း ခန႔္ထားတဲ့ ဝန္ထမ္းေတြလည္းရွိေတာ့ တပ္ဆင္တဲ့ အပိုင္းမွာ‌ေတာ့ လူအမ်ားႀကီးရွိပါတယ္။ ဆိုလာတပ္တဲ့ သူေတြလည္းရွိသလို ပန္ကာေတြလည္း ေတာ္ ေတာ္ေရာင္းရတယ္။ ပန္ကာဆိုရင္ေတာင္ အားသြင္းရတာမ်ိဳးသိပ္မဝယ္ၾကဘူး။ ဘက္ထရီပန္ကာမ်ိဳး ေတြကို ပိုဝယ္ၾကတယ္” ဟု ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ ဆိုလာအပါအဝင္ လွ်ပ္စစ္ပစၥည္းေရာင္းခ်ေနသူ တစ္ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ ပုဂၢလိကလုပ္ငန္းအခ်ိဳ႕တြင္လည္း ဆိုလာ၊ အင္ဗာတာႏွင့္ ဘက္ထရီမ်ားကို တပ္ဆင္လာ ၾကၿပီး အဆိုပါနည္းစနစ္ေၾကာင့္ ေငြေၾကးကုန္က်မႈ ပိုမိုသက္သာေၾကာင္း ေျပာဆိုမႈမ်ားလည္းရွိေနသည္။

“အရင္က မီးပ်က္ရင္ မီးစက္ေမာင္းရတယ္။ ဆီကလည္း ဝယ္ရတာမလြယ္ဘူး။ လုပ္ငန္းလုပ္ေနတဲ့ သူေတြဆိုေတာ့ မီးပ်က္တိုင္း မီးစက္နဲ႔ ေမာင္းရေနရတာ ပိုလည္းကုန္တယ္ေလ။ အခုအင္ဗာတာနဲ႔ ဘက္ထရီဝယ္ၿပီးသုံးေနတယ္။ မီးလာတဲ့အခ်ိန္ ဘက္ထရီကို အားသြင္းထားတယ္။ မီးပ်က္ရင္သုံးလို႔ရၿပီ။ ဆီဖိုးကုန္မွာကို အင္ဗာတာနဲ႔ ဘက္ထရီမွာသုံးလိုက္တာေပါ့။ မီးစက္ သံႀကီးမၾကားရေတာ့ နားၿငီးတာလည္း သက္သာသြားတယ္” ဟု မရမ္းကုန္းၿမိဳ႕နယ္ရွိ ႐ုံးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးက ေျပာသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ လွ်ပ္စစ္ဓာတ္အား လို အပ္ခ်က္၏ ၅၀ ရာခိုင္ႏႈန္းခန႔္သာ ထုတ္လုပ္ျဖန႔္ျဖဴးေပးႏိုင္ၿပီး လတ္တ ေလာ၌ လွ်ပ္စစ္မီးျပတ္ေတာက္မႈ ပိုမိုဆိုး႐ြားလာမႈအေပၚ ျပည္သူ လူထု၏ ေဝဖန္မႈမ်ားရွိေနသည္။ “မီးေတြအရမ္းပ်က္ေတာ့ အင္ဗာတာ သီးသန႔္တပ္ၾကတာေတာ္ေတာ္မ်ားတယ္။ ေအာ္ဒါ တင္ထားတာေတြကလည္း ေတာ္ ေတာ္မ်ားတယ္။ အိမ္သုံးေတြအတြက္ တပ္ၾကတာဆိုေတာ့ ကြၽန္ေတာ္ တို႔ဆိုရင္ တစ္ရက္ကို ႏွစ္လုံးေလာက္ပဲၿပီးတယ္။ တစ္ပတ္လုံးမွာ မတပ္ရတဲ့ရက္ဆိုတာမရွိဘူး။ ဆိုလာနဲ႔ တြဲတပ္တဲ့ အင္ဗာတာကလည္း သုံးၾကတယ္။ ဒါေပမဲ့ အခုေလာက္မီးလာေနရင္ေတာ့ အင္ဗာတာေလာက္နဲ႔ေတာ့ အဆင္ ေျပတယ္။ ဆိုလာကေတာ့ မီးပ်က္တာေတြ အရမ္းမ်ားလာရင္ေတာ့ တပ္ဖို႔ လိုလာေတာ့မယ္။ လွ်ပ္စစ္မီးသာမွန္ေနရင္ ဒါေတြက အပိုကုန္တာေတြေပါ့” ဟု လွ်ပ္စစ္သုံးပစၥည္းမ်ား တပ္ဆင္ေပးသူတစ္ဦးက ဆိုသည္။

ထိုသို႔ လွ်ပ္စစ္မီးလုံေလာက္စြာေပးႏိုင္မႈ မရွိျခင္းေၾကာင့္ လစဥ္က်ပ္(၅၀)ဘီလ်ံထက္မနည္း ႏိုင္ငံသားမ်ားဘက္မွ နစ္နာဆုံးရႈံးေနေၾကာင္း အၾကမ္းဖ်င္း တြက္ခ်က္မႈမ်ားအရသိရၿပီး စက္မႈလုပ္ ငန္းမ်ား အပါအဝင္ ျပည္သူလူထုအေနျဖင့္ လုပ္ငန္းပိုင္ဆိုင္ရာမ်ား အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.