မြန်မာနိုင်ငံ လွတ်မြောက်နယ်မြေဆိုသည်တို့တွင် စင်ပြိုင်နိုင်ငံတော်များ ထူထောင်ခြင်းဖြင့် တိုင်းပြည်ပြိုကွဲပြီး သွေးချောင်းစီးစေရန် သြစတြေးလျှ နိုင်ငံရေးသိပ္ပံပညာရှင်ဆိုသူ အကြံပြု
1997
Htay Oung (NP News) - မေ ၁၆
ဒေါက်တာ မော်တန်ဘီပီဒါဆန်ဟာ (သြစတြေးလျ ကာကွယ်ရေးတက္က သိုလ်) မှ နိုင်ငံတကာအရေးပို့ချသူ တစ်ဦးဖြစ်ပြီး ဘယ်လ်ဂျီယန်အခြေစိုက် NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ICG ခေါ် နိုင်ငံတကာ ပဋိပက္ခများ ဆိုင်ရာ အကြံပေးအုပ်စုမှာ အကြီးတန်းလေ့လာသူအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။
၁၉၈၁ ခုနှစ်ဖွားဖြစ်တဲ့အတွက် မြန်မာ့နိုင်ငံရေး တစ်ဆစ်ချိုး ပြောင်းလဲခဲ့တဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်းမှာ သူဟာ ၇ နှစ်သားအရွယ် မူလတန်းကျောင်းသားလေးသာဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေးမှာ နှစ်ပေါင်း ၂၀ အတွေ့အကြုံရှိတယ်လို့ ပြောဆိုနေပြီးပြည်တွင်းစစ် နှစ် ၇၀ ကျော်ကြာမြင့်နေတဲ့ အရှေ့တောင်အာရှ တိုင်းပြည်နဲ့ ပတ်သက်ပြီး စာအုပ် ၄ အုပ် ရေးသားခဲ့ဖူးပါတယ်။ သြစတြေးလျအစိုးရ၊ ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောကော်မရှင်နဲ့ (၁၉၉၄-၂၀၀၀ ခုနှစ်) ဖင်လန်သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာတီအာတစ်ဆရီရဲ့ မူဝါဒရေးရာ အကြံပေးလည်း ဖြစ်ခဲ့ဖူးပါသတဲ့၊ ဒီနေရာမှာ ဖင်လန်နည်းတူ နောဒစ်တိုင်းပြည်ဖြစ်တဲ့ နော်ဝေးနိုင်ငံနဲ့ သီရိလင်္ကာပြည်တွင်းစစ်အကြောင်း နောက်ပိုင်းမှာ ပြောပါ့မယ်။
အဲဒီလို ပုဂ္ဂိုလ်တစ်ယောက်က သြစတြေးလျနိုင်ငံ “လိုဝီအင်စတီကျု” အတွက် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အကြံပြုစာတမ်းတစ်စောင် ရေးသားခဲ့ပါတယ်။ ၁၂ မေ ၂၀၂၄ ရက်နေ့ ရက်စွဲနဲ့ “နာကြည်းမှု အမျက်ဒေါ သသည် မူဝါဒ မဟုတ်။ အစိတ်စိတ်အမွှာမွှာဖြစ်နေသည့် မြန်မာနိုင်ငံနှင့် လိုက်လျော ညီထွေဖြစ်ရန်သာ” ခေါင်းစဉ်ပါ သူ့ရဲ့စာတမ်းဟာ စာလုံးရေ ၁၂,၀၀၀ ( ၁၁ ပွိုင့် A4 ) စာမျက်နှာပေါင်း ၃၀ ရှိပါတယ်။ အဲဒီလောက်ရှည်လျားတဲ့ စာ တမ်းတစ်ခုလုံးကို ပရိုတစ်ဦးက မြန်မာဘာသာပြန်ဆိုခဲ့လျင် ၄-ရက်ကြာမျှ အပိုင်းခွဲ ဖော်ပြရမှာဖြစ်ပြီး ပျင်းစရာကြီးလည်း ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် AI အကူအညီနဲ့ မူရင်းအာဘော်ပါဝင်အောင် အတတ်နိုင်ဆုံး အတိုချုံး ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုကို ရောက်ရှိနေပြီး နစကအစိုးရ ဆန့်ကျင်ရေး အင်အားစုများအနေနဲ့ နယ်စပ်ဒေသများမှာ ထူးထူးခြားခြား အမြတ်ရရှိခြင်းဖြင့် နေပြည် တော်ရဲ့ ထိန်းချုပ်မှု အားနည်းနေပြီလို့ ဖော်ပြခြင်းဖြင့် သူ့ရဲ့စာတမ်းကို နိဒါန်းပျိုးထားပါတယ်။
စစ်တပ်က နိုင်ငံ့အရေးမှာ ဆုတ်ခွာသွားသည်နှင့်အမျှ တော်လှန်ရေးအဖွဲ့တွေက "လွတ်မြောက်နယ်မြေများ"များမှာ အုပ်ချုပ်မှုတာဝန်များကို ထမ်းဆောင်ပြီး ပြည်သူတို့ကို ဝန်ဆောင်မှုများ ပေးအပ်လျှက်ရှိကြောင်း၊ အ နောက်နိုင်ငံအစိုးရများအနေနဲ့ သူတို့ရဲ့ စင်ပြိုင် နိုင်ငံတော်တည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုကို ပံ့ပိုးကူညီရန်နဲ့ မြန်မာ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကို ပုံဖော်တဲ့ အခန်းကဏ္ဍမှ ကူညီပါဝင်ဆောင်ရွက်ရန် အခွင့်အလမ်း ပွင့်လင်းလာကြောင်း သူ့ရဲ့ အစီရင်ခံစာဟာ မြန်မာနိုင်ငံလက်ရှိ ပကတိအခြေအနေနှဲ့ ပဋိပက္ခအပေါ် နိုင်ငံတကာတုံ့ပြန်ဆောင်ရွက်ဖို့ဖြစ်နိုင်ချေကို ဆန်းစစ်ထားခြင်းဖြစ်ကြောင်း၊ အာဏာရှင် နစကအစိုးရ ရှုံးနိမ့်တော့မယ်ဆိုတာ မျှော်လင့် စရာ ရှိပေမယ့် အရှေ့တောင်အာရှနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးလမ်းကြောင်းဟာ ရှည်လျားပြီး စိန်ခေါ်မှုများရှိနေမှာဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့သစ်တွေဟာ လွတ်မြောက်နယ်မြေများမှာ ဆယ်စုနှစ်များစွာ လှုပ်ရှားခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနည်းတူ နိုင်ငံငယ်သဖွယ်နယ်မြေ တည်ဆောက်မှုများ ပေါ်ထွက်လာနေကြောင်း၊ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေချိန် အဲဒီ အုပ်ချုပ်မှုစနစ်တွေဟာ သန်း ပေါင်းများစွာသော ပြည်သူများရဲ့ ကောင်းကျိုးချမ်းသာကို ပေးဆောင်ရာမှာ အရေးကြီးအခန်းကဏ္ဍမှ ပါဝင် ရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြည်သူများကို ပိုမိုကောင်းမွန်အောင် ပံ့ပိုးကူညီနိုင်ဖို့အတွက် အနောက်နိုင်ငံ အစိုးရများအနေနဲ့ တိုင်းပြည်ရဲ့ အစိတ်စိတ်အမွှာမွှာဖြစ်လာတဲ့ အခြေအနေကို အသိအမှတ်ပြုပြီး စင်ပြိုင်နိုင်ငံတော်များ ထူထောင်ရေးကို အားသွန်ကြိုးပမ်းရမှာဖြစ်ကြောင်း၊ ဒီကိစ္စမှာ မရှိမဖြစ် အရေးကြီးဝန်ဆောင်မှုများကို ပေးအပ်ရန်၊ ထိရှ လွယ် လူတန်းစားတို့အပေါ် ကာကွယ်ရန်အတွက် ထွန်းသစ်စ နိုင်ငံရေး အာဏာပိုင်များနဲ့ ရပ်ရွာအခြေပြု အဖွဲ့အစည်းများကို ခိုင်မာအားကောင်းလာစေရေးတို့ ပါဝင်ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်တပ်ရဲ့ အာဏာ သိမ်းမှုဟာ မြန်မာနိုင်ငံအတွင်း အလုံးအရင်းကန့်ကွက်ဆန္ဒပြမှုများနဲ့ လက်နက်ကိုင်ခုခံမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ခုခံတော်လှန်ရာမှာ လက်နက်ကိုင်ပြည်သူအသစ်များနဲ့ စစ်အာဏာရှင်အစိုးရကို ကာလရှည်ကြာ ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်ကြောင်း၊ နစကအစိုးဟာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် အသွင်ကူးပြောင်းရေးကို တောင်းဆိုနေသူ အဆိုပါအဖွဲ့များရဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။
ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေချိန် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အပြောင်းအလဲကို ဖန်တီးနိုင်စွမ်းရှိတဲ့ အင်အားစုတို့ရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုများကို သိရှိနားလည်ကြခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် ပိုမိုပါဝင်နိုင်ပြီး တည်ငြိမ်တဲ့အနာဂတ်တည်ဆောက်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ နစကရဲ့ အာဏာရယူမှုက မအောင်မြင်သေးသလို တော်လှန်ရေးလည်း မအောင်မြင်သေးကြောင်း၊ စစ်တပ်အနေနဲ့ လူထုကို အညံ့ခံဦးကျိုးသွားစေရန် ခြောက်လှန့်နေပြီး တိုင်းပြည်ဟာ ပြည်တွင်း စစ်ကြီးအလည်မှာ ရောက်ရှိနေကြောင်း၊ လူပေါင်း ၂.၅ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး တိုင်းပြည်လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောဆိုနေကြောင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့လက်နက်ကိုင်အဖွဲ့အသီးသီးက သူတို့ သိမ်းယူလိုက်ပြီလို့ ပြောဆိုနေတဲ့ နယ်မြေများမှာ ဒေသန္တရအုပ်ချုပ်ရေး ပုံစံသစ်များ ပေါ်ပေါက်လာခြင်းကြောင့် အခြေအနေဟာ ရှုပ်ထွေးနေကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အထူးသဖြင့် အနောက်နိုင်ငံ အစိုးရတွေဟာ စစ်တပ်ရဲ့ လုပ်ရပ်များကို ရှုတ်ချပြီး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားပေမယ့် အာဆီယံမှာ ဖျန်ဖြေဖို့ ကိစ္စကိုတော့ ဝကွက်ချန်ထားခဲ့ကြောင်း၊ ယခု စာတမ်းဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အကဲ ဖြတ်ထားကြောင်း၊ အပြီးတိုင် ခွဲထွက်ပြီး သီးခြားတိုင်းပြည်ငယ်လေးများဖြစ် လာနိုင်ခြေရှိတဲ့ မြန်မာပြည်သူများကို ကူညီထောက်ပံ့ရန် ပိုမိုလက်တွေ့ ဆန်တဲ့ ချဉ်းကပ်မှုတစ်ရပ်အဖြစ် မီးမောင်း ထိုးပြနေခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ရှေ့တိုးလာနေကြောင်း၊ စစ်တပ်အနေနဲ့ နယ်မြေအများအပြားမှာ ထိန်းချုပ်နိုင်မှု ဆုံးရှုံးခဲ့ပြီး သိသာထင်ရှားတဲ့ အရေးနိမ့်မှုများနဲ့ ရင်ဆိုင်နေတယ်လို့ သြတေးလျနိုင်ငံရေးသိပ္ပံပညာရှင် မော်တန်ပီဒါဆန်က ရေးသားထားပါတယ်။
တကယ်တော့ ပီဒါဆန်က မြန်မာနိုင်ငံဟာ ဘော်လကန်နိုက်ဇေးရှင်း ဖြစ်တော့မယ်လို့ ကြိုတင်နိမိတ်ဖတ်နေခြင်းဖြစ်ပြီး သူတို့အနောက်အုပ်စုအစိုးရများက ဝင်ရောက်စွက်ဖက်ရန် တိုက်တွန်းနေခြင်းဖြစ်ပါတယ်။ ကိုယ်တိုင် ကိုယ်ကျ လက်နက်ကိုင် စွက်ဖက်ဖို့လည်း အရိပ်အမြွက်ဖော်ပြထားပါတယ်။
၂၀ ရာစုစောစောပိုင်း ဥရောပ ဘော်လကန်ကျွန်းဆွယ်ဟာ တစ်ပေါင်းတစ်စည်းတည်းရှိခဲ့တဲ့ တိုင်းပြည်အဖြစ်မှသေးငယ်ပြီး အချင်းချင်းရန်လိုတဲ့ နိုင်ငံ/နယ်မြေ/ယူနစ်များအဖြစ် အစိတ်စိတ်အမွှာမွာ ကွဲထွက်သွားခဲ့ပါတယ်။ ၁၉ ရာစု အော်တိုမန်အင်ပါယာပြိုကွဲချိန်နဲ့ ဘော်လကန်စစ်ပွဲများ၊ ပထမကမ္ဘာစစ်နဲ့ အယ်လ်ဘေးနီးယားနိုင်ငံ ပေါ်ပေါက်လာခြင်း၊ ဒုတိယကမ္ဘာစစ်အပြီး ယူဂိုဆလားဗီးယားနိုင်ငံမှ ခရိုအေးရှား၊ ဆားဗီးယား၊ ဘော့စနီးယား ဟာဇီဂိုဗီးနား၊ မွန်တီနီဂရိုး၊ ကိုဆိုဗိုအဖြစ် ကွဲထွက်သွားခြင်းကို ရည်ညွှန်းပါတယ်။
တကယ်တော့ “ဘော်လကန်နိုက်ဇေးရှင်း” ဆိုတာ ပြက်ရယ်နှိမ်ချတဲ့ စကားလုံး၊ ဖြစ်စဉ်တစ်ခုမှာ အချုပ်အခြာ အာဏာပိုင် တတိယ နိုင်ငံတစ်ခုခုက ကြားဝင်စွက်ဖက်ကြောင်း စွပ်စွဲတဲ့အခါ အသုံးပြုလေ့ရှိတဲ့ ဝေါဟာရဖြစ်ပါ တယ်။ လူမျိုး-ဘာသာစုံ တိုင်းပြည်ကြီးတစ်ခုမှ တိုင်းရင်းသား/ဘာသာဝင်လူမျိုးစုတို့က အသီးသီးချုပ်ကိုင်ပြီး ပိုမိုသေးငယ်တဲ့ တိုင်းပြည်လေးများအဖြစ် ခွဲထွက်ခြင်း၊ လူမျိုးရေးပဋိပက္ခများနဲ့ ပြိုကွဲသွားခြင်းကို ဆိုလိုပါ တယ်။ အာဖရိက၊ မြေထဲပင်လယ်အရှေ့ပိုင်းစသည်ခြင့် မည်သည့်ဒေသ၌ဖြစ်စေ အခြေအနေတစ်ရပ်ဟာ အကြမ်းပတမ်း ပ၌ိပက္ခ သို့မဟုတ် ကွဲထွက်သွားရလောက်အောင်ဖြစ်လာတဲ့အခါ “ဘော်လ်ကန်နိုက်ဇေးရှင်း ” ဖြစ်နေပြီလို့ ရည်ညွှန်းတတ်ကြပါတယ်။
ပီဒါဆန်က မြန်မာနိုင်ငံမှာ နစက ရှုံးသွားပြီလို့ မပြောပါ။ အလားတူ တော် လှန်ရေးအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း အနိုင်ရသွားပြီလို့ မပြောပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဘော်လ်ကန်နိုက်ဇေးရှင်းဖြစ် နေမလားလို့ စိုးရိမ်မှုတွေဟာ ပုံကြီးချဲ့ရောက်ကောင်း ရောက်နိုင်ပေမယ့် အိမ်နီးချင်းနိုင်ငံများအနေနဲ့ တော် လှန်ရေးအဖွဲ့များသိမ်းယူထားတဲ့ နယ်မြေတွေကို နိုင်ငံသစ်များအဖြစ် အသိအမှတ်မပြုခြင်းကြောင့် မြန်မာနိုင်ငံဟာ ဖက်ဒရယ်ပြည်ထောင်စုဝေးလို့ Functional Nation “အမှန်တကယ်အလုပ်ဖြစ်တဲ့နိုင်ငံများ အစုအဖွဲ့” ဖြစ်လာဖို့တောင် မသေချာဘူးလို့ ပြောပါတယ်။
သူပြောတာ ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော် သဘောတူပါတယ်။ မတူချင်လို့လည်းမဖြစ်၊ နိုင်ငံအနှံ့ မြို့ကြီးတစ်မြို့မှ အခြားမြို့သွား ကားလမ်းမကြီးတလျှောက် မတူညီတဲ့ လက်နက်ကိုင်အဖွဲ့များရဲ့ ဝါးတားဂိတ်များ အစီအရီတည်ရှိနေခြင်းက သက်သေခံနေပါတယ်။ ကျဆုံးသွားတဲ့ နယ်မြေများမှာ Non-CDMer ဝန်ထမ်းဖြစ်ခဲ့ သူများကို အရေးယူမည်ဆိုခြင်း၊ အစုအပုံလိုက် စွပ်စွဲသတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ် မီးရှို့ခံရခြင်းတို့ဟာ မြန်မာ နိုင်ငံအတွင်း အချုပ်အခြာအာဏာပိုင်နယ်မြေစိုးမိုးမှု ပျက်ပြားသွားလို့ဖြစ်ပါတယ်။ ပီဒါဆန်ပြောတာကို နည်းနည်းပြင်ပြီး “ဘော်လကန်နိုက်ဇေးရှင်းထက် ဆိုးရွားတာတွေ ဖြစ်လာနေပြီ”လို့တောင် ပြောချင်ပါတယ်။
နစက ၂၀၂၁ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ဆန့်ကျင်ရေးအုပ်စု ၁၀၀ ကျော်ရှိခဲ့ရာ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများဖြစ်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို လူမျိုးစုအလိုက်နယ်မြေအသီးသီး ခွဲဝေသတ်မှတ်ပေးလိုက်ရင် ပြည်တွင်းစစ်မီး ငြိမ်းသွားလိမ့်မယ်လို့ အကြံပေးတဲ့ ပြည်ပနိုင်ငံရေးပညာရှင်များ ရှိခဲ့ဖူးပါတယ်။ ခုတော့ ချင်းပြည်နယ် လူမျိုးစုတစ်ခုတည်းအတွင်း ဖြစ်ပျက်နေတာများကိုကြည့်ပြီး ပါးစပ်တွေ ပိတ်ကုန်ပါတယ်။ ကျဆုံးသွားတဲ့ မြောက် ၃ ဖွဲ့က သိမ်းယူထားတဲ့ ရှမ်းမြောက်ဒေသမှာ MNDAA, TNLA နဲ့ SSPP တို့အကြား အင်အားသုံး ထိပ်တိုက်တွေ့လာမှုများ၊ သူတို့သိမ်းယူထားတဲ့ နယ်မြေအတွင်း “ဟိုလူမျိုး မဝင်ရ” ကန့်သတ်ချက်များ၊ မြန်မာပြည်မြောက်ပိုင်းတစ်ခွင်လုံးမှာ လှုပ်ရှားနေသူ KIA နဲ့ မြောက် ၃ ဖွဲ့တို့ အကြား ရှမ်းမြောက်ဒေသ “စိုးမိုးနယ်မြေ အငြင်းပွားမှု” များဖြစ်ပေါ်နေပါတယ်။
အဲဒါကြောင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု မတိုင်မီ သူတို့သဘောနဲ့သူတို့ ခွဲထွက်ကြမယ်ဆိုရင် သီး ခြားနိုင်ငံငယ် ၁၀၀ အထက်မှာ ဖြစ်ပေါ်လာနိုင်ပြီး အချို့ဆို နိုင်ငံလို့သာပြောရတယ် ရွာခပ်ကြီးကြီး လောက်ပဲ ရှိနိုင်ပါတယ်။ သူတို့ရဲ့ စီးပွားရေး၊လုံခြုံရေး၊ကာကွယ်ရေး ဘယ်လိုရပ်တည်ကြမယ် မခန့်မှန်းနိုင်ပါ။
ဒီနေရာမှာ ပီဒါဆန်ဆိုလိုတာက EAOs တွေလည်း ကိုယ်တိုက်လို့ရတာ ကိုယ်ယူ NUG လည်း သူရတာ သူယူ လို့ ပြောချင်ပုံရပါတယ်။ NUG ကို EAOs အားလုံး တစ်ညီတစ်ညွတ်တည်း အသိအမှတ်ပြုခြင်းဟာ မှုန်ဝါးနေုပြီ NUG လက်အောက်ခံ အမှန်တကယ် PDF အင်အားဘယ်လောက်ရှိတယ်ဆိုတာ အတိအကျပြောဖို့ခက်ပါ တယ်။ အချို့ PDFs များဟာ သူတို့ဖာသာ သီးခြားရပ်တည်နေကြပါတယ်။ တကယ်တော့ EAOs တစ်ဖွဲ့ချင်း စီဟာ လူမျိုးနွယ်အပေါ်အခြေခံ လူစုရခြင်းကြောင့် အင်အားအနေနဲ့ ချိနဲ့ပါတယ်။ ယခု သူတို့အဖွဲ့အတွင်း ပူးပေါင်းတိုက်ခိုက်နေကြတာ အဖွဲ့အမည်အမျိုးမျိုးနဲ့ ဗမာ ကျား-မ လူငယ်လေးများးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း နယ်စပ်ဒေသများမှာ အလုံးအရင်းနဲ့ စုဝေးရောက်ရှိသွားသူ ဗမာလူငယ်လေးများကို စစ်ရေးလေ့ကျင့် လက်နက်တပ်ဆင်ပေးခြင်းဖြင့် ယခုလို တိုက်ကွက်ဖော်နိုင်ခြင်းဖြစ်ပါတယ်။ အနောက်တံခါး မှာဆို AA နဲ့အတူ မကွေးတိုင်းအထက်ပိုင်းမှ PDF များနဲ့ ချင်းလက်နက်ကိုင်များက ကူညီတိုက်ခိုက်ပေးနေကြပါတယ်။
တကယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သူတို့သိမ်းယူရရှိထားတဲ့ နယ်မြေများကို သီးခြားခွဲထွက်ပြီး နိုင်ငံအဖြစ် ထူထောင်လျှင် သူတို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ပေးနေတဲ့ ဗမာ PDF အဖွဲ့များဟာ ဘယ်လိုဖြစ် သွားမလဲ ဘယ်သူမှ တပ်အပ်သေချာ မပြောနိုင်ပါ။ ဒီအချက်ကို ခုချိန်ထိ ဘယ်သူမှ မပြောကြပဲ “မျက်စိထက်တိမ်က ပိုကြီး“ နေကြပါတယ်။ သေချာတာက တစ်တိုင်းပြည်လုံး ၆၈% ရှိတဲ့ ဗမာတို့ဟာ စစ်တပ်ကို ဖယ်ရှား ရင်း သူတို့နိုင်ငံကို သူတို့ ဖြိုခွဲနေသလို ဖြစ်နေပါတယ်။
စစ်တပ်ဟာ အပြီးတိုင် ရှုံးနိမ့်သွားပြီ ထားလိုက်ပါတော့ အဲ့ဒီအဖွဲ့အစည်းဟာ ဘယ်လိုဖြစ်သွားမလဲ၊ အပြီး အပြတ် မရှုံးသေးခင် လက်လွှတ်ခဲ့ရတဲ့ မြို့ရွာနယ်မြေများကို ဒီအတိုင်း အပြီးအပြတ် စွန့်လွှတ်ခဲ့မှာလား ဆိုတာ မေးခွန်း ထုတ်စရာပါ။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးမှ အမေရိကန်သမ္မတအလယ် နိုင်ငံအသီးသီးက ခေါင်းဆောင်များအဆုံး သူတို့အားလုံးဟာ သူတို့တာဝန်ပေးထားတဲ့ အဖွဲ့အစည်းရဲ့ တင်ပြချက်အပေါ် ''အဆုံးအဖြတ်ပေးရသူ” Decision Maker များသာ ဖြစ်ပါတယ်။ လူထုဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ အနောက်နိုင်ငံခေါင်း ဆောင်များဟာ လူထုဆန္ဒကို ငဲ့ပြီး ဆုံးဖြတ်လေ့ရှိကြပါတယ်။ လူထုဆိုတာလည်း မီဒီယာတွေရေးတာ ဖတ်ပြီး ကောက်ချက်ချသူများဖြစ်ပါတယ်။ ဒါကြောင့်လည်း “သတင်းမီဒီယာခေတ်ကြီး” မှာ သတင်းဌာနတွေကို ဂျော့ ဆိုးရော့စ်တို့လို ဘီလီယံနာ သူဌေးကြီးတွေ နဖားကြိုး ထိုးရန် ကြိုးစားနေခြင်းဖြစ်ပါတယ်။
ဒီအတွက် မော်တန်ပီဒါဆန်တို့လို့ အကြံပေးများရဲ့ ပြောဆိုချက်ဟာ လေထဲမှာတင် ပျောက်ကွယ်သွားမယ်လို့ သတ်မှတ်ရန် မဖြစ်နိုင်ပါ။ သူအကြံပေးခဲ့တဲ့ ဖင်လန်သမ္မတ မာတီအာတစ်ဆရီ ဆိုသူကလည်း အထက်မှာ ပြောခဲ့တဲ့ ဘော်လ်ကန်နိုက်ဇေးရှင်း ကိုဆိုဗိုအရေးအခင်းမှာ ကြားဝင်ဖြန်ဖြေရင်း ၂၀၀၈ ခုနှစ် ငြိမ်းချမ်းရေးနို ဗယ်ဆုကြီး ရရှိခဲ့ဖူးလို့ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခမှာ အခြားနိုင်ငံတစ်နိုင်ငံက ကြားဝင်ဖြန်ဖြေခြင်းဟာ အသွားနှစ်ဖက်ပါတဲ့ ဓါးနဲ့တူပါတယ်။ ၂၅-နှစ်ကျော်ကြာမြင့်ပြီး ဒေါ်လာ ၂၀၀ ဘီလီယံခန့် ကုန်ကျ၊ နှစ်ဖက်စစ်သား ၅၅,၀၀၀ ခန့်၊ အရပ်သား တစ်သိန်းခန့် သေဆုံးခဲ့ရတဲ့ သီရိလင်္ကာပြည်တွင်းစစ်မှာ တမီလ်ကျားသူပုန် LTTE နဲ့ ကိုလံဘိုအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပေးသူက နော်ဝေးနိုင်ငံ ဖြစ်ပါ တယ်။ ၂၀၀၈-ခုနှစ် အပစ်အခတ်အခတ်ရပ်စဲရေးကို ပယ်ချပြီး ကျားသူပုန်တွေကို အမြစ် ပြတ်ချေမှုန်းပစ်လိုက် တဲ့အခါ မဟိန္ဒြာရာဂျာပက်ဆာအစိုးရက သီရိလင်္ကာ တမီလ်လူမျိုးများကို ဂျီနိုဆိုက်သုတ်သင်မှုနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ တရားစွဲဆိုဖို့ ကြိုးစားသူကလည်း နော်ဝေးနိုင်ငံ ပါဝင်နေခဲ့ပါတယ်။ သီရိလင်္ကာအစိုးရ ကတော့ စုံစမ်းစစ်ဆေးမှုများမှာ ပူးပေါင်းပါဝင်ရန် ငြင်းဆိုပြီး လူ့အခွင့်အရေး စစ်ဆေးရေးမှူးများကိုလည်း ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခဲ့ပါတယ်။
(Lowy Institute., 12 May 2024,” Outrage is not a policy: Coming to terms with Myanmar’s fragmented state.To remain relevant to Myanmar’s future development, the West should support parallel state-building in liberated areas. By Morten B. Pedersen” ကို မှီငြမ်းရေးသားသည်။)
zawgyi version
ျမန္မာႏိုင္ငံ လြတ္ေျမာက္နယ္ေျမဆိုသည္တို႔တြင္ စင္ၿပိဳင္ႏိုင္ငံေတာ္မ်ား ထူေထာင္ျခင္းျဖင့္ တိုင္းျပည္ၿပိဳကြဲၿပီး ေသြးေခ်ာင္းစီးေစရန္ ၾသစေၾတးလွ် ႏိုင္ငံေရးသိပၸံပညာရွင္ဆိုသူ အႀကံျပဳ
Htay Oung (NP News) - ေမ ၁၆
ေဒါက္တာ ေမာ္တန္ဘီပီဒါဆန္ဟာ (ၾသစေၾတးလ် ကာကြယ္ေရးတကၠ သိုလ္) မွ ႏိုင္ငံတကာအေရးပို႔ခ်သူ တစ္ဦးျဖစ္ၿပီး ဘယ္လ္ဂ်ီယန္အေျခစိုက္ NGO အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ICG ေခၚ ႏိုင္ငံတကာ ပဋိပကၡမ်ား ဆိုင္ရာ အႀကံေပးအုပ္စုမွာ အႀကီးတန္းေလ့လာသူအျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။
၁၉၈၁ ခုႏွစ္ဖြားျဖစ္တဲ့အတြက္ ျမန္မာ့ႏိုင္ငံေရး တစ္ဆစ္ခ်ိဳး ေျပာင္းလဲခဲ့တဲ့ ၁၉၈၈ ခုႏွစ္ ဒီမိုကေရစီအေရးအခင္းမွာ သူဟာ ၇ ႏွစ္သားအ႐ြယ္ မူလတန္းေက်ာင္းသားေလးသာျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ ျမန္မာျပည္ဆိုင္ရာ ႏိုင္ငံေရးဖြံ႕ၿဖိဳးတိုးတက္ေရးမွာ ႏွစ္ေပါင္း ၂၀ အေတြ႕အႀကဳံရွိတယ္လို႔ ေျပာဆိုေနၿပီးျပည္တြင္းစစ္ ႏွစ္ ၇၀ ေက်ာ္ၾကာျမင့္ေနတဲ့ အေရွ႕ေတာင္အာရွ တိုင္းျပည္နဲ႔ ပတ္သက္ၿပီး စာအုပ္ ၄ အုပ္ ေရးသားခဲ့ဖူးပါတယ္။ ၾသစေၾတးလ်အစိုးရ၊ ကမာၻ႔ကုလသမဂၢ၊ ဥေရာေကာ္မရွင္နဲ႔ (၁၉၉၄-၂၀၀၀ ခုႏွစ္) ဖင္လန္သမၼတေဟာင္း ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ မာတီအာတစ္ဆရီရဲ႕ မူဝါဒေရးရာ အႀကံေပးလည္း ျဖစ္ခဲ့ဖူးပါသတဲ့၊ ဒီေနရာမွာ ဖင္လန္နည္းတူ ေနာဒစ္တိုင္းျပည္ျဖစ္တဲ့ ေနာ္ေဝးႏိုင္ငံနဲ႔ သီရိလကၤာျပည္တြင္းစစ္အေၾကာင္း ေနာက္ပိုင္းမွာ ေျပာပါ့မယ္။
အဲဒီလို ပုဂၢိဳလ္တစ္ေယာက္က ၾသစေၾတးလ်ႏိုင္ငံ “လိုဝီအင္စတီက်ဳ” အတြက္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အႀကံျပဳစာတမ္းတစ္ေစာင္ ေရးသားခဲ့ပါတယ္။ ၁၂ ေမ ၂၀၂၄ ရက္ေန႔ ရက္စြဲနဲ႔ “နာၾကည္းမႈ အမ်က္ေဒါ သသည္ မူဝါဒ မဟုတ္။ အစိတ္စိတ္အမႊာမႊာျဖစ္ေနသည့္ ျမန္မာႏိုင္ငံႏွင့္ လိုက္ေလ်ာ ညီေထြျဖစ္ရန္သာ” ေခါင္းစဥ္ပါ သူ႔ရဲ႕စာတမ္းဟာ စာလုံးေရ ၁၂,၀၀၀ ( ၁၁ ပြိဳင့္ A4 ) စာမ်က္ႏွာေပါင္း ၃၀ ရွိပါတယ္။ အဲဒီေလာက္ရွည္လ်ားတဲ့ စာ တမ္းတစ္ခုလုံးကို ပ႐ိုတစ္ဦးက ျမန္မာဘာသာျပန္ဆိုခဲ့လ်င္ ၄-ရက္ၾကာမွ် အပိုင္းခြဲ ေဖာ္ျပရမွာျဖစ္ၿပီး ပ်င္းစရာႀကီးလည္း ျဖစ္ေနပါလိမ့္မယ္။ ဒါ့ေၾကာင့္ AI အကူအညီနဲ႔ မူရင္းအာေဘာ္ပါဝင္ေအာင္ အတတ္ႏိုင္ဆုံး အတိုခ်ဳံး ေဖာ္ျပလိုက္ပါတယ္။
ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္ဟာ အေရးႀကီးတဲ့ အခ်ိဳးအေကြ႕တစ္ခုကို ေရာက္ရွိေနၿပီး နစကအစိုးရ ဆန႔္က်င္ေရး အင္အားစုမ်ားအေနနဲ႔ နယ္စပ္ေဒသမ်ားမွာ ထူးထူးျခားျခား အျမတ္ရရွိျခင္းျဖင့္ ေနျပည္ ေတာ္ရဲ႕ ထိန္းခ်ဳပ္မႈ အားနည္းေနၿပီလို႔ ေဖာ္ျပျခင္းျဖင့္ သူ႔ရဲ႕စာတမ္းကို နိဒါန္းပ်ိဳးထားပါတယ္။
စစ္တပ္က ႏိုင္ငံ့အေရးမွာ ဆုတ္ခြာသြားသည္ႏွင့္အမွ် ေတာ္လွန္ေရးအဖြဲ႕ေတြက "လြတ္ေျမာက္နယ္ေျမမ်ား"မ်ားမွာ အုပ္ခ်ဳပ္မႈတာဝန္မ်ားကို ထမ္းေဆာင္ၿပီး ျပည္သူတို႔ကို ဝန္ေဆာင္မႈမ်ား ေပးအပ္လွ်က္ရွိေၾကာင္း၊ အ ေနာက္ႏိုင္ငံအစိုးရမ်ားအေနနဲ႔ သူတို႔ရဲ႕ စင္ၿပိဳင္ ႏိုင္ငံေတာ္တည္ေဆာက္ေရး ႀကိဳးပမ္းအားထုတ္မႈကို ပံ့ပိုးကူညီရန္နဲ႔ ျမန္မာ့အနာဂတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ပုံေဖာ္တဲ့ အခန္းက႑မွ ကူညီပါဝင္ေဆာင္႐ြက္ရန္ အခြင့္အလမ္း ပြင့္လင္းလာေၾကာင္း သူ႔ရဲ႕ အစီရင္ခံစာဟာ ျမန္မာႏိုင္ငံလက္ရွိ ပကတိအေျခအေနႏွဲ႔ ပဋိပကၡအေပၚ ႏိုင္ငံတကာတုံ႔ျပန္ေဆာင္႐ြက္ဖို႔ျဖစ္ႏိုင္ေခ်ကို ဆန္းစစ္ထားျခင္းျဖစ္ေၾကာင္း၊ အာဏာရွင္ နစကအစိုးရ ရႈံးနိမ့္ေတာ့မယ္ဆိုတာ ေမွ်ာ္လင့္ စရာ ရွိေပမယ့္ အေရွ႕ေတာင္အာရွႏိုင္ငံရဲ႕ ဖက္ဒရယ္ဒီမိုကေရစီတည္ေဆာက္ေရးလမ္းေၾကာင္းဟာ ရွည္လ်ားၿပီး စိန္ေခၚမႈမ်ားရွိေနမွာျဖစ္ေၾကာင္း၊ ေတာ္လွန္ေရးအဖြဲ႕သစ္ေတြဟာ လြတ္ေျမာက္နယ္ေျမမ်ားမွာ ဆယ္စုႏွစ္မ်ားစြာ လႈပ္ရွားခဲ့တဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားနည္းတူ ႏိုင္ငံငယ္သဖြယ္နယ္ေျမ တည္ေဆာက္မႈမ်ား ေပၚထြက္လာေနေၾကာင္း၊ ျပည္တြင္းစစ္ ဆက္လက္ျဖစ္ပြားေနခ်ိန္ အဲဒီ အုပ္ခ်ဳပ္မႈစနစ္ေတြဟာ သန္း ေပါင္းမ်ားစြာေသာ ျပည္သူမ်ားရဲ႕ ေကာင္းက်ိဳးခ်မ္းသာကို ေပးေဆာင္ရာမွာ အေရးႀကီးအခန္းက႑မွ ပါဝင္ ရမွာျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ ျပည္သူမ်ားကို ပိုမိုေကာင္းမြန္ေအာင္ ပံ့ပိုးကူညီႏိုင္ဖို႔အတြက္ အေနာက္ႏိုင္ငံ အစိုးရမ်ားအေနနဲ႔ တိုင္းျပည္ရဲ႕ အစိတ္စိတ္အမႊာမႊာျဖစ္လာတဲ့ အေျခအေနကို အသိအမွတ္ျပဳၿပီး စင္ၿပိဳင္ႏိုင္ငံေတာ္မ်ား ထူေထာင္ေရးကို အားသြန္ႀကိဳးပမ္းရမွာျဖစ္ေၾကာင္း၊ ဒီကိစၥမွာ မရွိမျဖစ္ အေရးႀကီးဝန္ေဆာင္မႈမ်ားကို ေပးအပ္ရန္၊ ထိရွ လြယ္ လူတန္းစားတို႔အေပၚ ကာကြယ္ရန္အတြက္ ထြန္းသစ္စ ႏိုင္ငံေရး အာဏာပိုင္မ်ားနဲ႔ ရပ္႐ြာအေျချပဳ အဖြဲ႕အစည္းမ်ားကို ခိုင္မာအားေကာင္းလာေစေရးတို႔ ပါဝင္ေၾကာင္း၊ ၂၀၂၁ ခုႏွစ္ စစ္တပ္ရဲ႕ အာဏာ သိမ္းမႈဟာ ျမန္မာႏိုင္ငံအတြင္း အလုံးအရင္းကန႔္ကြက္ဆႏၵျပမႈမ်ားနဲ႔ လက္နက္ကိုင္ခုခံမႈမ်ားကို ျဖစ္ေပၚေစခဲ့ေၾကာင္း၊ ခုခံေတာ္လွန္ရာမွာ လက္နက္ကိုင္ျပည္သူအသစ္မ်ားနဲ႔ စစ္အာဏာရွင္အစိုးရကို ကာလရွည္ၾကာ ဆန႔္က်င္တိုက္ခိုက္ေနတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား ပါဝင္ေၾကာင္း၊ နစကအစိုးဟာ စစ္မွန္တဲ့ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံေတာ္ အသြင္ကူးေျပာင္းေရးကို ေတာင္းဆိုေနသူ အဆိုပါအဖြဲ႕မ်ားရဲ႕ စိန္ေခၚမႈမ်ားနဲ႔ ရင္ဆိုင္ေနရေၾကာင္း ေဖာ္ျပထားသည္။
ပဋိပကၡမ်ား ဆက္လက္ျဖစ္ပြားေနခ်ိန္ ႏိုင္ငံတကာအသိုက္အဝန္းအေနနဲ႔ အေျပာင္းအလဲကို ဖန္တီးႏိုင္စြမ္းရွိတဲ့ အင္အားစုတို႔ရဲ႕ ျဖစ္ေပၚေျပာင္းလဲမႈမ်ားကို သိရွိနားလည္ၾကျခင္းအားျဖင့္ ျမန္မာႏိုင္ငံအတြက္ ပိုမိုပါဝင္ႏိုင္ၿပီး တည္ၿငိမ္တဲ့အနာဂတ္တည္ေဆာက္ေရး ႀကိဳးပမ္းမႈမ်ားကို ပံ့ပိုးကူညီရမွာျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံမွာ နစကရဲ႕ အာဏာရယူမႈက မေအာင္ျမင္ေသးသလို ေတာ္လွန္ေရးလည္း မေအာင္ျမင္ေသးေၾကာင္း၊ စစ္တပ္အေနနဲ႔ လူထုကို အညံ့ခံဦးက်ိဳးသြားေစရန္ ေျခာက္လွန႔္ေနၿပီး တိုင္းျပည္ဟာ ျပည္တြင္း စစ္ႀကီးအလည္မွာ ေရာက္ရွိေနေၾကာင္း၊ လူေပါင္း ၂.၅ သန္းေက်ာ္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရၿပီး တိုင္းျပည္လူဦးေရရဲ႕ သုံးပုံတစ္ပုံဟာ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ား လိုအပ္ေနတယ္လို႔ ကုလသမဂၢက ေျပာဆိုေနေၾကာင္း၊ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ (NUG) နဲ႔လက္နက္ကိုင္အဖြဲ႕အသီးသီးက သူတို႔ သိမ္းယူလိုက္ၿပီလို႔ ေျပာဆိုေနတဲ့ နယ္ေျမမ်ားမွာ ေဒသႏၲရအုပ္ခ်ဳပ္ေရး ပုံစံသစ္မ်ား ေပၚေပါက္လာျခင္းေၾကာင့္ အေျခအေနဟာ ရႈပ္ေထြးေနေၾကာင္း၊ ႏိုင္ငံတကာ အသိုက္အဝန္း အထူးသျဖင့္ အေနာက္ႏိုင္ငံ အစိုးရေတြဟာ စစ္တပ္ရဲ႕ လုပ္ရပ္မ်ားကို ရႈတ္ခ်ၿပီး ပိတ္ဆို႔ အေရးယူမႈမ်ား ျပဳလုပ္ထားေပမယ့္ အာဆီယံမွာ ဖ်န္ေျဖဖို႔ ကိစၥကိုေတာ့ ဝကြက္ခ်န္ထားခဲ့ေၾကာင္း၊ ယခု စာတမ္းဟာ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနအေပၚ အကဲ ျဖတ္ထားေၾကာင္း၊ အၿပီးတိုင္ ခြဲထြက္ၿပီး သီးျခားတိုင္းျပည္ငယ္ေလးမ်ားျဖစ္ လာႏိုင္ေျခရွိတဲ့ ျမန္မာျပည္သူမ်ားကို ကူညီေထာက္ပံ့ရန္ ပိုမိုလက္ေတြ႕ ဆန္တဲ့ ခ်ဥ္းကပ္မႈတစ္ရပ္အျဖစ္ မီးေမာင္း ထိုးျပေနျခင္းျဖစ္ေၾကာင္း၊ ေတာ္လွန္ေရးတပ္ဖြဲ႕ေတြဟာ အရွိန္အဟုန္ျပင္းျပင္းနဲ႔ ေရွ႕တိုးလာေနေၾကာင္း၊ စစ္တပ္အေနနဲ႔ နယ္ေျမအမ်ားအျပားမွာ ထိန္းခ်ဳပ္ႏိုင္မႈ ဆုံးရႈံးခဲ့ၿပီး သိသာထင္ရွားတဲ့ အေရးနိမ့္မႈမ်ားနဲ႔ ရင္ဆိုင္ေနတယ္လို႔ ၾသေတးလ်ႏိုင္ငံေရးသိပၸံပညာရွင္ ေမာ္တန္ပီဒါဆန္က ေရးသားထားပါတယ္။
တကယ္ေတာ့ ပီဒါဆန္က ျမန္မာႏိုင္ငံဟာ ေဘာ္လကန္ႏိုက္ေဇးရွင္း ျဖစ္ေတာ့မယ္လို႔ ႀကိဳတင္နိမိတ္ဖတ္ေနျခင္းျဖစ္ၿပီး သူတို႔အေနာက္အုပ္စုအစိုးရမ်ားက ဝင္ေရာက္စြက္ဖက္ရန္ တိုက္တြန္းေနျခင္းျဖစ္ပါတယ္။ ကိုယ္တိုင္ ကိုယ္က် လက္နက္ကိုင္ စြက္ဖက္ဖို႔လည္း အရိပ္အႁမြက္ေဖာ္ျပထားပါတယ္။
၂၀ ရာစုေစာေစာပိုင္း ဥေရာပ ေဘာ္လကန္ကြၽန္းဆြယ္ဟာ တစ္ေပါင္းတစ္စည္းတည္းရွိခဲ့တဲ့ တိုင္းျပည္အျဖစ္မွေသးငယ္ၿပီး အခ်င္းခ်င္းရန္လိုတဲ့ ႏိုင္ငံ/နယ္ေျမ/ယူနစ္မ်ားအျဖစ္ အစိတ္စိတ္အမႊာမြာ ကြဲထြက္သြားခဲ့ပါတယ္။ ၁၉ ရာစု ေအာ္တိုမန္အင္ပါယာၿပိဳကြဲခ်ိန္နဲ႔ ေဘာ္လကန္စစ္ပြဲမ်ား၊ ပထမကမာၻစစ္နဲ႔ အယ္လ္ေဘးနီးယားႏိုင္ငံ ေပၚေပါက္လာျခင္း၊ ဒုတိယကမာၻစစ္အၿပီး ယူဂိုဆလားဗီးယားႏိုင္ငံမွ ခ႐ိုေအးရွား၊ ဆားဗီးယား၊ ေဘာ့စနီးယား ဟာဇီဂိုဗီးနား၊ မြန္တီနီဂ႐ိုး၊ ကိုဆိုဗိုအျဖစ္ ကြဲထြက္သြားျခင္းကို ရည္ၫႊန္းပါတယ္။
တကယ္ေတာ့ “ေဘာ္လကန္ႏိုက္ေဇးရွင္း” ဆိုတာ ျပက္ရယ္ႏွိမ္ခ်တဲ့ စကားလုံး၊ ျဖစ္စဥ္တစ္ခုမွာ အခ်ဳပ္အျခာ အာဏာပိုင္ တတိယ ႏိုင္ငံတစ္ခုခုက ၾကားဝင္စြက္ဖက္ေၾကာင္း စြပ္စြဲတဲ့အခါ အသုံးျပဳေလ့ရွိတဲ့ ေဝါဟာရျဖစ္ပါ တယ္။ လူမ်ိဳး-ဘာသာစုံ တိုင္းျပည္ႀကီးတစ္ခုမွ တိုင္းရင္းသား/ဘာသာဝင္လူမ်ိဳးစုတို႔က အသီးသီးခ်ဳပ္ကိုင္ၿပီး ပိုမိုေသးငယ္တဲ့ တိုင္းျပည္ေလးမ်ားအျဖစ္ ခြဲထြက္ျခင္း၊ လူမ်ိဳးေရးပဋိပကၡမ်ားနဲ႔ ၿပိဳကြဲသြားျခင္းကို ဆိုလိုပါ တယ္။ အာဖရိက၊ ေျမထဲပင္လယ္အေရွ႕ပိုင္းစသည္ျခင့္ မည္သည့္ေဒသ၌ျဖစ္ေစ အေျခအေနတစ္ရပ္ဟာ အၾကမ္းပတမ္း ပ၌ိပကၡ သို႔မဟုတ္ ကြဲထြက္သြားရေလာက္ေအာင္ျဖစ္လာတဲ့အခါ “ေဘာ္လ္ကန္ႏိုက္ေဇးရွင္း ” ျဖစ္ေနၿပီလို႔ ရည္ၫႊန္းတတ္ၾကပါတယ္။
ပီဒါဆန္က ျမန္မာႏိုင္ငံမွာ နစက ရႈံးသြားၿပီလို႔ မေျပာပါ။ အလားတူ ေတာ္ လွန္ေရးအဖြဲ႕နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ေတြလည္း အႏိုင္ရသြားၿပီလို႔ မေျပာပါ။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ ေဘာ္လ္ကန္ႏိုက္ေဇးရွင္းျဖစ္ ေနမလားလို႔ စိုးရိမ္မႈေတြဟာ ပုံႀကီးခ်ဲ႕ေရာက္ေကာင္း ေရာက္ႏိုင္ေပမယ့္ အိမ္နီးခ်င္းႏိုင္ငံမ်ားအေနနဲ႔ ေတာ္ လွန္ေရးအဖြဲ႕မ်ားသိမ္းယူထားတဲ့ နယ္ေျမေတြကို ႏိုင္ငံသစ္မ်ားအျဖစ္ အသိအမွတ္မျပဳျခင္းေၾကာင့္ ျမန္မာႏိုင္ငံဟာ ဖက္ဒရယ္ျပည္ေထာင္စုေဝးလို႔ Functional Nation “အမွန္တကယ္အလုပ္ျဖစ္တဲ့ႏိုင္ငံမ်ား အစုအဖြဲ႕” ျဖစ္လာဖို႔ေတာင္ မေသခ်ာဘူးလို႔ ေျပာပါတယ္။
သူေျပာတာ ႐ိုး႐ိုးသားသားဝန္ခံရရင္ ကြၽန္ေတာ္ သေဘာတူပါတယ္။ မတူခ်င္လို႔လည္းမျဖစ္၊ ႏိုင္ငံအႏွံ႔ ၿမိဳ႕ႀကီးတစ္ၿမိဳ႕မွ အျခားၿမိဳ႕သြား ကားလမ္းမႀကီးတေလွ်ာက္ မတူညီတဲ့ လက္နက္ကိုင္အဖြဲ႕မ်ားရဲ႕ ဝါးတားဂိတ္မ်ား အစီအရီတည္ရွိေနျခင္းက သက္ေသခံေနပါတယ္။ က်ဆုံးသြားတဲ့ နယ္ေျမမ်ားမွာ Non-CDMer ဝန္ထမ္းျဖစ္ခဲ့ သူမ်ားကို အေရးယူမည္ဆိုျခင္း၊ အစုအပုံလိုက္ စြပ္စြဲသတ္ျဖတ္ျခင္း၊ ႐ြာလုံးကြၽတ္ မီးရႈိ႕ခံရျခင္းတို႔ဟာ ျမန္မာ ႏိုင္ငံအတြင္း အခ်ဳပ္အျခာအာဏာပိုင္နယ္ေျမစိုးမိုးမႈ ပ်က္ျပားသြားလို႔ျဖစ္ပါတယ္။ ပီဒါဆန္ေျပာတာကို နည္းနည္းျပင္ၿပီး “ေဘာ္လကန္ႏိုက္ေဇးရွင္းထက္ ဆိုး႐ြားတာေတြ ျဖစ္လာေနၿပီ”လို႔ေတာင္ ေျပာခ်င္ပါတယ္။
နစက ၂၀၂၁ ခုႏွစ္မတိုင္မီ ျမန္မာႏိုင္ငံအတြင္း လက္နက္ကိုင္ဆန႔္က်င္ေရးအုပ္စု ၁၀၀ ေက်ာ္ရွိခဲ့ရာ တိုင္းရင္းသားလူမ်ိဳးစု အဖြဲ႕အစည္းမ်ားျဖစ္ၾကပါတယ္။ ဒါေၾကာင့္ ျမန္မာႏိုင္ငံကို လူမ်ိဳးစုအလိုက္နယ္ေျမအသီးသီး ခြဲေဝသတ္မွတ္ေပးလိုက္ရင္ ျပည္တြင္းစစ္မီး ၿငိမ္းသြားလိမ့္မယ္လို႔ အႀကံေပးတဲ့ ျပည္ပႏိုင္ငံေရးပညာရွင္မ်ား ရွိခဲ့ဖူးပါတယ္။ ခုေတာ့ ခ်င္းျပည္နယ္ လူမ်ိဳးစုတစ္ခုတည္းအတြင္း ျဖစ္ပ်က္ေနတာမ်ားကိုၾကည့္ၿပီး ပါးစပ္ေတြ ပိတ္ကုန္ပါတယ္။ က်ဆုံးသြားတဲ့ ေျမာက္ ၃ ဖြဲ႕က သိမ္းယူထားတဲ့ ရွမ္းေျမာက္ေဒသမွာ MNDAA, TNLA နဲ႔ SSPP တို႔အၾကား အင္အားသုံး ထိပ္တိုက္ေတြ႕လာမႈမ်ား၊ သူတို႔သိမ္းယူထားတဲ့ နယ္ေျမအတြင္း “ဟိုလူမ်ိဳး မဝင္ရ” ကန႔္သတ္ခ်က္မ်ား၊ ျမန္မာျပည္ေျမာက္ပိုင္းတစ္ခြင္လုံးမွာ လႈပ္ရွားေနသူ KIA နဲ႔ ေျမာက္ ၃ ဖြဲ႕တို႔ အၾကား ရွမ္းေျမာက္ေဒသ “စိုးမိုးနယ္ေျမ အျငင္းပြားမႈ” မ်ားျဖစ္ေပၚေနပါတယ္။
အဲဒါေၾကာင့္ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု မတိုင္မီ သူတို႔သေဘာနဲ႔သူတို႔ ခြဲထြက္ၾကမယ္ဆိုရင္ သီး ျခားႏိုင္ငံငယ္ ၁၀၀ အထက္မွာ ျဖစ္ေပၚလာႏိုင္ၿပီး အခ်ိဳ႕ဆို ႏိုင္ငံလို႔သာေျပာရတယ္ ႐ြာခပ္ႀကီးႀကီး ေလာက္ပဲ ရွိႏိုင္ပါတယ္။ သူတို႔ရဲ႕ စီးပြားေရး၊လုံၿခဳံေရး၊ကာကြယ္ေရး ဘယ္လိုရပ္တည္ၾကမယ္ မခန႔္မွန္းႏိုင္ပါ။
ဒီေနရာမွာ ပီဒါဆန္ဆိုလိုတာက EAOs ေတြလည္း ကိုယ္တိုက္လို႔ရတာ ကိုယ္ယူ NUG လည္း သူရတာ သူယူ လို႔ ေျပာခ်င္ပုံရပါတယ္။ NUG ကို EAOs အားလုံး တစ္ညီတစ္ၫြတ္တည္း အသိအမွတ္ျပဳျခင္းဟာ မႈန္ဝါးေနုၿပီ NUG လက္ေအာက္ခံ အမွန္တကယ္ PDF အင္အားဘယ္ေလာက္ရွိတယ္ဆိုတာ အတိအက်ေျပာဖို႔ခက္ပါ တယ္။ အခ်ိဳ႕ PDFs မ်ားဟာ သူတို႔ဖာသာ သီးျခားရပ္တည္ေနၾကပါတယ္။ တကယ္ေတာ့ EAOs တစ္ဖြဲ႕ခ်င္း စီဟာ လူမ်ိဳးႏြယ္အေပၚအေျခခံ လူစုရျခင္းေၾကာင့္ အင္အားအေနနဲ႔ ခ်ိနဲ႔ပါတယ္။ ယခု သူတို႔အဖြဲ႕အတြင္း ပူးေပါင္းတိုက္ခိုက္ေနၾကတာ အဖြဲ႕အမည္အမ်ိဳးမ်ိဳးနဲ႔ ဗမာ က်ား-မ လူငယ္ေလးမ်ားးျဖစ္ပါတယ္။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီေနာက္ပိုင္း နယ္စပ္ေဒသမ်ားမွာ အလုံးအရင္းနဲ႔ စုေဝးေရာက္ရွိသြားသူ ဗမာလူငယ္ေလးမ်ားကို စစ္ေရးေလ့က်င့္ လက္နက္တပ္ဆင္ေပးျခင္းျဖင့္ ယခုလို တိုက္ကြက္ေဖာ္ႏိုင္ျခင္းျဖစ္ပါတယ္။ အေနာက္တံခါး မွာဆို AA နဲ႔အတူ မေကြးတိုင္းအထက္ပိုင္းမွ PDF မ်ားနဲ႔ ခ်င္းလက္နက္ကိုင္မ်ားက ကူညီတိုက္ခိုက္ေပးေနၾကပါတယ္။
တကယ္လို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားက သူတို႔သိမ္းယူရရွိထားတဲ့ နယ္ေျမမ်ားကို သီးျခားခြဲထြက္ၿပီး ႏိုင္ငံအျဖစ္ ထူေထာင္လွ်င္ သူတို႔နဲ႔အတူ ပူးေပါင္းတိုက္ခိုက္ေပးေနတဲ့ ဗမာ PDF အဖြဲ႕မ်ားဟာ ဘယ္လိုျဖစ္ သြားမလဲ ဘယ္သူမွ တပ္အပ္ေသခ်ာ မေျပာႏိုင္ပါ။ ဒီအခ်က္ကို ခုခ်ိန္ထိ ဘယ္သူမွ မေျပာၾကပဲ “မ်က္စိထက္တိမ္က ပိုႀကီး“ ေနၾကပါတယ္။ ေသခ်ာတာက တစ္တိုင္းျပည္လုံး ၆၈% ရွိတဲ့ ဗမာတို႔ဟာ စစ္တပ္ကို ဖယ္ရွား ရင္း သူတို႔ႏိုင္ငံကို သူတို႔ ၿဖိဳခြဲေနသလို ျဖစ္ေနပါတယ္။
စစ္တပ္ဟာ အၿပီးတိုင္ ရႈံးနိမ့္သြားၿပီ ထားလိုက္ပါေတာ့ အဲ့ဒီအဖြဲ႕အစည္းဟာ ဘယ္လိုျဖစ္သြားမလဲ၊ အၿပီး အျပတ္ မရႈံးေသးခင္ လက္လႊတ္ခဲ့ရတဲ့ ၿမိဳ႕႐ြာနယ္ေျမမ်ားကို ဒီအတိုင္း အၿပီးအျပတ္ စြန႔္လႊတ္ခဲ့မွာလား ဆိုတာ ေမးခြန္း ထုတ္စရာပါ။
ကုလသမဂၢအေထြေထြအတြင္းေရးမႉးမွ အေမရိကန္သမၼတအလယ္ ႏိုင္ငံအသီးသီးက ေခါင္းေဆာင္မ်ားအဆုံး သူတို႔အားလုံးဟာ သူတို႔တာဝန္ေပးထားတဲ့ အဖြဲ႕အစည္းရဲ႕ တင္ျပခ်က္အေပၚ ''အဆုံးအျဖတ္ေပးရသူ” Decision Maker မ်ားသာ ျဖစ္ပါတယ္။ လူထုဆႏၵမဲနဲ႔ ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ အေနာက္ႏိုင္ငံေခါင္း ေဆာင္မ်ားဟာ လူထုဆႏၵကို ငဲ့ၿပီး ဆုံးျဖတ္ေလ့ရွိၾကပါတယ္။ လူထုဆိုတာလည္း မီဒီယာေတြေရးတာ ဖတ္ၿပီး ေကာက္ခ်က္ခ်သူမ်ားျဖစ္ပါတယ္။ ဒါေၾကာင့္လည္း “သတင္းမီဒီယာေခတ္ႀကီး” မွာ သတင္းဌာနေတြကို ေဂ်ာ့ ဆိုးေရာ့စ္တို႔လို ဘီလီယံနာ သူေဌးႀကီးေတြ နဖားႀကိဳး ထိုးရန္ ႀကိဳးစားေနျခင္းျဖစ္ပါတယ္။
ဒီအတြက္ ေမာ္တန္ပီဒါဆန္တို႔လို႔ အႀကံေပးမ်ားရဲ႕ ေျပာဆိုခ်က္ဟာ ေလထဲမွာတင္ ေပ်ာက္ကြယ္သြားမယ္လို႔ သတ္မွတ္ရန္ မျဖစ္ႏိုင္ပါ။ သူအႀကံေပးခဲ့တဲ့ ဖင္လန္သမၼတ မာတီအာတစ္ဆရီ ဆိုသူကလည္း အထက္မွာ ေျပာခဲ့တဲ့ ေဘာ္လ္ကန္ႏိုက္ေဇးရွင္း ကိုဆိုဗိုအေရးအခင္းမွာ ၾကားဝင္ျဖန္ေျဖရင္း ၂၀၀၈ ခုႏွစ္ ၿငိမ္းခ်မ္းေရးႏို ဗယ္ဆုႀကီး ရရွိခဲ့ဖူးလို႔ျဖစ္ပါတယ္။
ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမွာ အျခားႏိုင္ငံတစ္ႏိုင္ငံက ၾကားဝင္ျဖန္ေျဖျခင္းဟာ အသြားႏွစ္ဖက္ပါတဲ့ ဓါးနဲ႔တူပါတယ္။ ၂၅-ႏွစ္ေက်ာ္ၾကာျမင့္ၿပီး ေဒၚလာ ၂၀၀ ဘီလီယံခန႔္ ကုန္က်၊ ႏွစ္ဖက္စစ္သား ၅၅,၀၀၀ ခန႔္၊ အရပ္သား တစ္သိန္းခန႔္ ေသဆုံးခဲ့ရတဲ့ သီရိလကၤာျပည္တြင္းစစ္မွာ တမီလ္က်ားသူပုန္ LTTE နဲ႔ ကိုလံဘိုအစိုးရတို႔အၾကား အပစ္အခတ္ရပ္စဲေရး ၿငိမ္းခ်မ္းေရး ေစ့စပ္ေဆြးေႏြးေပးသူက ေနာ္ေဝးႏိုင္ငံ ျဖစ္ပါ တယ္။ ၂၀၀၈-ခုႏွစ္ အပစ္အခတ္အခတ္ရပ္စဲေရးကို ပယ္ခ်ၿပီး က်ားသူပုန္ေတြကို အျမစ္ ျပတ္ေခ်မႈန္းပစ္လိုက္ တဲ့အခါ မဟိျႏၵာရာဂ်ာပက္ဆာအစိုးရက သီရိလကၤာ တမီလ္လူမ်ိဳးမ်ားကို ဂ်ီႏိုဆိုက္သုတ္သင္မႈနဲ႔ ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ICC မွာ တရားစြဲဆိုဖို႔ ႀကိဳးစားသူကလည္း ေနာ္ေဝးႏိုင္ငံ ပါဝင္ေနခဲ့ပါတယ္။ သီရိလကၤာအစိုးရ ကေတာ့ စုံစမ္းစစ္ေဆးမႈမ်ားမွာ ပူးေပါင္းပါဝင္ရန္ ျငင္းဆိုၿပီး လူ႔အခြင့္အေရး စစ္ေဆးေရးမႉးမ်ားကိုလည္း ျပည္ဝင္ခြင့္ ဗီဇာ ပိတ္ပင္ခဲ့ပါတယ္။
(Lowy Institute., 12 May 2024,” Outrage is not a policy: Coming to terms with Myanmar’s fragmented state.To remain relevant to Myanmar’s future development, the West should support parallel state-building in liberated areas. By Morten B. Pedersen” ကို မွီျငမ္းေရးသားသည္။)