ကိုဗစ်ကာလနောက်ပိုင်းမှစတင်ကာ မသန်စွမ်းသူများ အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ကိုင်ရာတွင် အခက်အခဲများရှိနေ

 375

စော (NP News) - မေ ၂၂

ကိုဗစ်ကာလနောက်ပိုင်းမှစတင်ကာ မသန်စွမ်းသူများ အသက်မွေးဝမ်း ကျောင်း အလုပ်လုပ်ကိုင်ရာတွင် အခက်အခဲရှိနေကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။

မသန်စွမ်းများသည် ဆံပင်ညှပ်လုပ်ငန်း၊ ထီရောင်းချသောလုပ်ငန်း၊ စက်ချုပ်လုပ်ငန်း၊ တံဆိပ်ရိုက်လုပ်ငန်းနှင့် ကွန်ပျူတာစာစီစာရိုက်လုပ်ငန်း စသည့် ကိုယ်ပိုင်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ အသက်ရှင်ရပ် တည်နေကြရကြောင်း သိရသည်။ သို့သော် မသန်စွမ်းသူများအနေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ရာတွင် ကိုဗစ် ၁၉ ရောဂါနောက်ပိုင်းမှစတင်ကာ အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“စားဝတ်နေရေးအတွက် ကိုယ်နဲ့ သင့်တော်မယ့် လုပ်ငန်း‌လေးတွေကို ရွေး ချယ်လုပ်ကိုင်ပြီးတော့ အသက်မွေးဝမ်းကျောင်းပြုနေရပါတယ်ဆိုမှ အခက်အခဲတွေက မမျှော်လင့်တဲ့ ကျန်းမာရေးအခက်အခဲတွေ၊ နိုင်ငံရေးအခက်အခဲတွေ ဝင်လာတဲ့အခါမှာ သူတို့မှာလုပ်စရာအခြားရွေးချယ်စရာနည်းလမ်းမရှိဘူးပေါ့နော်။ တစ်ချို့မသန်စွမ်းတွေဆိုရင် အလုပ်လက်မဲ့ဖြစ်သွားပြီးတော့ တစ်ချို့မသန်စွမ်းတွေဆိုရင် လမ်းဘေးတွေမှာတောင်းစားရတဲ့ အနေအထားတွေရောက်သွားတယ်။ တစ်ချို့တွေကျတော့ မဖြစ်မနေ မိသားစုက မသဒ္ဒါသလို၊ သဒ္ဒါသလို၊ ဒီလိုပဲ အသက်ရှင်နေထိုင်လာကြတယ်”ဟု မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မသန်စွမ်းသူများအနေဖြင့် လျှောက်ထားရာတွင်လည်း နှစ်ရှည်စောင့်ဆိုင်းနေရသူများရှိနေကြောင်း သိရသည်။ မြန်မာတစ်နိုင်လုံးရှိ မသန်စွမ်းများအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့် သည် လက်ရှိတွင် စားဝတ်နေရေးအခက်အခဲများဖြင့် ရင်ဆိုင်နေရလျက်ရှိကြောင်း သိရသည်။ လက်ရှိအစိုးရအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ပြဌာန်းထားသော မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ၊ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင် (UNCRPD)တွင်ပါရှိသော အချက်များကို ဆက်လက်အကောင်အထည်ဖော်နေကြောင်း သိရသည်။ မသန်စွမ်းများကို အကြမ်းအားဖြင့် အကြားအာရုံမသန်စွမ်း၊ အမြင်အာရုံမသန်စွမ်း၊ ကိုယ်အင်္ဂါမသန်စွမ်း နှင့် ဥာဏ်ရည်မသန်စွမ်းဟူ၍ လေးမျိုးခွဲခြားထားကြောင်း သိရသည်။

zawgyi version
ကိုဗစ္ကာလေနာက္ပိုင္းမွစတင္ကာ မသန္စြမ္းသူမ်ား အသက္ေမြးဝမ္း ေက်ာင္း အလုပ္လုပ္ကိုင္ရာတြင္ အခက္အခဲမ်ားရွိေန
ေစာ (NP News) - ေမ ၂၂

ကိုဗစ္ကာလေနာက္ပိုင္းမွစတင္ကာ မသန္စြမ္းသူမ်ား အသက္ေမြးဝမ္း ေက်ာင္း အလုပ္လုပ္ကိုင္ရာတြင္ အခက္အခဲရွိေနေၾကာင္း ျမန္မာႏိုင္ငံမသန္စြမ္းသူမ်ားအသင္းခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။

မသန္စြမ္းမ်ားသည္ ဆံပင္ညႇပ္လုပ္ငန္း၊ ထီေရာင္းခ်ေသာလုပ္ငန္း၊ စက္ခ်ဳပ္လုပ္ငန္း၊ တံဆိပ္႐ိုက္လုပ္ငန္းႏွင့္ ကြန္ပ်ဴတာစာစီစာ႐ိုက္လုပ္ငန္း စသည့္ ကိုယ္ပိုင္လုပ္ငန္းမ်ားျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳကာ အသက္ရွင္ရပ္ တည္ေနၾကရေၾကာင္း သိရသည္။ သို႔ေသာ္ မသန္စြမ္းသူမ်ားအေနျဖင့္ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ားကို လုပ္ကိုင္ရာတြင္ ကိုဗစ္ ၁၉ ေရာဂါေနာက္ပိုင္းမွစတင္ကာ အခက္အခဲမ်ားျဖင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။

“စားဝတ္ေနေရးအတြက္ ကိုယ္နဲ႔ သင့္ေတာ္မယ့္ လုပ္ငန္း‌ေလးေတြကို ေ႐ြး ခ်ယ္လုပ္ကိုင္ၿပီးေတာ့ အသက္ေမြးဝမ္းေက်ာင္းျပဳေနရပါတယ္ဆိုမွ အခက္အခဲေတြက မေမွ်ာ္လင့္တဲ့ က်န္းမာေရးအခက္အခဲေတြ၊ ႏိုင္ငံေရးအခက္အခဲေတြ ဝင္လာတဲ့အခါမွာ သူတို႔မွာလုပ္စရာအျခားေ႐ြးခ်ယ္စရာနည္းလမ္းမရွိဘူးေပါ့ေနာ္။ တစ္ခ်ိဳ႕မသန္စြမ္းေတြဆိုရင္ အလုပ္လက္မဲ့ျဖစ္သြားၿပီးေတာ့ တစ္ခ်ိဳ႕မသန္စြမ္းေတြဆိုရင္ လမ္းေဘးေတြမွာေတာင္းစားရတဲ့ အေနအထားေတြေရာက္သြားတယ္။ တစ္ခ်ိဳ႕ေတြက်ေတာ့ မျဖစ္မေန မိသားစုက မသဒၵါသလို၊ သဒၵါသလို၊ ဒီလိုပဲ အသက္ရွင္ေနထိုင္လာၾကတယ္”ဟု ျမန္မာႏိုင္ငံမသန္စြမ္းသူမ်ားအသင္းခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ထို႔ျပင္ ကုမၸဏီမ်ားတြင္ အလုပ္လုပ္ကိုင္ရန္ မသန္စြမ္းသူမ်ားအေနျဖင့္ ေလွ်ာက္ထားရာတြင္လည္း ႏွစ္ရွည္ေစာင့္ဆိုင္းေနရသူမ်ားရွိေနေၾကာင္း သိရသည္။ ျမန္မာတစ္ႏိုင္လုံးရွိ မသန္စြမ္းမ်ားအားလုံး၏ ၉၀ ရာခိုင္ႏႈန္းခန႔္ သည္ လက္ရွိတြင္ စားဝတ္ေနေရးအခက္အခဲမ်ားျဖင့္ ရင္ဆိုင္ေနရလ်က္ရွိေၾကာင္း သိရသည္။ လက္ရွိအစိုးရအေနျဖင့္ ၂၀၁၅ ခုႏွစ္တြင္ ျပဌာန္းထားေသာ မသန္စြမ္းသူမ်ား၏အခြင့္အေရးဥပေဒ၊ မသန္စြမ္းသူမ်ားအခြင့္အေရးဆိုင္ရာ ကုလသမဂၢကြန္ဗင္းရွင္ (UNCRPD)တြင္ပါရွိေသာ အခ်က္မ်ားကို ဆက္လက္အေကာင္အထည္ေဖာ္ေနေၾကာင္း သိရသည္။ မသန္စြမ္းမ်ားကို အၾကမ္းအားျဖင့္ အၾကားအာ႐ုံမသန္စြမ္း၊ အျမင္အာ႐ုံမသန္စြမ္း၊ ကိုယ္အဂၤါမသန္စြမ္း ႏွင့္ ဥာဏ္ရည္မသန္စြမ္းဟူ၍ ေလးမ်ိဳးခြဲျခားထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.