နယ်စပ်ကုန်သွယ်ရေးစခန်းအချို့ ရပ်နားထားရသည့်အတွက် ရေလမ်းကြောင်းမှ ကုန်သွယ်မှုဆောင်ရွက်ရာ၌ စရိတ်စကကွာဟမှုများရှိနေ

 3524

ယွန်း (NP News) - မေ ၂၄

နယ်စပ်ကုန်သွယ်ရေးစခန်းအချို့ ရပ်နားထားရသည့်အတွက် ရေလမ်းကြောင်းမှ ကုန်သွယ်မှုဆောင်ရွက်ရာ၌ စရိတ်စကကွာဟမှုများရှိနေကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အချို့ထံမှ သိရသည်။

နိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းအချို့သည် ရပ်နားနေရလျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအစား ရေလမ်းကြောင်းသို့ ပြောင်းလဲကာ ကုန်သွယ်နေရကြောင်း သိရသည်။ ထိုသို့ ရေလမ်းကြောင်းမှပြောင်းလဲ၍ ကုန်သွယ်မှုဆောင်ရွက်ခြင်းသည် ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်းမရှိသော်လည်း ကုန်စည်တစ်ခုချင်းစီအလိုက် ကွာခြားချက်များရှိနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့၏ သုံးသပ်ထားသည်။

“ကုန်စည်တစ်ခုချင်းစီအလိုက် ကယိကထများလာတာရှိမယ်။ ကယိကထနည်းသွားတာရှိမယ်။ ပိုပြီးတော့ ရှုပ်တာလည်းရှိနိုင်တယ်။ လွယ်သွားတာလည်းရှိနိုင်တယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ပို့တာသွင်းတာ အဲဒီပမာဏပေါ်မှာမူတည်တယ်။ ဆိပ်ကမ်းကနေပို့ပြီထုတ်ပြီဆိုရင်တော့ လိုင်စင်ပေါ့လေ သွင်းကုန်ထုတ်ကုန်လိုင်စင် မှန်မှန်ကန်ကန်ဖြစ်နေဖို့တော့လိုတယ်။ အရင်ကတော့ Border Trade မှာ One Stop Service ရှိပြီးသား။ အခုလည်း One Stop Service ရှိပေမယ်လို့ ပုံစံခြင်းမတူတော့ စကားပြောရတာ၊ လုပ်ရတာ လွယ်တဲ့သူအတွက်လွယ်သွားမယ်။ ခက်တဲ့သူအတွက်ခက်သွားမယ်” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို သုံးသပ်ပြောကြားထားသည်။

ထို့ပြင် ရေလမ်းကြောင်းမှ ကုန်သွယ်မှုဆောင်ရွက်ခြင်းသည် စရိတ်စက ကွာဟမှုများလည်းရှိနေပြီး ကုန်ပစ္စည်းတင်ပို့မှု ပမာဏအနည်းအများပေါ်တွင် မူတည်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ “ပမာဏများတဲ့သူအတွက်က ရေလမ်းကြောင်းနဲ့ ပို့လိုက်မယ်ဆို အရမ်းသက်သာတယ်။ ချုံပြောလို့တော့မရဘူးပေါ့။ တစ်ဦးချင်းစီနဲ့ဆိုင်တယ်။ တကယ်တော့ လက်တွေ့လုပ်နေတဲ့သူတွေကတော့ သူတို့အတွက်ကိုက်မှပဲလုပ်နိုင်မှာ။ လမ်းကတော့ မြေပေါ်ကနေသွားတဲ့လမ်း မသုံးလို့ သင်္ဘောနဲ့ပို့ရမယ်လို့ပြောရင် သင်္ဘောမှာ သူပို့ရတဲ့ကုန်စရိတ်ဟာ အရင်ကကုန်ကားတစ်စီးစာလောက်ပို့လို့ရရင်ရမယ်။ အခုချိန်မှာ ပေ ၂၀ ပုံးတစ်ပုံး မပြည့်ရင်လည်း ပေ၂၀ ပုံးစာပေးရမှာပဲ။ တော်တော်လေးကိုတွက်ပြီးတော့မှ လုပ်ရမှာပေါ့နော်။ ပုံမှန်အားဖြင့်တော့ အတူတူပဲ။ ဒါပေမဲ့ ဟိုဘက်ကလည်း ဆိပ်ကမ်းနဲ့ထုတ်ရမယ်ဆိုတော့ တစ် ဖက်ကလည်း အမျိုးမျိုးတော့ရှိမှာပေါ့။ ခါတိုင်းလို ကုန်ကားနဲ့‌ရောက်သွားမယ်ဆိုရင်တော့ လွယ်တယ်လေ။ ကွာဟချက်လေးတွေတော့ ရှိတာပေါ့” ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

ပြည်တွင်း၌ နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း(၁၇)ခုရှိသော်လည်း လက်ရှိကာလ၌ တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ် နှင့် ချင်းရွှေဟော် အပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ ရပ်တန့်နေလျက်ရှိကြောင်း သိရသည်။

zawgyi version
နယ္စပ္ကုန္သြယ္ေရးစခန္းအခ်ိဳ႕ ရပ္နားထားရသည့္အတြက္ ေရလမ္းေၾကာင္းမွ ကုန္သြယ္မႈေဆာင္႐ြက္ရာ၌ စရိတ္စကကြာဟမႈမ်ားရွိေန
ယြန္း (NP News) - ေမ ၂၄

နယ္စပ္ကုန္သြယ္ေရးစခန္းအခ်ိဳ႕ ရပ္နားထားရသည့္အတြက္ ေရလမ္းေၾကာင္းမွ ကုန္သြယ္မႈေဆာင္႐ြက္ရာ၌ စရိတ္စကကြာဟမႈမ်ားရွိေနေၾကာင္း ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕ထံမွ သိရသည္။

ႏိုင္ငံအတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ နယ္စပ္ကုန္သြယ္ေရးစခန္းအခ်ိဳ႕သည္ ရပ္နားေနရလ်က္ရွိၿပီး နယ္စပ္ကုန္သြယ္ေရးအစား ေရလမ္းေၾကာင္းသို႔ ေျပာင္းလဲကာ ကုန္သြယ္ေနရေၾကာင္း သိရသည္။ ထိုသို႔ ေရလမ္းေၾကာင္းမွေျပာင္းလဲ၍ ကုန္သြယ္မႈေဆာင္႐ြက္ျခင္းသည္ ကုန္စည္စီးဆင္းမႈ ေႏွာင့္ေႏွးျခင္းမရွိေသာ္လည္း ကုန္စည္တစ္ခုခ်င္းစီအလိုက္ ကြာျခားခ်က္မ်ားရွိႏိုင္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕၏ သုံးသပ္ထားသည္။

“ကုန္စည္တစ္ခုခ်င္းစီအလိုက္ ကယိကထမ်ားလာတာရွိမယ္။ ကယိကထနည္းသြားတာရွိမယ္။ ပိုၿပီးေတာ့ ရႈပ္တာလည္းရွိႏိုင္တယ္။ လြယ္သြားတာလည္းရွိႏိုင္တယ္။ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ပို႔တာသြင္းတာ အဲဒီပမာဏေပၚမွာမူတည္တယ္။ ဆိပ္ကမ္းကေနပို႔ၿပီထုတ္ၿပီဆိုရင္ေတာ့ လိုင္စင္ေပါ့ေလ သြင္းကုန္ထုတ္ကုန္လိုင္စင္ မွန္မွန္ကန္ကန္ျဖစ္ေနဖို႔ေတာ့လိုတယ္။ အရင္ကေတာ့ Border Trade မွာ One Stop Service ရွိၿပီးသား။ အခုလည္း One Stop Service ရွိေပမယ္လို႔ ပုံစံျခင္းမတူေတာ့ စကားေျပာရတာ၊ လုပ္ရတာ လြယ္တဲ့သူအတြက္လြယ္သြားမယ္။ ခက္တဲ့သူအတြက္ခက္သြားမယ္” ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို သုံးသပ္ေျပာၾကားထားသည္။

ထို႔ျပင္ ေရလမ္းေၾကာင္းမွ ကုန္သြယ္မႈေဆာင္႐ြက္ျခင္းသည္ စရိတ္စက ကြာဟမႈမ်ားလည္းရွိေနၿပီး ကုန္ပစၥည္းတင္ပို႔မႈ ပမာဏအနည္းအမ်ားေပၚတြင္ မူတည္ေၾကာင္း ၎က ဆက္လက္ေျပာသည္။ “ပမာဏမ်ားတဲ့သူအတြက္က ေရလမ္းေၾကာင္းနဲ႔ ပို႔လိုက္မယ္ဆို အရမ္းသက္သာတယ္။ ခ်ဳံေျပာလို႔ေတာ့မရဘူးေပါ့။ တစ္ဦးခ်င္းစီနဲ႔ဆိုင္တယ္။ တကယ္ေတာ့ လက္ေတြ႕လုပ္ေနတဲ့သူေတြကေတာ့ သူတို႔အတြက္ကိုက္မွပဲလုပ္ႏိုင္မွာ။ လမ္းကေတာ့ ေျမေပၚကေနသြားတဲ့လမ္း မသုံးလို႔ သေဘၤာနဲ႔ပို႔ရမယ္လို႔ေျပာရင္ သေဘၤာမွာ သူပို႔ရတဲ့ကုန္စရိတ္ဟာ အရင္ကကုန္ကားတစ္စီးစာေလာက္ပို႔လို႔ရရင္ရမယ္။ အခုခ်ိန္မွာ ေပ ၂၀ ပုံးတစ္ပုံး မျပည့္ရင္လည္း ေပ၂၀ ပုံးစာေပးရမွာပဲ။ ေတာ္ေတာ္ေလးကိုတြက္ၿပီးေတာ့မွ လုပ္ရမွာေပါ့ေနာ္။ ပုံမွန္အားျဖင့္ေတာ့ အတူတူပဲ။ ဒါေပမဲ့ ဟိုဘက္ကလည္း ဆိပ္ကမ္းနဲ႔ထုတ္ရမယ္ဆိုေတာ့ တစ္ ဖက္ကလည္း အမ်ိဳးမ်ိဳးေတာ့ရွိမွာေပါ့။ ခါတိုင္းလို ကုန္ကားနဲ႔‌ေရာက္သြားမယ္ဆိုရင္ေတာ့ လြယ္တယ္ေလ။ ကြာဟခ်က္ေလးေတြေတာ့ ရွိတာေပါ့” ဟု အထက္ပါ စီးပြားေရးလုပ္ငန္းရွင္က ဆိုသည္။

ျပည္တြင္း၌ နယ္စပ္ကုန္သြယ္ေရးစခန္းေပါင္း(၁၇)ခုရွိေသာ္လည္း လက္ရွိကာလ၌ တ႐ုတ္- ျမန္မာနယ္စပ္ကုန္သြယ္ေရးစခန္းမ်ားျဖစ္သည့္ မူဆယ္၊ လြယ္ဂ်ယ္ ႏွင့္ ခ်င္းေ႐ႊေဟာ္ အပါအဝင္ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားမွာ ရပ္တန႔္ေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.