တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးဈေးကွက် သုံးသပ်ချက် (ဈေးကွက် သုံးသပ် ဆောင်းပါး)

 141

ပြည့်ဖြိုး(NP News)- အောက်တိုဘာ ၂၇
(အောက်တိုဘာလ(၁၅)ရက်မှ(၂၁)ရက်အထိ)

ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာလ(၁၇)ရက်တွင် အနည်းငယ်ကျရိပ်ပြ နေရာမှ ပြန်လည်မြင့်တက်လာခဲ့ပြီး လက်ရှိ အောက်တိုဘာ(၂၁)ရက်တွင် ရွှေတစ်အောင်စလျှင် စံချိန်တင် ဈေးနှုန်းဖြစ်သော (၄၃၄၅)ဒေါ်လာသို့ ရောက်ရှိနေသည်။ ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေးများ လည်း လိုက်ပါမြင့်တက်နေရာ အခေါက်ရွှေတစ်ကျပ် သားလျှင် (၈၈)သိန်းကျပ်အထိပေါက်ဈေးဖြစ်ပေါ်နေသည်။ ပြင်ပရွှေဈေးကိုသာ ဈေးကွက် အတွင်း အရောင်းအဝယ်အဓိကပြုလုပ်ကြပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ ရည်òန်းသတ်မှတ်ဈေးမှာ သိန်း(၆၀)ဝန်းကျင်သာရှိသောကြောင့် အရောင်းအဝယ်ပြုလုပ်သူမရှိပေ။ သတ်မှတ်ရည်òန်းဈေးနှင့် ဈေးကွက် ပေါက်ဈေးတို့မှာ (၂၈)သိန်းဝန်းကျင်ကွာခြားနေရာ ရွှေဝယ်ယူသူများအနေဖြင့် ရောင်းမှား ဝယ်မှားမဖြစ် စေရန်သတိ ထားသင့်ကြောင်း ဝါရင့်ရွှေ ကုန်သည်များကပြောသည်။ နိုင်ငံတကာရွှေဈေးကွက်သည် အမေရိကန်နိုင်ငံ၏ စီးပွားရေးမူဝါဒများပေါ် တွင်မူတည်ကာ ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်ပြီး လာမည့်ရက်များအတွင်း ‌ကမ္ဘာ့ရွှေဈေးမှာ ဆက် တက်နိုင်ကြောင်း ခန့်မှန်းချက်များထွက်ပေါ်နေသည်။ ယခုတစ်ပတ်အတွင်းထူးခြားချက်အနေဖြင့် ငလျင် ဘေးသင့်ဒေသများအတွက် ဗဟိုဘဏ်မှချေးငွေများ ထုတ်ချေးမည်ဟူသော ထုတ်ပြန်ချက်ထွက်ပေါ်လာ ခြင်းဖြစ်သည်။ ငလျင်ဘေးပြန်လည်ထူထောင်ရန် ချေးငွေများကို ကာလတို၊ ကာလလတ်ဖြင့်ထုတ်ချေး ပေးခြင်းဖြစ်ရာ ငလျင် ဘေးသင့်ပြည်သူများအတွက် လုံလောက်မှုရှိမရှိကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။ ချေးငွေထုတ်ပေးချိန်သည် ငလျင်ဘေးသင့် ပြီး ခုနစ်လကျော်ကြာချိန်မှ ချေးငွေများထုတ်ချေးခြင်း ဖြစ်သောကြောင့် အချို့သောပြည်သူများအတွက် အ ဆောက်အအုံများပြန်လည်ဆောက်လုပ်နေပြီဖြစ် ကြောင်းလည်းသိရသည်။
ချေးငွေအမျိုးအစားကိုလည်း အခြေခံအိမ်အဆောက်အအုံများဆောက်လုပ်ရန်၊ MSME လုပ်ငန်း များရင်း နှီးမြှုပ်နှံရန်၊ စက်ရုံများပြန်လည်လည်ပတ်ရန်နှင့် နိုင်ငံပိုင်အခြေခံအဆောက်အအုံများ ပြန်လည်တည် ဆောက်ရန်ဟူ၍ လေးမျိုးခွဲခြားသတ်မှတ်ထားသည်။ ငလျင်ဘေးသင့်ဒေသများအတွက်ပြန်လည်ထူထောင် ရေးချေးငွေများမှာ မည့်မျှ အကျိုးသက်ရောက်မှုရှိသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ လက်ရှိတွင် ပွင့်လင်းရာသီ ခရီးသွား ကာလများရောက် ရှိလာပြီဖြစ်ရာ ပြည်တွင်းပြည်ပခရီးသွားများ လည်ပတ်မှုမြင့်တက်နေကြောင်း ခရီးသွားလုပ် ငန်းရှင်များ ထံမှသိရသည်။
ပြည်တွင်းပြည်ပခရီးသွားအများဆုံးဖြစ်သော ဧရာဝတီတိုင်းရှိ ချောင်းသာ၊ ငွေဆောင် ကမ်းခြေများတွင် ယခုလအတွင်း ခရီးသွားဦးရေသောင်းနှင့်ချီ၍ ဝင်ရောက်ခဲ့ကြောင်းသိရသည်။ အထက်မြန်မာပြည် ခရီးစဉ်များဖြစ်သည့် ပုဂံညောင်ဦး၊ ပုပ္ပားခရီးစဉ်များ သည်လည်း ယခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက် လာကြောင်းသိရသည်။ ထို့အတူ မကြာခင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲသည်လည်း အနယ်နယ်အရပ်ရပ်မှခရီးသွားများ လာရောက်မှု မြင့် တက်နေသောကြောင့် ဟိုတယ်အခန်းများ ကြိုတင်ဘွတ်ကင်ကုန်သည်အထိ ဖြစ်ပေါ်နေကြောင်းသိရ သည်။ လက်ရှိ ပွင့်လင်းရာသီသည် ယခင်နှစ်ထက် နှစ်ဆနီးပါး ခရီးသွားလာမှုများပြားနိုင်ကြောင်း ခရီး သွားလုပ်ငန်းရှင်များထံမှသိရ သည်။
ဆက်တိုက် စံချိန်တင်မြင့်တက်နေသည့် ကမ္ဘာ့ရွှေဈေး
အမေရိကန်နိုင်ငံ ဗဟိုဘဏ်မှ အတိုးနှုန်းများ ဆက်လက်ချပေးမည်ဟုသတင်းများထွက်ပေါ်နေရာ ကမ္ဘာ့ဈေး ကွက်အတွင်း ရွှေဝယ်လိုအားမှာ ဆက် တိုက်မြင့်မားလျက်ရှိသည်။ ထို့ပြင် အမေရိကန်နိုင်ငံက ကုန်သွယ်ရေးအတွက် အခွန်များတိုးမြင့်ကောက်ခံမှုစတင်နေပြီဖြစ်ရာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အကျိုးသက်ရောက်မှု များဖြစ်ပေါ်နေ သည်။ နိုင်ငံအ များစုတွင် အမေရိကန်ဒေါ်လာကို အရန်ငွေထား ရှိ သည့်အခြေအနေမှ ရွှေကို ပြောင်းလဲစုဆောင်းသည့် အတွက် ကမ္ဘာ့ရွှေဈေးမှာ သမိုင်းတစ်လျှောက် အမြင့် ဆုံးဈေးနှုန်းများဖြစ်ပေါ်နေသည်။ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၄၃၄၅)‌ဒေါ်လာအထိမြင့်တက်နေဆဲဖြစ်ရာ စက်တင်ဘာ၊ အောက်တိုဘာ နှစ်လခန့် ဆက်တိုက်ဈေး မြင့်တက်နေခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးသည် လက်ရှိ အောက်တိုဘာလ (၁၇)ရက်တွင် အနည်းငယ် ကျရိပ်ပြခဲ့ပြီး နောက်ရက်များတွင် ပြန်လည်မြင့်တက် လာခြင်းဖြစ်သည်။ နိုင်ငံတကာမှ ရွှေဈေးကွက်ကျွမ်း ကျင်သူများ၏သုံးသပ်ချက်အရ ယခု (၂၀၂၅)ခုနှစ် နှစ်ကုန်ကာလတွင် ရွှေတစ်အောင်စလျှင် ဒေါ်လာ (၅၀ဝဝ)အထိမြင့်တက်နိုင်ကြောင်း ခန့်မှန်းချက်များ လည်းထွက်ပေါ်နေသည်။ နိုင်ငံတကာရွှေဈေးကြောင့် ပြည်တွင်း‌ ရွှေဈေးများလည်းမြင့်တက်ခဲ့ပြီး လတ်တလောတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၈၈)သိန်းကျော်အထိ ပေါက်ဈေး ဖြစ်ပေါ်နေသည်။ အခေါက်ရွှေဈေးမှာ တစ်ပတ်အတွင်း သုံးသိန်းကျော် ခန့်အထိမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဈေးကွက် အတွင်း၌ အဖမ်းအဆီးရှိနိုင်ကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။ ထိုသို့ သတင်းများထွက်လာပြီးချိန်တွင် ရန် ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ခေါ်ယူမေးမြန်းမှုများရှိခဲ့ကြောင်း ဈေးကွက် အတွင်းမှသိရသည်။ လက်ရှိအခြေအနေအရ ကမ္ဘာ့ရွှေဈေးသည် ဆက်လက်မြင့်တက်နိုင်သောကြောင့် ပြည်တွင်း ရွှေ ဈေးသည်လည်း အထိုက်အလျောက်လိုက်ပါမြင့်တက်နိုင်သည်။ ပြည်တွင်း အမေရိကန်ဒေါ်လာဈေးမှာ တစ်ဒေါ်လာ လျှင်(၄၀၈၅)ကျပ်ဝန်းကျင်ဖြင့် တည်ငြိမ်နေသောကြောင့် ‌ရွှေဈေးများ မြင့်တက်မှုနှေးကွေး နေခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေ ဈေးအခြေအနေအရ တစ်ပတ်လျှင် ဒေါ်လာတစ်ရာဝန်းကျင်ခန့်မြင့်တက် နေဆဲဖြစ်ရာ ပြည်တွင်းရွှေဈေးမှာ ကျဆင်းနိုင်ဖွယ်မရှိပေ။ ပြည်တွင်းငွေလဲဈေးကွက်အတွင်းတွင် အမေရိကန်တစ်ဒေါ်လာလျှင် (၄၀၈၅)ကျပ်၊ တရုတ် တစ်ယွမ်လျှင်(၅၆၉)ကျပ်၊ ထိုင်းတစ်ဘတ်လျှင်(၁၂၄)ကျပ်နှင့် အိန္ဒိယတစ်ရူပီးလျှင်(၄၅)ကျပ် အသီးသီး ပေါက်ဈေး ရှိကြောင်း သိရသည်။ ပြည်တွင်းရွှေဈေး များမြင့်တက်နေသော်လည်း နိုင်ငံခြားငွေလဲဈေးနှုန်း များတည်ငြိမ်နေရာ ပြည်ပမှတင်သွင်းသော စက်သုံးဆီနှင့် စားအုန်းဆီဈေးများလည်း အထိုက်အလျောက် ဈေးသက်သာစွာဖြင့် ရောင်းဝယ် နေကြသည်။ လာ မည့်ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးမှာ အတက်ဘက် သို့ဦးတည်နေနိုင်သည်။

ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေးချေးငွေ
ယခုတစ်ပတ်အတွင်းထူးခြားချက်အနေဖြင့် ငလျင်ဘေးသင့်ဒေသများရှိ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ သည် ငလျင်ဘေးပြန်လည်ထူထောင်ရေး ချေးငွေများလျှောက်ထားနိုင်ပြီဟု မြန်မာနိုင်ငံဗဟို ဘဏ်ကထုတ်ပြန်ကြေညာ ခဲ့သည်။ ချေးငွေပမာဏမည်မျှပေးအပ်မည်ကိုကြေညာခြင်းမရှိသော်လည်း သုံးနှစ်၊ ငါးနှစ် ကာလများသတ်မှတ်ပြီး ချေးငွေထုတ် ပေးမည်ဖြစ်ရာ ငလျင်ကာလအလွန် ပြန်လည်ထူထောင်ရေးအတွက် အကျိုးကျေးဇူးများပြားနိုင်သည်။ လက်ရှိကာလသည် ပွင့်လင်းရာသီရောက်ရှိလာပြီး ဆောက်လုပ်ရေးလုပ်ငန်းများပြန်လည်စတင်နေချိန် ဖြစ်သော ကြောင့် ငလျင်ဘေးပြန်လည်ထူထောင်ရေး ချေးငွေများဖြင့် ဆုံးရူံးခဲ့ရသော နေအိမ်၊ တိုက်တာ၊ အဆောက်အအုံနှင့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ထူထောင်နိုင်မည်ဖြစ်သည်။ သို့သော်လည်း ငလျင်ဖြစ်ပွားမှုမှာ ခုနစ်လကျော် ကြာမြင့်ချိန်မှ ချေးငွေချ ပေးခြင်းကြောင့် အချို့သောငလျင်ဘေးသင့်ပြည်သူ များမှာ နေအိမ်များ ပြန်လည်ဆောက်လုပ် နေထိုင်ပြီး ဖြစ်ကြောင်းသိရသည်။
ငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခုမှာရှိသော လူဦးရေ ငါးသိန်းကျော် ဘေးသင့်ခဲ့ပြီး သေဆုံးသူ(၃၇၃၉)ယောက်၊ ပျောက်ဆုံးသူ(၆၈)ယောက်နှင့် ဒဏ်ရာရသူ (၅၁၀၄)ယောက်ရှိ ကြောင်းသိရသည်။ နေအိမ်၊ အဆောက်အအုံနှင့် အခြားထိခိုက်ပျက်စီးမှုများအနေဖြင့် လူနေအိမ် (၅၁၂၁၀)လုံး၊ လမ်း လုပ်ငန်း (၄၃၁)ခု၊ တံတား (၁၀၃)စင်း၊ ရထားလမ်းပျက်စီးနေရာ (၈၃)နေရာနှင့် ရထားလမ်းတံတား (၁၁)စင်း၊ မိုဘိုင်းဆက်သွယ်ရေး စခန်း (၆၇၃၀)ခု၊ မဟာဓာတ်အားလိုင်း (၁၀) လိုင်း၊ ဓာတ်တိုင် (၃၄၃၅)တိုင်၊ ဆည်မြောင်း (၅၉၄) ခု၊ တာတမံ (၆) ခု၊ ဌာနအဆောက်အအုံ (၁၁၃၃၈) လုံး၊ ဆေးရုံ (၃၈၄)ရုံ ၊ ဆေးခန်း (၃၆၄) ခန်း၊ ရှေးဟောင်း အဆောက်အအုံနှင့် ပြတိုက်(၁၆၆) ခု၊ အခြေခံပညာကျောင်း (၂၄၀၉)ကျောင်း၊ အဆင့်မြင့် ပညာကျောင်း (၇၂)ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း (၉၀)၊ ဘုရားစေတီ (၆၄၆၉)ဆူ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် အခြားဘာသာရေး အဆောက် အအုံ(၅၅၈၈)ခု၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံ (၃၄၄) ခု၊ သီးနှံ (၇၈ ဒသမ ၅) ဧက၊ တိရစ္ဆာန် (၁၃၃၇၀ဝ)ကောင် ထိခိုက်ပျက်စီးခဲ့ ရကြောင်း တရားဝင်သတင်း ထုတ်ပြန်ချက်များတွင်ဖော်ပြထားသည်။ အထက်ပါ စာရင်းများအရ ဆုံးရှုံးမှုတန်ဖိုး ကျပ်ဘီလျံ လေးထောင် ဝန်းကျင်ခန့်ရှိကြောင်းလည်းသိရသည်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုမှာ အလွန်အမင်းများပြားနေ သောကြောင့် ဗဟိုဘဏ်၏ချေးငွေမှာလည်း အထိုက် အလျောက်များပြားနိုင်သည်။ ငလျင်ပြန်လည်ထူ ထောင်ရေးချေးငွေကို နေအိမ်နှင့် အဆောက်အအုံပြန် လည်တည်ဆောက်ရေးချေးငွေ(အတိုးနှုန်း ၃ %)အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများအတွက် လုပ်ငန်းလည်ပတ် ရင်းနှီးငွေ၊ စက်ပစ္စည်း၊ ရေ၊ မီး၊ ဆိုလာနှင့် ရင်းနှီး မြှုပ်နှံမှုချေးငွေ (အတိုးနှုန်း ၅ %)စက်ရုံလုပ်ငန်းကြီး များ ပြန်လည်ပြုပြင်ရေးနှင့် လည်ပတ်နိုင်ရေးချေးငွေ (အတိုးနှုန်း ၇ %)၊ နိုင်ငံပိုင်အခြေခံအဆောက်အအုံ များ တာဝန်ယူတည်ဆောက်နေသည့် ဆောက်လုပ် ရေးကုမ္ပဏီများအတွက် ယာယီချေးငွေ (အတိုးနှုန်း ၇ %) ဟုအသီးသီးသတ်မှတ်ထားသည်။ ထို့ကြောင့် ထိုက်သင့်သောချေးငွေများရရှိပါက စီးပွား‌ရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်မည့်အပြင် ဆောက်လုပ်ရေး လုပ်ငန်းများပါဖွံဖြိုးတိုးတက်လာနိုင်သည်။ ဗဟိုဘဏ်၏ ငလျင်ပြန်လည်ထူထောင်ရေး ချေးငွေသည် လာမည့်ပွင့်လင်း ရာသီအတွက် စီးပွား ရေးအပြောင်းအလဲများကိုယူဆောင်လာနိုင်မည်ဖြစ်သည်။
ခရီးသွားရာသီစတင်ချိန်တွင် ဧရာဝတီတိုင်းကဦးဆောင်နေ
ပွင့်လင်းရာသီရောက်ရှိလာသဖြင့် ပြည်တွင်း ပြည်ပခရီးသွားလာမှုများပြားလာပြီဖြစ်ရာ လတ်တ လောတွင် ဧရာဝတီတိုင်းဒေသကြီးရှိကမ်းခြေများမှာခရီးသွားလာရောက်မှုများပြားနေကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့အပါအဝင်ကမ်း ခြေများသို့ ယခုနှစ်(၉)လခွဲကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား (၁၀)သိန်းကျော် လာရောက်လည် ပတ်ခဲ့ကြောင်း တိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွား òန်ကြားမှုဦးစီး ဌာနမှသိရသည်။ (၂၀၂၅)ခုနှစ် ဇန်န ဝါရီလမှ အောက်တိုဘာလ (၁၅)ရက်အထိ (၉)လခွဲ အတွင်း ငွေဆောင်ကမ်းခြေသို့ (၂၄၇,၇၇၈)ဦး၊ ‌ချောင်းသာနှင့်ရွှေသောင်ယံသို့ (၂၀ဝ,၄၃၉)ဦးအပါအဝင် ပြည်တွင်း၊ ပြည်ပခရီးသွား (၁,ဝ၃၅,၄၄၈) ဦး ဝင်ရောက်တည်းခိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် တန်ဆောင်တိုင် ရုံးပိတ်ရက်ရှည်များအတွက် ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံ၌အပန်းဖြေရန် ဟိုတယ်နှင့် တည်းခိုရိပ်သာများရှိ အခန်းမှာ ယူမှု(၆၀)ရာခိုင်နှုန်းနှင့် အမျိုးသားနေ့နှင့် ပိတ်ရက် သုံးရက်တွင် အပန်းဖြေရန် (၇၀)ရာခိုင်နှုန်းအခန်းများ ကြိုတင်မှာယူ ထားမှုများရှိ နေကြောင်းသိရသည်။ ကုန်လွန်ခဲ့သည့် သီတင်းကျွတ်ရုံးပိတ်ရက်ရှည်ဖြစ်သော အောက်တိုဘာလ(၄)ရက်မှ (၇)ရက် အထိ လေးရက်တာကာလအတွင်း၌ ပုသိမ်မြို့သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွား (၄,၈၈၁)ဦး၊ ငွေဆောင်ကမ်းခြေသို့ (၁၆ယ၆၉၉)ဦး၊ ချောင်းသာကမ်းခြေသို့ (၁၅,၃၉၁) ဦးနှင့် ရွှေသောင်ယံကမ်းခြေသို့ (၆၈၀)ဦးတို့ဖြင့် စုစုပေါင်းခရီးသွား (၃၇၆၅၁)ဦးလာရောက်ခဲ့ကြောင်းလည်း တရားဝင်ထုတ်ပြန်ချက်များအရသိရသည်။ဧရာတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့ အပါအဝင် ငွေဆောင်၊ ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေများသို့ ပြည်တွင်း၊ ပြည်ပခရီးသွားဝင်ရောက်မှုသည် (၂၀၂၃)ခုနှစ်တွင် (၁၆)သိန်းကျော်၊ (၂၀၂၄)ခုနှစ်တွင် (၁၈)သိန်းကျော်ရှိခဲ့ပြီး ယခု (၂၀၂၅)ခုနှစ်မကုန်ခင်အထိ ခရီးသွား(၁၀)သိန်းကျော်ဝင်ရောက်ထားပြီး လက်ရှိတွင် ပွင့်လင်းခရီးသွားရာသီသို့ ဝင်ရောက်လာပြီဖြစ် သောကြောင့် ခရီးသွား ပိုမိုဝင်ရောက်လာရန် ဒေသခံခရီးသွားလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီး ဟို တယ်နှင့်ခရီးသွား òန်ကြားမှု ဦးစီးဌာနတို့မှ မျှော်မှန်း ထားကြောင်းသိရသည်။
ဧရာဝတီတိုင်းအပြင် အထက်မြန်မာပြည်ဘုရား ဖူးခရီးစဉ်များလည်း ပြန်လည်လုပ်ကိုင်လာကြပြီဖြစ် ရာ လက်ရှိပွင့်လင်းရာသီတွင် ပုဂံညောင်ဦးပုပ္ပားခရီး စဉ်များအတွက် ကြိုတင်ပြင်ဆင်မှုများပြားလာကြောင်း ခရီးသွား လုပ်ငန်းများမှသိရသည်။ လာမည့်ရက်အတွင်းကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်သို့ လာရောက်သူ များပြားနေပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ကြိုတင်ဘွတ်ကင်အပြည့်ဖြစ် နေကြောင်း၊ လုံးချင်းအိမ်များနှင့် ဘုန်းကြီးကျောင်းများသို့ ယာယီရက်တိုတည်းခိုရန်စီမံပေးနေရကြောင်း တောင်ကြီးမြို့ခံများထံမှသိရသည်။ လာမည့် နိုဝင် ဘာလ၊ ဒီဇင်ဘာလများသည် ပြည်တွင်းပြည်ပခရီးသွားရာသီဖြစ်သောကြောင့် ဒေသခံများအနေဖြင့် ခရီးသွား လုပ်ငန်းအပေါ်မူတည်ကာ အလုပ်အကိုင်ခွင့် အလမ်းများရရှိနိုင်မည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေဈးကြက္ သုံးသပ္ခ်က္
(ေဈးကြက္ သုံးသပ္ ေဆာင္းပါး)
ျပည့္ၿဖိဳး(NP News)- ေအာက္တိုဘာ ၂၇
(ေအာက္တိုဘာလ(၁၅)ရက္မွ(၂၁)ရက္အထိ)

ယခုတစ္ပတ္အတြင္း ကမာၻ႔ေ႐ႊေဈးသည္ ေအာက္တိုဘာလ(၁၇)ရက္တြင္ အနည္းငယ္က်ရိပ္ျပ ေနရာမွ ျပန္လည္ျမင့္တက္လာခဲ့ၿပီး လက္ရွိ ေအာက္တိုဘာ(၂၁)ရက္တြင္ ေ႐ႊတစ္ေအာင္စလွ်င္ စံခ်ိန္တင္ ေဈးႏႈန္းျဖစ္ေသာ (၄၃၄၅)ေဒၚလာသို႔ ေရာက္ရွိေနသည္။ ကမာၻ႔ေ႐ႊေဈးေၾကာင့္ ျပည္တြင္းေ႐ႊေဈးမ်ား လည္း လိုက္ပါျမင့္တက္ေနရာ အေခါက္ေ႐ႊတစ္က်ပ္ သားလွ်င္ (၈၈)သိန္းက်ပ္အထိေပါက္ေဈးျဖစ္ေပၚေနသည္။ ျပင္ပေ႐ႊေဈးကိုသာ ေဈးကြက္ အတြင္း အေရာင္းအဝယ္အဓိကျပဳလုပ္ၾကၿပီး ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း၏ ရည္òန္းသတ္မွတ္ေဈးမွာ သိန္း(၆၀)ဝန္းက်င္သာရွိေသာေၾကာင့္ အေရာင္းအဝယ္ျပဳလုပ္သူမရွိေပ။ သတ္မွတ္ရည္òန္းေဈးႏွင့္ ေဈးကြက္ ေပါက္ေဈးတို႔မွာ (၂၈)သိန္းဝန္းက်င္ကြာျခားေနရာ ေ႐ႊဝယ္ယူသူမ်ားအေနျဖင့္ ေရာင္းမွား ဝယ္မွားမျဖစ္ ေစရန္သတိ ထားသင့္ေၾကာင္း ဝါရင့္ေ႐ႊ ကုန္သည္မ်ားကေျပာသည္။ ႏိုင္ငံတကာေ႐ႊေဈးကြက္သည္ အေမရိကန္ႏိုင္ငံ၏ စီးပြားေရးမူဝါဒမ်ားေပၚ တြင္မူတည္ကာ ေဈးႏႈန္းမ်ားျမင့္တက္ေနျခင္းျဖစ္ၿပီး လာမည့္ရက္မ်ားအတြင္း ‌ကမာၻ႔ေ႐ႊေဈးမွာ ဆက္ တက္ႏိုင္ေၾကာင္း ခန႔္မွန္းခ်က္မ်ားထြက္ေပၚေနသည္။ ယခုတစ္ပတ္အတြင္းထူးျခားခ်က္အေနျဖင့္ ငလ်င္ ေဘးသင့္ေဒသမ်ားအတြက္ ဗဟိုဘဏ္မွေခ်းေငြမ်ား ထုတ္ေခ်းမည္ဟူေသာ ထုတ္ျပန္ခ်က္ထြက္ေပၚလာ ျခင္းျဖစ္သည္။ ငလ်င္ေဘးျပန္လည္ထူေထာင္ရန္ ေခ်းေငြမ်ားကို ကာလတို၊ ကာလလတ္ျဖင့္ထုတ္ေခ်း ေပးျခင္းျဖစ္ရာ ငလ်င္ ေဘးသင့္ျပည္သူမ်ားအတြက္ လုံေလာက္မႈရွိမရွိကို ဆက္လက္ေစာင့္ၾကည့္ရမည္ ျဖစ္သည္။ ေခ်းေငြထုတ္ေပးခ်ိန္သည္ ငလ်င္ေဘးသင့္ ၿပီး ခုနစ္လေက်ာ္ၾကာခ်ိန္မွ ေခ်းေငြမ်ားထုတ္ေခ်းျခင္း ျဖစ္ေသာေၾကာင့္ အခ်ိဳ႕ေသာျပည္သူမ်ားအတြက္ အ ေဆာက္အအုံမ်ားျပန္လည္ေဆာက္လုပ္ေနၿပီျဖစ္ ေၾကာင္းလည္းသိရသည္။
ေခ်းေငြအမ်ိဳးအစားကိုလည္း အေျခခံအိမ္အေဆာက္အအုံမ်ားေဆာက္လုပ္ရန္၊ MSME လုပ္ငန္း မ်ားရင္း ႏွီးျမႇဳပ္ႏွံရန္၊ စက္႐ုံမ်ားျပန္လည္လည္ပတ္ရန္ႏွင့္ ႏိုင္ငံပိုင္အေျခခံအေဆာက္အအုံမ်ား ျပန္လည္တည္ ေဆာက္ရန္ဟူ၍ ေလးမ်ိဳးခြဲျခားသတ္မွတ္ထားသည္။ ငလ်င္ေဘးသင့္ေဒသမ်ားအတြက္ျပန္လည္ထူေထာင္ ေရးေခ်းေငြမ်ားမွာ မည့္မွ် အက်ိဳးသက္ေရာက္မႈရွိသည္ကို ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။ လက္ရွိတြင္ ပြင့္လင္းရာသီ ခရီးသြား ကာလမ်ားေရာက္ ရွိလာၿပီျဖစ္ရာ ျပည္တြင္းျပည္ပခရီးသြားမ်ား လည္ပတ္မႈျမင့္တက္ေနေၾကာင္း ခရီးသြားလုပ္ ငန္းရွင္မ်ား ထံမွသိရသည္။
ျပည္တြင္းျပည္ပခရီးသြားအမ်ားဆုံးျဖစ္ေသာ ဧရာဝတီတိုင္းရွိ ေခ်ာင္းသာ၊ ေငြေဆာင္ ကမ္းေျခမ်ားတြင္ ယခုလအတြင္း ခရီးသြားဦးေရေသာင္းႏွင့္ခ်ီ၍ ဝင္ေရာက္ခဲ့ေၾကာင္းသိရသည္။ အထက္ျမန္မာျပည္ ခရီးစဥ္မ်ားျဖစ္သည့္ ပုဂံေညာင္ဦး၊ ပုပၸားခရီးစဥ္မ်ား သည္လည္း ယခုရက္ပိုင္းအတြင္း ျပန္လည္ျမင့္တက္ လာေၾကာင္းသိရသည္။ ထို႔အတူ မၾကာခင္က်င္းပမည့္ ေတာင္ႀကီးတန္ေဆာင္တိုင္မီးပုံးပ်ံပြဲသည္လည္း အနယ္နယ္အရပ္ရပ္မွခရီးသြားမ်ား လာေရာက္မႈ ျမင့္ တက္ေနေသာေၾကာင့္ ဟိုတယ္အခန္းမ်ား ႀကိဳတင္ဘြတ္ကင္ကုန္သည္အထိ ျဖစ္ေပၚေနေၾကာင္းသိရ သည္။ လက္ရွိ ပြင့္လင္းရာသီသည္ ယခင္ႏွစ္ထက္ ႏွစ္ဆနီးပါး ခရီးသြားလာမႈမ်ားျပားႏိုင္ေၾကာင္း ခရီး သြားလုပ္ငန္းရွင္မ်ားထံမွသိရ သည္။
ဆက္တိုက္ စံခ်ိန္တင္ျမင့္တက္ေနသည့္ ကမာၻ႔ေ႐ႊေဈး
အေမရိကန္ႏိုင္ငံ ဗဟိုဘဏ္မွ အတိုးႏႈန္းမ်ား ဆက္လက္ခ်ေပးမည္ဟုသတင္းမ်ားထြက္ေပၚေနရာ ကမာၻ႔ေဈး ကြက္အတြင္း ေ႐ႊဝယ္လိုအားမွာ ဆက္ တိုက္ျမင့္မားလ်က္ရွိသည္။ ထို႔ျပင္ အေမရိကန္ႏိုင္ငံက ကုန္သြယ္ေရးအတြက္ အခြန္မ်ားတိုးျမင့္ေကာက္ခံမႈစတင္ေနၿပီျဖစ္ရာ တစ္ကမာၻလုံးအတိုင္းအတာျဖင့္ အက်ိဳးသက္ေရာက္မႈ မ်ားျဖစ္ေပၚေန သည္။ ႏိုင္ငံအ မ်ားစုတြင္ အေမရိကန္ေဒၚလာကို အရန္ေငြထား ရွိ သည့္အေျခအေနမွ ေ႐ႊကို ေျပာင္းလဲစုေဆာင္းသည့္ အတြက္ ကမာၻ႔ေ႐ႊေဈးမွာ သမိုင္းတစ္ေလွ်ာက္ အျမင့္ ဆုံးေဈးႏႈန္းမ်ားျဖစ္ေပၚေနသည္။ ေ႐ႊတစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၄၃၄၅)‌ေဒၚလာအထိျမင့္တက္ေနဆဲျဖစ္ရာ စက္တင္ဘာ၊ ေအာက္တိုဘာ ႏွစ္လခန႔္ ဆက္တိုက္ေဈး ျမင့္တက္ေနခဲ့ျခင္းျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးသည္ လက္ရွိ ေအာက္တိုဘာလ (၁၇)ရက္တြင္ အနည္းငယ္ က်ရိပ္ျပခဲ့ၿပီး ေနာက္ရက္မ်ားတြင္ ျပန္လည္ျမင့္တက္ လာျခင္းျဖစ္သည္။ ႏိုင္ငံတကာမွ ေ႐ႊေဈးကြက္ကြၽမ္း က်င္သူမ်ား၏သုံးသပ္ခ်က္အရ ယခု (၂၀၂၅)ခုႏွစ္ ႏွစ္ကုန္ကာလတြင္ ေ႐ႊတစ္ေအာင္စလွ်င္ ေဒၚလာ (၅၀ဝဝ)အထိျမင့္တက္ႏိုင္ေၾကာင္း ခန႔္မွန္းခ်က္မ်ား လည္းထြက္ေပၚေနသည္။ ႏိုင္ငံတကာေ႐ႊေဈးေၾကာင့္ ျပည္တြင္း‌ ေ႐ႊေဈးမ်ားလည္းျမင့္တက္ခဲ့ၿပီး လတ္တေလာတြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၈၈)သိန္းေက်ာ္အထိ ေပါက္ေဈး ျဖစ္ေပၚေနသည္။ အေခါက္ေ႐ႊေဈးမွာ တစ္ပတ္အတြင္း သုံးသိန္းေက်ာ္ ခန႔္အထိျမင့္တက္ခဲ့ျခင္းျဖစ္ၿပီး ေဈးကြက္ အတြင္း၌ အဖမ္းအဆီးရွိႏိုင္ေၾကာင္းသတင္းမ်ားထြက္ေပၚခဲ့သည္။ ထိုသို႔ သတင္းမ်ားထြက္လာၿပီးခ်ိန္တြင္ ရန္ ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ကို အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာနမွ ေခၚယူေမးျမန္းမႈမ်ားရွိခဲ့ေၾကာင္း ေဈးကြက္ အတြင္းမွသိရသည္။ လက္ရွိအေျခအေနအရ ကမာၻ႔ေ႐ႊေဈးသည္ ဆက္လက္ျမင့္တက္ႏိုင္ေသာေၾကာင့္ ျပည္တြင္း ေ႐ႊ ေဈးသည္လည္း အထိုက္အေလ်ာက္လိုက္ပါျမင့္တက္ႏိုင္သည္။ ျပည္တြင္း အေမရိကန္ေဒၚလာေဈးမွာ တစ္ေဒၚလာ လွ်င္(၄၀၈၅)က်ပ္ဝန္းက်င္ျဖင့္ တည္ၿငိမ္ေနေသာေၾကာင့္ ‌ေ႐ႊေဈးမ်ား ျမင့္တက္မႈေႏွးေကြး ေနျခင္းျဖစ္သည္။ ကမာၻ႔ေ႐ႊ ေဈးအေျခအေနအရ တစ္ပတ္လွ်င္ ေဒၚလာတစ္ရာဝန္းက်င္ခန႔္ျမင့္တက္ ေနဆဲျဖစ္ရာ ျပည္တြင္းေ႐ႊေဈးမွာ က်ဆင္းႏိုင္ဖြယ္မရွိေပ။ ျပည္တြင္းေငြလဲေဈးကြက္အတြင္းတြင္ အေမရိကန္တစ္ေဒၚလာလွ်င္ (၄၀၈၅)က်ပ္၊ တ႐ုတ္ တစ္ယြမ္လွ်င္(၅၆၉)က်ပ္၊ ထိုင္းတစ္ဘတ္လွ်င္(၁၂၄)က်ပ္ႏွင့္ အိႏၵိယတစ္႐ူပီးလွ်င္(၄၅)က်ပ္ အသီးသီး ေပါက္ေဈး ရွိေၾကာင္း သိရသည္။ ျပည္တြင္းေ႐ႊေဈး မ်ားျမင့္တက္ေနေသာ္လည္း ႏိုင္ငံျခားေငြလဲေဈးႏႈန္း မ်ားတည္ၿငိမ္ေနရာ ျပည္ပမွတင္သြင္းေသာ စက္သုံးဆီႏွင့္ စားအုန္းဆီေဈးမ်ားလည္း အထိုက္အေလ်ာက္ ေဈးသက္သာစြာျဖင့္ ေရာင္းဝယ္ ေနၾကသည္။ လာ မည့္ရက္ပိုင္းအတြင္း ကမာၻ႔ေ႐ႊေဈးမွာ အတက္ဘက္ သို႔ဦးတည္ေနႏိုင္သည္။

ငလ်င္ဒဏ္သင့္ေဒသ ျပန္လည္ထူေထာင္ေရးေခ်းေငြ
ယခုတစ္ပတ္အတြင္းထူးျခားခ်က္အေနျဖင့္ ငလ်င္ေဘးသင့္ေဒသမ်ားရွိ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ျပည္သူမ်ား သည္ ငလ်င္ေဘးျပန္လည္ထူေထာင္ေရး ေခ်းေငြမ်ားေလွ်ာက္ထားႏိုင္ၿပီဟု ျမန္မာႏိုင္ငံဗဟို ဘဏ္ကထုတ္ျပန္ေၾကညာ ခဲ့သည္။ ေခ်းေငြပမာဏမည္မွ်ေပးအပ္မည္ကိုေၾကညာျခင္းမရွိေသာ္လည္း သုံးႏွစ္၊ ငါးႏွစ္ ကာလမ်ားသတ္မွတ္ၿပီး ေခ်းေငြထုတ္ ေပးမည္ျဖစ္ရာ ငလ်င္ကာလအလြန္ ျပန္လည္ထူေထာင္ေရးအတြက္ အက်ိဳးေက်းဇူးမ်ားျပားႏိုင္သည္။ လက္ရွိကာလသည္ ပြင့္လင္းရာသီေရာက္ရွိလာၿပီး ေဆာက္လုပ္ေရးလုပ္ငန္းမ်ားျပန္လည္စတင္ေနခ်ိန္ ျဖစ္ေသာ ေၾကာင့္ ငလ်င္ေဘးျပန္လည္ထူေထာင္ေရး ေခ်းေငြမ်ားျဖင့္ ဆုံး႐ူံးခဲ့ရေသာ ေနအိမ္၊ တိုက္တာ၊ အေဆာက္အအုံႏွင့္ စီးပြားေရးလုပ္ငန္းမ်ားကို ျပန္လည္ထူေထာင္ႏိုင္မည္ျဖစ္သည္။ သို႔ေသာ္လည္း ငလ်င္ျဖစ္ပြားမႈမွာ ခုနစ္လေက်ာ္ ၾကာျမင့္ခ်ိန္မွ ေခ်းေငြခ် ေပးျခင္းေၾကာင့္ အခ်ိဳ႕ေသာငလ်င္ေဘးသင့္ျပည္သူ မ်ားမွာ ေနအိမ္မ်ား ျပန္လည္ေဆာက္လုပ္ ေနထိုင္ၿပီး ျဖစ္ေၾကာင္းသိရသည္။
ငလ်င္ႀကီးေၾကာင့္ ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္(၁၀)ခုမွာရွိေသာ လူဦးေရ ငါးသိန္းေက်ာ္ ေဘးသင့္ခဲ့ၿပီး ေသဆုံးသူ(၃၇၃၉)ေယာက္၊ ေပ်ာက္ဆုံးသူ(၆၈)ေယာက္ႏွင့္ ဒဏ္ရာရသူ (၅၁၀၄)ေယာက္ရွိ ေၾကာင္းသိရသည္။ ေနအိမ္၊ အေဆာက္အအုံႏွင့္ အျခားထိခိုက္ပ်က္စီးမႈမ်ားအေနျဖင့္ လူေနအိမ္ (၅၁၂၁၀)လုံး၊ လမ္း လုပ္ငန္း (၄၃၁)ခု၊ တံတား (၁၀၃)စင္း၊ ရထားလမ္းပ်က္စီးေနရာ (၈၃)ေနရာႏွင့္ ရထားလမ္းတံတား (၁၁)စင္း၊ မိုဘိုင္းဆက္သြယ္ေရး စခန္း (၆၇၃၀)ခု၊ မဟာဓာတ္အားလိုင္း (၁၀) လိုင္း၊ ဓာတ္တိုင္ (၃၄၃၅)တိုင္၊ ဆည္ေျမာင္း (၅၉၄) ခု၊ တာတမံ (၆) ခု၊ ဌာနအေဆာက္အအုံ (၁၁၃၃၈) လုံး၊ ေဆး႐ုံ (၃၈၄)႐ုံ ၊ ေဆးခန္း (၃၆၄) ခန္း၊ ေရွးေဟာင္း အေဆာက္အအုံႏွင့္ ျပတိုက္(၁၆၆) ခု၊ အေျခခံပညာေက်ာင္း (၂၄၀၉)ေက်ာင္း၊ အဆင့္ျမင့္ ပညာေက်ာင္း (၇၂)ေက်ာင္း၊ ပုဂၢလိကစာသင္ေက်ာင္း (၉၀)၊ ဘုရားေစတီ (၆၄၆၉)ဆူ၊ ဘုန္းႀကီးေက်ာင္း၊ သီလရွင္ေက်ာင္းႏွင့္ အျခားဘာသာေရး အေဆာက္ အအုံ(၅၅၈၈)ခု၊ ပုဂၢလိက စက္႐ုံ/အလုပ္႐ုံ (၃၄၄) ခု၊ သီးႏွံ (၇၈ ဒသမ ၅) ဧက၊ တိရစာၦန္ (၁၃၃၇၀ဝ)ေကာင္ ထိခိုက္ပ်က္စီးခဲ့ ရေၾကာင္း တရားဝင္သတင္း ထုတ္ျပန္ခ်က္မ်ားတြင္ေဖာ္ျပထားသည္။ အထက္ပါ စာရင္းမ်ားအရ ဆုံးရႈံးမႈတန္ဖိုး က်ပ္ဘီလ်ံ ေလးေထာင္ ဝန္းက်င္ခန႔္ရွိေၾကာင္းလည္းသိရသည္။ ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးဆုံးရႈံးမႈမွာ အလြန္အမင္းမ်ားျပားေန ေသာေၾကာင့္ ဗဟိုဘဏ္၏ေခ်းေငြမွာလည္း အထိုက္ အေလ်ာက္မ်ားျပားႏိုင္သည္။ ငလ်င္ျပန္လည္ထူ ေထာင္ေရးေခ်းေငြကို ေနအိမ္ႏွင့္ အေဆာက္အအုံျပန္ လည္တည္ေဆာက္ေရးေခ်းေငြ(အတိုးႏႈန္း ၃ %)အေသးစား၊ အငယ္စားႏွင့္ အလတ္စားစီးပြားေရး (MSMEs) လုပ္ငန္းမ်ားအတြက္ လုပ္ငန္းလည္ပတ္ ရင္းႏွီးေငြ၊ စက္ပစၥည္း၊ ေရ၊ မီး၊ ဆိုလာႏွင့္ ရင္းႏွီး ျမႇဳပ္ႏွံမႈေခ်းေငြ (အတိုးႏႈန္း ၅ %)စက္႐ုံလုပ္ငန္းႀကီး မ်ား ျပန္လည္ျပဳျပင္ေရးႏွင့္ လည္ပတ္ႏိုင္ေရးေခ်းေငြ (အတိုးႏႈန္း ၇ %)၊ ႏိုင္ငံပိုင္အေျခခံအေဆာက္အအုံ မ်ား တာဝန္ယူတည္ေဆာက္ေနသည့္ ေဆာက္လုပ္ ေရးကုမၸဏီမ်ားအတြက္ ယာယီေခ်းေငြ (အတိုးႏႈန္း ၇ %) ဟုအသီးသီးသတ္မွတ္ထားသည္။ ထို႔ေၾကာင့္ ထိုက္သင့္ေသာေခ်းေငြမ်ားရရွိပါက စီးပြား‌ေရးလုပ္ငန္းမ်ား အျမန္ဆုံးျပန္လည္လည္ပတ္ႏိုင္မည့္အျပင္ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားပါဖြံၿဖိဳးတိုးတက္လာႏိုင္သည္။ ဗဟိုဘဏ္၏ ငလ်င္ျပန္လည္ထူေထာင္ေရး ေခ်းေငြသည္ လာမည့္ပြင့္လင္း ရာသီအတြက္ စီးပြား ေရးအေျပာင္းအလဲမ်ားကိုယူေဆာင္လာႏိုင္မည္ျဖစ္သည္။
ခရီးသြားရာသီစတင္ခ်ိန္တြင္ ဧရာဝတီတိုင္းကဦးေဆာင္ေန
ပြင့္လင္းရာသီေရာက္ရွိလာသျဖင့္ ျပည္တြင္း ျပည္ပခရီးသြားလာမႈမ်ားျပားလာၿပီျဖစ္ရာ လတ္တ ေလာတြင္ ဧရာဝတီတိုင္းေဒသႀကီးရွိကမ္းေျခမ်ားမွာခရီးသြားလာေရာက္မႈမ်ားျပားေနေၾကာင္းသိရသည္။
ဧရာဝတီတိုင္းေဒသႀကီးရွိ ပုသိမ္ၿမိဳ႕အပါအဝင္ကမ္း ေျခမ်ားသို႔ ယခုႏွစ္(၉)လခြဲကာလအတြင္း ျပည္တြင္း၊ ျပည္ပခရီးသြား (၁၀)သိန္းေက်ာ္ လာေရာက္လည္ ပတ္ခဲ့ေၾကာင္း တိုင္းေဒသႀကီးဟိုတယ္ႏွင့္ ခရီးသြား òန္ၾကားမႈဦးစီး ဌာနမွသိရသည္။ (၂၀၂၅)ခုႏွစ္ ဇန္န ဝါရီလမွ ေအာက္တိုဘာလ (၁၅)ရက္အထိ (၉)လခြဲ အတြင္း ေငြေဆာင္ကမ္းေျခသို႔ (၂၄၇,၇၇၈)ဦး၊ ‌ေခ်ာင္းသာႏွင့္ေ႐ႊေသာင္ယံသို႔ (၂၀ဝ,၄၃၉)ဦးအပါအဝင္ ျပည္တြင္း၊ ျပည္ပခရီးသြား (၁,ဝ၃၅,၄၄၈) ဦး ဝင္ေရာက္တည္းခိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ လက္ရွိတြင္ တန္ေဆာင္တိုင္ ႐ုံးပိတ္ရက္ရွည္မ်ားအတြက္ ေငြေဆာင္၊ ေခ်ာင္းသာႏွင့္ ေ႐ႊေသာင္ယံ၌အပန္းေျဖရန္ ဟိုတယ္ႏွင့္ တည္းခိုရိပ္သာမ်ားရွိ အခန္းမွာ ယူမႈ(၆၀)ရာခိုင္ႏႈန္းႏွင့္ အမ်ိဳးသားေန႔ႏွင့္ ပိတ္ရက္ သုံးရက္တြင္ အပန္းေျဖရန္ (၇၀)ရာခိုင္ႏႈန္းအခန္းမ်ား ႀကိဳတင္မွာယူ ထားမႈမ်ားရွိ ေနေၾကာင္းသိရသည္။ ကုန္လြန္ခဲ့သည့္ သီတင္းကြၽတ္႐ုံးပိတ္ရက္ရွည္ျဖစ္ေသာ ေအာက္တိုဘာလ(၄)ရက္မွ (၇)ရက္ အထိ ေလးရက္တာကာလအတြင္း၌ ပုသိမ္ၿမိဳ႕သို႔ ျပည္တြင္း၊ ျပည္ပ ခရီးသြား (၄,၈၈၁)ဦး၊ ေငြေဆာင္ကမ္းေျခသို႔ (၁၆ယ၆၉၉)ဦး၊ ေခ်ာင္းသာကမ္းေျခသို႔ (၁၅,၃၉၁) ဦးႏွင့္ ေ႐ႊေသာင္ယံကမ္းေျခသို႔ (၆၈၀)ဦးတို႔ျဖင့္ စုစုေပါင္းခရီးသြား (၃၇၆၅၁)ဦးလာေရာက္ခဲ့ေၾကာင္းလည္း တရားဝင္ထုတ္ျပန္ခ်က္မ်ားအရသိရသည္။ဧရာတီတိုင္းေဒသႀကီးရွိ ပုသိမ္ၿမိဳ႕ အပါအဝင္ ေငြေဆာင္၊ ေခ်ာင္းသာႏွင့္ ေ႐ႊေသာင္ယံကမ္းေျခမ်ားသို႔ ျပည္တြင္း၊ ျပည္ပခရီးသြားဝင္ေရာက္မႈသည္ (၂၀၂၃)ခုႏွစ္တြင္ (၁၆)သိန္းေက်ာ္၊ (၂၀၂၄)ခုႏွစ္တြင္ (၁၈)သိန္းေက်ာ္ရွိခဲ့ၿပီး ယခု (၂၀၂၅)ခုႏွစ္မကုန္ခင္အထိ ခရီးသြား(၁၀)သိန္းေက်ာ္ဝင္ေရာက္ထားၿပီး လက္ရွိတြင္ ပြင့္လင္းခရီးသြားရာသီသို႔ ဝင္ေရာက္လာၿပီျဖစ္ ေသာေၾကာင့္ ခရီးသြား ပိုမိုဝင္ေရာက္လာရန္ ေဒသခံခရီးသြားလုပ္ငန္းရွင္မ်ားႏွင့္ တိုင္းေဒသႀကီး ဟို တယ္ႏွင့္ခရီးသြား òန္ၾကားမႈ ဦးစီးဌာနတို႔မွ ေမွ်ာ္မွန္း ထားေၾကာင္းသိရသည္။
ဧရာဝတီတိုင္းအျပင္ အထက္ျမန္မာျပည္ဘုရား ဖူးခရီးစဥ္မ်ားလည္း ျပန္လည္လုပ္ကိုင္လာၾကၿပီျဖစ္ ရာ လက္ရွိပြင့္လင္းရာသီတြင္ ပုဂံေညာင္ဦးပုပၸားခရီး စဥ္မ်ားအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ားျပားလာေၾကာင္း ခရီးသြား လုပ္ငန္းမ်ားမွသိရသည္။ လာမည့္ရက္အတြင္းက်င္းပမည့္ ေတာင္ႀကီးတန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္သို႔ လာေရာက္သူ မ်ားျပားေနၿပီး ဟိုတယ္ႏွင့္ တည္းခိုရိပ္သာမ်ားတြင္ ႀကိဳတင္ဘြတ္ကင္အျပည့္ျဖစ္ ေနေၾကာင္း၊ လုံးခ်င္းအိမ္မ်ားႏွင့္ ဘုန္းႀကီးေက်ာင္းမ်ားသို႔ ယာယီရက္တိုတည္းခိုရန္စီမံေပးေနရေၾကာင္း ေတာင္ႀကီးၿမိဳ႕ခံမ်ားထံမွသိရသည္။ လာမည့္ ႏိုဝင္ ဘာလ၊ ဒီဇင္ဘာလမ်ားသည္ ျပည္တြင္းျပည္ပခရီးသြားရာသီျဖစ္ေသာေၾကာင့္ ေဒသခံမ်ားအေနျဖင့္ ခရီးသြား လုပ္ငန္းအေပၚမူတည္ကာ အလုပ္အကိုင္ခြင့္ အလမ္းမ်ားရရွိႏိုင္မည္ျဖစ္သည္။

Related news

© 2021. All rights reserved.