လူငယ်များအကြား ပြည်ပထွက်ခွာမှုမြင့်မားနေသော်လည်း ယခင်ကမွေးနှုန်းမြင့်မားခဲ့သည့်အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင်သည့်လူငယ်ဦးရေများပြားနေဆဲ

 200

သက်ပိုင်(NP News) - အောက်တိုဘာ ၂၇
မြန်မာနိုင်ငံအတွင်း လူငယ်များအကြား ပြည်ပထွက်ခွာမှုမြင့်မားနေသော်လည်း ယခင်က မွေးဖွားနှုန်းမြင့်မားခဲ့ သည့်အကျိုးဆက်ကြောင့် အလုပ်လုပ်ကိုင်နိုင်သည့် လူငယ်ဦးရေမှာ များပြားနေဆဲဖြစ်ကြောင်း ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (အောက်တိုဘာလ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ Myanmar Convection Center (1) တွင် ပြုလုပ်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့နိုင်ငံရဲ့ လူငယ်တွေအကြားမှာ ပြည်ပရွေ့ပြောင်းသွားလာမှုတွေ မြင့်မားနေပေမယ့် တစ်ချိန်ကမွေးနှုန်းမြင့်မားခဲ့တဲ့ အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ်တွေဦးရေကလည်း လက်ရှိအချိန်မှာ များပြားနေဆဲ ဖြစ်ပါတယ်။တနည်းအားဖြင့် လူဦးရေဆုလဒ် ရရှိနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ဒါကြောင့်ဖြစ်လို့ လူဦးရေဆုလဒ် ရရှိနေတဲ့ အချိန်ကာလမကုန်ဆုံးမီ ဒီလူငယ်တွေကို နိုင်ငံတော် ဖွ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ မှန်ကန်ထိရောက်စွာ အကျိုးရှိရှိ ဆောင်ရွက်နိုင်ရန်စီမံပေးဖို့လည်း အရေးကြွးပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီးက ညွှန်ကြားခဲ့သည်။
ထို့ပြင် ကမ္ဘာ့နိုင်ငံအများအပြားတွင် လူငယ်များကို ပြုစုပျိုးထောင်ကာ နိုင်ငံ၏ မောင်းနှင်အားအဖြစ်အသုံးပြုမှုများကို တွေ့မြင်နေရပြီး မိမိတို့အနေဖြင့်လည်း လူငယ်များကို အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံသင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။
"ကမ္ဘာ့နိုင်ငံတော်တော်များများမှာ လူငယ်တွေကို ပြုစုပျိုးထောင်ပေးပြီး အခွင့်အလမ်းတွေ ၊ မျှော်လင့်ချက်တွေ ဖန်တီးပေးတဲ့အခါမှာ သူတို့တွေဟာ နိုင်ငံရဲ့ မောင်းနှင်အား ဖြစ်လာတာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ဒီနေ့ ကျွန်တော်တို့ လူငယ်တွေကို အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ပေးခြင်းဖြင့် မနက်ဖြန်မှာ လူဦးရေ ဆုလဒ်ရဲ့ ကောင်းကျိုးတွေကိုလည်း ဖမ်းဆုပ်နိုင်မှာလည်း ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီးက ထပ်လောင်း ပြောကြားခဲ့သည်။

Zawgyi Version:
လူငယ္မ်ားအၾကား ျပည္ပထြက္ခြာမႈျမင့္မားေနေသာ္လည္း ယခင္ကေမြးႏႈန္းျမင့္မားခဲ့သည့္အက်ိဳးဆက္ေၾကာင့္ အလုပ္လုပ္ႏိုင္သည့္လူငယ္ဦးေရမ်ားျပားေနဆဲ
သက္ပိုင္(NP News) - ေအာက္တိုဘာ ၂၇
ျမန္မာႏိုင္ငံအတြင္း လူငယ္မ်ားအၾကား ျပည္ပထြက္ခြာမႈျမင့္မားေနေသာ္လည္း ယခင္က ေမြးဖြားႏႈန္းျမင့္မားခဲ့ သည့္အက်ိဳးဆက္ေၾကာင့္ အလုပ္လုပ္ကိုင္ႏိုင္သည့္ လူငယ္ဦးေရမွာ မ်ားျပားေနဆဲျဖစ္ေၾကာင္း ယာယီ သမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာင္စီ ဥကၠဌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားသည္။
ယေန႔ (ေအာက္တိုဘာလ ၂၇ ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ Myanmar Convection Center (1) တြင္ ျပဳလုပ္သည့္ ၂၀၂၄ ခုႏွစ္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္း ျပည္ေထာင္စုအစီရင္ခံစာ ထုတ္ျပန္ျခင္း အခမ္းအနားတြင္ ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာၾကားခဲ့ျခင္းျဖစ္သည္။
"ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ လူငယ္ေတြအၾကားမွာ ျပည္ပေ႐ြ႕ေျပာင္းသြားလာမႈေတြ ျမင့္မားေနေပမယ့္ တစ္ခ်ိန္ကေမြးႏႈန္းျမင့္မားခဲ့တဲ့ အက်ိဳးဆက္ေၾကာင့္ အလုပ္လုပ္ႏိုင္တဲ့ လူငယ္လူ႐ြယ္ေတြဦးေရကလည္း လက္ရွိအခ်ိန္မွာ မ်ားျပားေနဆဲ ျဖစ္ပါတယ္။တနည္းအားျဖင့္ လူဦးေရဆုလဒ္ ရရွိေနတဲ့ ကာလလည္း ျဖစ္ပါတယ္။ဒါေၾကာင့္ျဖစ္လို႔ လူဦးေရဆုလဒ္ ရရွိေနတဲ့ အခ်ိန္ကာလမကုန္ဆုံးမီ ဒီလူငယ္ေတြကို ႏိုင္ငံေတာ္ ဖြ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းေတြမွာ မွန္ကန္ထိေရာက္စြာ အက်ိဳးရွိရွိ ေဆာင္႐ြက္ႏိုင္ရန္စီမံေပးဖို႔လည္း အေရးႂကြးပါတယ္" ဟု ဗိုလ္ခ်ဳပ္မႉးႀကီးက ၫႊန္ၾကားခဲ့သည္။
ထို႔ျပင္ ကမာၻ႔ႏိုင္ငံအမ်ားအျပားတြင္ လူငယ္မ်ားကို ျပဳစုပ်ိဳးေထာင္ကာ ႏိုင္ငံ၏ ေမာင္းႏွင္အားအျဖစ္အသုံးျပဳမႈမ်ားကို ေတြ႕ျမင္ေနရၿပီး မိမိတို႔အေနျဖင့္လည္း လူငယ္မ်ားကို အက်ိဳးရွိရွိ ရင္းႏွီးျမႇဳပ္ႏွံသင့္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးက ဆိုသည္။
"ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ လူငယ္ေတြကို ျပဳစုပ်ိဳးေထာင္ေပးၿပီး အခြင့္အလမ္းေတြ ၊ ေမွ်ာ္လင့္ခ်က္ေတြ ဖန္တီးေပးတဲ့အခါမွာ သူတို႔ေတြဟာ ႏိုင္ငံရဲ႕ ေမာင္းႏွင္အား ျဖစ္လာတာကိုလည္း ေတြ႕ရွိရမွာ ျဖစ္ပါတယ္။ဒီေန႔ ကြၽန္ေတာ္တို႔ လူငယ္ေတြကို အက်ိဳးရွိရွိ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ကိုင္ေပးျခင္းျဖင့္ မနက္ျဖန္မွာ လူဦးေရ ဆုလဒ္ရဲ႕ ေကာင္းက်ိဳးေတြကိုလည္း ဖမ္းဆုပ္ႏိုင္မွာလည္း ျဖစ္ပါတယ္" ဟု ဗိုလ္ခ်ဳပ္မႉးႀကီးက ထပ္ေလာင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.