ဘာကီနာဖာဆိုတွင် စစ်အုပ်ချုပ်ရေးကို ငါးနှစ်သက်တမ်းတိုး

 629

ALynn (NP News) - မေ ၂၇

အမျိုးသားအဆင့် ဆွေးနွေးပွဲများပြီးဆုံးပြီးနောက် ဘူကီနာဖာဆို၏ စစ်ခေါင်းဆောင်များ သည် ဇူလိုင်လမှစပြီး လပေါင်း ၆၀ အထိ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို သက်တမ်းတိုးသွားမည်ဖြစ်သည့်အတွက် နောက်ထပ်ငါးနှစ်ကြာအထိ အာဏာကို ဆက်လက်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း အတည်ပြုထားသော ပဋိညာဉ်စာတမ်းသစ်ပါ ဖော်ပြချက်များအရ သိရသည်။

"အကူးအပြောင်းကာလကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်မှစ၍ လပေါင်း ၆၀ အထိ သတ်မှတ် ထားကြောင်း” အမျိုးသားညီလာခံ လုပ်ငန်းစဉ်ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ Colonel Moussa Diallo က ဆွေးနွေးပွဲအပြီး စနေနေ့ (မေလ ၂၅ ရက်)တွင် ပြောကြားခဲ့သည်။
စနေနေ့အစောပိုင်းက စတင်ခဲ့သည့် နှစ်ရက်ကြာ အမျိုးသားညီလာခံဆွေးနွေးပွဲအပြီးတွင် ပဋိဉာဉ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတွင် နိုင်ငံရေးအကြမ်းဖက်မှုများကြောင့် တုန်လှုပ်ခြောက်ခြား ခဲ့ရသော ပြည်တွင်း၌ အရပ်သားအုပ်ချုပ်မှုဆီသို့ ပြန်လည်ရောက်ရှိရန် လမ်းစကို ပုံဖော်ပေးထား ကြောင်းသိရသည်။ စစ်တပ်က ၂၀၂၂ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီး အရပ်သားအုပ်ချုပ်ရေး ပြန်လည်ထူထောင်ရန်အတွက် ယခုနှစ် ဇူလိုင်လတွင် ရွေးကောက်ပွဲကျင်းပရန် ကတိပြုထား သော်လည်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေး ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ပဋိညာဉ်စာတမ်းသစ်အရ ရွေးကောက်ပွဲကျင်းပသည့်အခါ စစ်ခေါင်းဆောင် Ibrahim Traore သည် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။ ထို့ပြင် လွှတ်တော်တွင် အစဉ် အလာပါတီများ၏ နေရာများကို သတ်မှတ်ခွဲတမ်းများဖြင့် ခွဲဝေခြင်းစနစ်ကိုလည်း ကျင့်သုံးတော့ မည်မဟုတ်ပါ။ ယင်းအစားကိုယ်စားလှယ်များကို ရွေးချယ်ရာတွင် “မျိုးချစ်စိတ်” အား တစ်ခု တည်းသောစံနှုန်းအဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။ အသွင်ကူးပြောင်းရေးကာလ အစည်း အဝေးတွင်ပါဝင်ခဲ့သော အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံရေး ပါတီအများအပြားက သပိတ်မှောက်ခဲ့ကြသည်။

ပြီးခဲ့သော လေးနှစ်အတွင်း အာဏာသိမ်းမှု ရှစ်ကြိမ်ဖြစ်ပွားခဲ့သည့် အနောက်နှင့် ဗဟိုအာဖရိက ဒေသတွင် ဒီမိုကရေစီစံနှုန်းများလျော့ကျနေပြီး ရွေးကောက်ပွဲကျင်းပရန်နှောင့်နှေးမှုသည် စိုးရိမ်မှု များကို ပိုမိုနက်ရှိုင်းလာစေသည်။ ဘာကီနာဖာဆိုတွင် လက်နက်ကိုင်အဖွဲ့များသည် ၂၀၁၅ ခုနှစ်ကတည်းက ပုန်ကန်မှုများ ဆင်နွှဲနေပြီး ထောင်နှင့်ချီသော လူသန်းပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သည်။ နိုင်ငံတွင်းရှိ စစ်တပ်အစိုးရသည် ၎င်းလုံခြုံရေးစိန်ခေါ်မှုများကို ဖြေရှင်းရန် ရုန်းကန်နေရသည်။ အစိုးရသည် ကိုလိုနီခေတ်ဟောင်း ပြင်သစ်နှင့် စစ်ရေးအရ ဆက်ဆံမှု ဖြတ်တောက်ခဲ့ပြီး လုံခြုံရေး အထောက်အပံ့အတွက် ရုရှားဘက်သို့ လှည့်ခဲ့သည်။ ယခုအခါ ဘာကီနာဖာဆို၏ နယ်မြေတစ်ဝက်ခန့်မှာ အစိုးရထိန်းချုပ်မှု၏ ပြင်ပတွင် ရှိနေ သည်။

zawgyi version
ဘာကီနာဖာဆိုတြင္ စစ္အုပ္ခ်ဳပ္ေရးကို ငါးႏွစ္သက္တမ္းတိုး
ALynn (NP News) - ေမ ၂၇

အမ်ိဳးသားအဆင့္ ေဆြးေႏြးပြဲမ်ားၿပီးဆုံးၿပီးေနာက္ ဘူကီနာဖာဆို၏ စစ္ေခါင္းေဆာင္မ်ား သည္ ဇူလိုင္လမွစၿပီး လေပါင္း ၆၀ အထိ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကာလကို သက္တမ္းတိုးသြားမည္ျဖစ္သည့္အတြက္ ေနာက္ထပ္ငါးႏွစ္ၾကာအထိ အာဏာကို ဆက္လက္ထိန္းခ်ဳပ္သြားမည္ျဖစ္ေၾကာင္း အတည္ျပဳထားေသာ ပဋိညာဥ္စာတမ္းသစ္ပါ ေဖာ္ျပခ်က္မ်ားအရ သိရသည္။

"အကူးအေျပာင္းကာလကို ၂၀၂၄ ခုႏွစ္၊ ဇူလိုင္လ ၂ ရက္မွစ၍ လေပါင္း ၆၀ အထိ သတ္မွတ္ ထားေၾကာင္း” အမ်ိဳးသားညီလာခံ လုပ္ငန္းစဥ္ျဖစ္ေျမာက္ေရး ေကာ္မတီ ဥကၠ႒ Colonel Moussa Diallo က ေဆြးေႏြးပြဲအၿပီး စေနေန႔ (ေမလ ၂၅ ရက္)တြင္ ေျပာၾကားခဲ့သည္။
စေနေန႔အေစာပိုင္းက စတင္ခဲ့သည့္ ႏွစ္ရက္ၾကာ အမ်ိဳးသားညီလာခံေဆြးေႏြးပြဲအၿပီးတြင္ ပဋိဉာဥ္သစ္ကို လက္မွတ္ေရးထိုးခဲ့ၿပီး ၎တြင္ ႏိုင္ငံေရးအၾကမ္းဖက္မႈမ်ားေၾကာင့္ တုန္လႈပ္ေျခာက္ျခား ခဲ့ရေသာ ျပည္တြင္း၌ အရပ္သားအုပ္ခ်ဳပ္မႈဆီသို႔ ျပန္လည္ေရာက္ရွိရန္ လမ္းစကို ပုံေဖာ္ေပးထား ေၾကာင္းသိရသည္။ စစ္တပ္က ၂၀၂၂ ခုႏွစ္တြင္ အာဏာသိမ္းခဲ့ၿပီး အရပ္သားအုပ္ခ်ဳပ္ေရး ျပန္လည္ထူေထာင္ရန္အတြက္ ယခုႏွစ္ ဇူလိုင္လတြင္ ေ႐ြးေကာက္ပြဲက်င္းပရန္ ကတိျပဳထား ေသာ္လည္း လုံၿခဳံေရးဆိုင္ရာ ကိစၥရပ္မ်ားကို ဦးစားေပး ထည့္သြင္းစဥ္းစားသြားမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

ပဋိညာဥ္စာတမ္းသစ္အရ ေ႐ြးေကာက္ပြဲက်င္းပသည့္အခါ စစ္ေခါင္းေဆာင္ Ibrahim Traore သည္ သမၼတအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိမည္ျဖစ္သည္။ ထို႔ျပင္ လႊတ္ေတာ္တြင္ အစဥ္ အလာပါတီမ်ား၏ ေနရာမ်ားကို သတ္မွတ္ခြဲတမ္းမ်ားျဖင့္ ခြဲေဝျခင္းစနစ္ကိုလည္း က်င့္သုံးေတာ့ မည္မဟုတ္ပါ။ ယင္းအစားကိုယ္စားလွယ္မ်ားကို ေ႐ြးခ်ယ္ရာတြင္ “မ်ိဳးခ်စ္စိတ္” အား တစ္ခု တည္းေသာစံႏႈန္းအျဖစ္ သတ္မွတ္သြားမည္ျဖစ္သည္။ အသြင္ကူးေျပာင္းေရးကာလ အစည္း အေဝးတြင္ပါဝင္ခဲ့ေသာ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား၊ လုံၿခဳံေရးႏွင့္ ကာကြယ္ေရးတပ္ဖြဲ႕မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား ႏိုင္ငံေရး ပါတီအမ်ားအျပားက သပိတ္ေမွာက္ခဲ့ၾကသည္။

ၿပီးခဲ့ေသာ ေလးႏွစ္အတြင္း အာဏာသိမ္းမႈ ရွစ္ႀကိမ္ျဖစ္ပြားခဲ့သည့္ အေနာက္ႏွင့္ ဗဟိုအာဖရိက ေဒသတြင္ ဒီမိုကေရစီစံႏႈန္းမ်ားေလ်ာ့က်ေနၿပီး ေ႐ြးေကာက္ပြဲက်င္းပရန္ေႏွာင့္ေႏွးမႈသည္ စိုးရိမ္မႈ မ်ားကို ပိုမိုနက္ရႈိင္းလာေစသည္။ ဘာကီနာဖာဆိုတြင္ လက္နက္ကိုင္အဖြဲ႕မ်ားသည္ ၂၀၁၅ ခုႏွစ္ကတည္းက ပုန္ကန္မႈမ်ား ဆင္ႏႊဲေနၿပီး ေထာင္ႏွင့္ခ်ီေသာ လူသန္းေပါင္းမ်ားစြာကို အိုးမဲ့အိမ္မဲ့ ျဖစ္ေစခဲ့သည္။ ႏိုင္ငံတြင္းရွိ စစ္တပ္အစိုးရသည္ ၎လုံၿခဳံေရးစိန္ေခၚမႈမ်ားကို ေျဖရွင္းရန္ ႐ုန္းကန္ေနရသည္။ အစိုးရသည္ ကိုလိုနီေခတ္ေဟာင္း ျပင္သစ္ႏွင့္ စစ္ေရးအရ ဆက္ဆံမႈ ျဖတ္ေတာက္ခဲ့ၿပီး လုံၿခဳံေရး အေထာက္အပံ့အတြက္ ႐ုရွားဘက္သို႔ လွည့္ခဲ့သည္။ ယခုအခါ ဘာကီနာဖာဆို၏ နယ္ေျမတစ္ဝက္ခန႔္မွာ အစိုးရထိန္းခ်ဳပ္မႈ၏ ျပင္ပတြင္ ရွိေန သည္။

Related news

© 2021. All rights reserved.