လမ်းတံတား တိုးဂိတ်ပေါင်း (၁၅၀ဝ)နီးပါး ဖျက်ဆီးခံခဲ့ရပြီး အများဆုံးဖျက်ဆီးသူအဖြစ် KNU၊ PDF ဦးဆောင်

 7210

သန့်ဇင် (NP News) - မေ ၂၉

သုံးနှစ်ကျော်အတွင်း လမ်းတံတားနှင့် တိုးဂိတ်ပေါင်း (၁၅၀ဝ)နီးပါး ဖျက်ဆီးခံထားရပြီး အများပြည်သူနှင့်သက်ဆိုင်သော လမ်း၊ တံတားများ မိုင်းခွဲဖျက်ဆီးမှုကို KNU ၊ PDF ပူးပေါင်းအဖွဲ့များက အများဆုံးပြုလုပ်နေကြောင်း ဖြစ်စဉ်များအရ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ ကျုံအိတ်တံတားနှင့် မစောတံတားတို့ကိုKNU နှင့် PDF ပူးပေါင်းအဖွဲ့က ရက်ပိုင်းသာခြား ၍ မိုင်းထောင်ဖောက်ခွဲမှုများပြုလုပ်ခဲ့ရာ ခရီးသွားပြည်သူအချို့ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။ “အခုလိုလမ်းတံတား တွေဖျက်ဆီးခံရတော့ ခရီးသွားပြည်သူတွေအတွက်ကအဆင်မပြေဘူးပေါ့။ တောလမ်းတွေကနေသွားရ တာလည်း အဆင်မပြေပါဘူး။ အခုကမိုးတွင်းရောက် လာပြီဆိုတော့ပိုလို့တောင်အဆင်မပြေဖြစ်ရတယ်။ အဲဒီနေရာက နှစ်တိုင်းကလည်း ရေကြီးနေတော့ အဓိက ကတော့ ကုန်ကားတွေအဆင်မပြေတာပေါ့။ ကားလေးတွေက တခြားလမ်းတွေကသွားလို့ရနေ သေးတယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ ဘီး လင်းကလူတွေက ရန်ကုန်တို့၊ ပဲခူးတို့ပဲသွားရတော့ တယ်။ မော်လမြိုင်တို့ သထုံတို့ဘက်ကိုတော့ သွားလို့ မရတော့ဘူးပေါ့”ဟု ဘီးလင်းမြို့ခံတစ်ဦးက NP News သို့ ထုတ်ဖော်ပြောဆိုထားသည်။

အဆိုပါမိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် တံတား နှစ်စင်းမှာ ရန်ကုန်-မော်လမြိုင်လမ်းပေါ်တွင်ရှိသည့် အရေးပါသောတံတားများဖြစ်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့အတွက် အပြန်အလှန်ကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်သဖြင့် ဒေသခံပြည်သူလူထုအတွက် အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း သိရသည်။လက်ရှိ နစကအစိုးရလက်ထက်တွင် KNU နှင့်PDF ပူးပေါင်းအဖွဲ့တို့သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ပဲခူးတိုင်း(အရှေ့ပိုင်း)တို့ရှိ လမ်းတံတားများစွာကို မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ထို့ပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ အတ္ထရံတံတား (ချောင်းနှစ်ခွ)တံတားကို KNU ၊ PDFပူးပေါင်းအဖွဲ့ က မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတားပြိုကျပျက်စီးခဲ့ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကြား လမ်းပန်း ဆက်သွယ်မှုသည်လည်း ပြတ်တောက်ခဲ့ရကာ ဒေသ ခံများအတွက် အခတ်အခဲများစွာ ဖြစ်ပေါ်ခဲ့ရသည်။

အလားတူ ဇွန်လ၂၅ ရက်ကလည်း ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၊ ကျောက် ကြီး-နတ်သံကွင်းသွား ကားလမ်းရှိ ခရုမြောင်း ကွန်ကရစ်တံတားကို KNU ၊ PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ရာ ဒေသခံများ အနေဖြင့် ကျန်းမာရေး၊ လူမှုရေးနှင့် လမ်းပန်းဆက် သွယ်ရေးအခက်အခဲများစွာဖြစ်ပေါ်ခဲ့ဖူးသည်။ အဆိုပါ ခရုမြောင်းတံတားဖြစ်စဉ်မတိုင်မီ ဇွန်လ ၁ ရက်ကလည်း ပဲခူးတိုင်း၊ နတ်သံကွင်းမြို့နယ်ရှိ နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့ကို ဆက်သွယ် ထားသော နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတား KNU ၊ PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့၍ တံတားမှာပြိုကျပျက်စီးခဲ့ရသည်။ ထို့ပြင် KNU ၊ PDF ပူးပေါင်းအဖွဲ့သည့် ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းပေါ်ရှိ တံတားအချို့ကိုလည်း မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။ လက်ရှိတွင် မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေ သည့် ပဋိပက္ခများအတွင်း လမ်းတံတားများနှင့် ပတ်သက်၍ KNU ၊ PDF ပူးပေါင်းအဖွဲ့၏ မိုင်းခွဲဖျက်ဆီး မှုများကို အများဆုံးတွေ့မြင်နေရသည့်အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သည့် MNDAA ၊ TNLA ၊ AA အဖွဲ့တို့၏ မိုင်းခွဲဖျက်ဆီးမှုလုပ်ရပ်များကိုလည်း တွေ့မြင်နေရသည်။

ယခုကဲ့သို့ မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် လမ်း၊ တံတားများသည် အများပြည်သူနှင့်သက်ဆိုင် သော နိုင်ငံတော်ပိုင်အဆောက်အအုံများဖြစ်ပြီး တံတားတစ်စင်းပြန်လည်တည်ဆောက်ရန်အတွက် ငွေ ကြေးနှင့်အချိန်များစွာပေးဆပ်ရကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ထားသည်။ “တံတားတစ်စင်းဖြစ်ဖို့ဆိုရင် တံတားရဲ့ အရှည်ပေါ်မှာမူတည်တာပေါ့။ တံတားတစ်စင်းကို သိန်း(၄)(၅)ထောင်လောက်တော့ အနည်းဆုံးရှိ တယ်။ တံတားရှည်ရင် ရှည်သလောက် ပိုပြီးကုန်တာပေါ့။ အဲဒါကတော့ ကွန်ကရစ်တံတားတွေပေါ့နော်။ ရိုးရိုး ဘေလီတံတားကတော့ နည်းနည်းလေးသက်သာ ပေမယ့် အခုသံဈေးတွေတက်နေတော့ သက်သာ တယ်လို့လည်း ပြောလို့မရဘူး။ သံကူကွန်ကရစ်ဆိုရင် အနည်းဆုံး(၁)လခွဲ(၂)လလောက်တော့ကြာမယ်။ ဘေလီတံတား ဆိုရင်တော့ ထုတ်လုပ်ရေးနဲ့ တပ်ဆင် တာ ပေါ်မူတည်ပြီး (၂) ပတ်လောက်နဲ့ဆိုရတယ်။ ဒါ ကလည်း ထုတ်လုပ်ရေးအပေါ်မူတည်တာပေါ့”ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

ထို့သို့ လက်နက်ကိုင် အဖွဲ့များအနေဖြင့် လမ်းတံတားများကိုဖျက်ဆီးနေ ခြင်းသည် အစိုးရကတိုက်ရိုက်ထိခိုက်စေခြင်းမျိုးမရဘဲ အများပြည်သူကိုသာ တိုက်ရိုက်ထိခိုက်စေကြောင်း ၎င်းကထပ်မံသုံးသပ်ထားသည်။ “တံတားဖျက်ဆီးတဲ့အတွက် အဓိက က တော့ ပြည်သူတွေထိခိုက်တာပေါ့။ စစ်တပ်က ရေလမ်းကနေသွားလို့ရတယ်။ လေကြောင်းကနေလည်း သွားလို့ရတယ်။ အဲဒီလိုမျိုးသွားလို့ရနေတာကို လုပ် တဲ့အတွက် စစ်တပ်ကထိခိုက်တာမဟုတ်ဘူး။ ပြည် သူလူထုပဲ ထိခိုက်တာ။ အဲဒါတွေဖျက်လိုက်တဲ့အတွက် ကုန်ဈေးနှုန်းတွေတက်မယ်။ ဆီတွေပို့လိုမရရင် ဆီ ဈေးတွေတက်မယ်။ အခုနောက်ပိုင်းက ရထားလမ်း တွေပါဖျက်ဆီးနေတော့ အဓိကကတော့ ပြည်သူ လူထုပဲထိခိုက်တာပဲပေါ့။ ကုန်စည်စီးဆင်းမှုတွေမှာ အခက်အခဲဖြစ်လာတာပေါ့”ဟု အထက်ပါ ဆောက်လုပ်ရေးလုပ်ငန်းရှင်က ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်း၌ ဖျက်ဆီးခံခဲ့ရသော လမ်း တံတားနှင့် တိုးဂိတ်အဆောက်အအုံပေါင်း (၁၅၀ဝ)နီးပါးထိ ရှိနေပြီဖြစ်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

zawgyi version
လမ္းတံတား တိုးဂိတ္ေပါင္း (၁၅၀ဝ)နီးပါး ဖ်က္ဆီးခံခဲ့ရၿပီး အမ်ားဆုံးဖ်က္ဆီးသူအျဖစ္ KNU၊ PDF ဦးေဆာင္
သန႔္ဇင္ (NP News) - ေမ ၂၉

သုံးႏွစ္ေက်ာ္အတြင္း လမ္းတံတားႏွင့္ တိုးဂိတ္ေပါင္း (၁၅၀ဝ)နီးပါး ဖ်က္ဆီးခံထားရၿပီး အမ်ားျပည္သူႏွင့္သက္ဆိုင္ေသာ လမ္း၊ တံတားမ်ား မိုင္းခြဲဖ်က္ဆီးမႈကို KNU ၊ PDF ပူးေပါင္းအဖြဲ႕မ်ားက အမ်ားဆုံးျပဳလုပ္ေနေၾကာင္း ျဖစ္စဥ္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္၊ ရန္ကုန္-ေမာ္လၿမိဳင္လမ္းေပၚရွိ က်ဳံအိတ္တံတားႏွင့္ မေစာတံတားတို႔ကိုKNU ႏွင့္ PDF ပူးေပါင္းအဖြဲ႕က ရက္ပိုင္းသာျခား ၍ မိုင္းေထာင္ေဖာက္ခြဲမႈမ်ားျပဳလုပ္ခဲ့ရာ ခရီးသြားျပည္သူအခ်ိဳ႕ ေသဆုံးထိခိုက္မႈမ်ား ရွိခဲ့သည္။ “အခုလိုလမ္းတံတား ေတြဖ်က္ဆီးခံရေတာ့ ခရီးသြားျပည္သူေတြအတြက္ကအဆင္မေျပဘူးေပါ့။ ေတာလမ္းေတြကေနသြားရ တာလည္း အဆင္မေျပပါဘူး။ အခုကမိုးတြင္းေရာက္ လာၿပီဆိုေတာ့ပိုလို႔ေတာင္အဆင္မေျပျဖစ္ရတယ္။ အဲဒီေနရာက ႏွစ္တိုင္းကလည္း ေရႀကီးေနေတာ့ အဓိက ကေတာ့ ကုန္ကားေတြအဆင္မေျပတာေပါ့။ ကားေလးေတြက တျခားလမ္းေတြကသြားလို႔ရေန ေသးတယ္။ က်န္းမာေရးနဲ႔ပတ္သက္ရင္ေတာ့ ဘီး လင္းကလူေတြက ရန္ကုန္တို႔၊ ပဲခူးတို႔ပဲသြားရေတာ့ တယ္။ ေမာ္လၿမိဳင္တို႔ သထုံတို႔ဘက္ကိုေတာ့ သြားလို႔ မရေတာ့ဘူးေပါ့”ဟု ဘီးလင္းၿမိဳ႕ခံတစ္ဦးက NP News သို႔ ထုတ္ေဖာ္ေျပာဆိုထားသည္။

အဆိုပါမိုင္းခြဲဖ်က္ဆီးခံခဲ့ရသည့္ တံတား ႏွစ္စင္းမွာ ရန္ကုန္-ေမာ္လၿမိဳင္လမ္းေပၚတြင္ရွိသည့္ အေရးပါေသာတံတားမ်ားျဖစ္ၿပီး တနသၤာရီတိုင္း၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ ရန္ကုန္တိုင္းေဒသ ႀကီးတို႔အတြက္ အျပန္အလွန္ကုန္စည္စီးဆင္းရာ လမ္းေၾကာင္းျဖစ္သျဖင့္ ေဒသခံျပည္သူလူထုအတြက္ အခက္အခဲမ်ားစြာျဖစ္ေပၚေနေၾကာင္း သိရသည္။လက္ရွိ နစကအစိုးရလက္ထက္တြင္ KNU ႏွင့္PDF ပူးေပါင္းအဖြဲ႕တို႔သည့္ မြန္ျပည္နယ္၊ ကရင္ျပည္နယ္ ႏွင့္ ပဲခူးတိုင္း(အေရွ႕ပိုင္း)တို႔ရွိ လမ္းတံတားမ်ားစြာကို မိုင္းခြဲဖ်က္ဆီးမႈမ်ား ျပဳလုပ္ခဲ့သည္။ ထို႔ျပင္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာ ၁၆ ရက္တြင္ မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕နယ္ရွိ အတၳရံတံတား (ေခ်ာင္းႏွစ္ခြ)တံတားကို KNU ၊ PDFပူးေပါင္းအဖြဲ႕ က မိုင္းခြဲဖ်က္ဆီးခဲ့ရာ တံတားၿပိဳက်ပ်က္စီးခဲ့ၿပီး မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္ၾကား လမ္းပန္း ဆက္သြယ္မႈသည္လည္း ျပတ္ေတာက္ခဲ့ရကာ ေဒသ ခံမ်ားအတြက္ အခတ္အခဲမ်ားစြာ ျဖစ္ေပၚခဲ့ရသည္။

အလားတူ ဇြန္လ၂၅ ရက္ကလည္း ပဲခူးတိုင္းေဒသႀကီး ေက်ာက္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ ႀကီး-နတ္သံကြင္းသြား ကားလမ္းရွိ ခ႐ုေျမာင္း ကြန္ကရစ္တံတားကို KNU ၊ PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့ရာ ေဒသခံမ်ား အေနျဖင့္ က်န္းမာေရး၊ လူမႈေရးႏွင့္ လမ္းပန္းဆက္ သြယ္ေရးအခက္အခဲမ်ားစြာျဖစ္ေပၚခဲ့ဖူးသည္။ အဆိုပါ ခ႐ုေျမာင္းတံတားျဖစ္စဥ္မတိုင္မီ ဇြန္လ ၁ ရက္ကလည္း ပဲခူးတိုင္း၊ နတ္သံကြင္းၿမိဳ႕နယ္ရွိ နတ္သံကြင္းၿမိဳ႕ႏွင့္ ေက်ာက္ႀကီးၿမိဳ႕ကို ဆက္သြယ္ ထားေသာ နတ္သံကြင္းစစ္ေတာင္းျမစ္ကူးတံတား KNU ၊ PDF ပူးေပါင္းအဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့၍ တံတားမွာၿပိဳက်ပ်က္စီးခဲ့ရသည္။ ထို႔ျပင္ KNU ၊ PDF ပူးေပါင္းအဖြဲ႕သည့္ ကရင္ျပည္နယ္ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းေပၚရွိ တံတားအခ်ိဳ႕ကိုလည္း မိုင္းခြဲဖ်က္ဆီးမႈမ်ား ျပဳလုပ္ခဲ့ဖူးသည္။ လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္းျဖစ္ပြားေန သည့္ ပဋိပကၡမ်ားအတြင္း လမ္းတံတားမ်ားႏွင့္ ပတ္သက္၍ KNU ၊ PDF ပူးေပါင္းအဖြဲ႕၏ မိုင္းခြဲဖ်က္ဆီး မႈမ်ားကို အမ်ားဆုံးေတြ႕ျမင္ေနရသည့္အျပင္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕မ်ားျဖစ္သည့္ MNDAA ၊ TNLA ၊ AA အဖြဲ႕တို႔၏ မိုင္းခြဲဖ်က္ဆီးမႈလုပ္ရပ္မ်ားကိုလည္း ေတြ႕ျမင္ေနရသည္။

ယခုကဲ့သို႔ မိုင္းခြဲဖ်က္ဆီးျခင္းခံခဲ့ရသည့္ လမ္း၊ တံတားမ်ားသည္ အမ်ားျပည္သူႏွင့္သက္ဆိုင္ ေသာ ႏိုင္ငံေတာ္ပိုင္အေဆာက္အအုံမ်ားျဖစ္ၿပီး တံတားတစ္စင္းျပန္လည္တည္ေဆာက္ရန္အတြက္ ေငြ ေၾကးႏွင့္အခ်ိန္မ်ားစြာေပးဆပ္ရေၾကာင္း ေဆာက္ လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ထားသည္။ “တံတားတစ္စင္းျဖစ္ဖို႔ဆိုရင္ တံတားရဲ႕ အရွည္ေပၚမွာမူတည္တာေပါ့။ တံတားတစ္စင္းကို သိန္း(၄)(၅)ေထာင္ေလာက္ေတာ့ အနည္းဆုံးရွိ တယ္။ တံတားရွည္ရင္ ရွည္သေလာက္ ပိုၿပီးကုန္တာေပါ့။ အဲဒါကေတာ့ ကြန္ကရစ္တံတားေတြေပါ့ေနာ္။ ႐ိုး႐ိုး ေဘလီတံတားကေတာ့ နည္းနည္းေလးသက္သာ ေပမယ့္ အခုသံေဈးေတြတက္ေနေတာ့ သက္သာ တယ္လို႔လည္း ေျပာလို႔မရဘူး။ သံကူကြန္ကရစ္ဆိုရင္ အနည္းဆုံး(၁)လခြဲ(၂)လေလာက္ေတာ့ၾကာမယ္။ ေဘလီတံတား ဆိုရင္ေတာ့ ထုတ္လုပ္ေရးနဲ႔ တပ္ဆင္ တာ ေပၚမူတည္ၿပီး (၂) ပတ္ေလာက္နဲ႔ဆိုရတယ္။ ဒါ ကလည္း ထုတ္လုပ္ေရးအေပၚမူတည္တာေပါ့”ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

ထို႔သို႔ လက္နက္ကိုင္ အဖြဲ႕မ်ားအေနျဖင့္ လမ္းတံတားမ်ားကိုဖ်က္ဆီးေန ျခင္းသည္ အစိုးရကတိုက္႐ိုက္ထိခိုက္ေစျခင္းမ်ိဳးမရဘဲ အမ်ားျပည္သူကိုသာ တိုက္႐ိုက္ထိခိုက္ေစေၾကာင္း ၎ကထပ္မံသုံးသပ္ထားသည္။ “တံတားဖ်က္ဆီးတဲ့အတြက္ အဓိက က ေတာ့ ျပည္သူေတြထိခိုက္တာေပါ့။ စစ္တပ္က ေရလမ္းကေနသြားလို႔ရတယ္။ ေလေၾကာင္းကေနလည္း သြားလို႔ရတယ္။ အဲဒီလိုမ်ိဳးသြားလို႔ရေနတာကို လုပ္ တဲ့အတြက္ စစ္တပ္ကထိခိုက္တာမဟုတ္ဘူး။ ျပည္ သူလူထုပဲ ထိခိုက္တာ။ အဲဒါေတြဖ်က္လိုက္တဲ့အတြက္ ကုန္ေဈးႏႈန္းေတြတက္မယ္။ ဆီေတြပို႔လိုမရရင္ ဆီ ေဈးေတြတက္မယ္။ အခုေနာက္ပိုင္းက ရထားလမ္း ေတြပါဖ်က္ဆီးေနေတာ့ အဓိကကေတာ့ ျပည္သူ လူထုပဲထိခိုက္တာပဲေပါ့။ ကုန္စည္စီးဆင္းမႈေတြမွာ အခက္အခဲျဖစ္လာတာေပါ့”ဟု အထက္ပါ ေဆာက္လုပ္ေရးလုပ္ငန္းရွင္က ဆိုသည္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ လက္ရွိအခ်ိန္ထိ ႏိုင္ငံတစ္ဝန္း၌ ဖ်က္ဆီးခံခဲ့ရေသာ လမ္း တံတားႏွင့္ တိုးဂိတ္အေဆာက္အအုံေပါင္း (၁၅၀ဝ)နီးပါးထိ ရွိေနၿပီျဖစ္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.