ကချင်ပြည်နယ်ထွက် မြေရှားသတ္တုကို တရုတ်သို့တင်ပို့မှု အကြီးအကျယ် မြင့်တက်

 3448

ပုံစာ - ကချင်ပြည်နယ်က မြေရှားသတ္တု တူးဖော်နေသည့် လုပ်ကွက်တစ်ခုကို တွေ့မြင်ရစဉ်

သုတကျော် (NP News) - မေ ၂၉

ကချင်ပြည်နယ်မှ ထွက်သည့် မြေရှားသတ္တုကို တရုတ်နိုင်ငံသို့ တင်ပို့မှုအကြီးအကျယ် မြင့်တက်နေပြီး မြေရှားတူးဖော်ခြင်းနှင့်ပတ်သက်၍ KIO က စည်းကမ်းချထားသည်ဟုဆိုသော် လည်း မသိရှိကြကြောင်းတွေ့ရသည်ဟု သဘာဝပတ်ဝန်းကျင်အရေးစောင့်ကြည့်သော အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Global Witness အဖွဲ့က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်နှစ်ကြာပြီးနောက် အချက်အလက်များကို ပြန်လည်စိစစ်ရာတွင် ဒေသခံများက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများအကြောင်းပြောကြားခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ တရုတ်သို့မြေရှားတင်ပို့မှုသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၁၉,၅၀၀ တန်ဖြစ်သော်လည်း ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၄၁၇၀၀ အထိ မြင့်တက်လာခဲ့ကာ နှစ်ဆကျော် ပိုများလာခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ Global Witness မှ ခွဲခြမ်းစိပ်ဖြာထားသည့် ဂြိုလ်တုပုံရိပ်များက မြေပြင်အခြေအနေကိုဖော်ပြနေပြီး ကချင်ပြည်နယ် အထူးဒေသ ၁ တွင် သတ္တုတူးဖော်သည့်နေရာ အရေအတွက်မှာ ၄၀ ရာခိုင်နှုန်းကျော် တိုးမြင့်လာခဲ့ကာ ကချင်လွတ်လပ် ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေဖြစ်သည့် မိုးမောက်မြို့နယ်တွင်လည်း တူးဖော်သည့် နေရာအရေအတွက် သိသိသာသာ တိုးလာကြောင်း ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်မှစ၍ ပြည်တွင်းပဋိပက္ခ ကျယ်ပြန့်လာမှုအခြေအနေတွင် မြေရှားထုတ်ယူမှုရှိခဲ့ပြီး ပြည်သူ့စစ်ကလည်း မြေရှားထုတ်ယူသကဲ့သို့ KIO ကလည်း ကချင်ပြည်နယ်တွင် အမှန်တကယ်အစိုးရအဖြစ်ဆောင်ရွက်နေရာ၌ ယခုထုတ်ပြန်ချက်မတိုင်မီတွင် Global Witness မှ ဆက်သွယ်မေးမြန်းရာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီများကို တင်းကျပ်သော စည်းမျဉ်းများချမှတ်ထားသည်ဟု KIO ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသော်လည်း ပြည်တွင်း သတင်းရင်းမြစ်များကမူ KIO က ချမှတ်ထားသော စည်းမျဉ်းများကို မသိရှိဟု ဖြေကြားကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နှစ်ဖက်စလုံးက စည်းကြပ်မှုမရှိတဲ့ သတ္တုတူးဖော်မှုဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပြီး ဂေဟစနစ် နဲ့ လူသားကျန်းမာရေး ခြိမ်းခြောက်တာက ပိုအရေးတကြီးဖြစ်လာတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဒေသခံများ သောက်သုံးရေအတွက် အားထားနေရခြင်းကြောင့်မတူးရန် တောင်းဆိုထားသည့် ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖရဲရွာက တောင်ကုန်းအနီးတွင် မြေရှားသတ္တုတူးဖော်နေခြင်းကြောင့် ဒေသခံများက ဖေဖော်ဝါရီလ ၅ ရက်တွင် သွားရောက်ကန့်ကွက်ချိန် KIA က လက်ပစ်ဗုံးဖြင့်ပစ်ခတ်ပြီး လူစုခွဲခဲ့သည့်အပြင် ပါဝင်သူများကိုလည်း ဖမ်းဆီးခဲ့ပြီး ဒေသခံအချို့ ဒဏ်ရာရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။

zawgyi version
ကခ်င္ျပည္နယ္ထြက္ ေျမရွားသတၱဳကို တ႐ုတ္သို႔တင္ပို႔မႈ အႀကီးအက်ယ္ ျမင့္တက္
သုတေက်ာ္ (NP News) - ေမ ၂၉

ကခ်င္ျပည္နယ္မွ ထြက္သည့္ ေျမရွားသတၱဳကို တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔မႈအႀကီးအက်ယ္ ျမင့္တက္ေနၿပီး ေျမရွားတူးေဖာ္ျခင္းႏွင့္ပတ္သက္၍ KIO က စည္းကမ္းခ်ထားသည္ဟုဆိုေသာ္ လည္း မသိရွိၾကေၾကာင္းေတြ႕ရသည္ဟု သဘာဝပတ္ဝန္းက်င္အေရးေစာင့္ၾကည့္ေသာ အဖြဲ႕ တစ္ဖြဲ႕ျဖစ္သည့္ Global Witness အဖြဲ႕က အဂၤလိပ္ဘာသာျဖင့္ ထုတ္ျပန္ေသာ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ႏွစ္ႏွစ္ၾကာၿပီးေနာက္ အခ်က္အလက္မ်ားကို ျပန္လည္စိစစ္ရာတြင္ ေဒသခံမ်ားက သဘာဝပတ္ဝန္းက်င္ထိခိုက္မႈမ်ားအေၾကာင္းေျပာၾကားခဲ့ၾကသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားကာ တ႐ုတ္သို႔ေျမရွားတင္ပို႔မႈသည္ ၂၀၂၁ ခုႏွစ္တြင္ တန္ခ်ိန္ ၁၉,၅၀၀ တန္ျဖစ္ေသာ္လည္း ၂၀၂၃ ခုႏွစ္တြင္ တန္ခ်ိန္ ၄၁၇၀၀ အထိ ျမင့္တက္လာခဲ့ကာ ႏွစ္ဆေက်ာ္ ပိုမ်ားလာျခင္း ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားသည္။ Global Witness မွ ခြဲျခမ္းစိပ္ျဖာထားသည့္ ၿဂိဳလ္တုပုံရိပ္မ်ားက ေျမျပင္အေျခအေနကိုေဖာ္ျပေနၿပီး ကခ်င္ျပည္နယ္ အထူးေဒသ ၁ တြင္ သတၱဳတူးေဖာ္သည့္ေနရာ အေရအတြက္မွာ ၄၀ ရာခိုင္ႏႈန္းေက်ာ္ တိုးျမင့္လာခဲ့ကာ ကခ်င္လြတ္လပ္ ေရးအဖြဲ႕ (KIO) ထိန္းခ်ဳပ္နယ္ေျမျဖစ္သည့္ မိုးေမာက္ၿမိဳ႕နယ္တြင္လည္း တူးေဖာ္သည့္ ေနရာအေရအတြက္ သိသိသာသာ တိုးလာေၾကာင္း ေဖာ္ျပထားသည္။

၂၀၂၁ ခုႏွစ္မွစ၍ ျပည္တြင္းပဋိပကၡ က်ယ္ျပန႔္လာမႈအေျခအေနတြင္ ေျမရွားထုတ္ယူမႈရွိခဲ့ၿပီး ျပည္သူ႔စစ္ကလည္း ေျမရွားထုတ္ယူသကဲ့သို႔ KIO ကလည္း ကခ်င္ျပည္နယ္တြင္ အမွန္တကယ္အစိုးရအျဖစ္ေဆာင္႐ြက္ေနရာ၌ ယခုထုတ္ျပန္ခ်က္မတိုင္မီတြင္ Global Witness မွ ဆက္သြယ္ေမးျမန္းရာ သဘာဝပတ္ဝန္းက်င္ကို ကာကြယ္ရန္အတြက္ ေျမရွားသတၱဳတူးေဖာ္သည့္ ကုမၸဏီမ်ားကို တင္းက်ပ္ေသာ စည္းမ်ဥ္းမ်ားခ်မွတ္ထားသည္ဟု KIO ေျပာေရး ဆိုခြင့္ရွိသူက ေျပာၾကားေသာ္လည္း ျပည္တြင္း သတင္းရင္းျမစ္မ်ားကမူ KIO က ခ်မွတ္ထားေသာ စည္းမ်ဥ္းမ်ားကို မသိရွိဟု ေျဖၾကားေၾကာင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

“ႏွစ္ဖက္စလုံးက စည္းၾကပ္မႈမရွိတဲ့ သတၱဳတူးေဖာ္မႈဟာ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစၿပီး ေဂဟစနစ္ နဲ႔ လူသားက်န္းမာေရး ၿခိမ္းေျခာက္တာက ပိုအေရးတႀကီးျဖစ္လာတယ္” ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ေဒသခံမ်ား ေသာက္သုံးေရအတြက္ အားထားေနရျခင္းေၾကာင့္မတူးရန္ ေတာင္းဆိုထားသည့္ ကခ်င္ျပည္နယ္၊ ခ်ီေဖြၿမိဳ႕နယ္၊ ဖရဲ႐ြာက ေတာင္ကုန္းအနီးတြင္ ေျမရွားသတၱဳတူးေဖာ္ေနျခင္းေၾကာင့္ ေဒသခံမ်ားက ေဖေဖာ္ဝါရီလ ၅ ရက္တြင္ သြားေရာက္ကန႔္ကြက္ခ်ိန္ KIA က လက္ပစ္ဗုံးျဖင့္ပစ္ခတ္ၿပီး လူစုခြဲခဲ့သည့္အျပင္ ပါဝင္သူမ်ားကိုလည္း ဖမ္းဆီးခဲ့ၿပီး ေဒသခံအခ်ိဳ႕ ဒဏ္ရာရသည့္ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ေသးသည္။

Related news

© 2021. All rights reserved.