ရုရှားအပေါ် နျူကလီးယားတိုက်ပွဲများဆင်နွှဲနိုင်ရန် နေတိုးတပ်ဖွဲ့များလေ့ကျင့်

 1228

ALynn (NP News) - မေ ၂၉

နေတိုးနိုင်ငံများသည် ရုရှားအပေါ် နျူကလီယားတိုက်ခိုက်မှုများ ဆင်နွှဲရန်အတွက် ပြင်ဆင်နေကြသည်ဟု ရုရှားအကြီးတန်းဗိုလ်ချုပ်ကြီးတစ်ဦးက အသိပေးပြောကြားလိုက်သည်။
ရုရှားနိုင်ငံ၏ Federal Security Service (FSB) ၏ ပထမတန်းလက်ထောက်ဒါရိုက်တာနှင့် နယ်ခြားစောင့် ဝန်ဆောင်မှုအကြီးအကဲ Vladimir Kulishov က RIA Novosti နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်း၏ဌာနက ရင်ဆိုင်ရမည့်ခြိမ်းခြောက်မှုများကို ဖော်ပြခဲ့သည်။

“ရုရှားနယ်စပ်နဲ့ နီးစပ်တဲ့ နယ်မြေတွေမှာ နေတိုးရဲ့ထောက်လှမ်းရေးစစ်ဆင်ရေးလှုပ်ရှားမှုတွေ တိုးလာနေပါတယ်။ နေတိုးမဟာမိတ်တပ်ဖွဲ့တွေက ကျွန်ုပ်တို့၏နယ်မြေအတွင်း နျူကလီးယားတိုက်ခိုက်မှုအပါအဝင် ရုရှားကိုဆန့်ကျင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေကြပါတယ်”ဟု ၎င်းက အင်္ဂါနေ့ (မေလ ၂၈ ရက်) တွင် သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နှင့် တူကီယဲအပါအဝင် နျူကလီးယားလက်နက် မပိုင်ဆိုင်သောနိုင်ငံများတွင် အမေရိကန်လက်နက်အချို့ကို သိမ်းဆည်းသိုလှောင်ထားသည့် နေတိုး၏နျူကလီးယားမျှဝေရေးအစီအစဉ်ကို ရုရှားအရာရှိများက ယခင်ကလည်း ဝေဖန်ခဲ့ဖူးသည်။ ရုရှားသည် လက်နက်တပ်ဆင်နည်း လေ့ကျင့်ရေးတွင် အိမ်ရှင်မဟုတ်သောနိုင်ငံများ ပါ၀င်နေခြင်းကြောင့် အထူးစိုးရိမ်လျက်ရှိသည်။ ယူကရိန်းပဋိပက္ခသည် ပြင်းထန်သော တိုက်ပွဲများအဖြစ်သို့ မရောက်မီ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ နျူကလီးယားလက်နက်မပြန့်ပွားရေးဌာနခွဲ အကြီးအကဲ ဗလာဒီမာ အာမာကော့ဗ်က အမေရိကန်ဦးဆောင်သော နေတိုးမဟာမိတ်၏ လှုပ်ရှားမှုများသည် ရုရှားအား တိုက်ရိုက်ပစ်မှတ်ထားနေသည်ဟု အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ရုရှားသည် နေတိုး၏ဥရောပတွင် တိုးချဲ့လာမှုနှင့်ယူကရိန်းတွင် ခြေကုပ်အဖြစ်တည်ရှိနေခြင်း တို့ကြောင့် ပဋိပက္ခကို ပိုမိုရှုပ်ထွေးလာစေပြီး ယူကရိန်းစစ်ပွဲသည် အမေရိကန်ဦးဆောင်သော ကြားခံစစ်ပွဲတစ်ခုဖြစ်ကြောင်း ယူဆထားသည်။ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ယူကရိန်းအား ပံ့ပိုးပေးသည့် စစ်ရေးအရအထောက်အပံ့များသည် တဖြည်းဖြည်းတိုးမြင့်လာကာ နျူကလီယားလက်နက်များအထိပါ ပါဝင်လာနိုင်သည့်အတွက် ရုရှားနှင့် တိုက်ရိုက်စစ်ပွဲ ဖြစ်လာနိုင်ကြောင်း ရုရှားတာဝန်ရှိသူများက သတိပေးထားသည်။ ရုရှားသမ္မတဗလာဒီမာပူတင်သည် ဗျူဟာမြောက်မဟုတ်သော နျူကလီးယားလက်နက်များ၏ အသုံးပြုနိုင်စွမ်းကို စမ်းသပ်ရန်အတွက် ယခုလအစောပိုင်းတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ အဆိုပါ လုပ်ရပ်သည် ရုရှားနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏ရန်လိုသော ထုတ်ပြန်ချက်များအား တုံ့ပြန်မှုတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ ယူကရိန်းကို တာဝေးပစ်လက်နက် များ လှူဒါန်းသည့်နိုင်ငံများသည် ၎င်းလက်နက်များကို အသုံးပြု၍ ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်များအား တိုက်ခိုက်ရန် အသုံးပြုခြင်းအပေါ် ကန့်သတ်ထားခြင်းများကို ရုတ်သိမ်းရန် လတ်တလောစဉ်းစားနေကြသည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ယူကရိန်းသည် ယူကေမှရရှိသည့် လက်နက်များဖြင့် ထိုကဲ့သို့တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် အခွင့်အာဏာရှိသည်ဟု အခိုင်အမာပြောကြားခဲ့သည်။

zawgyi version
႐ုရွားအေပၚ န်ဴကလီးယားတိုက္ပြဲမ်ားဆင္ႏႊဲႏိုင္ရန္ ေနတိုးတပ္ဖြဲ႕မ်ားေလ့က်င့္
ALynn (NP News) - ေမ ၂၉

ေနတိုးႏိုင္ငံမ်ားသည္ ႐ုရွားအေပၚ န်ဴကလီယားတိုက္ခိုက္မႈမ်ား ဆင္ႏႊဲရန္အတြက္ ျပင္ဆင္ေနၾကသည္ဟု ႐ုရွားအႀကီးတန္းဗိုလ္ခ်ဳပ္ႀကီးတစ္ဦးက အသိေပးေျပာၾကားလိုက္သည္။
႐ုရွားႏိုင္ငံ၏ Federal Security Service (FSB) ၏ ပထမတန္းလက္ေထာက္ဒါ႐ိုက္တာႏွင့္ နယ္ျခားေစာင့္ ဝန္ေဆာင္မႈအႀကီးအကဲ Vladimir Kulishov က RIA Novosti ႏွင့္ ေတြ႕ဆုံေမးျမန္းခန္းတြင္ ၎၏ဌာနက ရင္ဆိုင္ရမည့္ၿခိမ္းေျခာက္မႈမ်ားကို ေဖာ္ျပခဲ့သည္။

“႐ုရွားနယ္စပ္နဲ႔ နီးစပ္တဲ့ နယ္ေျမေတြမွာ ေနတိုးရဲ႕ေထာက္လွမ္းေရးစစ္ဆင္ေရးလႈပ္ရွားမႈေတြ တိုးလာေနပါတယ္။ ေနတိုးမဟာမိတ္တပ္ဖြဲ႕ေတြက ကြၽႏ္ုပ္တို႔၏နယ္ေျမအတြင္း န်ဴကလီးယားတိုက္ခိုက္မႈအပါအဝင္ ႐ုရွားကိုဆန႔္က်င္တဲ့ စစ္ေရးေလ့က်င့္မႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနၾကပါတယ္”ဟု ၎က အဂၤါေန႔ (ေမလ ၂၈ ရက္) တြင္ သတင္းေအဂ်င္စီသို႔ ေျပာၾကားခဲ့သည္။ ဘယ္လ္ဂ်ီယံ၊ ဂ်ာမနီ၊ အီတလီ၊ နယ္သာလန္ႏွင့္ တူကီယဲအပါအဝင္ န်ဴကလီးယားလက္နက္ မပိုင္ဆိုင္ေသာႏိုင္ငံမ်ားတြင္ အေမရိကန္လက္နက္အခ်ိဳ႕ကို သိမ္းဆည္းသိုေလွာင္ထားသည့္ ေနတိုး၏န်ဴကလီးယားမွ်ေဝေရးအစီအစဥ္ကို ႐ုရွားအရာရွိမ်ားက ယခင္ကလည္း ေဝဖန္ခဲ့ဖူးသည္။ ႐ုရွားသည္ လက္နက္တပ္ဆင္နည္း ေလ့က်င့္ေရးတြင္ အိမ္ရွင္မဟုတ္ေသာႏိုင္ငံမ်ား ပါ၀င္ေနျခင္းေၾကာင့္ အထူးစိုးရိမ္လ်က္ရွိသည္။ ယူကရိန္းပဋိပကၡသည္ ျပင္းထန္ေသာ တိုက္ပြဲမ်ားအျဖစ္သို႔ မေရာက္မီ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလတြင္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ န်ဴကလီးယားလက္နက္မျပန႔္ပြားေရးဌာနခြဲ အႀကီးအကဲ ဗလာဒီမာ အာမာေကာ့ဗ္က အေမရိကန္ဦးေဆာင္ေသာ ေနတိုးမဟာမိတ္၏ လႈပ္ရွားမႈမ်ားသည္ ႐ုရွားအား တိုက္႐ိုက္ပစ္မွတ္ထားေနသည္ဟု အင္တာဗ်ဴးတစ္ခုတြင္ ေျပာၾကားခဲ့သည္။

႐ုရွားသည္ ေနတိုး၏ဥေရာပတြင္ တိုးခ်ဲ႕လာမႈႏွင့္ယူကရိန္းတြင္ ေျခကုပ္အျဖစ္တည္ရွိေနျခင္း တို႔ေၾကာင့္ ပဋိပကၡကို ပိုမိုရႈပ္ေထြးလာေစၿပီး ယူကရိန္းစစ္ပြဲသည္ အေမရိကန္ဦးေဆာင္ေသာ ၾကားခံစစ္ပြဲတစ္ခုျဖစ္ေၾကာင္း ယူဆထားသည္။ အေမရိကန္ႏွင့္ ၎၏မဟာမိတ္မ်ားက ယူကရိန္းအား ပံ့ပိုးေပးသည့္ စစ္ေရးအရအေထာက္အပံ့မ်ားသည္ တျဖည္းျဖည္းတိုးျမင့္လာကာ န်ဴကလီယားလက္နက္မ်ားအထိပါ ပါဝင္လာႏိုင္သည့္အတြက္ ႐ုရွားႏွင့္ တိုက္႐ိုက္စစ္ပြဲ ျဖစ္လာႏိုင္ေၾကာင္း ႐ုရွားတာဝန္ရွိသူမ်ားက သတိေပးထားသည္။ ႐ုရွားသမၼတဗလာဒီမာပူတင္သည္ ဗ်ဴဟာေျမာက္မဟုတ္ေသာ န်ဴကလီးယားလက္နက္မ်ား၏ အသုံးျပဳႏိုင္စြမ္းကို စမ္းသပ္ရန္အတြက္ ယခုလအေစာပိုင္းတြင္ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ရန္ အမိန႔္ေပးခဲ့သည္။ အဆိုပါ လုပ္ရပ္သည္ ႐ုရွားႏွင့္ပတ္သက္၍ အေနာက္ႏိုင္ငံမ်ား၏ရန္လိုေသာ ထုတ္ျပန္ခ်က္မ်ားအား တုံ႔ျပန္မႈတစ္ခုအျဖစ္ မွတ္ယူႏိုင္သည္။ ယူကရိန္းကို တာေဝးပစ္လက္နက္ မ်ား လႉဒါန္းသည့္ႏိုင္ငံမ်ားသည္ ၎လက္နက္မ်ားကို အသုံးျပဳ၍ ႐ုရွားပိုင္နက္အတြင္းရွိ ပစ္မွတ္မ်ားအား တိုက္ခိုက္ရန္ အသုံးျပဳျခင္းအေပၚ ကန႔္သတ္ထားျခင္းမ်ားကို ႐ုတ္သိမ္းရန္ လတ္တေလာစဥ္းစားေနၾကသည္။ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ေဒးဗစ္ကင္မ႐ြန္းက ယူကရိန္းသည္ ယူေကမွရရွိသည့္ လက္နက္မ်ားျဖင့္ ထိုကဲ့သို႔တိုက္ခိုက္မႈမ်ားကို လုပ္ေဆာင္ရန္ အခြင့္အာဏာရွိသည္ဟု အခိုင္အမာေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.