Moana 2 teaser ၂၄ နာရီအတွင်း ကြည့်ရှုသူ ၁၇၈ သန်းထိ ရရှိ၊ လူကြည့်အများဆုံး teaser ဖြစ်လာ

334
ရောင်နီ (NP News) - ဇွန် ၁
Disney က ထုတ်လွှင့်တဲ့ Moana 2 teaser ဟာ ၂၄ နာရီအတွင်း ကြည့်ရှုသူ ၁၇၈ သန်းထိ ရောက်ရှိခဲ့ပြီး လူကြည့်အများဆုံး teaser ဖြစ်လာခဲ့ပါတယ်။
Disney Moana 2 အတွက် teaser ကို ဗုဒ္ဓဟူးနေ့ (မေလ ၂၉ ရက်) က ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ တစ်မိနစ် နဲ့ ၄၄ စက္ကန့်ကြာတဲ့ အဆိုပါ teaser ဟာ Facebook၊ TikTok ၊ X အပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်းများစွာမှာ ၂၄ နာရီအတွင်း ကြည့်ရှုသူပေါင်း ၁၇၈ သန်း ရရှိခဲ့ပါတယ်။ ဒါဟာ ယခင်စံချိန်တင်ထားတဲ့ Inside Out 2 teaser ကို ကျော်ကာ Disney ကာတွန်းရုပ်ရှင် teaser တွေထဲ လူကြည့်အများဆုံး ဖြစ်လာခဲ့တာပါ။
Moana 2 မှာ အသံသရုပ်ဆောင်တွေအနေနဲ့ တာမူရာမိုရစ်ဆန်၊ နစ်ကိုးရှာဇင်ဂါ၊ အာလန်တူဒက်ခ်တို့ ပါဝင်မှာဖြစ်ပြီး ဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်မှာ ထွက်ရှိမှာဖြစ်ပါတယ်။
Zawgyi Version;
Moana 2 teaser ၂၄ နာရီအတြင္း ၾကည့္ရႈသူ ၁၇၈ သန္းထိ ရရွိ၊ လူၾကည့္အမ်ားဆုံး teaser ျဖစ္လာ
ေရာင္နီ (NP News) - ဇြန္ ၁
Disney က ထုတ္လႊင့္တဲ့ Moana 2 teaser ဟာ ၂၄ နာရီအတြင္း ၾကည့္ရႈသူ ၁၇၈ သန္းထိ ေရာက္ရွိခဲ့ၿပီး လူၾကည့္အမ်ားဆုံး teaser ျဖစ္လာခဲ့ပါတယ္။
Disney Moana 2 အတြက္ teaser ကို ဗုဒၶဟူးေန႔ (ေမလ ၂၉ ရက္) က ဆိုရွယ္မီဒီယာမွာ တင္ခဲ့တာ ျဖစ္ပါတယ္။ တစ္မိနစ္ နဲ႔ ၄၄ စကၠန႔္ၾကာတဲ့ အဆိုပါ teaser ဟာ Facebook၊ TikTok ၊ X အပါအဝင္ ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ားစြာမွာ ၂၄ နာရီအတြင္း ၾကည့္ရႈသူေပါင္း ၁၇၈ သန္း ရရွိခဲ့ပါတယ္။ ဒါဟာ ယခင္စံခ်ိန္တင္ထားတဲ့ Inside Out 2 teaser ကို ေက်ာ္ကာ Disney ကာတြန္း႐ုပ္ရွင္ teaser ေတြထဲ လူၾကည့္အမ်ားဆုံး ျဖစ္လာခဲ့တာပါ။
Moana 2 မွာ အသံသ႐ုပ္ေဆာင္ေတြအေနနဲ႔ တာမူရာမိုရစ္ဆန္၊ နစ္ကိုးရွာဇင္ဂါ၊ အာလန္တူဒက္ခ္တို႔ ပါဝင္မွာျဖစ္ၿပီး ဇာတ္ကားကေတာ့ ၂၀၂၄ ခုႏွစ္၊ ႏိုဝင္ဘာ ၂၇ ရက္မွာ ထြက္ရွိမွာျဖစ္ပါတယ္။