နွမ်းပါးအနုပညာရှင်၊ အတတ်ပညာရှင်များအား ငွေသားကံစမ်းမဲဖောက်ပေးခြင်းအစီစဉ်ပါဝင်သော (၇၉)နှစ်မြောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နှစ်ပတ်လည်နေ့အခမ်းအနား ယနေ့ကျင်းပ

 449

(NP News)-မတ် ၈
နွမ်းပါးအနုပညာရှင်၊ အတတ်ပညာရှင်များအား ငွေသားကံစမ်းမဲဖောက်ပေးခြင်းအစီစဉ်ပါဝင်သည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ယနေ့(မတ်လ ၈ရက်)နံနက် ၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဝင်္ဂဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

(၇၉) နှစ်မြောက်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နှစ်ပတ်လည်နေ့ အခမ်းအနားကို နံနက်ပိုင်းအစီအစဉ်(၇)ခု၊ နေ့လည်ပိုင်းအစီစဉ် (၄)ခုတို့ဖြင့် ကျင်းပနေခြင်းဖြစ်ပြီး နွမ်းပါးအနုပညာရှင်၊ အတတ်ပညာရှင်များအား ဗလာမပါငွေသားကံစမ်းမဲဖောက်ပေးခြင်း အစီအစဉ်လည်းပါဝင်ကြောင်း သိရသည်။

ထိုပြင် ရာပြည့်ရင်ပြင် နှင့် ရုပ်ရှင်ဖခင်ကြီးများကြေးရုပ်ဖွင့်လှစ်ခြင်း၊ ရုပ်ရှင်သင်တန်းဆင်းများ၏ စကားဝိုင်းကျင်းပခြင်း၊ ဗီဒီယိုခေတ် သရုပ်ဆောင်များ၏ စကားဝိုင်းကျင်းပခြင်း၊ ခေတ်အဆက်ဆက်ရွှေကြိုများ၏ စကားဝိုင်းကျင်းပခြင်း ၊ခေတ်ဟောင်း ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားပြသခြင်း ၊မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်လှစ်ခြင်း၊ ပျော်ပွဲရွှင်ပွဲနှင့် စတုဒီသာဆိုင်များဖွင့်လှစ်ခြင်းစသည့် အစီစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

Zawgyi Version:
ႏြမ္းပါးအႏုပညာရွင္၊ အတတ္ပညာရွင္မ်ားအား ေငြသားကံစမ္းမဲေဖာက္ေပးျခင္းအစီစဥ္ပါဝင္ေသာ (၇၉)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ႏွစ္ပတ္လည္ေန႔အခမ္းအနား ယေန႔က်င္းပ
(NP News)-မတ္ ၈
ႏြမ္းပါးအႏုပညာရွင္၊ အတတ္ပညာရွင္မ်ားအား ေငြသားကံစမ္းမဲေဖာက္ေပးျခင္းအစီစဥ္ပါဝင္သည့္ (၇၉)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ႏွစ္ပတ္လည္ေန႔အခမ္းအနားကို ယေန႔က်င္းပခဲ့သည္။

အဆိုပါအခမ္းအနားကို ယေန႔(မတ္လ ၈ရက္)နံနက္ ၉နာရီတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ ဝဂၤဘာလမ္းရွိ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးတြင္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

(၇၉) ႏွစ္ေျမာက္ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ႏွစ္ပတ္လည္ေန႔ အခမ္းအနားကို နံနက္ပိုင္းအစီအစဥ္(၇)ခု၊ ေန႔လည္ပိုင္းအစီစဥ္ (၄)ခုတို႔ျဖင့္ က်င္းပေနျခင္းျဖစ္ၿပီး ႏြမ္းပါးအႏုပညာရွင္၊ အတတ္ပညာရွင္မ်ားအား ဗလာမပါေငြသားကံစမ္းမဲေဖာက္ေပးျခင္း အစီအစဥ္လည္းပါဝင္ေၾကာင္း သိရသည္။

ထိုျပင္ ရာျပည့္ရင္ျပင္ ႏွင့္ ႐ုပ္ရွင္ဖခင္ႀကီးမ်ားေၾကး႐ုပ္ဖြင့္လွစ္ျခင္း၊ ႐ုပ္ရွင္သင္တန္းဆင္းမ်ား၏ စကားဝိုင္းက်င္းပျခင္း၊ ဗီဒီယိုေခတ္ သ႐ုပ္ေဆာင္မ်ား၏ စကားဝိုင္းက်င္းပျခင္း၊ ေခတ္အဆက္ဆက္ေ႐ႊႀကိဳမ်ား၏ စကားဝိုင္းက်င္းပျခင္း ၊ေခတ္ေဟာင္း ဂႏၴဝင္႐ုပ္ရွင္ဇာတ္ကားျပသျခင္း ၊ျမန္မာ့႐ုပ္ရွင္သမိုင္းျပတိုက္ဖြင့္လွစ္ျခင္း၊ ေပ်ာ္ပြဲ႐ႊင္ပြဲႏွင့္ စတုဒီသာဆိုင္မ်ားဖြင့္လွစ္ျခင္းစသည့္ အစီစဥ္မ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.