TNLA မိုင်းခွဲဖျက်ဆီးခဲ့သည့် ကျင်သီတံတားကို သွားရောက်ပြုပြင်မည့်ကာလ ဆောက်လုပ်ရေးဝန်ကြီးဌာန အသိပေး

 8249

သန့်ဇင် (NP News) - ဇွန် ၅

လုံခြုံရေးစိတ်ချရသည့် အချိန်ရောက်ပါက မိုင်းခွဲဖျက်ဆီးခံရသည့် ကျင်သီတံတားကို သွားရောက်ပြုပြင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးပြောဆိုထားသည်။ အဆိုပါဝန်ကြီးဌာနက ယခုရက်ပိုင်းတွင် မီဒီယာများကို အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းမျိုးဖြစ်သည်။

TNLA လက်နက်ကိုင်အဖွဲ့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းတွင်အရေးပါသည့် ကျောက်မဲနှင့် သီပေါမြို့ကြားရှိ ကျင်သီတံတားကို မိုင်းခွဲဖျက်ဆီးသွားခဲ့ရာ တံတားမှာထက်ပိုင်း ကျိုးကျပျက်စီးသွားခဲ့ပြီး ယာဉ်များဖြတ်သန်းသွားလာ၍မရဖြစ်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ကျိုးကျပျက်စီးသွားခဲ့သည့် ကျင်သီ တံတားဘေးတွင် ယာယီတံတားတစ်စင်းကို TNLA လက်နက်ကိုင်အဖွဲ့က ပြန်လည်တည်ဆောက်ပေးခဲ့သော်လည်း ကားတစ်စီးသာ ဖြတ်သန်းသွားလာရ သည့်အတွက် ဒေသခံများအနေဖြင့် အလှည့်ကျ ဖြတ်သန်းနေရကြောင်း သိရသည်။ လက်ရှိတွင် မိုးတွင်းကာလရောက်ရှိလာပြီဖြစ်သည့်အတွက် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မေ ၂၈ ရက်တွင် အဆိုပါယာယီတံတားသည်လည်း တံတားအောက်ခြေတိုင်များယိုင်နဲ့သွားခဲ့သဖြင့် ယာဉ်များဖြတ်သန်း သွားလာခြင်းကို ယာယီရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

‘ အခုတော့ တံတားက ကားကြီးတွေကတော့ သွားလို့မရတော့ဘူး။ ကားလေးတွေပဲ သွားလို့ရတာပေါ့။ တစ်ဖက်ကတစ်စီးဖြတ်ရင် တစ်ဖက်ကစောင့် နေရတာ။ တံတားတိုင်က ကွန်ကရစ်ကို ကျောက်ခဲတွေဖြည့်ထားတာဆိုတော့ ရေတက်လာရင် ရွဲ့သွားတာမျိုးရှိတယ်။ ဆိုးဆိုးရွားရွားကြီး ပျက်စီးသွားတာမျိုးတော့ မရှိဘူးပေါ့။ ကားတွေကတော့ တံတားယာယီ ပိတ်ထားရင် ပိတ်မိတာတွေ ရှိတယ်။ ဒါပေမဲ့ နာရီပိုင်း လောက်ပါပဲ။ တံတားကလည်း ရေနဲ့တစ်ပြေးညီဆိုတော့ တိုင်ကနည်းနည်း လေးရွဲ့သွားတာမျိုး ရှိတယ်။ အရင်ကလည်း အဲဒီလိုပါပဲ မိုးနည်းနည်းကြီးရင် တိုင်ကရွဲ့သွားတယ်။ ဒါပေမဲ့ ခဏပါပဲ အကြာကြီးမဖြစ်ပါဘူး’ ဟု NP News သို့ ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် ယာယီကျင်သီတံတားအနေဖြင့် မိုးများလာနိုင်သည့်လာမည့်ဇွန်လအတွင်း တံတား နစ်မြုပ်နိုင်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာဖြစ်ပေါ်လာနိုင်ကြောင်းလည်း အထက်ပါဒေသခံများက သုံးသပ်ပြောဆိုထားသည်။ “အခုတောင် အစစ အရာရာ အကုန်ဈေးတွေ တက်နေတာ။ နောက်ဆိုရင် ပိုဆိုးလာဖို့ပဲရှိတယ်။ နောက်လဆိုရင် မိုးပိုများလာရင် ရေကတက်လာ မှာလေ။ အဲဒီအချိန်ကျရင် တံတားကလည်း အခုရေနဲ့တစ်ပြေးညီထိုးတဲ့အတွက် သွားဖို့က မလွယ်တော့ ဘူး။ တချို့ကျတော့လည်း စဉ်းစားတာပေါ့။ ကျိုးသွားတဲ့ တံတားပေါ်မှာပဲ ကျောက်မီးသွေး တွေ တင်ပြီးရင် အပေါ်ကနေ သစ်သားတွေခင်းပြီး ဖြတ်ကြဖို့ကိုပါ။ အဲဒါကလည်း ပြောသာပြောရတာ မလွယ်ပါဘူး” ဟု ၎င်းကဆက် လက်ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် လမ်းတံတား များကို ပြုပြင်ပေးလျက်ရှိသော်လည်း လက်နက်ကိုင် အဖွဲ့အချို့ကြောင့် လုံခြုံရေးစိတ်ချရသည့် အချိန်မှသာ ထပ်မံသွားရောက်ပြုပြင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။ ယခုနှစ် မေလအတွင်းပင် ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ ကျုံအိတ်တံတားနှင့် မစောတံတားတို့တို့ KNU၊ PDF ပူးပေါင်းအဖွဲ့ဝင် များက မိုင်းခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့ရာ ဒေသခံများအနေဖြင့်လမ်းပန်းဆက်သွယ်ရေး အခက်အခဲ များစွာ ဖြစ်ပေါ်ခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်းလုံးတွင် ဖျက်ဆီး ခံထားရသည့် လမ်းတံတားနှင့် တိုးဂိတ်စုစုပေါင်း (၁၅၀ဝ)နီးပါးထိရှိပြီဖြစ်ပြီး ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးတွင် အခက်အခဲများစွာဖြစ်ပေါ်ခဲ့သည်။

zawgyi version
TNLA မိုင္းခြဲဖ်က္ဆီးခဲ့သည့္ က်င္သီတံတားကို သြားေရာက္ျပဳျပင္မည့္ကာလ ေဆာက္လုပ္ေရးဝန္ႀကီးဌာန အသိေပး
သန႔္ဇင္ (NP News) - ဇြန္ ၅

လုံၿခဳံေရးစိတ္ခ်ရသည့္ အခ်ိန္ေရာက္ပါက မိုင္းခြဲဖ်က္ဆီးခံရသည့္ က်င္သီတံတားကို သြားေရာက္ျပဳျပင္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနက အသိေပးေျပာဆိုထားသည္။ အဆိုပါဝန္ႀကီးဌာနက ယခုရက္ပိုင္းတြင္ မီဒီယာမ်ားကို အထက္ပါကဲ့သို႔ အသိေပးေျပာဆိုထားျခင္းမ်ိဳးျဖစ္သည္။

TNLA လက္နက္ကိုင္အဖြဲ႕သည္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာ ၁၂ ရက္က ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္အေရးပါသည့္ ေက်ာက္မဲႏွင့္ သီေပါၿမိဳ႕ၾကားရွိ က်င္သီတံတားကို မိုင္းခြဲဖ်က္ဆီးသြားခဲ့ရာ တံတားမွာထက္ပိုင္း က်ိဳးက်ပ်က္စီးသြားခဲ့ၿပီး ယာဥ္မ်ားျဖတ္သန္းသြားလာ၍မရျဖစ္ခဲ့ေၾကာင္း သိရသည္။ သို႔ရာတြင္ က်ိဳးက်ပ်က္စီးသြားခဲ့သည့္ က်င္သီ တံတားေဘးတြင္ ယာယီတံတားတစ္စင္းကို TNLA လက္နက္ကိုင္အဖြဲ႕က ျပန္လည္တည္ေဆာက္ေပးခဲ့ေသာ္လည္း ကားတစ္စီးသာ ျဖတ္သန္းသြားလာရ သည့္အတြက္ ေဒသခံမ်ားအေနျဖင့္ အလွည့္က် ျဖတ္သန္းေနရေၾကာင္း သိရသည္။ လက္ရွိတြင္ မိုးတြင္းကာလေရာက္ရွိလာၿပီျဖစ္သည့္အတြက္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ ေမ ၂၈ ရက္တြင္ အဆိုပါယာယီတံတားသည္လည္း တံတားေအာက္ေျခတိုင္မ်ားယိုင္နဲ႔သြားခဲ့သျဖင့္ ယာဥ္မ်ားျဖတ္သန္း သြားလာျခင္းကို ယာယီရပ္ဆိုင္းလိုက္ရေၾကာင္း သိရသည္။

‘ အခုေတာ့ တံတားက ကားႀကီးေတြကေတာ့ သြားလို႔မရေတာ့ဘူး။ ကားေလးေတြပဲ သြားလို႔ရတာေပါ့။ တစ္ဖက္ကတစ္စီးျဖတ္ရင္ တစ္ဖက္ကေစာင့္ ေနရတာ။ တံတားတိုင္က ကြန္ကရစ္ကို ေက်ာက္ခဲေတြျဖည့္ထားတာဆိုေတာ့ ေရတက္လာရင္ ႐ြဲ႕သြားတာမ်ိဳးရွိတယ္။ ဆိုးဆိုး႐ြား႐ြားႀကီး ပ်က္စီးသြားတာမ်ိဳးေတာ့ မရွိဘူးေပါ့။ ကားေတြကေတာ့ တံတားယာယီ ပိတ္ထားရင္ ပိတ္မိတာေတြ ရွိတယ္။ ဒါေပမဲ့ နာရီပိုင္း ေလာက္ပါပဲ။ တံတားကလည္း ေရနဲ႔တစ္ေျပးညီဆိုေတာ့ တိုင္ကနည္းနည္း ေလး႐ြဲ႕သြားတာမ်ိဳး ရွိတယ္။ အရင္ကလည္း အဲဒီလိုပါပဲ မိုးနည္းနည္းႀကီးရင္ တိုင္က႐ြဲ႕သြားတယ္။ ဒါေပမဲ့ ခဏပါပဲ အၾကာႀကီးမျဖစ္ပါဘူး’ ဟု NP News သို႔ ထုတ္ေဖာ္ေျပာဆိုထားသည္။

ထို႔ျပင္ ယာယီက်င္သီတံတားအေနျဖင့္ မိုးမ်ားလာႏိုင္သည့္လာမည့္ဇြန္လအတြင္း တံတား နစ္ျမဳပ္ႏိုင္သည့္အတြက္ လမ္းပန္းဆက္သြယ္ေရး အခက္အခဲမ်ားစြာျဖစ္ေပၚလာႏိုင္ေၾကာင္းလည္း အထက္ပါေဒသခံမ်ားက သုံးသပ္ေျပာဆိုထားသည္။ “အခုေတာင္ အစစ အရာရာ အကုန္ေဈးေတြ တက္ေနတာ။ ေနာက္ဆိုရင္ ပိုဆိုးလာဖို႔ပဲရွိတယ္။ ေနာက္လဆိုရင္ မိုးပိုမ်ားလာရင္ ေရကတက္လာ မွာေလ။ အဲဒီအခ်ိန္က်ရင္ တံတားကလည္း အခုေရနဲ႔တစ္ေျပးညီထိုးတဲ့အတြက္ သြားဖို႔က မလြယ္ေတာ့ ဘူး။ တခ်ိဳ႕က်ေတာ့လည္း စဥ္းစားတာေပါ့။ က်ိဳးသြားတဲ့ တံတားေပၚမွာပဲ ေက်ာက္မီးေသြး ေတြ တင္ၿပီးရင္ အေပၚကေန သစ္သားေတြခင္းၿပီး ျဖတ္ၾကဖို႔ကိုပါ။ အဲဒါကလည္း ေျပာသာေျပာရတာ မလြယ္ပါဘူး” ဟု ၎ကဆက္ လက္ေျပာသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာနအေနျဖင့္ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ေစရန္ လမ္းတံတား မ်ားကို ျပဳျပင္ေပးလ်က္ရွိေသာ္လည္း လက္နက္ကိုင္ အဖြဲ႕အခ်ိဳ႕ေၾကာင့္ လုံၿခဳံေရးစိတ္ခ်ရသည့္ အခ်ိန္မွသာ ထပ္မံသြားေရာက္ျပဳျပင္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထား သည္။ ယခုႏွစ္ ေမလအတြင္းပင္ ရန္ကုန္-ေမာ္လၿမိဳင္လမ္းေပၚရွိ က်ဳံအိတ္တံတားႏွင့္ မေစာတံတားတို႔တို႔ KNU၊ PDF ပူးေပါင္းအဖြဲ႕ဝင္ မ်ားက မိုင္းခြဲဖ်က္ဆီးမႈမ်ားျပဳလုပ္ခဲ့ရာ ေဒသခံမ်ားအေနျဖင့္လမ္းပန္းဆက္သြယ္ေရး အခက္အခဲ မ်ားစြာ ျဖစ္ေပၚခဲ့ရသည္။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ကာ လက္ရွိအခ်ိန္ထိ ႏိုင္ငံတစ္ဝန္းလုံးတြင္ ဖ်က္ဆီး ခံထားရသည့္ လမ္းတံတားႏွင့္ တိုးဂိတ္စုစုေပါင္း (၁၅၀ဝ)နီးပါးထိရွိၿပီျဖစ္ၿပီး ျပည္သူမ်ားအေနျဖင့္ လမ္းပန္းဆက္သြယ္ေရးတြင္ အခက္အခဲမ်ားစြာျဖစ္ေပၚခဲ့သည္။

Related news

© 2021. All rights reserved.