မြန်မာ့ပထမဆုံး ဘူမိဥယျာဉ်ဖြစ်သော ပုပ္ပားတောင်ဘူမိဥယျာဉ်၌ ဘူမိအခြေပြုခရီးသွားလုပ်ငန်းလုပ်ရန် ကွင်းဆင်းလေ့လာကြည့်ရှုမှုများ ဆောင်ရွက်မည်

 622

စော (NP News) - ဇွန် ၇

မြန်မာ့ပထမဆုံး ဘူမိဥယျာဉ်ဖြစ်သော ပုပ္ပားတောင်ဘူမိဥယျာဉ်၌ ဘူမိအခြေပြုခရီးသွားလုပ်ငန်းလုပ်ရန် ကွင်းဆင်းလေ့လာကြည့်ရှုမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း မဟာဂီရိ Community Base Geotourism Services မှ ကိုတင်ကိုမင်းက NP News ကိုပြောသည်။

“ဘူမိကဆရာမတွေနဲ့ တိုင်ပင်ပြီးတော့ ၆ လပိုင်းထဲဖြစ်ရင်ဖြစ်။ မဖြစ်ရင် ၇လပိုင်းထဲဖြစ်ရင်ဖြစ်ပေါ့။ အဲဒီ ၂လထဲက တစ်လလောက်လောက်တော့ဖြစ်မှာပေါ့”ဟု ကိုတင်ကိုမင်းကပြောသည်။

အဆိုပါဘူမိခရီးသွားလုပ်ငန်းကို လာရောက်သူများအနေဖြင့် မီးတောင်နှင့် ပတ်သက်သောဗဟုသုတများကို လေ့လာခွင့်ရမည့်အပြင် ဇီဝမျိုးစုံ၊ မျိုးကွဲများကိုလည်း လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရှားပါးမျိုးစိတ်ဖြစ်သော ပုပ္ပါးမျောက်မြီးရှည်ထိန်းသိမ်းရေးလုပ်ငန်းနှင့် တွဲဖက်လုပ်ဆောင်ခြင်းဖြစ်သောကြောင့် အဆိုပါမျောက်များအကြောင်း ဗဟုသု တများကိုလည်း သိခွင့်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“(ခရီးသွားတွေ) အရမ်းများလာအောင် အဲဒီလောက်ကြီးတော့ ကျွန်တော်တို့က မဆွဲဆောင်ချင်ဘူး။ ဒီတောင်ကကျတော့ ထိန်းသိမ်းရမယ့် အရာတွေအများကြီးရှိတယ်။ ဥပမာ ကျွန်တော်တို့ လက်ရှိတွေ့ထားတာ ပုပ္ပါးမျောက်မြီးရှည်ရှိတယ်။ ပုပ္ပါးမြွေပွေးတက်တူဆိုတာရှိတယ်။ ပုပ္ပါးတောက်တဲ့ ပျံဆိုတာရှိတယ်ပေါ့နော် ။ (ခရီးသွားတွေ) အရမ်းများလာရင် ပျက်စီးမှာလည်း ကြောက်ရသေးတယ်”ဟု ၎င်းက ထိန်းသိမ်းရမည့် အခြေအနေနှင့်ပတ် သက်၍ ၎င်းက သုံးသပ်ပြောကြားသည်။

ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဥ်ကို ဘူမိနယ်မြေ (၁၅)ခုနှင့် ဖွဲ့စည်းထားပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သဘာဝသယံဇာအမွေအနှစ်များကို ရေရှည်တည်တံ့စေရန် ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်နှင့် ထူးခြားသောဘူမိသွင်ပြင်များကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ်သတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။

zawgyi version
ျမန္မာ့ပထမဆုံး ဘူမိဥယ်ာဥ္ျဖစ္ေသာ ပုပၸားေတာင္ဘူမိဥယ်ာဥ္၌ ဘူမိအေျချပဳခရီးသြားလုပ္ငန္းလုပ္ရန္ ကြင္းဆင္းေလ့လာၾကည့္ရႈမႈမ်ား ေဆာင္႐ြက္မည္
ေစာ (NP News) - ဇြန္ ၇

ျမန္မာ့ပထမဆုံး ဘူမိဥယ်ာဥ္ျဖစ္ေသာ ပုပၸားေတာင္ဘူမိဥယ်ာဥ္၌ ဘူမိအေျချပဳခရီးသြားလုပ္ငန္းလုပ္ရန္ ကြင္းဆင္းေလ့လာၾကည့္ရႈမႈမ်ား ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း မဟာဂီရိ Community Base Geotourism Services မွ ကိုတင္ကိုမင္းက NP News ကိုေျပာသည္။

“ဘူမိကဆရာမေတြနဲ႔ တိုင္ပင္ၿပီးေတာ့ ၆ လပိုင္းထဲျဖစ္ရင္ျဖစ္။ မျဖစ္ရင္ ၇လပိုင္းထဲျဖစ္ရင္ျဖစ္ေပါ့။ အဲဒီ ၂လထဲက တစ္လေလာက္ေလာက္ေတာ့ျဖစ္မွာေပါ့”ဟု ကိုတင္ကိုမင္းကေျပာသည္။

အဆိုပါဘူမိခရီးသြားလုပ္ငန္းကို လာေရာက္သူမ်ားအေနျဖင့္ မီးေတာင္ႏွင့္ ပတ္သက္ေသာဗဟုသုတမ်ားကို ေလ့လာခြင့္ရမည့္အျပင္ ဇီဝမ်ိဳးစုံ၊ မ်ိဳးကြဲမ်ားကိုလည္း ေလ့လာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ရွားပါးမ်ိဳးစိတ္ျဖစ္ေသာ ပုပၸါးေမ်ာက္ၿမီးရွည္ထိန္းသိမ္းေရးလုပ္ငန္းႏွင့္ တြဲဖက္လုပ္ေဆာင္ျခင္းျဖစ္ေသာေၾကာင့္ အဆိုပါေမ်ာက္မ်ားအေၾကာင္း ဗဟုသု တမ်ားကိုလည္း သိခြင့္ရမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

“(ခရီးသြားေတြ) အရမ္းမ်ားလာေအာင္ အဲဒီေလာက္ႀကီးေတာ့ ကြၽန္ေတာ္တို႔က မဆြဲေဆာင္ခ်င္ဘူး။ ဒီေတာင္ကက်ေတာ့ ထိန္းသိမ္းရမယ့္ အရာေတြအမ်ားႀကီးရွိတယ္။ ဥပမာ ကြၽန္ေတာ္တို႔ လက္ရွိေတြ႕ထားတာ ပုပၸါးေမ်ာက္ၿမီးရွည္ရွိတယ္။ ပုပၸါးေႁမြေပြးတက္တူဆိုတာရွိတယ္။ ပုပၸါးေတာက္တဲ့ ပ်ံဆိုတာရွိတယ္ေပါ့ေနာ္ ။ (ခရီးသြားေတြ) အရမ္းမ်ားလာရင္ ပ်က္စီးမွာလည္း ေၾကာက္ရေသးတယ္”ဟု ၎က ထိန္းသိမ္းရမည့္ အေျခအေနႏွင့္ပတ္ သက္၍ ၎က သုံးသပ္ေျပာၾကားသည္။

ပုပၸါးေတာင္အမ်ိဳးသားဘူမိဥယ်ာဥ္ကို ဘူမိနယ္ေျမ (၁၅)ခုႏွင့္ ဖြဲ႕စည္းထားၿပီး သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနအေနျဖင့္ သဘာဝသယံဇာအေမြအႏွစ္မ်ားကို ေရရွည္တည္တံ့ေစရန္ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား၊ ေဂဟစနစ္ႏွင့္ ထူးျခားေသာဘူမိသြင္ျပင္မ်ားကို သဘာဝထိန္းသိမ္းေရးနယ္ေျမအျဖစ္သတ္မွတ္ၿပီး ကာကြယ္ထိန္းသိမ္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.