ပုဂံဘုရားသို့လာရောက်သူ(၁၀ဝ)တွင် (၂၀)ဦး၏ မဆင်မခြင်လုပ်ရပ်ကြောင့် ရှေးဟောင်းနံရံပန်းချီ နှင့် အင်္ဂတေပန်းလက်ရာများ ပျက်စီးနေရ

 550

ယွန်း (NP News) - ဇွန် ၁၀

ဘုရားဖူး လာရောက်သူအချို့ကြောင့် ပုဂံဒေသရှိ ဘုရားများ၏ ရှေးဟောင်းနံရံပန်းချီနှင့် အင်္ဂတေပန်းလက်ရာများတွင် ပျက်စီးမှုများရှိနေပြီး ရှောင်ရှားရန်လိုအပ်ကြောင်း ပုဂံရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။ ပုဂံဘုရားများသို့ လာရောက်လည်ပတ်သူအချို့၏ မဆင်မခြင်လုပ်ရပ်များကြောင့် ဘုရားအချို့ရှိ နံရံပန်းချီများနှင့် အင်္ဂတေပန်းလက်ရာများတွင် ပျက်စီးမှုများရှိနေပြီး အဆိုပါရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရန်အတွက် ဆောင်ရွက်နေကြောင်းသိရသည်။

“ဘုရားဖူးတွေထဲမှာ မသိနားမလည်တဲ့ သူတွေလည်း ရှိတာတော့ရှိတယ်။ တချို့ဘုရားတွေမှာဆို နံရံပန်းချီတွေရှိတယ်၊ အင်္ဂတေပန်းလက်ရာတွေရှိတယ်၊ နှစ်ခုလုံးရှိတဲ့ အဆောက်အအုံတွေလည်းရှိတယ်။ ရုပ်ပွားတော်တွေရှိတယ်။ ဒါတွေဆိုရင် အမှုမဲ့အမှတ်မဲ့ လက်နဲ့တိုက်သွားတာတွေရှိတယ်။ အဲဒါတွေကြောင့် နံရံပန်းချီတွေမှာဆိုလည်း ပျက်စီးတာတွေ ရှိတယ်။ ဒါတွေကို ဌာနအနေနဲ့နံရံပန်းချီတွေကို ကိုင်တွယ်လို့မရအောင် မှန်တွေနဲ့ကာရံထားတာတွေ ရှိပါတယ်။ ခုလောလောဆယ်မှာတော့ လောကထိပ် ပန်တို့၊ စူနာမဏိတို့လို ဘုရားမျိုးတွေမှာတော့ မှန်တွေကာပြီး နံရံပန်းချီတွေမပျက်စီးအောင် ဆောင်ရွက်ထားပါတယ်။ ဆက်ပြီးတော့လည်း ကျန်တဲ့ဘုရားတွေမှာ ဆောင်ရွက်သွားဖို့ရှိပါတယ်။ တမင်တကာ ရည်ရွယ်ချက် ရှိရှိနဲ့လုပ်တာတော့မဟုတ်ကြပါဘူး ”ဟု ပုဂံရှေးဟောင်းသုတေသနဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သန်းက NP News ကိုပြောသည်။

ထို့ပြင် အဆိုပါပျက်စီးမှုများကို ပြန်လည်ထိန်းသိမ်းရေးများ ဆောင်ရွက်နေရသည့် အတွက် ပုဂံဒေသ၌ ဆက်လက်ဆောင်ရွက်ရမည့် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အဟန့် အတားဖြစ်စေပြီး ရှောင်ရှားရန် လိုအပ်ကြောင်း ၎င်းကဆိုထားသည်။ “တချို့ကကျတော့ သူတို့ ဘယ်နေ့၊ ဘယ်ရက်က ရောက်ခဲ့တယ်ဆိုတာမျိုးတွေကို ရေးခဲ့တာတွေရှိတယ်။ အမှတ် အသား သဘောမျိုးလုပ်သွားတာပေါ့။ သူတို့ကတော့ အဲဒီလိုလုပ်သွားပေမယ့် ရှေးဟောင်းအဆောက်အအုံတွေမှာကျတော့ အဲဒီလို လုပ်လို့ မရဘူးလေ။ အဲဒီဟာတွေက ရှေးဟောင်းအဆောက်အအုံကို သူရဲ့ မူလပုံသဏ္ဌာန်တွေမဟုတ်တဲ့အတွက် မရေးသင့်တဲ့၊ မလုပ်သင့်တဲ့ အပြုအမူတွေပေါ့လေ။ ရှောင်ရှားဖို့တော့ လိုပါတယ်။ တွေ့တဲ့နေရာမှာ ကျွန်တော်တို့က ဒါတွေကို လိုက်ဖျက်ရတယ်၊ ပြန်ပြီးထိန်းသိမ်းနေရတယ်ဆိုတော့ ရှေးဟောင်း အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့နေရာမှာ အဟန့်အတားဖြစ်တာပေါ့။ လုပ်ငန်းတွေတန့်တာပေါ့။ ဒါတွေကို ပြန်လုပ်နေရတာနဲ့ ထိန်းသိမ်းရမယ့်လုပ်ငန်းတွေ အဟန့်အတား ဖြစ်သွားတာပေါ့ ”ဟု ၎င်းကဆိုသည်။

ခန့်မှန်းတွက်ချက်မှုအရ ပုဂံဒေသသို့ ဘုရားဖူး လာရောက်သူဦးရေ (၁၀ဝ)ရှိပါက အများဆုံး လူ(၂၀) ဦးခန့်သည် အထက်ပါကဲ့သို့ မဆင်မခြင် လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် အဆိုပါရှေးဟောင်းလက်ရာများကို ကြည့်ရှုလေ့လာသူများ၏ မဆင်မခြင်လုပ်ရပ်များနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် စနစ်တကျထိန်းသိမ်းရန် နစကဥက္ကဋ္ဌက ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောဆိုခဲ့ဖူးသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ (၂၅)ရက်နေ့ အထိ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည့် ၂ ဒသမ ၃၂ သန်းခန့် လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် လာရောက်သည့်ဦးရေထက် ပိုမိုများခဲ့ကြောင်း သိရသည်။

zawgyi version
ပုဂံဘုရားသို႔လာေရာက္သူ(၁၀ဝ)တြင္ (၂၀)ဦး၏ မဆင္မျခင္လုပ္ရပ္ေၾကာင့္ ေရွးေဟာင္းနံရံပန္းခ်ီ ႏွင့္ အဂၤေတပန္းလက္ရာမ်ား ပ်က္စီးေနရ
ယြန္း (NP News) - ဇြန္ ၁၀

ဘုရားဖူး လာေရာက္သူအခ်ိဳ႕ေၾကာင့္ ပုဂံေဒသရွိ ဘုရားမ်ား၏ ေရွးေဟာင္းနံရံပန္းခ်ီႏွင့္ အဂၤေတပန္းလက္ရာမ်ားတြင္ ပ်က္စီးမႈမ်ားရွိေနၿပီး ေရွာင္ရွားရန္လိုအပ္ေၾကာင္း ပုဂံေရွးေဟာင္းသုေတသနဌာန ၫႊန္ၾကားေရးမႉးထံမွ သိရသည္။ ပုဂံဘုရားမ်ားသို႔ လာေရာက္လည္ပတ္သူအခ်ိဳ႕၏ မဆင္မျခင္လုပ္ရပ္မ်ားေၾကာင့္ ဘုရားအခ်ိဳ႕ရွိ နံရံပန္းခ်ီမ်ားႏွင့္ အဂၤေတပန္းလက္ရာမ်ားတြင္ ပ်က္စီးမႈမ်ားရွိေနၿပီး အဆိုပါေရွးေဟာင္းလက္ရာမ်ားကို ထိန္းသိမ္းရန္အတြက္ ေဆာင္႐ြက္ေနေၾကာင္းသိရသည္။

“ဘုရားဖူးေတြထဲမွာ မသိနားမလည္တဲ့ သူေတြလည္း ရွိတာေတာ့ရွိတယ္။ တခ်ိဳ႕ဘုရားေတြမွာဆို နံရံပန္းခ်ီေတြရွိတယ္၊ အဂၤေတပန္းလက္ရာေတြရွိတယ္၊ ႏွစ္ခုလုံးရွိတဲ့ အေဆာက္အအုံေတြလည္းရွိတယ္။ ႐ုပ္ပြားေတာ္ေတြရွိတယ္။ ဒါေတြဆိုရင္ အမႈမဲ့အမွတ္မဲ့ လက္နဲ႔တိုက္သြားတာေတြရွိတယ္။ အဲဒါေတြေၾကာင့္ နံရံပန္းခ်ီေတြမွာဆိုလည္း ပ်က္စီးတာေတြ ရွိတယ္။ ဒါေတြကို ဌာနအေနနဲ႔နံရံပန္းခ်ီေတြကို ကိုင္တြယ္လို႔မရေအာင္ မွန္ေတြနဲ႔ကာရံထားတာေတြ ရွိပါတယ္။ ခုေလာေလာဆယ္မွာေတာ့ ေလာကထိပ္ ပန္တို႔၊ စူနာမဏိတို႔လို ဘုရားမ်ိဳးေတြမွာေတာ့ မွန္ေတြကာၿပီး နံရံပန္းခ်ီေတြမပ်က္စီးေအာင္ ေဆာင္႐ြက္ထားပါတယ္။ ဆက္ၿပီးေတာ့လည္း က်န္တဲ့ဘုရားေတြမွာ ေဆာင္႐ြက္သြားဖို႔ရွိပါတယ္။ တမင္တကာ ရည္႐ြယ္ခ်က္ ရွိရွိနဲ႔လုပ္တာေတာ့မဟုတ္ၾကပါဘူး ”ဟု ပုဂံေရွးေဟာင္းသုေတသနဌာနမွ ၫႊန္ၾကားေရးမႉး ဦးျမင့္သန္းက NP News ကိုေျပာသည္။

ထို႔ျပင္ အဆိုပါပ်က္စီးမႈမ်ားကို ျပန္လည္ထိန္းသိမ္းေရးမ်ား ေဆာင္႐ြက္ေနရသည့္ အတြက္ ပုဂံေဒသ၌ ဆက္လက္ေဆာင္႐ြက္ရမည့္ ထိန္းသိမ္းေရးလုပ္ငန္းမ်ားတြင္ အဟန႔္ အတားျဖစ္ေစၿပီး ေရွာင္ရွားရန္ လိုအပ္ေၾကာင္း ၎ကဆိုထားသည္။ “တခ်ိဳ႕ကက်ေတာ့ သူတို႔ ဘယ္ေန႔၊ ဘယ္ရက္က ေရာက္ခဲ့တယ္ဆိုတာမ်ိဳးေတြကို ေရးခဲ့တာေတြရွိတယ္။ အမွတ္ အသား သေဘာမ်ိဳးလုပ္သြားတာေပါ့။ သူတို႔ကေတာ့ အဲဒီလိုလုပ္သြားေပမယ့္ ေရွးေဟာင္းအေဆာက္အအုံေတြမွာက်ေတာ့ အဲဒီလို လုပ္လို႔ မရဘူးေလ။ အဲဒီဟာေတြက ေရွးေဟာင္းအေဆာက္အအုံကို သူရဲ႕ မူလပုံသဏၭာန္ေတြမဟုတ္တဲ့အတြက္ မေရးသင့္တဲ့၊ မလုပ္သင့္တဲ့ အျပဳအမူေတြေပါ့ေလ။ ေရွာင္ရွားဖို႔ေတာ့ လိုပါတယ္။ ေတြ႕တဲ့ေနရာမွာ ကြၽန္ေတာ္တို႔က ဒါေတြကို လိုက္ဖ်က္ရတယ္၊ ျပန္ၿပီးထိန္းသိမ္းေနရတယ္ဆိုေတာ့ ေရွးေဟာင္း အေဆာက္အအုံေတြကို ထိန္းသိမ္းေစာင့္ေရွာက္ရတဲ့ေနရာမွာ အဟန႔္အတားျဖစ္တာေပါ့။ လုပ္ငန္းေတြတန႔္တာေပါ့။ ဒါေတြကို ျပန္လုပ္ေနရတာနဲ႔ ထိန္းသိမ္းရမယ့္လုပ္ငန္းေတြ အဟန႔္အတား ျဖစ္သြားတာေပါ့ ”ဟု ၎ကဆိုသည္။

ခန႔္မွန္းတြက္ခ်က္မႈအရ ပုဂံေဒသသို႔ ဘုရားဖူး လာေရာက္သူဦးေရ (၁၀ဝ)ရွိပါက အမ်ားဆုံး လူ(၂၀) ဦးခန႔္သည္ အထက္ပါကဲ့သို႔ မဆင္မျခင္ လုပ္ရပ္မ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ အဆိုပါေရွးေဟာင္းလက္ရာမ်ားကို ၾကည့္ရႈေလ့လာသူမ်ား၏ မဆင္မျခင္လုပ္ရပ္မ်ားႏွင့္ သဘာဝေဘးဒဏ္တို႔ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈ မျဖစ္ေစေရးအတြက္ စနစ္တက်ထိန္းသိမ္းရန္ နစကဥကၠ႒က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေျပာဆိုခဲ့ဖူးသည္။ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွ ဒီဇင္ဘာလ (၂၅)ရက္ေန႔ အထိ ပုဂံေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမသို႔ ျပည္တြင္း၊ ျပည္ပ ခရီးသြားဧည့္သည့္ ၂ ဒသမ ၃၂ သန္းခန႔္ လာေရာက္လည္ပတ္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္တြင္ လာေရာက္သည့္ဦးေရထက္ ပိုမိုမ်ားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.