မြန်မာနိုင်ငံတွင်သာတွေ့ရနိုင်သော ပုပ္ပားတောက်တဲ့ပျံမျိုးကွဲကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်းမပြုလုပ်ရန် တိုက်တွန်း

 527

စော (NP News) - ဇွန် ၁၁

မြန်မာနိုင်ငံတွင်သာတွေ့ရနိုင်သော ပုပ္ပားတောက်တဲ့ပျံမျိုးကွဲကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်းမပြုလုပ်ရန် တိရစ္ဆာန်အရေးကျွမ်းကျင်သူတစ်ဦးက NP News မှတစ်ဆင့် တိုက်တွန်း ပြောကြားထားသည်။

ပုပ္ပားတောက်တဲ့ပျံမျိုးစိတ်သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးရှိ ပုပ္ပားတောင်အနီး တစ်ဝိုက်၌တွေ့ရနိုင်သော ရှားပါးမျိုးစိတ်ဖြစ်ပြီး အကောင်အရေအတွက်မှာ ခန့်မှန်းအားဖြင့် ရာဂဏန်း ခန့်ရှိမည် ဖြစ်ကြောင်း သိရသည်။ “အဓိကတော့ ပုပ္ပားမျောက်မြီးရှည်တွေလို မျိုးမျိုးဖောက်ပြီး အဲဒီလိုမျိုး ထိန်းသိမ်းဖို့မလိုသေး ဘူး။ အဓိကမဖမ်းဖို့၊ မသတ်ဖို့ပေါ့။ လူတွေက ဘယ်လို အယူမှားလဲဆိုတော့ သူတို့က အဆိပ်ရှိတယ်။ အဆိပ်ပြင်း ရှိတယ်။ ဒီတောက်တဲ့ပျံက လူကိုလာကပ်ပြီဆို ခွာလို့မရဘူး။ အကောင်ကိုသတ်လိုက်မှ ခွာလို့ ရတယ်လို့ အဲဒီလိုအယူအဆမှားရှိတယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘူး တောက်တဲ့ကပ်တာကခွာလို့ရ တယ်” ဟု တိရစ္ဆာန်အရေးကျွမ်းကျင်သူက ပြောသည်။

ပုပ္ပားတောက်တဲ့ပျံမျိုးစိတ်သည် အခြား တောက်တဲ့များနှင့် အရွယ်အစားတူညီပြီး ထူးခြား ချက်မှာသစ်ပင်တစ်ပင်မှ တစ်ပင်သို့ ခုန်ကူးခြင်း၊ သစ်ပင်ပေါ်မှ အောက်သို့ဆင်းရာတွင် လေဟုန်စီးနိုင် သော အမြီးပြားရှိကြောင်း သိရသည်။ “အခုကထိန်းသိမ်းဖို့ဆိုတာထက် ဒီကောင်အကြောင်းကို ကျွန်တော်ကသေချာ ဂဃနဏမသိဘူး။ ထိန်းသိမ်းဖို့အတွက် လှုံ့ဆော်ရုံ သက်သက်ပဲ အဲလောက်ပဲ ကျွန်တော်တို့ တတ်နိုင်တယ်။ နောက်ပိုင်း နားလည်တဲ့အဖွဲ့တွေနဲ့ပေါင်းပြီးမှ ဘာတွေလိုအပ်လဲ လိုအပ်တဲ့ဟာကို ကျွန်တော်တို့လိုက်လုပ်ပေါ့။ အခုက အကောင်ပဲတွေ့ လိုက်သေးတာ။ ဒီအကောင်က ကျွန်တော်တို့ဆီမှာ ပေါပေါများများ ရှိလား/ မရှိလား မသိသေးဘူး။ အဲဒီတော့ နားလည်တဲ့လူနဲ့တိုင်ပင် ဒီကောင်အရေအတွက်ဘယ်လောက်ရှိလဲ။ ဘာလုပ်ပေးရမလဲ။ သူတို့နဲ့တိုင်ပင်ပြီးမှ ဆက်လုပ်ရမှာ အခုကထိန်းသိမ်းဖို့အတွက် လှုံ့ဆော်ရုံသပ်သပ် ပဲရှိသေးတယ် ” ဟု မဟာဂီရိ Community Base Geotourism Services မှ ကိုတင်ကိုမင်းက ပြောသည်။

အဆိုပါ တိရစ္ဆာန်သည် နေ့ခင်းပိုင်းတွင် သစ်ပင်အခေါင်း၊ ကျောက်ကြိုကျောက်ကြား၊ ချုံပုတ် နှင့် သစ်ခေါင်းများတွင် နေထိုင်ကြပြီး ညအချိန်မှသာ အစာရှာထွက်လေ့ရှိကာ အင်းဆက်အသေးစားများကို စားသုံးလေ့ရှိကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံတြင္သာေတြ႕ရႏိုင္ေသာ ပုပၸားေတာက္တဲ့ပ်ံမ်ိဳးကြဲကို ဖမ္းဆီး၊ သတ္ျဖတ္ျခင္းမျပဳလုပ္ရန္ တိုက္တြန္း
ေစာ (NP News) - ဇြန္ ၁၁

ျမန္မာႏိုင္ငံတြင္သာေတြ႕ရႏိုင္ေသာ ပုပၸားေတာက္တဲ့ပ်ံမ်ိဳးကြဲကို ဖမ္းဆီး၊ သတ္ျဖတ္ျခင္းမျပဳလုပ္ရန္ တိရစာၦန္အေရးကြၽမ္းက်င္သူတစ္ဦးက NP News မွတစ္ဆင့္ တိုက္တြန္း ေျပာၾကားထားသည္။

ပုပၸားေတာက္တဲ့ပ်ံမ်ိဳးစိတ္သည္ ျမန္မာႏိုင္ငံ၊ မႏၲေလးတိုင္းေဒသႀကီးရွိ ပုပၸားေတာင္အနီး တစ္ဝိုက္၌ေတြ႕ရႏိုင္ေသာ ရွားပါးမ်ိဳးစိတ္ျဖစ္ၿပီး အေကာင္အေရအတြက္မွာ ခန႔္မွန္းအားျဖင့္ ရာဂဏန္း ခန႔္ရွိမည္ ျဖစ္ေၾကာင္း သိရသည္။ “အဓိကေတာ့ ပုပၸားေမ်ာက္ၿမီးရွည္ေတြလို မ်ိဳးမ်ိဳးေဖာက္ၿပီး အဲဒီလိုမ်ိဳး ထိန္းသိမ္းဖို႔မလိုေသး ဘူး။ အဓိကမဖမ္းဖို႔၊ မသတ္ဖို႔ေပါ့။ လူေတြက ဘယ္လို အယူမွားလဲဆိုေတာ့ သူတို႔က အဆိပ္ရွိတယ္။ အဆိပ္ျပင္း ရွိတယ္။ ဒီေတာက္တဲ့ပ်ံက လူကိုလာကပ္ၿပီဆို ခြာလို႔မရဘူး။ အေကာင္ကိုသတ္လိုက္မွ ခြာလို႔ ရတယ္လို႔ အဲဒီလိုအယူအဆမွားရွိတယ္။ ဒါေပမဲ့ အဲဒီလိုမဟုတ္ဘူး ေတာက္တဲ့ကပ္တာကခြာလို႔ရ တယ္” ဟု တိရစာၦန္အေရးကြၽမ္းက်င္သူက ေျပာသည္။

ပုပၸားေတာက္တဲ့ပ်ံမ်ိဳးစိတ္သည္ အျခား ေတာက္တဲ့မ်ားႏွင့္ အ႐ြယ္အစားတူညီၿပီး ထူးျခား ခ်က္မွာသစ္ပင္တစ္ပင္မွ တစ္ပင္သို႔ ခုန္ကူးျခင္း၊ သစ္ပင္ေပၚမွ ေအာက္သို႔ဆင္းရာတြင္ ေလဟုန္စီးႏိုင္ ေသာ အၿမီးျပားရွိေၾကာင္း သိရသည္။ “အခုကထိန္းသိမ္းဖို႔ဆိုတာထက္ ဒီေကာင္အေၾကာင္းကို ကြၽန္ေတာ္ကေသခ်ာ ဂဃနဏမသိဘူး။ ထိန္းသိမ္းဖို႔အတြက္ လႈံ႕ေဆာ္႐ုံ သက္သက္ပဲ အဲေလာက္ပဲ ကြၽန္ေတာ္တို႔ တတ္ႏိုင္တယ္။ ေနာက္ပိုင္း နားလည္တဲ့အဖြဲ႕ေတြနဲ႔ေပါင္းၿပီးမွ ဘာေတြလိုအပ္လဲ လိုအပ္တဲ့ဟာကို ကြၽန္ေတာ္တို႔လိုက္လုပ္ေပါ့။ အခုက အေကာင္ပဲေတြ႕ လိုက္ေသးတာ။ ဒီအေကာင္က ကြၽန္ေတာ္တို႔ဆီမွာ ေပါေပါမ်ားမ်ား ရွိလား/ မရွိလား မသိေသးဘူး။ အဲဒီေတာ့ နားလည္တဲ့လူနဲ႔တိုင္ပင္ ဒီေကာင္အေရအတြက္ဘယ္ေလာက္ရွိလဲ။ ဘာလုပ္ေပးရမလဲ။ သူတို႔နဲ႔တိုင္ပင္ၿပီးမွ ဆက္လုပ္ရမွာ အခုကထိန္းသိမ္းဖို႔အတြက္ လႈံ႕ေဆာ္႐ုံသပ္သပ္ ပဲရွိေသးတယ္ ” ဟု မဟာဂီရိ Community Base Geotourism Services မွ ကိုတင္ကိုမင္းက ေျပာသည္။

အဆိုပါ တိရစာၦန္သည္ ေန႔ခင္းပိုင္းတြင္ သစ္ပင္အေခါင္း၊ ေက်ာက္ႀကိဳေက်ာက္ၾကား၊ ခ်ဳံပုတ္ ႏွင့္ သစ္ေခါင္းမ်ားတြင္ ေနထိုင္ၾကၿပီး ညအခ်ိန္မွသာ အစာရွာထြက္ေလ့ရွိကာ အင္းဆက္အေသးစားမ်ားကို စားသုံးေလ့ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.