ရွှေနှင့်ဒေါ်လာဈေးတက်သည့်ကိစ္စအရေးယူမှုတွင် အရှိန်ဖြင့် ဖိဖိစီးစီးလုပ်သင့်ကြောင်း လုပ်ငန်းရှင်များအကြုံပြု

 6049

ပီယ ၊ ယွန်း (NP News) - ဇွန် ၁၁

‌ရွှေနှင့်ဒေါ်လာဈေးတက်သည့်ကိစ္စနှင့် ပတ်သက်၍ နစက က ယခုရက်ပိုင်းအတွင်း အရေးယူမှု များကိုထုတ်ပြန်နေပြီး ထိုသို့အရေးယူရာတွင် ထိရောက်စွာ နှင့် တောက်လျှောက် အရေးယူရန် လိုအပ် နေကြောင်း စီးပွားရေးနယ်ပယ်နှင့် နိုင်ငံရေးနယ်ပယ် မှ ပုဂ္ဂိုလ်အချို့၏ အကြုံပြုပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် မေလတွင် ဈေးကွက်အတွင်း၌ အ‌ခေါက်ရွှေတစ်ကျပ်သားလျှင် အမြင့်ဆုံးငွေကျပ် (၅၈)သိန်းကျော်အထိ မြင့်တက်ခဲ့ရာ သက်ဆိုင်ရာမှ ရွှေလုပ်ငန်းရှင်အချို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီး တရား မဝင် ရွှေအရောင်းအဝယ်ပြုလုပ်သူ (၂၁)ဦး ကို ဇွန်လ (၂)ရက်တွင် ဖမ်းဆီးခဲ့ကြောင်း နစက၏ ထုတ်ပြန် ချက်များအရ သိရသည်။ ထို့ပြင် ရွှေဈေးမြင့်တက်ရေးအတွက် နောက်ကွယ်မှ ဆောင်ရွက်နေသည့် ဝိန့်စိန် ရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်၊ အောင်သမာဓိရွှေဆိုင်တို့မှ တာဝန်ရှိသူများအပါအဝင် ထွက်ပြေး တိမ်းရှောင်သူ (၁၀)ဦးကိုလည်း အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် ဒေါ်လာဈေးနှင့် ပတ်သက်၍လည်း ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ် ဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူများနှင့် ပွဲစားများကို အရေးယူမှုများလုပ်ဆောင်ကာ ပြည်တွင်းနိုင်ငံခြား ငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် တရားခံအချို့မှာလည်း ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။ ဒေါ်လာဈေးနှင့် ရွှေဈေးတက်မှုနောက်ကွယ်တွင် ကုန်ဈေးနှုန်းတက်သည့် အခြေအနေလည်း ဖြစ်ပေါ်နေပြီး အခြေခံပြည်သူများအနေဖြင့် အဆိုပါ ဒဏ်ကို ကြုံတွေ့နေရခြင်းဖြစ်သည်။

“ ဒီတိုင်းပြည်မှာက ငွေရယ်၊ ရွှေရယ်၊ အိမ်ခြံမြေရယ်၊ ကားရယ်ကို စီးပွားဖြစ်လုပ်ငန်း အဖြစ် လုပ်နေတာဆိုတော့ အဲဒီ(၄)ခုရှိနေသ၍ တိုင်းပြည်တိုးတက်ဖို့ အတွက် အတားအဆီးဖြစ်နိုင်တယ်။ တခြားတိုင်းပြည်မှာက အဲဒါတွေက ကစားလို့လည်းမရဘူး။ စီးပွားဖြစ်လည်း လုပ်လို့မရဘူး။ အခုလုပ် တာက ကနဦးအစ သဘောမျိုးပဲရှိသေးတယ်။ ထပ်ပြီးလုပ်ရမယ့် အဆင့်တွေအများကြီးရှိသေးတယ်။ အုပ်ချုပ်သူအစိုးရရဲ့ လုပ်ငန်းတွေ အများကြီးလုပ်ရဦးမှာ။ အဓိကကတော့ ပြည်တွင်းထုတ်ကုန်ရှိမယ်။ လစာတွေရှိမယ်။ အဲဒါတွေက အဓိကပဲ။ ရွှေတို့၊ ငွေတို့၊ ကားတို့၊ အိမ်ခြံမြေ တို့အပေါ်မှာ စီးပွားဖြစ် လုပ်နေမယ်ဆိုရင်တော့ ကုန်ဈေးနှုန်းတွေတက်မယ်။ လစာတွေကတော့ မတက်နိုင်ဘူး။ အဲဒီလို ဖြစ်လာမယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။

လုပ်ငန်းများ၊ ဈေးရောင်းဈေးဝယ် လုပ်ကိုင်နေရ သူများအတွက် ကုန်ဈေးနှုန်းမြင့်တက် ခြင်းကြောင့် အရင်းအနှီးမလိုက်နိုင်ခြင်းနှင့်အတူ စရိတ်များတက် လာမည်ဖြစ်သည့်အတွက်ကြောင့် ရွှေ၊ ငွေ၊ ကား နှင့် အိမ်၊ ခြံ၊ မြေဈေးကွက်ကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၎င်းက အကြုံပြုသည်။ “ စီးပွား ဖြစ်ကစားတာမျိုး၊ စီးပွားဖြစ်လုပ်နေတာမျိုးကို အလုံးစုံပိတ်ပစ်ဖို့ လိုအပ်တယ်။ ကစားရမယ့်အရာ၊ စီးပွားဖြစ်လုပ်ရ မယ့်အရာတွေမဟုတ်ဘူး။ အတိုင်းအတာတစ်ခုအထိ မဟုတ်ပဲနဲ့ စီးပွားဖြစ်လုပ်နေတယ် ဆိုရင်တော့ တိုင်းပြည်ဖျက်တာလည်းဟုတ်တယ်။ ဈေးကွက်ကို ဖျက်တာလည်းဟုတ်တယ်။ အဓိက အားဖြင့် ပြည်သူ လူထုကို ပိုပြီးတော့ဆင်းရဲမွဲတေအောင်လုပ်တာ လည်းဟုတ်တယ်။ ဒါကိုထိထိ ရောက်ရောက်လုပ်ဖို့ လိုအပ်တယ်။ သူများတိုင်းပြည်တွေမှာ ဒါတွေက ထိန်းကျောင်းမှုအနေနဲ့ ပဲရှိတယ်။ စီးပွားဖြစ်လုပ်ချင်ရင် စီးပွားရေးလုပ်။ ဒါတွေက စီးပွားဖြစ်လုပ်စရာ မဟုတ်ဘူး။ ဒီအပေါ်မှာ စီးပွားရေး လုပ်ရင်တော့ ပြည်သူလူထုအားလုံး ဆင်းရဲမွဲတေမယ်။ တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံတွေ လိုက်မမီဘူးဖြစ်မယ်။ တိုးတက်အောင်လုပ်လို့မရဘူးဖြစ်မယ်။ အဓိက အတားအဆီးက ဒီ(၄)ခုပဲ” ဟု ၎င်းက ဆိုသည်။

အထက်ပါ လုပ်ငန်းများကို ဈေးကစားကာ စီးပွားဖြစ်တွေလုပ်နေကြခြင်းကြောင့် ပိုက်ဆံချို့တဲ့ သော လူတန်းစားမှာ ပိုမိုဆင်းရဲမွဲတေမည်ဖြစ်ကာ ဘဝနေထိုင်မှုတွင် အဘက်ဘက်မှ ယိုယွင်းသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ “အဲဒီတော့ အရေးယူတာအပြင် ပြင်းပြင်းထန်ထန်လုပ်ဖို့ အရေးကြီးတယ်။ အရေးယူတာက ဒဏ် ကြေးရော၊ ပိုင်ဆိုင်မှုတွေရော၊ ပြစ်မှုပြစ်ဒဏ်ရော လုပ်ဖို့အရေးကြီးတယ်။ ကုမ္ပဏီဆိုရင်လည်း ဝင် ကစားတယ်၊ လုပ်တယ်ဆိုရင်လည်း အဲဒီကုမ္ပဏီကို အရေးယူပြီး ထိထိရောက်ရောက် အပြစ်ပေးဖို့ လို အပ်တယ်။ ကုမ္ပဏီကနေလုပ်နေရင်လည်း ကုမ္ပဏီ မဟုတ်ဘဲနဲ့ ရာဇဝတ်မှု ပြစ်မှုအဖြစ်ပါ အရေးယူဖို့ ထုတ်ပြန်ပေးဖို့လိုအပ်တယ်”ဟု ၎င်းက သုံးသပ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာတွင် ကောက်ရိုးမီးကဲ့သို့ မလုပ်ဘဲ တောက်လျှောက်လုပ်ရန်လိုအပ်ကာ ပိုင်ဆိုင်မှု သိမ်းသည်အထိပင် လုပ်ရန်လိုကြောင်းလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦးက မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်နှင့် နှိုင်းယှဉ်ကာ ပြော ကြားသည်။ “ လုပ်ငန်းရှင်ကတော့ ရောင်းမရရင် ဆိုင်ပိတ်ပြီးတော့ မှောင်ခိုဈေးကွက်လိုဟာမျိုးနဲ့ ရောင်းမှာပဲ။ လုပ်ငန်းရှင်တွေကတော့ သူ့ထွက်ပေါက်နဲ့သူထွက်မှာ။ ဘာလို့လဲဆိုတော့ သူများတွေ ဈေးအမြင့်ရထားတာတွေ့တော့ သူတို့လည်း ဈေးအမြင့်ယူချင်ကြမှာပဲ။ အစိုးရက တရားဥပဒေစိုးမိုးရေး ကို ဘယ်လောက်အထိ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ အဓိကက ကောက်ရိုး မီးလို လုပ်လို့မရဘူး။ တောက်လျှောက်လုပ်နေရမှာ။ ကုန်သည်တွေက ထွက်ပြေးတယ်ဆိုလည်း အရေးကြီးကုန်စည် အက်ဥပဒေနဲ့ ငြိနေတယ်။ အဲဒီဥပဒေနဲ့အရေးယူလို့ ရတယ်ဆိုရင်တော့ သူတို့ ပိုင်ဆိုင်မှုတွေလည်း သိမ်းမယ်။ သိမ်းလို့ရတဲ့ရွှေကိုလည်း ဈေးကွက်ထဲကို ဈေး နည်းနည်းလျှော့ပြီး ပေးနိုင်ရင်တော့ အစိုးရအနေနဲ့ ဒီကိစ္စကို ထိန်းချုပ်နိုင်မယ်လို့ထင်တယ်။ ကုန်သည် တွေကတော့ ခိုးလုပ်မှာပဲ။ ဆိုင်ပိတ်လည်းခဏပဲ။ နစကအစိုးရမို့လို့ ဒီလောက်ပဲလုပ်တာ ဦးနေဝင်းဆို ပြည်သူပိုင် အကုန်သိမ်းတာ။ ထွက်ပြေးတဲ့သူတွေဆိုတာ ခဏရှောင်နေတာပြီးရင် ပြေလည်သွားမှာ။ အဲဒီတော့ တရားဥပဒေစိုးမိုးရေးဆိုတာ ကောက်ရိုးမီးလို ဖြစ်လို့မရဘူး။ ဒီတိုင်းဆက်ထိန်းထားဖို့လိုမယ်။ ဒေါ်လာတွေလည်း အဲဒီလိုဆက်ထိန်းထားဖို့လိုတယ်” ဟု ဆိုသည်။

ဒေါ်လာဈေးကျဆင်းရေးနှင့်ပတ်သက်၍ ပြည်ပထွက်ခွာလိုသူများကို ယခု ဒေါ်လာရောင်းချပေး သည့် နည်းမဟုတ်ဘဲ ထပ်မံတိုးချဲ့ပေးလိုက်ခြင်းဖြင့် ပွဲစားများ၏ ဈေးကစားခြင်းမှ ကာကွယ်နိုင်မည်ဖြစ် ကြောင်း နည်းတစ်နည်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျ က အကြုံပြု ပြောကြားသည်။ “ပွဲစားတွေကဘာလို့ဆွဲ တင်နေတာလဲဆိုတော့ မဖြစ်မနေဝယ်ကိုဝယ်ရတော့ မှာ။ နိုင်ငံခြားသွားမယ့်သူတွေက များနေလေ ဒေါ်လာ ဈေးက ကောင်းလေပဲ။ Demand အဓိကတက်တဲ့ လူတွေက နိုင်ငံခြားသွားမယ်၊ ဆေးကုမယ်၊ ပညာရေး အရသွားရမယ်။ ဟိုမှာလည်း နိုင်ငံခြားငွေက သွင်းရမယ့်သူတွေက မဖြစ်မနေ ဒီရက်ပိုင်းထဲမှာ ဒေါ်လာ ဝယ်ရမယ့်သူတွေဖြစ်သွားပြီ။ အဲဒီတော့ ဒေါ်လာပွဲစားက ဒီကောင်တွေကို ကစားလို့ရတာပေါ့။ ဒီနေ့ အစိုးရက အကြမ်းဖျင်း ၃၃၀ဝ သတ်မှတ် ထားတယ် ဒါပေမဲ့ အဲဒီ ၃၃၀ဝ နဲ့ဘယ်သူမှ အရောင်းအဝယ် မလုပ်ကြဘူး။ ပွဲစားလက်ထဲမှာ ဒေါ်လာ ရှိတဲ့အတွက် ၄၀ဝ၀ ဆိုလည်း ပေးဝယ်ရတော့မယ်။ ၅၀ဝ၀ ဆိုလည်း ဝယ်ရမှာပဲ။ ဘာလို့လဲ ဆိုတော့ ၂ရက်၊ ၃ ရက် အတွင်းမှာ နိုင်ငံခြားသွားရတော့မှာလေ။ နိုင်ငံတော် ဘက်က လုပ်ပေးချင်ရင် လွယ်လွယ် လေး ပတ်စပို့တွေ၊ ဗီဇာတွေလည်း စိစစ်နေတာပဲ။ သူတို့ နိုင်ငံခြားသွားမှာသေချာနေပြီ။ လေယာဉ် လက်မှတ်လည်း ဖြတ်ပြီးပြီ။ ဒီတစ်ပတ်အတွင်းသွားတော့မယ်ဆိုရင် မဖြစ်မနေ ဒေါ်လာ လိုက်ဝယ်ပြီ လေ။ တကယ်သွားမယ့်သူက အစိုးရမှာ စာရင်းရှိကိုရှိတယ်။ သူ့မှာအထောက်အထားတွေ အများကြီးရှိ တယ်။ ဒီလောက်အထောက်အထား ခိုင်လုံနေရင် သတ်မှတ်ပေးလိုက် ကျန်းမာရေး အသုံးစရိတ်က ဘယ်လောက်၊ ပညာရေးဆို ဘယ်လောက်ပေါ့။ ဒီနေ့သတ်မှတ်တဲ့ဈေးနဲ့ သူ့ကိုရောင်းပေးလိုက်။ စိတ်ချရတဲ့ ဘဏ်ကနေ သတ်မှတ်ထားတဲ့ ဒေါ်လာ ၃၃၀ဝ နဲ့ စလစ်လဲပေးလိုက်။ စလစ် လဲပြီး‌တော့ လေဆိပ်မှာ လေယာဉ်တက်ခါနီး show money ပြနိုင်အောင် လဝက နဲ့ ဘာနဲ့ စစ်ဆေးပြီးတော့မှ အဲဒီငွေကို ဘဏ်ကနေ လေဆိပ်မှာထိုင်ပြီး ထုတ်ပေးလိုက်။ အဲဒါဆိုရင် ကြားပွဲစားတွေ သေပြီ ဆရာပဲ” ဟု ၎င်းကဆိုသည်။

ကုန်ဈေးနှုန်းနှင့်ပတ်သက်၍ ဒေါ်လာဈေးတည် ငြိမ်နေပါက ကုန်ဈေးနှုန်းကျမည်ဖြစ်ပြီး လုပ်ငန်း ရှင်များကလည်း ဒေါ်လာဈေးကို တည်ငြိမ်စေလိုနေပြီဖြစ်ကြောင်း ဦးကျော်ဇေယျက ဆိုသည်။ “ဒေါ်လာ ဈေးက တကယ့်ကိုတည်ငြိမ်တယ်ဆိုရင်တော့ ကျတယ်။ မတည်မငြိမ်ဘဲနဲ့က အစိုးရကလုပ်လိုက် တစ်ပတ်လောက်ကျလိုက် နောက်ပြန်တက်လိုက်ဆိုရင်တော့ မရဘူး။ မျဉ်းပေါ်မှာ တည်ငြိမ်နေရင် ကုန်ဈေးနှုန်းက လိုက်ကျမှာပဲ။ တကယ့်လုပ်ငန်းရှင်တွေက ဒေါ်လာဈေးကို တည်ငြိမ်စေချင်ပြီ။ ထိုးကျ လိုက်၊ ထိုးတက်လိုက်နဲ့က သူတို့ဘာမှမလုပ်တတ်ဘူး။ ကုန်ဈေးနှုန်းကျဖို့ဆိုတာ တကယ် ဒေါ်လာ ဈေး တည်ငြိမ်မလားဆိုတာကို ပြန်မေးရမယ်။ ဒေါ်လာဈေးက တကယ်တည်ငြိမ်တာမှန်ရင်တော့ ကုန်ဈေးနှုန်းက တအိအိနဲ့ ပြန်ကျလာမှာပဲ”ဟု ၎င်းက ပြောသည်။

လတ်တလော ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများက ကွန်ဒိုများကို ဝယ်ယူနေသည့်ကိစ္စနှင့်ပတ် သက်၍လည်း တရားမဝင်ရောင်းချခြင်းနှင့် တရားမဝင် ဟွန်ဒီလုပ်ငန်းမှ ငွေကြေးလွှဲပြောင်းခြင်းများ ဆောင်ရွက်ခဲ့ပါက ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထား သည်။ “ကွန်ဒိုဆိုလည်း တကယ့်တကယ်ကြေညာပြီးရောင်းတာ အများကြီးပဲရှိတယ်။ အခုအရေးယူ မယ့်သူတွေက ဘာမှမဟုတ်ဘူး။ ပွဲတွေလုပ်ပြီးရောင်းနေတာ အများကြီးရှိတယ်။ တရားဥပဒေစိုးမိုးရေး ကို ထိထိရောက်ရောက်လုပ်ရင်တော့ အားလုံးက ပုံမှန်အတိုင်း ရောက်မယ်။ ပြည်သူတွေလည်း အဆင် ပြေလာလိမ့် မယ်။ ဒေါ်လာဈေးကလည်း ဖြစ်သင့်တဲ့ဈေးမဟုတ်ဘူး။ ၄၂၀ဝ၊ ၄၃၀ဝ ပတ်ချာ လည်ဖြစ်နေတယ်။ တကယ်ဆို ၃၀ဝ၀ ပတ်ချာလည်ပဲဖြစ်သင့်တာ။ ဒေါ်လာဈေးကိုချမှ ကျန်တဲ့ရွှေဈေးက ပီပီပြင်ပြင်ကျလာမှာ”ဟု အထက်ပါ ဆောက်လုပ်ရေးလုပ်ငန်းရှင်က သုံးသပ်ပြောကြားသည်။

zawgyi version
ေ႐ႊႏွင့္ေဒၚလာေဈးတက္သည့္ကိစၥ အေရးယူမႈတြင္ အရွိန္ျဖင့္ ဖိဖိစီးစီးလုပ္သင့္ေၾကာင္း လုပ္ငန္းရွင္မ်ားအႀကဳံျပဳ
ပီယ ၊ ယြန္း (NP News) - ဇြန္ ၁၁

‌ေ႐ႊႏွင့္ေဒၚလာေဈးတက္သည့္ကိစၥႏွင့္ ပတ္သက္၍ နစက က ယခုရက္ပိုင္းအတြင္း အေရးယူမႈ မ်ားကိုထုတ္ျပန္ေနၿပီး ထိုသို႔အေရးယူရာတြင္ ထိေရာက္စြာ ႏွင့္ ေတာက္ေလွ်ာက္ အေရးယူရန္ လိုအပ္ ေနေၾကာင္း စီးပြားေရးနယ္ပယ္ႏွင့္ ႏိုင္ငံေရးနယ္ပယ္ မွ ပုဂၢိဳလ္အခ်ိဳ႕၏ အႀကဳံျပဳေျပာၾကားခ်က္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ေမလတြင္ ေဈးကြက္အတြင္း၌ အ‌ေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ အျမင့္ဆုံးေငြက်ပ္ (၅၈)သိန္းေက်ာ္အထိ ျမင့္တက္ခဲ့ရာ သက္ဆိုင္ရာမွ ေ႐ႊလုပ္ငန္းရွင္အခ်ိဳ႕ကို ေခၚယူစစ္ေဆးခဲ့ၿပီး တရား မဝင္ ေ႐ႊအေရာင္းအဝယ္ျပဳလုပ္သူ (၂၁)ဦး ကို ဇြန္လ (၂)ရက္တြင္ ဖမ္းဆီးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ ခ်က္မ်ားအရ သိရသည္။ ထို႔ျပင္ ေ႐ႊေဈးျမင့္တက္ေရးအတြက္ ေနာက္ကြယ္မွ ေဆာင္႐ြက္ေနသည့္ ဝိန႔္စိန္ ေ႐ႊဆိုင္၊ ဇြဲထက္ေ႐ႊဆိုင္၊ ေအာင္သမာဓိေ႐ႊဆိုင္တို႔မွ တာဝန္ရွိသူမ်ားအပါအဝင္ ထြက္ေျပး တိမ္းေရွာင္သူ (၁၀)ဦးကိုလည္း အေရးယူႏိုင္ေရးေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထို႔ျပင္ ေဒၚလာေဈးႏွင့္ ပတ္သက္၍လည္း ျပည္တြင္းႏိုင္ငံျခားေငြလဲလွယ္ႏႈန္း မတည္မၿငိမ္ ျဖစ္ေစရန္ ေဆာင္႐ြက္လ်က္ရွိသည့္ တရားမဝင္ႏိုင္ငံျခားေငြ အေရာင္းအဝယ္ျပဳလုပ္ေနသူမ်ားႏွင့္ ပြဲစားမ်ားကို အေရးယူမႈမ်ားလုပ္ေဆာင္ကာ ျပည္တြင္းႏိုင္ငံျခား ေငြလဲလွယ္ႏႈန္း မတည္မၿငိမ္ျဖစ္ေအာင္ ေနာက္ကြယ္မွ ေဆာင္႐ြက္လ်က္ရွိသည့္ တရားခံအခ်ိဳ႕မွာလည္း ထြက္ေျပးလြတ္ေျမာက္ေနေၾကာင္း သိရသည္။ ေဒၚလာေဈးႏွင့္ ေ႐ႊေဈးတက္မႈေနာက္ကြယ္တြင္ ကုန္ေဈးႏႈန္းတက္သည့္ အေျခအေနလည္း ျဖစ္ေပၚေနၿပီး အေျခခံျပည္သူမ်ားအေနျဖင့္ အဆိုပါ ဒဏ္ကို ႀကဳံေတြ႕ေနရျခင္းျဖစ္သည္။

“ ဒီတိုင္းျပည္မွာက ေငြရယ္၊ ေ႐ႊရယ္၊ အိမ္ၿခံေျမရယ္၊ ကားရယ္ကို စီးပြားျဖစ္လုပ္ငန္း အျဖစ္ လုပ္ေနတာဆိုေတာ့ အဲဒီ(၄)ခုရွိေနသ၍ တိုင္းျပည္တိုးတက္ဖို႔ အတြက္ အတားအဆီးျဖစ္ႏိုင္တယ္။ တျခားတိုင္းျပည္မွာက အဲဒါေတြက ကစားလို႔လည္းမရဘူး။ စီးပြားျဖစ္လည္း လုပ္လို႔မရဘူး။ အခုလုပ္ တာက ကနဦးအစ သေဘာမ်ိဳးပဲရွိေသးတယ္။ ထပ္ၿပီးလုပ္ရမယ့္ အဆင့္ေတြအမ်ားႀကီးရွိေသးတယ္။ အုပ္ခ်ဳပ္သူအစိုးရရဲ႕ လုပ္ငန္းေတြ အမ်ားႀကီးလုပ္ရဦးမွာ။ အဓိကကေတာ့ ျပည္တြင္းထုတ္ကုန္ရွိမယ္။ လစာေတြရွိမယ္။ အဲဒါေတြက အဓိကပဲ။ ေ႐ႊတို႔၊ ေငြတို႔၊ ကားတို႔၊ အိမ္ၿခံေျမ တို႔အေပၚမွာ စီးပြားျဖစ္ လုပ္ေနမယ္ဆိုရင္ေတာ့ ကုန္ေဈးႏႈန္းေတြတက္မယ္။ လစာေတြကေတာ့ မတက္ႏိုင္ဘူး။ အဲဒီလို ျဖစ္လာမယ္” ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာသည္။

လုပ္ငန္းမ်ား၊ ေဈးေရာင္းေဈးဝယ္ လုပ္ကိုင္ေနရ သူမ်ားအတြက္ ကုန္ေဈးႏႈန္းျမင့္တက္ ျခင္းေၾကာင့္ အရင္းအႏွီးမလိုက္ႏိုင္ျခင္းႏွင့္အတူ စရိတ္မ်ားတက္ လာမည္ျဖစ္သည့္အတြက္ေၾကာင့္ ေ႐ႊ၊ ေငြ၊ ကား ႏွင့္ အိမ္၊ ၿခံ၊ ေျမေဈးကြက္ကို ထိန္းသိမ္းရမည္ ျဖစ္ေၾကာင္း ၎က အႀကဳံျပဳသည္။ “ စီးပြား ျဖစ္ကစားတာမ်ိဳး၊ စီးပြားျဖစ္လုပ္ေနတာမ်ိဳးကို အလုံးစုံပိတ္ပစ္ဖို႔ လိုအပ္တယ္။ ကစားရမယ့္အရာ၊ စီးပြားျဖစ္လုပ္ရ မယ့္အရာေတြမဟုတ္ဘူး။ အတိုင္းအတာတစ္ခုအထိ မဟုတ္ပဲနဲ႔ စီးပြားျဖစ္လုပ္ေနတယ္ ဆိုရင္ေတာ့ တိုင္းျပည္ဖ်က္တာလည္းဟုတ္တယ္။ ေဈးကြက္ကို ဖ်က္တာလည္းဟုတ္တယ္။ အဓိက အားျဖင့္ ျပည္သူ လူထုကို ပိုၿပီးေတာ့ဆင္းရဲမြဲေတေအာင္လုပ္တာ လည္းဟုတ္တယ္။ ဒါကိုထိထိ ေရာက္ေရာက္လုပ္ဖို႔ လိုအပ္တယ္။ သူမ်ားတိုင္းျပည္ေတြမွာ ဒါေတြက ထိန္းေက်ာင္းမႈအေနနဲ႔ ပဲရွိတယ္။ စီးပြားျဖစ္လုပ္ခ်င္ရင္ စီးပြားေရးလုပ္။ ဒါေတြက စီးပြားျဖစ္လုပ္စရာ မဟုတ္ဘူး။ ဒီအေပၚမွာ စီးပြားေရး လုပ္ရင္ေတာ့ ျပည္သူလူထုအားလုံး ဆင္းရဲမြဲေတမယ္။ တိုင္းျပည္ရဲ႕ အေျခခံအေဆာက္အအုံေတြ လိုက္မမီဘူးျဖစ္မယ္။ တိုးတက္ေအာင္လုပ္လို႔မရဘူးျဖစ္မယ္။ အဓိက အတားအဆီးက ဒီ(၄)ခုပဲ” ဟု ၎က ဆိုသည္။

အထက္ပါ လုပ္ငန္းမ်ားကို ေဈးကစားကာ စီးပြားျဖစ္ေတြလုပ္ေနၾကျခင္းေၾကာင့္ ပိုက္ဆံခ်ိဳ႕တဲ့ ေသာ လူတန္းစားမွာ ပိုမိုဆင္းရဲမြဲေတမည္ျဖစ္ကာ ဘဝေနထိုင္မႈတြင္ အဘက္ဘက္မွ ယိုယြင္းသြားမည္ ျဖစ္ေၾကာင္း ၎ကဆိုသည္။ “အဲဒီေတာ့ အေရးယူတာအျပင္ ျပင္းျပင္းထန္ထန္လုပ္ဖို႔ အေရးႀကီးတယ္။ အေရးယူတာက ဒဏ္ ေၾကးေရာ၊ ပိုင္ဆိုင္မႈေတြေရာ၊ ျပစ္မႈျပစ္ဒဏ္ေရာ လုပ္ဖို႔အေရးႀကီးတယ္။ ကုမၸဏီဆိုရင္လည္း ဝင္ ကစားတယ္၊ လုပ္တယ္ဆိုရင္လည္း အဲဒီကုမၸဏီကို အေရးယူၿပီး ထိထိေရာက္ေရာက္ အျပစ္ေပးဖို႔ လို အပ္တယ္။ ကုမၸဏီကေနလုပ္ေနရင္လည္း ကုမၸဏီ မဟုတ္ဘဲနဲ႔ ရာဇဝတ္မႈ ျပစ္မႈအျဖစ္ပါ အေရးယူဖို႔ ထုတ္ျပန္ေပးဖို႔လိုအပ္တယ္”ဟု ၎က သုံးသပ္သည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ တရားဥပေဒစိုးမိုးေရးကို ေဆာင္႐ြက္ရာတြင္ ေကာက္႐ိုးမီးကဲ့သို႔ မလုပ္ဘဲ ေတာက္ေလွ်ာက္လုပ္ရန္လိုအပ္ကာ ပိုင္ဆိုင္မႈ သိမ္းသည္အထိပင္ လုပ္ရန္လိုေၾကာင္းလည္း ေဆာက္လုပ္ေရး လုပ္ငန္းရွင္ႀကီးတစ္ဦးက ျမန္မာ့ ဆိုရွယ္လစ္လမ္းစဥ္ပါတီေခတ္ႏွင့္ ႏႈိင္းယွဥ္ကာ ေျပာ ၾကားသည္။ “ လုပ္ငန္းရွင္ကေတာ့ ေရာင္းမရရင္ ဆိုင္ပိတ္ၿပီးေတာ့ ေမွာင္ခိုေဈးကြက္လိုဟာမ်ိဳးနဲ႔ ေရာင္းမွာပဲ။ လုပ္ငန္းရွင္ေတြကေတာ့ သူ႔ထြက္ေပါက္နဲ႔သူထြက္မွာ။ ဘာလို႔လဲဆိုေတာ့ သူမ်ားေတြ ေဈးအျမင့္ရထားတာေတြ႕ေတာ့ သူတို႔လည္း ေဈးအျမင့္ယူခ်င္ၾကမွာပဲ။ အစိုးရက တရားဥပေဒစိုးမိုးေရး ကို ဘယ္ေလာက္အထိ လုပ္ႏိုင္တယ္၊ မလုပ္ႏိုင္ဘူးဆိုတဲ့အေပၚမွာပဲ မူတည္တယ္။ အဓိကက ေကာက္႐ိုး မီးလို လုပ္လို႔မရဘူး။ ေတာက္ေလွ်ာက္လုပ္ေနရမွာ။ ကုန္သည္ေတြက ထြက္ေျပးတယ္ဆိုလည္း အေရးႀကီးကုန္စည္ အက္ဥပေဒနဲ႔ ၿငိေနတယ္။ အဲဒီဥပေဒနဲ႔အေရးယူလို႔ ရတယ္ဆိုရင္ေတာ့ သူတို႔ ပိုင္ဆိုင္မႈေတြလည္း သိမ္းမယ္။ သိမ္းလို႔ရတဲ့ေ႐ႊကိုလည္း ေဈးကြက္ထဲကို ေဈး နည္းနည္းေလွ်ာ့ၿပီး ေပးႏိုင္ရင္ေတာ့ အစိုးရအေနနဲ႔ ဒီကိစၥကို ထိန္းခ်ဳပ္ႏိုင္မယ္လို႔ထင္တယ္။ ကုန္သည္ ေတြကေတာ့ ခိုးလုပ္မွာပဲ။ ဆိုင္ပိတ္လည္းခဏပဲ။ နစကအစိုးရမို႔လို႔ ဒီေလာက္ပဲလုပ္တာ ဦးေနဝင္းဆို ျပည္သူပိုင္ အကုန္သိမ္းတာ။ ထြက္ေျပးတဲ့သူေတြဆိုတာ ခဏေရွာင္ေနတာၿပီးရင္ ေျပလည္သြားမွာ။ အဲဒီေတာ့ တရားဥပေဒစိုးမိုးေရးဆိုတာ ေကာက္႐ိုးမီးလို ျဖစ္လို႔မရဘူး။ ဒီတိုင္းဆက္ထိန္းထားဖို႔လိုမယ္။ ေဒၚလာေတြလည္း အဲဒီလိုဆက္ထိန္းထားဖို႔လိုတယ္” ဟု ဆိုသည္။

ေဒၚလာေဈးက်ဆင္းေရးႏွင့္ပတ္သက္၍ ျပည္ပထြက္ခြာလိုသူမ်ားကို ယခု ေဒၚလာေရာင္းခ်ေပး သည့္ နည္းမဟုတ္ဘဲ ထပ္မံတိုးခ်ဲ႕ေပးလိုက္ျခင္းျဖင့္ ပြဲစားမ်ား၏ ေဈးကစားျခင္းမွ ကာကြယ္ႏိုင္မည္ျဖစ္ ေၾကာင္း နည္းတစ္နည္းကို ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးေက်ာ္ေဇယ် က အႀကဳံျပဳ ေျပာၾကားသည္။ “ပြဲစားေတြကဘာလို႔ဆြဲ တင္ေနတာလဲဆိုေတာ့ မျဖစ္မေနဝယ္ကိုဝယ္ရေတာ့ မွာ။ ႏိုင္ငံျခားသြားမယ့္သူေတြက မ်ားေနေလ ေဒၚလာ ေဈးက ေကာင္းေလပဲ။ Demand အဓိကတက္တဲ့ လူေတြက ႏိုင္ငံျခားသြားမယ္၊ ေဆးကုမယ္၊ ပညာေရး အရသြားရမယ္။ ဟိုမွာလည္း ႏိုင္ငံျခားေငြက သြင္းရမယ့္သူေတြက မျဖစ္မေန ဒီရက္ပိုင္းထဲမွာ ေဒၚလာ ဝယ္ရမယ့္သူေတြျဖစ္သြားၿပီ။ အဲဒီေတာ့ ေဒၚလာပြဲစားက ဒီေကာင္ေတြကို ကစားလို႔ရတာေပါ့။ ဒီေန႔ အစိုးရက အၾကမ္းဖ်င္း ၃၃၀ဝ သတ္မွတ္ ထားတယ္ ဒါေပမဲ့ အဲဒီ ၃၃၀ဝ နဲ႔ဘယ္သူမွ အေရာင္းအဝယ္ မလုပ္ၾကဘူး။ ပြဲစားလက္ထဲမွာ ေဒၚလာ ရွိတဲ့အတြက္ ၄၀ဝ၀ ဆိုလည္း ေပးဝယ္ရေတာ့မယ္။ ၅၀ဝ၀ ဆိုလည္း ဝယ္ရမွာပဲ။ ဘာလို႔လဲ ဆိုေတာ့ ၂ရက္၊ ၃ ရက္ အတြင္းမွာ ႏိုင္ငံျခားသြားရေတာ့မွာေလ။ ႏိုင္ငံေတာ္ ဘက္က လုပ္ေပးခ်င္ရင္ လြယ္လြယ္ ေလး ပတ္စပို႔ေတြ၊ ဗီဇာေတြလည္း စိစစ္ေနတာပဲ။ သူတို႔ ႏိုင္ငံျခားသြားမွာေသခ်ာေနၿပီ။ ေလယာဥ္ လက္မွတ္လည္း ျဖတ္ၿပီးၿပီ။ ဒီတစ္ပတ္အတြင္းသြားေတာ့မယ္ဆိုရင္ မျဖစ္မေန ေဒၚလာ လိုက္ဝယ္ၿပီ ေလ။ တကယ္သြားမယ့္သူက အစိုးရမွာ စာရင္းရွိကိုရွိတယ္။ သူ႔မွာအေထာက္အထားေတြ အမ်ားႀကီးရွိ တယ္။ ဒီေလာက္အေထာက္အထား ခိုင္လုံေနရင္ သတ္မွတ္ေပးလိုက္ က်န္းမာေရး အသုံးစရိတ္က ဘယ္ေလာက္၊ ပညာေရးဆို ဘယ္ေလာက္ေပါ့။ ဒီေန႔သတ္မွတ္တဲ့ေဈးနဲ႔ သူ႔ကိုေရာင္းေပးလိုက္။ စိတ္ခ်ရတဲ့ ဘဏ္ကေန သတ္မွတ္ထားတဲ့ ေဒၚလာ ၃၃၀ဝ နဲ႔ စလစ္လဲေပးလိုက္။ စလစ္ လဲၿပီး‌ေတာ့ ေလဆိပ္မွာ ေလယာဥ္တက္ခါနီး show money ျပႏိုင္ေအာင္ လဝက နဲ႔ ဘာနဲ႔ စစ္ေဆးၿပီးေတာ့မွ အဲဒီေငြကို ဘဏ္ကေန ေလဆိပ္မွာထိုင္ၿပီး ထုတ္ေပးလိုက္။ အဲဒါဆိုရင္ ၾကားပြဲစားေတြ ေသၿပီ ဆရာပဲ” ဟု ၎ကဆိုသည္။

ကုန္ေဈးႏႈန္းႏွင့္ပတ္သက္၍ ေဒၚလာေဈးတည္ ၿငိမ္ေနပါက ကုန္ေဈးႏႈန္းက်မည္ျဖစ္ၿပီး လုပ္ငန္း ရွင္မ်ားကလည္း ေဒၚလာေဈးကို တည္ၿငိမ္ေစလိုေနၿပီျဖစ္ေၾကာင္း ဦးေက်ာ္ေဇယ်က ဆိုသည္။ “ေဒၚလာ ေဈးက တကယ့္ကိုတည္ၿငိမ္တယ္ဆိုရင္ေတာ့ က်တယ္။ မတည္မၿငိမ္ဘဲနဲ႔က အစိုးရကလုပ္လိုက္ တစ္ပတ္ေလာက္က်လိုက္ ေနာက္ျပန္တက္လိုက္ဆိုရင္ေတာ့ မရဘူး။ မ်ဥ္းေပၚမွာ တည္ၿငိမ္ေနရင္ ကုန္ေဈးႏႈန္းက လိုက္က်မွာပဲ။ တကယ့္လုပ္ငန္းရွင္ေတြက ေဒၚလာေဈးကို တည္ၿငိမ္ေစခ်င္ၿပီ။ ထိုးက် လိုက္၊ ထိုးတက္လိုက္နဲ႔က သူတို႔ဘာမွမလုပ္တတ္ဘူး။ ကုန္ေဈးႏႈန္းက်ဖို႔ဆိုတာ တကယ္ ေဒၚလာ ေဈး တည္ၿငိမ္မလားဆိုတာကို ျပန္ေမးရမယ္။ ေဒၚလာေဈးက တကယ္တည္ၿငိမ္တာမွန္ရင္ေတာ့ ကုန္ေဈးႏႈန္းက တအိအိနဲ႔ ျပန္က်လာမွာပဲ”ဟု ၎က ေျပာသည္။

လတ္တေလာ ထိုင္းႏိုင္ငံတြင္ ျမန္မာႏိုင္ငံသားမ်ားက ကြန္ဒိုမ်ားကို ဝယ္ယူေနသည့္ကိစၥႏွင့္ပတ္ သက္၍လည္း တရားမဝင္ေရာင္းခ်ျခင္းႏွင့္ တရားမဝင္ ဟြန္ဒီလုပ္ငန္းမွ ေငြေၾကးလႊဲေျပာင္းျခင္းမ်ား ေဆာင္႐ြက္ခဲ့ပါက ဥပေဒမ်ားႏွင့္အညီ ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထား သည္။ “ကြန္ဒိုဆိုလည္း တကယ့္တကယ္ေၾကညာၿပီးေရာင္းတာ အမ်ားႀကီးပဲရွိတယ္။ အခုအေရးယူ မယ့္သူေတြက ဘာမွမဟုတ္ဘူး။ ပြဲေတြလုပ္ၿပီးေရာင္းေနတာ အမ်ားႀကီးရွိတယ္။ တရားဥပေဒစိုးမိုးေရး ကို ထိထိေရာက္ေရာက္လုပ္ရင္ေတာ့ အားလုံးက ပုံမွန္အတိုင္း ေရာက္မယ္။ ျပည္သူေတြလည္း အဆင္ ေျပလာလိမ့္ မယ္။ ေဒၚလာေဈးကလည္း ျဖစ္သင့္တဲ့ေဈးမဟုတ္ဘူး။ ၄၂၀ဝ၊ ၄၃၀ဝ ပတ္ခ်ာ လည္ျဖစ္ေနတယ္။ တကယ္ဆို ၃၀ဝ၀ ပတ္ခ်ာလည္ပဲျဖစ္သင့္တာ။ ေဒၚလာေဈးကိုခ်မွ က်န္တဲ့ေ႐ႊေဈးက ပီပီျပင္ျပင္က်လာမွာ”ဟု အထက္ပါ ေဆာက္လုပ္ေရးလုပ္ငန္းရွင္က သုံးသပ္ေျပာၾကားသည္။

Picture

oosoe myint

12/06/2024 09:19

အမှန်တကယ် အခွန်​ဆောင်ပြီးမှန်မှန်ကန်ကန်လုပ်တဲ့လူ​တွေက စီးပွား​ရေးအသစ်တစ်ခုစလုပ်မယ့်ဆိုရင် သိန်း​ရာ သိန်း​ထောင်ဂဏန်းနဲ့ပဲစလုပ်လို့ ရ​ပေမယ့် အခွန်မ​ဆောင်တဲ့ဝိသမ​လောဘသမား​တွေက သိန်း​သောင်း​ကျော်နဲ့အလုပ်စပါတယ်။အခွန်သူခိုး​တွေက တရားမဝင်လုပ်ငန်းအားလုံးလုပ်ကြတယ်။တရားမဝင် လုပ်ငန်းရှင်​တွေ​ငွေ​ကြေး​တွေ အကြမ်းဖက်အဖွဲ့အစည်းဆီလည်း​ရောက်သွားပါတယ်။ယခုလိုအ​ရေးယူ​နေရင်းနှင့် သူတို့ရဲ့ အ​ခြေခံစီးပွား​ရေးကိုပါ ​သေချာစစ်ဆေးပြီး ပိုင်ဆိုင်မှုပါ ပိတ်သိမ်းအထိ ထိထိ​ရောက်​ရောက် အ​ရေးယူ​စေချင်ပါတယ်။

Picture

Minn Thura

14/06/2024 23:59

အ‌ေခြခံစားသုံးကုန် စေ◌ျးနှုန်းတွေလည်း တရားလွန်နေပြီ... အမှန်တက်သင့်တာထက်ကျော်လွန်နေတယ်... ဆန်ကုန်သည်တွေထည့်သမျှဂျင်းကို အစိုးရကော မီဒီဒီယာတွေရော ယုံနေကြတာတော့ မဖြစ်သင့်ဘူး... ၂၂ ဆန်စေ◌ျးတွေမတက်ခင် နယ်ဆန်ဆိုင်တွေက ဆန်စေ◌ျးတက်တော့မှာကို တစ်လလောက်ကြိုသိနေကြပြီ... အစိုးရအခက်တွေ့အောင် ပြည်သူတွေကိုချနင်းတဲ့ အနုဂျီကို ထောက်ခံတဲ့လုပ်ရပ်ကို ပေါင်းလုပ်သွားကြတာပဲ... ဆန်ကုန်သည်တွေက ဆန်စေ◌ျးတက်ရတာ လယ်သမားတွေရဲ့ သွင်းအားစုစေ◌ျးမြင့်လာလို့ပါလို့အကြောင်းပြတယ်... အဲဒါကို တပ်ချုပ်ကလည်း လိုက်ပြောခဲ့တာတွေ့ခဲ့ရတယ်... သူတို့ပြောခဲ့တဲ့အချိန်မှာ တောင်သူတွေလက်ထဲမှာ မျိုးစပါးနဲ့ ဝမ်းစာအတွက်ပဲ ရှိခဲ့ပါတော့တယ်... သူတို့လက်ထဲ အကုန်နီးပါးရောက်မှ ကစားကွက် (တိုက်ကွက်) ဖော်သွားခဲ့တာပါ... စစ်ဗိုလ်ချုပ်တွေကို အတောင့်လိုက် ဂျင်းထည့်သွားခဲ့တာပါ... ပြီးတော့ အဲ့ဒီအချိန်က စပါးစေ◌ျးနဲ့ တွက်ကြည့်ရင် ဆန်စေ◌ျးက မတရားအမြတ်ကြီးစားခဲ့တာ သိသာလွန်းပါတယ်... ကိုကျော်မျိုးမင်း ဧရာဝတီသားပဲ စပါးတစ်ရာကြိတ်ရင် ဆန်ဘယ်လောက်ထွက်တာ သိပြီးသားပဲဗျာ...

Related news

© 2021. All rights reserved.