Deadpool & Wolverine ဇာတ်ကားမှာ ပါဝင်ခြင်းမျိုးမရှိကြောင်း ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ် အတည်ပြု

 40

Pika (NP News) - ဇွန် ၁၃

လာမည့်ဇူလိုင်လ(၂၆)ရက်တွင် ရုံတင်ပြသမည့် Deadpool & Wolverine ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားခြင်းမျိုးမရှိကြောင်း ကမ္ဘာကျော်အဆိုတော်တေလာဆွစ်ဖ်က အတည်ပြုခဲ့သည်။

Marvel Cinematic Universe ၏ နောက်ထပ်ထွက်ရှိမည့်ဇာတ်ကားတွင် တေလာဆွစ်ဖ်ပါဝင်လာနိုင်သည်ဆိုသည့် ကောလဟာလများမှာ ၂၀၁၅ ခုနှစ်တည်းက ပေါ်ထွက်နေခဲ့ခြင်းဖြစ်သည်။ Deadpool ဇာတ်ကောင်အဖြစ် Ryan Reynolds နှင့် Wolverine ဇာတ်ကောင်အဖြစ် Hugh Jackman တို့ သရုပ်ဆောင်ထားသည့် Deadpool & Wolverine ရုပ်ရှင်ဇာတ်ကားတွင် တေလာဆွစ်ဖ် ပါဝင်ခြင်းမျိုးမရှိကြောင်း Entertainment Weekly မဂ္ဂဇင်း၏ ဖော်ပြချက်အရ သိရသည်။

အသက်(၃၄)နှစ်အရွယ် တေလာဆွစ်ဖ်သည် X-Men: Apocalypse ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် James McAvoy၊ Sophie Turner တို့နှင့်အတူ တွဲရိုက်ထားသည့် ဓါတ်ပုံတစ်ပုံထွက်လာခဲ့ပြီးနောက် Marvel Cinematic Universe တွင် တေလာဆွစ်ဖ်ပါဝင်သရုပ်ဆောင်နိုင်ဖွယ်ရှိနေသည်ဆိုသည့် မှတ်ချက်များ ပေးခံခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် Deadpool & Wolverine ဇာတ်ကား၏ ဒါရိုက်တာ အသက်(၅၅)နှစ်အရွယ် Shawn Levy၊ တေလာဆွစ်ဖ်၊ အသက်(၅၅)နှစ်အရွယ် Hugh Jackman၊ အသက်(၄၇)နှစ်အရွယ် Ryan Reynolds နှင့် ၎င်း၏ ဇနီးဖြစ်သူ အသက်(၃၆)နှစ်အရွယ် Blake Lively တို့ကို အကြိမ်ပေါင်းများစွာတွဲကာ တွေ့မြင်ခဲ့ရပြီးနောက် ကောလဟာလများ ပိုမိုထွက်ပေါ်လာခြင်းဖြစ်သည်။
Deadpool & Wolverine ဇာတ်ကားကို လာမည့်ဇူလိုင်လ(၂၆)ရက်တွင် စတင်ရုံတင်ပြသမည်ဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင်များဖြစ်သည့် Emma Corrin ၊ Matthew Macfadyen၊ Morena Baccarin၊Leslie Uggams၊ Brianna Hildebrand၊ Shioli Kutsuna၊ Rob Delaney နှင့် Lewis Tan တို့ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

Zawgyi Version;
Deadpool & Wolverine ဇာတ္ကားမွာ ပါဝင္ျခင္းမ်ိဳးမရွိေၾကာင္း ကမာၻေက်ာ္အဆိုေတာ္ ေတလာဆြစ္ဖ္ အတည္ျပဳ
Pika (NP News) - ဇြန္ ၁၃

လာမည့္ဇူလိုင္လ(၂၆)ရက္တြင္ ႐ုံတင္ျပသမည့္ Deadpool & Wolverine ႐ုပ္ရွင္ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္ထားျခင္းမ်ိဳးမရွိေၾကာင္း ကမာၻေက်ာ္အဆိုေတာ္ေတလာဆြစ္ဖ္က အတည္ျပဳခဲ့သည္။

Marvel Cinematic Universe ၏ ေနာက္ထပ္ထြက္ရွိမည့္ဇာတ္ကားတြင္ ေတလာဆြစ္ဖ္ပါဝင္လာႏိုင္သည္ဆိုသည့္ ေကာလဟာလမ်ားမွာ ၂၀၁၅ ခုႏွစ္တည္းက ေပၚထြက္ေနခဲ့ျခင္းျဖစ္သည္။ Deadpool ဇာတ္ေကာင္အျဖစ္ Ryan Reynolds ႏွင့္ Wolverine ဇာတ္ေကာင္အျဖစ္ Hugh Jackman တို႔ သ႐ုပ္ေဆာင္ထားသည့္ Deadpool & Wolverine ႐ုပ္ရွင္ဇာတ္ကားတြင္ ေတလာဆြစ္ဖ္ ပါဝင္ျခင္းမ်ိဳးမရွိေၾကာင္း Entertainment Weekly မဂၢဇင္း၏ ေဖာ္ျပခ်က္အရ သိရသည္။

အသက္(၃၄)ႏွစ္အ႐ြယ္ ေတလာဆြစ္ဖ္သည္ X-Men: Apocalypse ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့သည့္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ James McAvoy၊ Sophie Turner တို႔ႏွင့္အတူ တြဲ႐ိုက္ထားသည့္ ဓါတ္ပုံတစ္ပုံထြက္လာခဲ့ၿပီးေနာက္ Marvel Cinematic Universe တြင္ ေတလာဆြစ္ဖ္ပါဝင္သ႐ုပ္ေဆာင္ႏိုင္ဖြယ္ရွိေနသည္ဆိုသည့္ မွတ္ခ်က္မ်ား ေပးခံခဲ့ရျခင္းျဖစ္သည္။

ထို႔ျပင္ Deadpool & Wolverine ဇာတ္ကား၏ ဒါ႐ိုက္တာ အသက္(၅၅)ႏွစ္အ႐ြယ္ Shawn Levy၊ ေတလာဆြစ္ဖ္၊ အသက္(၅၅)ႏွစ္အ႐ြယ္ Hugh Jackman၊ အသက္(၄၇)ႏွစ္အ႐ြယ္ Ryan Reynolds ႏွင့္ ၎၏ ဇနီးျဖစ္သူ အသက္(၃၆)ႏွစ္အ႐ြယ္ Blake Lively တို႔ကို အႀကိမ္ေပါင္းမ်ားစြာတြဲကာ ေတြ႕ျမင္ခဲ့ရၿပီးေနာက္ ေကာလဟာလမ်ား ပိုမိုထြက္ေပၚလာျခင္းျဖစ္သည္။
Deadpool & Wolverine ဇာတ္ကားကို လာမည့္ဇူလိုင္လ(၂၆)ရက္တြင္ စတင္႐ုံတင္ျပသမည္ျဖစ္ၿပီး ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ားျဖစ္သည့္ Emma Corrin ၊ Matthew Macfadyen၊ Morena Baccarin၊Leslie Uggams၊ Brianna Hildebrand၊ Shioli Kutsuna၊ Rob Delaney ႏွင့္ Lewis Tan တို႔ ပါဝင္သ႐ုပ္ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.