ကျောက်ဆည်မြို့ရှိ ငလျင်ဘေးသင့်သူများအတွက် MAI Foundation မှ အိမ်(၅)လုံးအပြင် အခြားအသုံးအဆောင်များ လှူဒါန်း

 184

စော (NP News) - ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဝေဘူချောင်ရှိ ငလျင်ဘေးသင့်သူများအတွက် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI Foundation) မှ ငွေကျပ် (၃၇၅)သိန်းတန်ဖိုးရှိ အိမ်(၅)လုံးအပြင် အခြားအသုံးဆောင်များကို (ဇူလိုင် ၁ ရက်) တွင် ရုပ်ရှင်သရုပ်ဆောင်နေထူးနိုင်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်ကြောင့် ဝေဘူချောင်ရှိ အိမ်ခြေ (၅၁)လုံးနှင့် လူဦးရေ (၂၂၀)ဦးခန့် ငလျင်ဘေးသင့်ခဲ့သဖြင့် ၎င်းတို့၏ နေစရိတ်၊ စားစရိတ်များကို စင်ကာပူရောက် (၇)ရက်သားသမီးများက ပြီးခဲ့သော ဧပြီလ (၂၀)ရက်မှ ဇူလိုင်(၂၀)ရက်အထိ (၃)လတိတိ လှူဒါန်းလျက်ရှိရာ အခြားသောအလှူရှင်များကလည်း လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
“သူတို့ ပြန်လည်တည်ဆောက်ဖို့အတွက် တလင်းပြင်ဖြစ်သွားတဲ့အိမ်ခြေ (၁၄)အိမ်ပေါ့။ တလင်းပြင်ဆိုတာ ဘယ်လိုမှနေလို့မရတော့ဘူး။ ပြန်လည်တည်ဆောက်လို့လဲမရတော့ဘူး။ တလင်းပြင်ကြီးဖြစ်သွားတဲ့ အိမ်ခြေ(၁၄)အိမ်ကို ကျွန်တော်ကနေပြီးတော့ သူတို့ပြန်လည်တည်ဆောက်ဖို့အတွက် အိမ်တစ်လုံးကို (၇၅)သိန်းနဲ့ ဒေသခံတွေက တွက်ချက်ပေးတာပေါ့နော်။ သူတို့တွက်ချက်ပေးတဲ့အတိုင်း ဒါဆိုလောက်မလားလောက်တယ်ဆိုတော့ သူတို့ကိုပဲ အပ်လိုက်တယ်။ ကျန်တဲ့အလှူရှင်တွေ လှူတဲ့ပိုက်ဆံကို တိုက်ရိုက်ပဲ လုပ်ပေးတယ်” ဟု နေထူးနိုင်က NP News ကို ပြောသည်။
MAI မှ ငွေကျပ် သိန်း (၄၆၃၇၂၄၅၀)တန်ဖိုးရှိ အိမ်ခြေ (၅)လုံး၊ ပညာရေးထောက်ပံ့ပစ္စည်းများ၊ မျက်နှာသုတ်ပုဝါ (၁၄၀)၊ ခြေညှပ်ဖိနပ် (၁၂၀)နှင့်စောင် (၅၀)တို့ကို ငလျင်ဘေးသင့်သူများအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။
”ကျွန်တော့် Camp ထဲမှာရှိတဲ့ ထားတဲ့လူတွေထဲမှာ သားသမီးတွေက အလုပ်လုပ်ချင်တယ်ဆိုရင်လည်း ကျွန်တော်တို့က အလုပ်အကိုင်ရှာပေးတယ်။ သူ့ရဲ့ပညာအရည်အချင်း၊ သူ့ရဲ့လုပ်နိုင်တဲ့စွမ်းအား၊ သူ့ရဲ့လုပ်နိုင်တဲ့အားပေါ့။ အခုလည်း MAI ကနေပြီးတော့ သူတို့မှာလည်း တကယ်လို့ အလုပ်လုပ်ချင်တဲ့လူရှိရင် သူတို့နဲ့ပညာအရည်အချင်းနဲ့တိုက်ဆိုင်တဲ့လူရှိရင် ဒီဘက်ကနေပြီးတော့ လက်ခံပြီးတော့ လုပ်ပေးမယ်လို့ ခုနကလည်း ပြောတယ်။ အဲဒီလိုပဲ ကျွန်တော်တို့လည်း ဟိုဘက်ကလည်း သူတို့ဆီမှာ လာအလုပ်လုပ်ချင်တယ်ဆိုရင်လည်း သူတို့ ကူညီပေးမယ်ပြောတယ်။ အခြားသောမိတ်ဆွေကလည်း အလုပ်လုပ်ချင်တာရှိရင် သူတို့နဲ့ကိုက်ညီသောအလုပ်လေးတွေလည်း ကျွန်တော်ရှာပေးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် အိမ် (၁၄)လုံးအနက် အိမ် (၉)လုံးကို ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေက်ာက္ဆည္ၿမိဳ႕ရွိ ငလ်င္ေဘးသင့္သူမ်ားအတြက္ MAI Foundation မွ အိမ္(၅)လုံးအျပင္ အျခားအသုံးအေဆာင္မ်ား လႉဒါန္း
ေစာ (NP News) - ဇူလိုင္ ၁
မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕နယ္၊ ေဝဘူေခ်ာင္ရွိ ငလ်င္ေဘးသင့္သူမ်ားအတြက္ အျပည္ျပည္ဆိုင္ရာျမန္မာ့ေလေၾကာင္း (MAI Foundation) မွ ေငြက်ပ္ (၃၇၅)သိန္းတန္ဖိုးရွိ အိမ္(၅)လုံးအျပင္ အျခားအသုံးေဆာင္မ်ားကို (ဇူလိုင္ ၁ ရက္) တြင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေနထူးႏိုင္ထံသို႔ ေပးအပ္လႉဒါန္းခဲ့ေၾကာင္း သိရသည္။
အဆိုပါငလ်င္ေၾကာင့္ ေဝဘူေခ်ာင္ရွိ အိမ္ေျခ (၅၁)လုံးႏွင့္ လူဦးေရ (၂၂၀)ဦးခန႔္ ငလ်င္ေဘးသင့္ခဲ့သျဖင့္ ၎တို႔၏ ေနစရိတ္၊ စားစရိတ္မ်ားကို စင္ကာပူေရာက္ (၇)ရက္သားသမီးမ်ားက ၿပီးခဲ့ေသာ ဧၿပီလ (၂၀)ရက္မွ ဇူလိုင္(၂၀)ရက္အထိ (၃)လတိတိ လႉဒါန္းလ်က္ရွိရာ အျခားေသာအလႉရွင္မ်ားကလည္း လာေရာက္လႉဒါန္းလ်က္ရွိေၾကာင္း သိရသည္။
“သူတို႔ ျပန္လည္တည္ေဆာက္ဖို႔အတြက္ တလင္းျပင္ျဖစ္သြားတဲ့အိမ္ေျခ (၁၄)အိမ္ေပါ့။ တလင္းျပင္ဆိုတာ ဘယ္လိုမွေနလို႔မရေတာ့ဘူး။ ျပန္လည္တည္ေဆာက္လို႔လဲမရေတာ့ဘူး။ တလင္းျပင္ႀကီးျဖစ္သြားတဲ့ အိမ္ေျခ(၁၄)အိမ္ကို ကြၽန္ေတာ္ကေနၿပီးေတာ့ သူတို႔ျပန္လည္တည္ေဆာက္ဖို႔အတြက္ အိမ္တစ္လုံးကို (၇၅)သိန္းနဲ႔ ေဒသခံေတြက တြက္ခ်က္ေပးတာေပါ့ေနာ္။ သူတို႔တြက္ခ်က္ေပးတဲ့အတိုင္း ဒါဆိုေလာက္မလားေလာက္တယ္ဆိုေတာ့ သူတို႔ကိုပဲ အပ္လိုက္တယ္။ က်န္တဲ့အလႉရွင္ေတြ လႉတဲ့ပိုက္ဆံကို တိုက္႐ိုက္ပဲ လုပ္ေပးတယ္” ဟု ေနထူးႏိုင္က NP News ကို ေျပာသည္။
MAI မွ ေငြက်ပ္ သိန္း (၄၆၃၇၂၄၅၀)တန္ဖိုးရွိ အိမ္ေျခ (၅)လုံး၊ ပညာေရးေထာက္ပံ့ပစၥည္းမ်ား၊ မ်က္ႏွာသုတ္ပုဝါ (၁၄၀)၊ ေျခညႇပ္ဖိနပ္ (၁၂၀)ႏွင့္ေစာင္ (၅၀)တို႔ကို ငလ်င္ေဘးသင့္သူမ်ားအတြက္ လႉဒါန္းခဲ့ေၾကာင္း သိရသည္။
”ကြၽန္ေတာ့္ Camp ထဲမွာရွိတဲ့ ထားတဲ့လူေတြထဲမွာ သားသမီးေတြက အလုပ္လုပ္ခ်င္တယ္ဆိုရင္လည္း ကြၽန္ေတာ္တို႔က အလုပ္အကိုင္ရွာေပးတယ္။ သူ႔ရဲ႕ပညာအရည္အခ်င္း၊ သူ႔ရဲ႕လုပ္ႏိုင္တဲ့စြမ္းအား၊ သူ႔ရဲ႕လုပ္ႏိုင္တဲ့အားေပါ့။ အခုလည္း MAI ကေနၿပီးေတာ့ သူတို႔မွာလည္း တကယ္လို႔ အလုပ္လုပ္ခ်င္တဲ့လူရွိရင္ သူတို႔နဲ႔ပညာအရည္အခ်င္းနဲ႔တိုက္ဆိုင္တဲ့လူရွိရင္ ဒီဘက္ကေနၿပီးေတာ့ လက္ခံၿပီးေတာ့ လုပ္ေပးမယ္လို႔ ခုနကလည္း ေျပာတယ္။ အဲဒီလိုပဲ ကြၽန္ေတာ္တို႔လည္း ဟိုဘက္ကလည္း သူတို႔ဆီမွာ လာအလုပ္လုပ္ခ်င္တယ္ဆိုရင္လည္း သူတို႔ ကူညီေပးမယ္ေျပာတယ္။ အျခားေသာမိတ္ေဆြကလည္း အလုပ္လုပ္ခ်င္တာရွိရင္ သူတို႔နဲ႔ကိုက္ညီေသာအလုပ္ေလးေတြလည္း ကြၽန္ေတာ္ရွာေပးတယ္” ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ အိမ္ (၁၄)လုံးအနက္ အိမ္ (၉)လုံးကို ေဆာက္လုပ္ၿပီးစီးသြားၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.