အာဂျင်တီးနားနိုင်ငံ၊ ဘရူနိုအေးရိစ့်မှာ စွန့်စွန့်စားစား အကာအကွယ်မပါဘဲ အထပ်မြင့်တွေ တက်ဖို့ကြိုးစားနေသူ ပိုလန်အမျိုးသား ဖမ်းဆီးခံရ

 294

ရောင်နီ (NP News) - ဇွန် ၁၂

အာဂျင်တီးနားနိုင်ငံ၊ မြို့တော် ဘရူနိုအေးရိစ်မှာ ရဲဝံ့စွန့်စား ပိုလန်စတန့်သမား အမျိုးသားတစ်ဦး ဇွန် ၁၁ ရက်က ကြိုးအကူအညီမပါဘဲ အထပ် ၃၀ အဆောက်အအုံတစ်ခုကိုတက်ဖို့ ကြိုးစားခဲ့ပေမယ့် မီးသတ်သမားတွေက ၎င်းကိုတားကာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အာဂျင်တီးနားဘောလုံးဂျာစီကို ဝတ်ဆင်ထားတဲ့ မစ္စတယမာစင်ဘာနော့ အမည်ရှိ စတန့်ဝါသနာရှင် အမျိုးသားဟာ အထပ် ၃၀ အမြင့်ကို ကြိုးအကူအညီမပါပဲ တက်ရောက်နေတဲ့အချိန် အထပ် ၂၅ ထပ် အရောက်မှာ အောက်ပြန်ဆင်းခဲ့ရပါတယ်။ အနီးအနားရှိ နေထိုင်သူတစ်ဦးရဲ့တိုင်တန်းမှုကြောင့် မီးသတ်သမား၊ လူနာတင်ယာဉ်နဲ့ ရဲကား ၃၀ ကျော် ရောက်ရှိလာခဲ့တာဖြစ်ပြီး ၎င်းကို ပြန်ဆင်းလာဖို့ ခေါ်ခဲ့ကြတာဖြစ်ပါတယ်။

မြေပြင်ပြန်ရောက်လာတဲ့အချိန်မှာတော့ မစ္စတာဘာနော့ဟာ အဖမ်းခံခဲ့ရပါတယ်။ အဆိုပါ စွန့်စွန့်စားစား အထပ်အမြင့်ကိုတက်ပြတဲ့ စတန့်တွေဟာ လူတွေကို ဆွဲဆောင်နိုင်ပြီး အခုမစ္စတာဘာနော့ရဲ့အင်စတာဂရမ် ဆိုရှယ်မီဒီယာအကောင့်ဆိုရင် Follower ရာနှင့်ချီ ရှိပါတယ်။ သူဟာ လွန်ခဲ့တဲ့သီတင်းကလည်း အလားတူ အဆောက်အအုံအမြင့်ပေါ်တက်ဖို့ ကြိုးစားခဲ့ဖူးပြီး အဲဒီတုန်းကလည်း ရဲတပ်ဖွဲ့ရဲ့တားဆီးပိတ်ပင်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

Zawgyi Version;
အာဂ်င္တီးနားႏိုင္ငံ၊ ဘ႐ူႏိုေအးရိစ့္မွာ စြန႔္စြန႔္စားစား အကာအကြယ္မပါဘဲ အထပ္ျမင့္ေတြ တက္ဖို႔ႀကိဳးစားေနသူ ပိုလန္အမ်ိဳးသား ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ဇြန္ ၁၂

အာဂ်င္တီးနားႏိုင္ငံ၊ ၿမိဳ႕ေတာ္ ဘ႐ူႏိုေအးရိစ္မွာ ရဲဝံ့စြန႔္စား ပိုလန္စတန႔္သမား အမ်ိဳးသားတစ္ဦး ဇြန္ ၁၁ ရက္က ႀကိဳးအကူအညီမပါဘဲ အထပ္ ၃၀ အေဆာက္အအုံတစ္ခုကိုတက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မီးသတ္သမားေတြက ၎ကိုတားကာ ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။

အာဂ်င္တီးနားေဘာလုံးဂ်ာစီကို ဝတ္ဆင္ထားတဲ့ မစၥတယမာစင္ဘာေနာ့ အမည္ရွိ စတန႔္ဝါသနာရွင္ အမ်ိဳးသားဟာ အထပ္ ၃၀ အျမင့္ကို ႀကိဳးအကူအညီမပါပဲ တက္ေရာက္ေနတဲ့အခ်ိန္ အထပ္ ၂၅ ထပ္ အေရာက္မွာ ေအာက္ျပန္ဆင္းခဲ့ရပါတယ္။ အနီးအနားရွိ ေနထိုင္သူတစ္ဦးရဲ႕တိုင္တန္းမႈေၾကာင့္ မီးသတ္သမား၊ လူနာတင္ယာဥ္နဲ႔ ရဲကား ၃၀ ေက်ာ္ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ၎ကို ျပန္ဆင္းလာဖို႔ ေခၚခဲ့ၾကတာျဖစ္ပါတယ္။

ေျမျပင္ျပန္ေရာက္လာတဲ့အခ်ိန္မွာေတာ့ မစၥတာဘာေနာ့ဟာ အဖမ္းခံခဲ့ရပါတယ္။ အဆိုပါ စြန႔္စြန႔္စားစား အထပ္အျမင့္ကိုတက္ျပတဲ့ စတန႔္ေတြဟာ လူေတြကို ဆြဲေဆာင္ႏိုင္ၿပီး အခုမစၥတာဘာေနာ့ရဲ႕အင္စတာဂရမ္ ဆိုရွယ္မီဒီယာအေကာင့္ဆိုရင္ Follower ရာႏွင့္ခ်ီ ရွိပါတယ္။ သူဟာ လြန္ခဲ့တဲ့သီတင္းကလည္း အလားတူ အေဆာက္အအုံအျမင့္ေပၚတက္ဖို႔ ႀကိဳးစားခဲ့ဖူးၿပီး အဲဒီတုန္းကလည္း ရဲတပ္ဖြဲ႕ရဲ႕တားဆီးပိတ္ပင္ျခင္းကို ခံခဲ့ရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.