ရုရှား- ယူကရိန်းပဋိပက္ခက တတိယကမ္ဘာစစ် ချောက်ကမ်းပါးဆီ ဦးတည်နေပြီလား (ဘာသာပြန်ဆောင်းပါး)
3206
Alynn (NP News) - ဇွန် ၂၂
ယူကရိန်းဟာ လက်ရှိမှာ ရုရှားနိုင်ငံအတွင်းက ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့အတွက် အမေရိကန်လက် နက်တွေကို အသုံးပြုနေပြီဖြစ်ပါတယ်။ ဒီခွင့်ပြုချက်ဟာ ကန့်သတ်ချက်များစွာနဲ့ ခွင့်ပြုထားခြင်းလည်း ဖြစ်ပါတယ်။ ပစ်မှတ်တွေကို ပထဝီဝင်အနေအထားအရ ကန့်သတ်ထားပြီး ဥပမာ- Kharkiv နယ်စပ်မှ အရှေ့မြောက်ဒေသ တစ်လျှောက် တာတိုပစ်ဒုံးကျည် တွေကိုသာအသုံးပြုဖို့ ကန့်သတ်ထားတာမျိုးဖြစ်ပါတယ်။ ဥရောပမဟာမိတ်တွေက လည်း လတ်တလောမှာ ယူကရိန်းအပေါ် စစ်လက်နက် အသုံးပြုမှုနဲ့ပတ်သက်ပြီး ဖြေလျှော့မှုတွေများစွာ ခွင့်ပြုပေးခဲ့ပါ တယ်။ နယ်သာလန်က ယူကရိန်းထံ မကြာသေးခင်ကပေးပို့ခဲ့ တဲ့ F-16 တိုက်လေယာဉ်တွေကို ရုရှားနိုင်ငံအတွင်းက စစ်ဘက်ဆိုင်ရာ ပစ်မှတ်များစွာကိုတိုက်ခိုက်ဖို့အတွက် ခွင့်ပြုပေးခဲ့တယ်။ ဒါ့ပြင် ပြင်သစ်ကလည်း ယူကရိန်းနိုင်ငံဆီ သူတို့ရဲ့ စစ်လေ့ကျင့်ရေးဆရာတွေ စေလွှတ်ဖို့ကြံစည်နေပါတယ်။ ဒီလို ကန့်သတ်ချက် တွေလျှော့ပေါ့ပေးခြင်းကြောင့် နေတိုးကို တိုက်ရိုက်တိုက်ခိုက်မယ် ဒါမှမဟုတ် ယူကရိန်းအတွင်း နည်းဗျူဟာမြောက် နျူလက်နက်တွေ အသုံးပြုမယ်ဆိုတဲ့ ကရင်မလင်ထံက နောက်ထပ် ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားအနေနဲ့ လက်တွေ့မဟုတ်တဲ့ အဲဒီခြိမ်းခြောက်မှုတွေကို ထပ်ခါတလဲလဲပြုလုပ်ခဲ့တာကြောင့် ယူကရိန်းမဟာမိတ် တွေက အနီရောင်မျဉ်းတွေကိုဖြတ်ကျော်ဖို့ ဝန်မလေး တော့ဘဲ လက်နက်တွေ ပိုမိုထောက်ပံ့လာတာပဲဖြစ်ပါတယ်။
ဘိုင်ဒန်အစိုးရဟာ ယူကရိန်းကာကွယ်ရေး အတွက် ငွေကြေးအမြောက်အမြားအသုံးပြုပေးသလို ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ခိုင်မာလာ အောင်လည်း အချိန်အတော်ကြာလုပ်ဆောင်ခဲ့ပါ တယ်။ ဒါပေမဲ့ ယူကရိန်းဆီက တချို့သော လက်နက်စနစ်တွေကို ပြန်ရုပ်သိမ်းစေတာ၊ ယူကရိန်းနိုင်ငံနယ် နိမိတ်အတွင်း မပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးမှု မရှိတာ၊ စစ်မြေပြင်မှာ အမေရိကန် ဒါမှမဟုတ်နေတိုး တပ်တွေကို ဖြန့်ကြက်ဖို့ ထည့်သွင်းစဉ်းစား ပေးတာတို့တော့ မရှိခဲ့ပါဘူး။ ဒီလို အကန့်အသတ်ခြေလှမ်းတွေနဲ့ အမေရိကန်ရော၊ ရုရှားရောဘက်က သတိထား လှုပ်ရှားနေကြပေမယ့် ပဋိပက္ခအတွင်း နျူကလီးယား လက်နက်အသုံးပြုလို့ ဖြစ်ပေါ်လာနိုင်တဲ့ တတိယ ကမ္ဘာစစ် အန္တရာယ်ကိုတော့ ချင့်ချိန်နေရဆဲဖြစ်ပါတယ်။
ရှေ့မတိုးနောက်မဆုတ်သာ တိုက်ပွဲအခြေအနေများ
ပစ်ခတ်မှုအင်အားနဲ့ စစ်တပ်အရွယ်အစားအရ ရုရှားက ယူကရိန်းထက်သာလွန်နေတယ်ဆိုတာ မေးခွန်းထုတ် စရာမရှိပါ။ ရှေ့တန်းက ယူကရိန်းစစ် သားတွေဟာ စစ်မှုထမ်းသစ်တွေ ရောက်လာမယ့်အချိန်ကိုမျှော်လင့် နေရပြီး ယခုအခါ တပ်သားသစ် ၃၀ဝဝဝ ကို လစဉ် စုဆောင်းလျက်ရှိနေပါတယ်။ ရုရှားဟာ Donbas (Avdivka အနီးတစ်ဝိုက်)၊ Kharkiv ၏ အရှေ့မြောက်ဘက်မှာ စစ်မျက်နှာစာ အသစ်ကိုဖွင့်ပြီး တောင်ဘက်မှာ Robotyne ဒေသကို ပြန်လည်ရယူဖို့ တိုက်ပွဲဝင်လျက်ရှိနေပါတယ်။ ဒါပေမဲ့ မြေပုံတွေအရ ရုရှားသိမ်းယူနိုင်တဲ့ နယ်မြေပမာဏမှာ အစွန်းအဖျားဒေသတွေ သာဖြစ်ပြီး စစ်သည်များစွာနဲ့ စစ်ဘက်ဆိုင်ရာစက်ပစ္စည်းတွေ အလွန်အသုံးများတာတွေ့ရပါတယ်။ ယူကရိန်းခံစစ် အတော် အတန်နဲ့ ကြုံတွေ့ရပြီးတဲ့နောက် ရုရှားတပ်တွေဟာ ယူကရိန်းတပ်တွေ တန်ပြန်တိုက်ခိုက်ဖို့ အသုံးပြုနိုင် တဲ့တံတားတွေကိုဖျက်ဆီးခဲ့ပြီး Vovchansk မြို့တစ် ဝိုက်လှုပ်ရှားလာခဲ့ကာ ရုရှားတပ်ဖွဲ့တွေ Kharkiv နဲ့ ပိုမိုနီးကပ် လာခဲ့ပါတယ်။
ယူကရိန်းတပ်တွေရဲ့ ပြန်လည်ထောက်ပံ့ရေး လမ်းကြောင်းတွေကို ရုရှားကပိတ်ထားလိုက်နိုင်ပြီဖြစ်တာ ကြောင့် ယူကရိန်းရဲ့အင်အားဖြည့်တင်းရေး နှောင့်နှေးမှုကို အခွင့်ကောင်းယူလာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရုရှားတပ်တွေ အတွက် Kharkiv ကိုသိမ်း ပိုက်နိုင်ဖို့ အတားအဆီး အထွေအထူးမရှိတော့ပါ။ ဤသို့အားဖြင့် ရုရှားတပ်ဖွဲ့တွေအနေနဲ့ သမ္မတဗလာ ဒီမာပူတင်ရဲ့ရည်မှန်းချက်တွေထဲကတစ်ခုဖြစ်တဲ့ Donetsk နဲ့ Luhansk ပြည်နယ်တွေကို တိုးချဲ့ထိန်း ချုပ်လာနိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားက ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေနဲ့ ယူကရိန်း နိုင်ငံတစ်ဝန်းရှိ တခြားအရပ်ဘက် ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်လျက်ရှိနေပါတယ်။ ရုရှားမှာ လေကြောင်း အင်အား သာလွန် ကောင်းမွန်နေပြီး ယူကရိန်းရဲ့လေကြောင်းရန်ကာ ကွယ်ရေးအတွက် ထောက်ပံ့ရေးပစ္စည်း တွေပြတ် လပ်နေတာကြောင့်လည်း ထိရောက်စွာလုပ်ဆောင်နိုင်ခဲ့ တာဖြစ်ပါတယ်။ သို့သော် နယ်သာလန်နဲ့ဘယ်လ်ဂျီယံတို့မှ F-16 တိုက်လေယာဉ်တွေ၊ အမေရိကန်မှ Patriot ဒုံးကျည်တွေနဲ့ ဂျာမနီမှ တခြားစနစ်တွေနဲ့အတူ ယူကရိန်းရဲ့ခုခံရေး စနစ်မှာ ပိုမိုကောင်းမွန်လာဖို့ရှိပြီး ရုရှားရဲ့လေကြောင်းသာလွန်မှုကိုပါ စိန်ခေါ်လာမယ့် အနေအထားရှိပါတယ်။
တစ်ချိန်တည်းမှာပဲ တခြားနေရာတွေမှာ ယူကရိန်းရဲ့တိုက်ခိုက်မှုတွေက ရုရှားရဲ့စွမ်းရည်ကို တန်းညှိလာနိုင်ပါ တယ်။ ယူကရိန်းတပ်တွေက ရုရှားတို့ သူတို့တည်နေရာတွေကိုပစ်မှတ်ထားဖို့အသုံးပြုတဲ့ရေဒါ တပ်ဆင်မှုတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ပင်လယ်နက်အတွင်းရှိ ရုရှားရေတပ်အင်အားကိုလည်း သုံးပုံတစ်ပုံလောက် လျှော့ချပစ်နိုင်ခဲ့ ပါတယ်။ အခုအခါ ယူကရိန်းတပ်တွေဟာ ခရိုင်းမီးယားရှိ ရုရှားစစ် ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကိုပစ်မှတ် ထားတိုက်ခိုက်လာပါတယ်။
ဒါကြောင့် ယူကရိန်းဟာ အရပ်ဘက်အခြေခံ အဆောက်အအုံတွေပျက်စီးဆုံးရှုံးတာနဲ့အတူ ပြင်း ထန်တဲ့စစ်ပွဲရဲ့ အကျိုးဆက်တွေကို ရင်ဆိုင်နေရပေမယ့်လည်း အနောက်အုပ်စုရဲ့ဗျူဟာမြောက် လက် နက်အထောက်အပံ့တွေကြောင့် လုံးဝပြိုလဲလုအနေ အထားတော့ မရောက်နိုင်သေးပါ။
အနောက်အုပ်စုရဲ့ သဘောထားအပြောင်းအလဲ
ဥရောပ၌ ၂၀၂၄ နွေဦး Eurobarometer စစ်တမ်းတွင် ဖြေဆိုသူ ၆၀ ရာခိုင်နှုန်းက ၂၀၂၃ ဆောင်းဦး စစ်တမ်းအတိုင်း စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးပေး တာကိုထောက်ခံကြောင်း ဖြေဆိုထားကြပါတယ်။ ဒါ့ပြင် အခုစစ်တမ်း တွင် ၇၂ ရာခိုင်နှုန်းက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထောက် ခံနေကြပြီး ၇၀ ရာခိုင်နှုန်းကမူ ယူကရိန်းကိုငွေကြေး ထောက်ပံ့မှုတွေ ဆက်လက်ပံ့ပိုးပေးဖို့ထောက်ခံထား ကြပါတယ်။ ဒါပေမဲ့ ဒီရလဒ်တွေက ဥရောပ နိုင်ငံ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါ။ အထူးသဖြင့် ဟန်ဂေရီနဲ့အီတလီလူမျိုးတွေဟာ ယူကရိန်းကို စစ်ရေးအ ကူအညီ ပေးတာကို အကြီးအကျယ်ဆန့်ကျင်နေကြပြီး မြောက်ဥရောပနိုင်ငံတွေကမူ ဆက်လက်အခိုင် အမာရပ်တည် နေဆဲဖြစ် ပါတယ်။ ဇွန်လ ၆ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့တဲ့ ဥရောပပါလီမန်ရွေးကောက်ပွဲမှာ ယူကရိန်းကို စစ်ရေးအကူအညီတွေ ပေးဖို့ ရဲရဲဝံ့ဝံ့ ထောက်ခံပြောဆိုခဲ့ကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ဥပမာ- ပြင်သစ်သမ္မတနဲ့ဂျာမန် ခေါင်းဆောင် တို့ဦး ဆောင်တဲ့ပါတီတွေမှာ အရှုံးကြီးရှုံးခဲ့တာတွေ့ရပါတယ်။ ထူးခြားတာက ရုရှားအပေါ်အရေးယူပိတ်ဆို့မှု တွေချမှတ် တာကိုဆန့်ကျင်တဲ့ လက်ယာယိမ်းပါ တီတွေက နေရာအများစုကို အနိုင်ရရှိလာတာ တွေ့ရပါတယ်။ သို့ဆိုလျှင် ဥရောပမှာ ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး လူထုသဘောထားသာမက နိုင်ငံရေး အမြင်တချို့ပါ ပြောင်းလဲလာပြီလို့ မှတ်ယူရမည်ပင်။
အမေရိကန်ပြည်ထောင်စုမှာ ယူကရိန်းကို အထောက်အပံ့ပေးရေးဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ဖို့ နှောင့်နှေး နေပေမယ့်လည်း အများစုက ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အတွက်ထောက်ခံခဲ့ပြီး အတိုက်အခံရီ ပတ်ဘလစ်ကန်တချို့လည်း ထောက်ခံခဲ့ကြပါတယ်။ ယူကရိန်းပဋိပက္ခစတင်ချိန်က ဒီမိုကရက်ထောက်ခံတဲ့ အမေရိ ကန်ပြည်သူ ၃၈ ရာခိုင်နှုန်း လောက်က ယူကရိန်းကို လုံလောက်တဲ့အကူအညီ မပေးဟု ရှုမြင်ခဲ့ကြသော်လည်း ၂၀၂၃ ခုနှစ် စစ်တမ်း တွင်မူ ၃၆ ရာခိုင်နှုန်းလောက်ကသာ ထိုကဲ့သို့ ယုံကြည်လျက်ရှိပါတယ်။ ရီပတ်ဘလီကန်များကြားတွင် မူ ကနဦးက ယူကရိန်းကို အထောက်အပံ့အလုံအလောက်မပေးဟူသောအမြင်ကို ကိုင်စွဲထားသူမှာ ၄၉ ရာခိုင်နှုန်းအထိ ရှိခဲ့ရာမှ ယနေ့တွင်မူ ၁၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပါတယ်။ သို့ဆိုလျှင် ယူကရိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး ဘိုင်ဒန် အစိုးရက ယူကရိန်းထံ အထောက်အပံ့တွေပေးအပ်နိုင်ရေး ခဲရာခဲဆစ်ကြိုးပမ်းနေသော်လည်း ပြည်တွင်းရှိ အမေရိကန် ပြည်သူအများစုရဲ့ သဘောထားတွေမှာ အတော်လေးပြောင်းလဲလာပြီ ဖြစ်ကြောင်း တွေ့မြင်နိုင်ပါတယ်။
နျူကလီးယားကို ထိန်းချုပ်ထားနိုင်ခြင်း
ရုရှား-ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေ အစိုးရိမ်ဆုံးကိစ္စရပ်မှာ နျူကလီးယား လက်နက်တွေနဲ့ တိုက်ခိုက်လာကြမယ့်အရေးဖြစ်ပါတယ်။ ပထမဆုံး အဏုမြူဗုံးတွေတီထွင်ပြီးကတည်းက နျူကလီးယားစစ်ပွဲဟာ် လူသားမျိုးနွယ်အပေါ် ထိတ်လန့်စရာဖြစ်ခေါင့်ဖြစ်ခဲတစ်ခုအဖြစ် ယုံကြည်ယူဆ လျက်ရှိနေကြပါတယ်။ ကမ္ဘာကြီး ပျက် လုနီးပါး အခြေအနေအရပ်ရပ်ရှိခဲ့သော်လည်း နျူကလီးယားထိန်း ချုပ်ကန့်သတ်ရေးအစီအစဉ်တွေက အနည်းနဲ့အများ ဆိုသလို ငြိမ်းချမ်းရေးကို ထိန်းထားပေးခဲ့ပါတယ်။
အမေရိကန်နဲ့ရုရှားတို့ကြား တိုက်ရိုက်ထိပ် တိုက်တွေ့ဆုံတာဟာ ကမ္ဘာပျက်မယ့်အန္တရာယ်ကို ကြီးမားလာစေ နိုင်ပါတယ်။ သို့သော် ကံကောင်း ထောက်မစွာနဲ့ နှစ်ဖက်စလုံးက ယူကရိန်းပဋိပက္ခ နဲ့ပတ်သက်လို့ တိုက်ရိုက်ထိပ်တိုက် တွေ့မှုကို အချိန်အတော်ကြာ ရှောင်ရှားနိုင်ခဲ့ကြပါတယ်။ နေတိုးက တိုက်ပွဲထဲကို တပ်ဖွဲ့ဝင်တွေ မစေလွှတ်ခဲ့ပေ။ ရုရှား ကလည်း နေတိုးနိုင်ငံတွေမှာရှိတဲ့ ထောက်ပံ့ရေးလမ်း ကြောင်းတွေကို ဗုံးကြဲတိုက်ခိုက်ခြင်းမရှိခဲ့ပေ။ ရုရှားရဲ့နယ်နိမိတ် အတွင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ယူကရိန်းရဲ့စွမ်းရည်ကို အမေရိကန်က တတ်နိုင်သမျှ ကန့်သတ်လုပ် ဆောင်ခဲ့ပါတယ်။ ရုရှားကလည်း ဘောလ်တစ်နိုင်ငံတွေကို ကျူးကျော်ခြင်းမျိုးမပြုခဲ့ပေ။ ဒါ့ပြင် ပဋိပက္ခအတွင်း နှစ်ဖက် စလုံးက နည်းဗျူဟာ မြောက်နျူကလီးယားလက်နက်တွေကို အသုံးမပြုခဲ့ကြပေ။
ယူကရိန်းနဲ့ မေရိကန်နှစ်နိုင်ငံစလုံးသည် ရုရှားကိုရန်စခြင်းရဲ့အကျိုးဆက်တွေကို ရှင်းရှင်းလင်း လင်းသိရှိပြီး ဖြစ်တာကြောင့် ထိပ်တိုက်တွေ့ဆုံမယ့်လမ်းကို ဘယ်တော့မှရွေးဖို့စဉ်းစားမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ ဒါကြောင့် နျူကလီးယားစစ်ပွဲဟာ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်လို့ အလားအလာနည်း တယ်လို့ယူဆရပါလိမ့်မည်။ ဒါပေမဲ့လည်း လုံးဝမ ဖြစ်နိုင်ဘူးလို့လည်းမဆိုသာပါ။ အကြောင်းမှာ တခြားသော ကမ္ဘာ့ပဋိပက္ခတွေဖြစ်တဲ့ ထိုင်ဝမ်ရေလက်ကြား၊ အိန္ဒိယ- ပါကစ္စတန်နဲ့အစ္စရေးအနီးတစ်ဝိုက်တို့က ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုတွေအဖြစ် ကျန်ရှိနေပါသေးတယ်။ သို့သော် အခုအချိန်အထိ နျူကလီး ယားအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ ရုရှားနဲ့အမေရိကန်တို့ဟာ တင်းမာမှုတွေကို အရှိန် မြှင့်ဖို့မလိုလားကြောင်း ပြသခဲ့ကြပြီးဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ
ခုလနှောင်းပိုင်းမှာ ဆွစ်ဇာလန်က ယူကရိန်းရဲ့ ငြိမ်းချမ်းရေးအစီအစဉ် ၁၀ ချက်ကို ဆွေးနွေးဖို့ နိုင်ငံပေါင်း ၁၀ဝ ကျော်မှ ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။ အဆိုပါဆွေးနွေးပွဲကို ရုရှားကိုဖိတ်ကြားခြင်းမရှိသလို တရုတ်ကလည်း တက်ရောက်ဖို့အစီအစဉ်မရှိပါ။ သမ္မတဂျိုးဘိုင်ဒင်သည်လည်း အဆိုပါနေရာတွင် ရှိနေမည် မဟုတ် သည့်အတွက် ယူကရိန်းအတွက် စိတ်ပျက်စရာအခြေအနေပါ။ အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်အရ ရုရှားသည် ယူကရိန်းတွင် သိမ်းပိုက်ထားသော နယ်မြေကိုစွန့်လွှတ်ပေးရမှာဖြစ်ပါတယ်။ ဒါ့ပေမဲ့ ခုအချိန်ထိ အဲဒီစေ့စပ် ညှိနှိုင်းမှုတွေအပေါ် ရုရှားက စိတ်ဝင်စားမှုမရှိပါ။ ကရင်မလင်နန်းတော်မှ ထွက်ပေါ်လာတဲ့ မည်သည့်ငြိမ်းချမ်းရေး အဆိုပြုချက်မဆို ရုရှားက သိမ်းယူထားပြီးဖြစ်တဲ့နယ်မြေတွေကို ဆက်လက်ထိန်းသိမ်း သွားမယ့်အနေအထားမှာပဲရှိ တယ်ဆိုတာ ဟောကိန်း ထုတ်စရာတောင် လိုမယ်မထင်ပါဘူး။
ပဋိပက္ခစတင်ဖြစ်ပွားခဲ့တဲ့၂၀၂၂ ခုနှစ်ကတည်းက ကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းမှုတွေရှိခဲ့ ပေမယ့် လည်း နှစ်ဖက်စလုံးက ညှိနှိုင်းဖို့ စိတ်မဝင်စားခဲ့ကြပေ။ ယူကရိန်းက သူ့ဘက်မှာ နိုင်ငံတကာဥပဒေရှိ တယ်လို့ ယုံကြည် တယ်။ ရုရှားကလည်း သူ့ဘက်မှာ သာလွန်တဲ့အင်အားတွေရှိကြောင်း ယုံကြည်ထားတယ်။ ဒါ့ပြင် ရုရှားက တိုက်ပွဲ အတွင်း ရှေ့မတိုး နောက်မဆုတ်သာဗျူဟာကို ဖန်တီးခြင်းဖြင့် ယူကရိန်းရဲ့ခုခံလိုစိတ် ဒါမှမဟုတ် အဆိုပါမဟာမိတ် တွေရဲ့ စစ်ရေးနဲ့ ငွေကြေးထောက်ပံ့မှုလိုတဲ့ဆန္ဒတွေကို ဖြတ်တောက်ပစ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ အမှန် တကယ်ပင် ရုရှားရဲ့ မကြာသေးမီက စစ်မြေပြင်မှ အောင်ပွဲတွေဟာ ရုရှားထံ အနောက်အုပ်စု အပစ်အခတ်ရပ်စဲ ရေးညှိနှိုင်းလာအောင် တွန်းအားဖြစ်လာစေပါတယ်။ လတ်တလောမှာ ရုရှားသမ္မတက ယူကရိန်းကို စစ်မြေပြင်က လက်ရှိ အနေအထားအတိုင်းလက်ခံပြီး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဖို့အတွက် လမ်းဖွင့်ပေးထားပါတယ်။ ရုရှားသမ္မတ ပူတင်ဘက်က အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဖို့ လမ်းဖွင့်ပေးထားချိန်မှာ ယူကရိန်းအစိုးရအနေနဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်တာ ယူကရိန်းနိုင်ငံသားတွေအတွက်သာမက တစ်ကမ္ဘာလုံး ဘေးကင်းလုံခြုံရေးအတွက် သင့်တော်မယ်လို့ ယူဆလျက်ရှိနေကြပါတယ်။
ဒီနေ့အချိန်အထိ ကိယက်ဗ် သို့မဟုတ် မော်စကိုတွင် အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံရေးအရ ပံ့ပိုးမှုတစ်စုံ တစ်ရာမရှိသေးပါ။ ယူကရိန်းနိုင်ငံသားတွေဟာ အခက်အခဲတွေကြားမှ ကြံ့ကြံ့ခံရင်း တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေကြ ပါတယ်။ ယနေ့ ယူကရိန်းစစ်မြေပြင်တွင် မည်သို့ပင်ဖြစ်ပျက်နေပါစေ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေကို ဖန်တီးနိုင်ခြင်းက ရုရှားအတွက် အမြတ်အစွန်းပိုများစေမှာ ဖြစ်သလို ပိုမိုအားကောင်းသော ထိုးစစ်များဖြင့် သိမ်းပိုက်ခံ နယ်မြေတွေကို ပြန်လည်ရယူနိုင်ခြင်းက ယူကရိန်းအတွက် ညှိနှိုင်းရေးစားပွဲဝိုင်းမှာ အကျိုးအမြတ်များကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နှစ်ဖက်စလုံးက အရှုံးအမြတ်တွက်၍ တိုက်နေကြသည့် စစ်ပွဲဖြစ်သည့်အားလျော်စွာ အခြေ အနေအရပ် ရပ်ကို သုံးသပ်ချင့်ချိန်သွားကြမည်ဟု ယုံကြည်ပါတယ်။ အပျက်အစီး အဆုံးအရှုံးများမည့် ကမ္ဘာစစ်ကိုတော့ နှစ်နိုင်ငံစလုံးအပြင် တခြားကမ္ဘာ့အင်အား ကြီးနိုင်ငံများကပါ မလိုလားကြတဲ့အတွက် ယူကရိန်းပဋိပက္ခဟာ တတိယ ကမ္ဘာ့စစ် ချောက်ကမ်းပါးဆီသို့ တွန်းပို့မယ့် အန္တရာယ်တစ်ခုဖြစ်မလာနိုင်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။
zawgyi version
႐ုရွား- ယူကရိန္းပဋိပကၡက တတိယကမာၻစစ္ ေခ်ာက္ကမ္းပါးဆီ ဦးတည္ေနၿပီလား (ဘာသာျပန္ေဆာင္းပါး)
Alynn (NP News) - ဇြန္ ၂၂
ယူကရိန္းဟာ လက္ရွိမွာ ႐ုရွားႏိုင္ငံအတြင္းက ပစ္မွတ္ေတြကိုတိုက္ခိုက္ဖို႔အတြက္ အေမရိကန္လက္ နက္ေတြကို အသုံးျပဳေနၿပီျဖစ္ပါတယ္။ ဒီခြင့္ျပဳခ်က္ဟာ ကန႔္သတ္ခ်က္မ်ားစြာနဲ႔ ခြင့္ျပဳထားျခင္းလည္း ျဖစ္ပါတယ္။ ပစ္မွတ္ေတြကို ပထဝီဝင္အေနအထားအရ ကန႔္သတ္ထားၿပီး ဥပမာ- Kharkiv နယ္စပ္မွ အေရွ႕ေျမာက္ေဒသ တစ္ေလွ်ာက္ တာတိုပစ္ဒုံးက်ည္ ေတြကိုသာအသုံးျပဳဖို႔ ကန႔္သတ္ထားတာမ်ိဳးျဖစ္ပါတယ္။ ဥေရာပမဟာမိတ္ေတြက လည္း လတ္တေလာမွာ ယူကရိန္းအေပၚ စစ္လက္နက္ အသုံးျပဳမႈနဲ႔ပတ္သက္ၿပီး ေျဖေလွ်ာ့မႈေတြမ်ားစြာ ခြင့္ျပဳေပးခဲ့ပါ တယ္။ နယ္သာလန္က ယူကရိန္းထံ မၾကာေသးခင္ကေပးပို႔ခဲ့ တဲ့ F-16 တိုက္ေလယာဥ္ေတြကို ႐ုရွားႏိုင္ငံအတြင္းက စစ္ဘက္ဆိုင္ရာ ပစ္မွတ္မ်ားစြာကိုတိုက္ခိုက္ဖို႔အတြက္ ခြင့္ျပဳေပးခဲ့တယ္။ ဒါ့ျပင္ ျပင္သစ္ကလည္း ယူကရိန္းႏိုင္ငံဆီ သူတို႔ရဲ႕ စစ္ေလ့က်င့္ေရးဆရာေတြ ေစလႊတ္ဖို႔ႀကံစည္ေနပါတယ္။ ဒီလို ကန႔္သတ္ခ်က္ ေတြေလွ်ာ့ေပါ့ေပးျခင္းေၾကာင့္ ေနတိုးကို တိုက္႐ိုက္တိုက္ခိုက္မယ္ ဒါမွမဟုတ္ ယူကရိန္းအတြင္း နည္းဗ်ဴဟာေျမာက္ န်ဴလက္နက္ေတြ အသုံးျပဳမယ္ဆိုတဲ့ ကရင္မလင္ထံက ေနာက္ထပ္ ၿခိမ္းေျခာက္မႈေတြ ထြက္ေပၚလာေစခဲ့ပါတယ္။ ဒါေပမဲ့ ႐ုရွားအေနနဲ႔ လက္ေတြ႕မဟုတ္တဲ့ အဲဒီၿခိမ္းေျခာက္မႈေတြကို ထပ္ခါတလဲလဲျပဳလုပ္ခဲ့တာေၾကာင့္ ယူကရိန္းမဟာမိတ္ ေတြက အနီေရာင္မ်ဥ္းေတြကိုျဖတ္ေက်ာ္ဖို႔ ဝန္မေလး ေတာ့ဘဲ လက္နက္ေတြ ပိုမိုေထာက္ပံ့လာတာပဲျဖစ္ပါတယ္။
ဘိုင္ဒန္အစိုးရဟာ ယူကရိန္းကာကြယ္ေရး အတြက္ ေငြေၾကးအေျမာက္အျမားအသုံးျပဳေပးသလို ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြ ခိုင္မာလာ ေအာင္လည္း အခ်ိန္အေတာ္ၾကာလုပ္ေဆာင္ခဲ့ပါ တယ္။ ဒါေပမဲ့ ယူကရိန္းဆီက တခ်ိဳ႕ေသာ လက္နက္စနစ္ေတြကို ျပန္႐ုပ္သိမ္းေစတာ၊ ယူကရိန္းႏိုင္ငံနယ္ နိမိတ္အတြင္း မပ်ံသန္းရဇုန္အျဖစ္ သတ္မွတ္ေပးမႈ မရွိတာ၊ စစ္ေျမျပင္မွာ အေမရိကန္ ဒါမွမဟုတ္ေနတိုး တပ္ေတြကို ျဖန႔္ၾကက္ဖို႔ ထည့္သြင္းစဥ္းစား ေပးတာတို႔ေတာ့ မရွိခဲ့ပါဘူး။ ဒီလို အကန႔္အသတ္ေျခလွမ္းေတြနဲ႔ အေမရိကန္ေရာ၊ ႐ုရွားေရာဘက္က သတိထား လႈပ္ရွားေနၾကေပမယ့္ ပဋိပကၡအတြင္း န်ဴကလီးယား လက္နက္အသုံးျပဳလို႔ ျဖစ္ေပၚလာႏိုင္တဲ့ တတိယ ကမာၻစစ္ အႏၲရာယ္ကိုေတာ့ ခ်င့္ခ်ိန္ေနရဆဲျဖစ္ပါတယ္။
ေရွ႕မတိုးေနာက္မဆုတ္သာ တိုက္ပြဲအေျခအေနမ်ား
ပစ္ခတ္မႈအင္အားနဲ႔ စစ္တပ္အ႐ြယ္အစားအရ ႐ုရွားက ယူကရိန္းထက္သာလြန္ေနတယ္ဆိုတာ ေမးခြန္းထုတ္ စရာမရွိပါ။ ေရွ႕တန္းက ယူကရိန္းစစ္ သားေတြဟာ စစ္မႈထမ္းသစ္ေတြ ေရာက္လာမယ့္အခ်ိန္ကိုေမွ်ာ္လင့္ ေနရၿပီး ယခုအခါ တပ္သားသစ္ ၃၀ဝဝဝ ကို လစဥ္ စုေဆာင္းလ်က္ရွိေနပါတယ္။ ႐ုရွားဟာ Donbas (Avdivka အနီးတစ္ဝိုက္)၊ Kharkiv ၏ အေရွ႕ေျမာက္ဘက္မွာ စစ္မ်က္ႏွာစာ အသစ္ကိုဖြင့္ၿပီး ေတာင္ဘက္မွာ Robotyne ေဒသကို ျပန္လည္ရယူဖို႔ တိုက္ပြဲဝင္လ်က္ရွိေနပါတယ္။ ဒါေပမဲ့ ေျမပုံေတြအရ ႐ုရွားသိမ္းယူႏိုင္တဲ့ နယ္ေျမပမာဏမွာ အစြန္းအဖ်ားေဒသေတြ သာျဖစ္ၿပီး စစ္သည္မ်ားစြာနဲ႔ စစ္ဘက္ဆိုင္ရာစက္ပစၥည္းေတြ အလြန္အသုံးမ်ားတာေတြ႕ရပါတယ္။ ယူကရိန္းခံစစ္ အေတာ္ အတန္နဲ႔ ႀကဳံေတြ႕ရၿပီးတဲ့ေနာက္ ႐ုရွားတပ္ေတြဟာ ယူကရိန္းတပ္ေတြ တန္ျပန္တိုက္ခိုက္ဖို႔ အသုံးျပဳႏိုင္ တဲ့တံတားေတြကိုဖ်က္ဆီးခဲ့ၿပီး Vovchansk ၿမိဳ႕တစ္ ဝိုက္လႈပ္ရွားလာခဲ့ကာ ႐ုရွားတပ္ဖြဲ႕ေတြ Kharkiv နဲ႔ ပိုမိုနီးကပ္ လာခဲ့ပါတယ္။
ယူကရိန္းတပ္ေတြရဲ႕ ျပန္လည္ေထာက္ပံ့ေရး လမ္းေၾကာင္းေတြကို ႐ုရွားကပိတ္ထားလိုက္ႏိုင္ၿပီျဖစ္တာ ေၾကာင့္ ယူကရိန္းရဲ႕အင္အားျဖည့္တင္းေရး ေႏွာင့္ေႏွးမႈကို အခြင့္ေကာင္းယူလာႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ႐ုရွားတပ္ေတြ အတြက္ Kharkiv ကိုသိမ္း ပိုက္ႏိုင္ဖို႔ အတားအဆီး အေထြအထူးမရွိေတာ့ပါ။ ဤသို႔အားျဖင့္ ႐ုရွားတပ္ဖြဲ႕ေတြအေနနဲ႔ သမၼတဗလာ ဒီမာပူတင္ရဲ႕ရည္မွန္းခ်က္ေတြထဲကတစ္ခုျဖစ္တဲ့ Donetsk နဲ႔ Luhansk ျပည္နယ္ေတြကို တိုးခ်ဲ႕ထိန္း ခ်ဳပ္လာႏိုင္မွာျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ႐ုရွားက ယူကရိန္းရဲ႕ စြမ္းအင္အေျခခံအေဆာက္အအုံေတြနဲ႔ ယူကရိန္း ႏိုင္ငံတစ္ဝန္းရွိ တျခားအရပ္ဘက္ ပစ္မွတ္ေတြကို ဆက္လက္တိုက္ခိုက္လ်က္ရွိေနပါတယ္။ ႐ုရွားမွာ ေလေၾကာင္း အင္အား သာလြန္ ေကာင္းမြန္ေနၿပီး ယူကရိန္းရဲ႕ေလေၾကာင္းရန္ကာ ကြယ္ေရးအတြက္ ေထာက္ပံ့ေရးပစၥည္း ေတြျပတ္ လပ္ေနတာေၾကာင့္လည္း ထိေရာက္စြာလုပ္ေဆာင္ႏိုင္ခဲ့ တာျဖစ္ပါတယ္။ သို႔ေသာ္ နယ္သာလန္နဲ႔ဘယ္လ္ဂ်ီယံတို႔မွ F-16 တိုက္ေလယာဥ္ေတြ၊ အေမရိကန္မွ Patriot ဒုံးက်ည္ေတြနဲ႔ ဂ်ာမနီမွ တျခားစနစ္ေတြနဲ႔အတူ ယူကရိန္းရဲ႕ခုခံေရး စနစ္မွာ ပိုမိုေကာင္းမြန္လာဖို႔ရွိၿပီး ႐ုရွားရဲ႕ေလေၾကာင္းသာလြန္မႈကိုပါ စိန္ေခၚလာမယ့္ အေနအထားရွိပါတယ္။
တစ္ခ်ိန္တည္းမွာပဲ တျခားေနရာေတြမွာ ယူကရိန္းရဲ႕တိုက္ခိုက္မႈေတြက ႐ုရွားရဲ႕စြမ္းရည္ကို တန္းညႇိလာႏိုင္ပါ တယ္။ ယူကရိန္းတပ္ေတြက ႐ုရွားတို႔ သူတို႔တည္ေနရာေတြကိုပစ္မွတ္ထားဖို႔အသုံးျပဳတဲ့ေရဒါ တပ္ဆင္မႈေတြကို ဖယ္ရွားႏိုင္ခဲ့ပါတယ္။ ဒါ့ျပင္ ပင္လယ္နက္အတြင္းရွိ ႐ုရွားေရတပ္အင္အားကိုလည္း သုံးပုံတစ္ပုံေလာက္ ေလွ်ာ့ခ်ပစ္ႏိုင္ခဲ့ ပါတယ္။ အခုအခါ ယူကရိန္းတပ္ေတြဟာ ခ႐ိုင္းမီးယားရွိ ႐ုရွားစစ္ ဘက္ဆိုင္ရာ အေျခခံအေဆာက္အအုံေတြကိုပစ္မွတ္ ထားတိုက္ခိုက္လာပါတယ္။
ဒါေၾကာင့္ ယူကရိန္းဟာ အရပ္ဘက္အေျခခံ အေဆာက္အအုံေတြပ်က္စီးဆုံးရႈံးတာနဲ႔အတူ ျပင္း ထန္တဲ့စစ္ပြဲရဲ႕ အက်ိဳးဆက္ေတြကို ရင္ဆိုင္ေနရေပမယ့္လည္း အေနာက္အုပ္စုရဲ႕ဗ်ဴဟာေျမာက္ လက္ နက္အေထာက္အပံ့ေတြေၾကာင့္ လုံးဝၿပိဳလဲလုအေန အထားေတာ့ မေရာက္ႏိုင္ေသးပါ။
အေနာက္အုပ္စုရဲ႕ သေဘာထားအေျပာင္းအလဲ
ဥေရာပ၌ ၂၀၂၄ ေႏြဦး Eurobarometer စစ္တမ္းတြင္ ေျဖဆိုသူ ၆၀ ရာခိုင္ႏႈန္းက ၂၀၂၃ ေဆာင္းဦး စစ္တမ္းအတိုင္း စစ္လက္နက္ပစၥည္းေတြ ပံ့ပိုးေပး တာကိုေထာက္ခံေၾကာင္း ေျဖဆိုထားၾကပါတယ္။ ဒါ့ျပင္ အခုစစ္တမ္း တြင္ ၇၂ ရာခိုင္ႏႈန္းက ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြကို ဆက္လက္ေထာက္ ခံေနၾကၿပီး ၇၀ ရာခိုင္ႏႈန္းကမူ ယူကရိန္းကိုေငြေၾကး ေထာက္ပံ့မႈေတြ ဆက္လက္ပံ့ပိုးေပးဖို႔ေထာက္ခံထား ၾကပါတယ္။ ဒါေပမဲ့ ဒီရလဒ္ေတြက ဥေရာပ ႏိုင္ငံ တစ္ခုနဲ႔တစ္ခု တူညီမႈမရွိၾကပါ။ အထူးသျဖင့္ ဟန္ေဂရီနဲ႔အီတလီလူမ်ိဳးေတြဟာ ယူကရိန္းကို စစ္ေရးအ ကူအညီ ေပးတာကို အႀကီးအက်ယ္ဆန႔္က်င္ေနၾကၿပီး ေျမာက္ဥေရာပႏိုင္ငံေတြကမူ ဆက္လက္အခိုင္ အမာရပ္တည္ ေနဆဲျဖစ္ ပါတယ္။ ဇြန္လ ၆ ရက္မွ ၉ ရက္အထိ က်င္းပခဲ့တဲ့ ဥေရာပပါလီမန္ေ႐ြးေကာက္ပြဲမွာ ယူကရိန္းကို စစ္ေရးအကူအညီေတြ ေပးဖို႔ ရဲရဲဝံ့ဝံ့ ေထာက္ခံေျပာဆိုခဲ့ၾကတဲ့ ႏိုင္ငံ့ေခါင္းေဆာင္ေတြ ဥပမာ- ျပင္သစ္သမၼတနဲ႔ဂ်ာမန္ ေခါင္းေဆာင္ တို႔ဦး ေဆာင္တဲ့ပါတီေတြမွာ အရႈံးႀကီးရႈံးခဲ့တာေတြ႕ရပါတယ္။ ထူးျခားတာက ႐ုရွားအေပၚအေရးယူပိတ္ဆို႔မႈ ေတြခ်မွတ္ တာကိုဆန႔္က်င္တဲ့ လက္ယာယိမ္းပါ တီေတြက ေနရာအမ်ားစုကို အႏိုင္ရရွိလာတာ ေတြ႕ရပါတယ္။ သို႔ဆိုလွ်င္ ဥေရာပမွာ ယူကရိန္းပဋိပကၡနဲ႔ ပတ္သက္ၿပီး လူထုသေဘာထားသာမက ႏိုင္ငံေရး အျမင္တခ်ိဳ႕ပါ ေျပာင္းလဲလာၿပီလို႔ မွတ္ယူရမည္ပင္။
အေမရိကန္ျပည္ေထာင္စုမွာ ယူကရိန္းကို အေထာက္အပံ့ေပးေရးဥပေဒၾကမ္းကို မဲခြဲဆုံးျဖတ္ဖို႔ ေႏွာင့္ေႏွး ေနေပမယ့္လည္း အမ်ားစုက ယူကရိန္းအတြက္ အကူအညီေပးေရးအစီအစဥ္အတြက္ေထာက္ခံခဲ့ၿပီး အတိုက္အခံရီ ပတ္ဘလစ္ကန္တခ်ိဳ႕လည္း ေထာက္ခံခဲ့ၾကပါတယ္။ ယူကရိန္းပဋိပကၡစတင္ခ်ိန္က ဒီမိုကရက္ေထာက္ခံတဲ့ အေမရိ ကန္ျပည္သူ ၃၈ ရာခိုင္ႏႈန္း ေလာက္က ယူကရိန္းကို လုံေလာက္တဲ့အကူအညီ မေပးဟု ရႈျမင္ခဲ့ၾကေသာ္လည္း ၂၀၂၃ ခုႏွစ္ စစ္တမ္း တြင္မူ ၃၆ ရာခိုင္ႏႈန္းေလာက္ကသာ ထိုကဲ့သို႔ ယုံၾကည္လ်က္ရွိပါတယ္။ ရီပတ္ဘလီကန္မ်ားၾကားတြင္ မူ ကနဦးက ယူကရိန္းကို အေထာက္အပံ့အလုံအေလာက္မေပးဟူေသာအျမင္ကို ကိုင္စြဲထားသူမွာ ၄၉ ရာခိုင္ႏႈန္းအထိ ရွိခဲ့ရာမွ ယေန႔တြင္မူ ၁၃ ရာခိုင္ႏႈန္းသို႔ က်ဆင္းသြားခဲ့ပါတယ္။ သို႔ဆိုလွ်င္ ယူကရိန္းပဋိပကၡနဲ႔ ပတ္သက္ၿပီး ဘိုင္ဒန္ အစိုးရက ယူကရိန္းထံ အေထာက္အပံ့ေတြေပးအပ္ႏိုင္ေရး ခဲရာခဲဆစ္ႀကိဳးပမ္းေနေသာ္လည္း ျပည္တြင္းရွိ အေမရိကန္ ျပည္သူအမ်ားစုရဲ႕ သေဘာထားေတြမွာ အေတာ္ေလးေျပာင္းလဲလာၿပီ ျဖစ္ေၾကာင္း ေတြ႕ျမင္ႏိုင္ပါတယ္။
န်ဴကလီးယားကို ထိန္းခ်ဳပ္ထားႏိုင္ျခင္း
႐ုရွား-ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး ကမာၻ႔ႏိုင္ငံေတြ အစိုးရိမ္ဆုံးကိစၥရပ္မွာ န်ဴကလီးယား လက္နက္ေတြနဲ႔ တိုက္ခိုက္လာၾကမယ့္အေရးျဖစ္ပါတယ္။ ပထမဆုံး အဏုျမဴဗုံးေတြတီထြင္ၿပီးကတည္းက န်ဴကလီးယားစစ္ပြဲဟာ္ လူသားမ်ိဳးႏြယ္အေပၚ ထိတ္လန႔္စရာျဖစ္ေခါင့္ျဖစ္ခဲတစ္ခုအျဖစ္ ယုံၾကည္ယူဆ လ်က္ရွိေနၾကပါတယ္။ ကမာၻႀကီး ပ်က္ လုနီးပါး အေျခအေနအရပ္ရပ္ရွိခဲ့ေသာ္လည္း န်ဴကလီးယားထိန္း ခ်ဳပ္ကန႔္သတ္ေရးအစီအစဥ္ေတြက အနည္းနဲ႔အမ်ား ဆိုသလို ၿငိမ္းခ်မ္းေရးကို ထိန္းထားေပးခဲ့ပါတယ္။
အေမရိကန္နဲ႔႐ုရွားတို႔ၾကား တိုက္႐ိုက္ထိပ္ တိုက္ေတြ႕ဆုံတာဟာ ကမာၻပ်က္မယ့္အႏၲရာယ္ကို ႀကီးမားလာေစ ႏိုင္ပါတယ္။ သို႔ေသာ္ ကံေကာင္း ေထာက္မစြာနဲ႔ ႏွစ္ဖက္စလုံးက ယူကရိန္းပဋိပကၡ နဲ႔ပတ္သက္လို႔ တိုက္႐ိုက္ထိပ္တိုက္ ေတြ႕မႈကို အခ်ိန္အေတာ္ၾကာ ေရွာင္ရွားႏိုင္ခဲ့ၾကပါတယ္။ ေနတိုးက တိုက္ပြဲထဲကို တပ္ဖြဲ႕ဝင္ေတြ မေစလႊတ္ခဲ့ေပ။ ႐ုရွား ကလည္း ေနတိုးႏိုင္ငံေတြမွာရွိတဲ့ ေထာက္ပံ့ေရးလမ္း ေၾကာင္းေတြကို ဗုံးႀကဲတိုက္ခိုက္ျခင္းမရွိခဲ့ေပ။ ႐ုရွားရဲ႕နယ္နိမိတ္ အတြင္းရွိ ပစ္မွတ္ေတြကို တိုက္ခိုက္ရာမွာ ယူကရိန္းရဲ႕စြမ္းရည္ကို အေမရိကန္က တတ္ႏိုင္သမွ် ကန႔္သတ္လုပ္ ေဆာင္ခဲ့ပါတယ္။ ႐ုရွားကလည္း ေဘာလ္တစ္ႏိုင္ငံေတြကို က်ဴးေက်ာ္ျခင္းမ်ိဳးမျပဳခဲ့ေပ။ ဒါ့ျပင္ ပဋိပကၡအတြင္း ႏွစ္ဖက္ စလုံးက နည္းဗ်ဴဟာ ေျမာက္န်ဴကလီးယားလက္နက္ေတြကို အသုံးမျပဳခဲ့ၾကေပ။
ယူကရိန္းနဲ႔ ေမရိကန္ႏွစ္ႏိုင္ငံစလုံးသည္ ႐ုရွားကိုရန္စျခင္းရဲ႕အက်ိဳးဆက္ေတြကို ရွင္းရွင္းလင္း လင္းသိရွိၿပီး ျဖစ္တာေၾကာင့္ ထိပ္တိုက္ေတြ႕ဆုံမယ့္လမ္းကို ဘယ္ေတာ့မွေ႐ြးဖို႔စဥ္းစားမွာမဟုတ္ဘူးလို႔ ယူဆရပါတယ္။ ဒါေၾကာင့္ န်ဴကလီးယားစစ္ပြဲဟာ ယူကရိန္းပဋိပကၡႏွင့္ပတ္သက္လို႔ အလားအလာနည္း တယ္လို႔ယူဆရပါလိမ့္မည္။ ဒါေပမဲ့လည္း လုံးဝမ ျဖစ္ႏိုင္ဘူးလို႔လည္းမဆိုသာပါ။ အေၾကာင္းမွာ တျခားေသာ ကမာၻ႔ပဋိပကၡေတြျဖစ္တဲ့ ထိုင္ဝမ္ေရလက္ၾကား၊ အိႏၵိယ- ပါကစၥတန္နဲ႔အစၥေရးအနီးတစ္ဝိုက္တို႔က ကမာၻလုံးဆိုင္ရာၿခိမ္းေျခာက္မႈေတြအျဖစ္ က်န္ရွိေနပါေသးတယ္။ သို႔ေသာ္ အခုအခ်ိန္အထိ န်ဴကလီး ယားအင္အားႀကီးႏွစ္ႏိုင္ငံျဖစ္တဲ့ ႐ုရွားနဲ႔အေမရိကန္တို႔ဟာ တင္းမာမႈေတြကို အရွိန္ ျမႇင့္ဖို႔မလိုလားေၾကာင္း ျပသခဲ့ၾကၿပီးျဖစ္ပါတယ္။
ၿငိမ္းခ်မ္းေရးအတြက္ ေမွ်ာ္လင့္ခ်က္မ်ား
ခုလေႏွာင္းပိုင္းမွာ ဆြစ္ဇာလန္က ယူကရိန္းရဲ႕ ၿငိမ္းခ်မ္းေရးအစီအစဥ္ ၁၀ ခ်က္ကို ေဆြးေႏြးဖို႔ ႏိုင္ငံေပါင္း ၁၀ဝ ေက်ာ္မွ ကိုယ္စားလွယ္ေတြကို ဖိတ္ေခၚသြားမွာျဖစ္ပါတယ္။ အဆိုပါေဆြးေႏြးပြဲကို ႐ုရွားကိုဖိတ္ၾကားျခင္းမရွိသလို တ႐ုတ္ကလည္း တက္ေရာက္ဖို႔အစီအစဥ္မရွိပါ။ သမၼတဂ်ိဳးဘိုင္ဒင္သည္လည္း အဆိုပါေနရာတြင္ ရွိေနမည္ မဟုတ္ သည့္အတြက္ ယူကရိန္းအတြက္ စိတ္ပ်က္စရာအေျခအေနပါ။ အခ်က္ ၁၀ ခ်က္ပါ ၿငိမ္းခ်မ္းေရးအစီအစဥ္အရ ႐ုရွားသည္ ယူကရိန္းတြင္ သိမ္းပိုက္ထားေသာ နယ္ေျမကိုစြန႔္လႊတ္ေပးရမွာျဖစ္ပါတယ္။ ဒါ့ေပမဲ့ ခုအခ်ိန္ထိ အဲဒီေစ့စပ္ ညႇိႏႈိင္းမႈေတြအေပၚ ႐ုရွားက စိတ္ဝင္စားမႈမရွိပါ။ ကရင္မလင္နန္းေတာ္မွ ထြက္ေပၚလာတဲ့ မည္သည့္ၿငိမ္းခ်မ္းေရး အဆိုျပဳခ်က္မဆို ႐ုရွားက သိမ္းယူထားၿပီးျဖစ္တဲ့နယ္ေျမေတြကို ဆက္လက္ထိန္းသိမ္း သြားမယ့္အေနအထားမွာပဲရွိ တယ္ဆိုတာ ေဟာကိန္း ထုတ္စရာေတာင္ လိုမယ္မထင္ပါဘူး။
ပဋိပကၡစတင္ျဖစ္ပြားခဲ့တဲ့၂၀၂၂ ခုႏွစ္ကတည္းက ၾကားဝင္ေစ့စပ္ေပးဖို႔ ႀကိဳးပမ္းမႈေတြရွိခဲ့ ေပမယ့္ လည္း ႏွစ္ဖက္စလုံးက ညႇိႏႈိင္းဖို႔ စိတ္မဝင္စားခဲ့ၾကေပ။ ယူကရိန္းက သူ႔ဘက္မွာ ႏိုင္ငံတကာဥပေဒရွိ တယ္လို႔ ယုံၾကည္ တယ္။ ႐ုရွားကလည္း သူ႔ဘက္မွာ သာလြန္တဲ့အင္အားေတြရွိေၾကာင္း ယုံၾကည္ထားတယ္။ ဒါ့ျပင္ ႐ုရွားက တိုက္ပြဲ အတြင္း ေရွ႕မတိုး ေနာက္မဆုတ္သာဗ်ဴဟာကို ဖန္တီးျခင္းျဖင့္ ယူကရိန္းရဲ႕ခုခံလိုစိတ္ ဒါမွမဟုတ္ အဆိုပါမဟာမိတ္ ေတြရဲ႕ စစ္ေရးနဲ႔ ေငြေၾကးေထာက္ပံ့မႈလိုတဲ့ဆႏၵေတြကို ျဖတ္ေတာက္ပစ္ႏိုင္မယ္လို႔ ယုံၾကည္ထားပါတယ္။ အမွန္ တကယ္ပင္ ႐ုရွားရဲ႕ မၾကာေသးမီက စစ္ေျမျပင္မွ ေအာင္ပြဲေတြဟာ ႐ုရွားထံ အေနာက္အုပ္စု အပစ္အခတ္ရပ္စဲ ေရးညႇိႏႈိင္းလာေအာင္ တြန္းအားျဖစ္လာေစပါတယ္။ လတ္တေလာမွာ ႐ုရွားသမၼတက ယူကရိန္းကို စစ္ေျမျပင္က လက္ရွိ အေနအထားအတိုင္းလက္ခံၿပီး အပစ္အခတ္ရပ္စဲေရးညႇိႏႈိင္းဖို႔အတြက္ လမ္းဖြင့္ေပးထားပါတယ္။ ႐ုရွားသမၼတ ပူတင္ဘက္က အပစ္အခတ္ရပ္စဲေရးညႇိႏႈိင္းဖို႔ လမ္းဖြင့္ေပးထားခ်ိန္မွာ ယူကရိန္းအစိုးရအေနနဲ႔ အခြင့္အေရးကို အမိအရ ဆုပ္ကိုင္တာ ယူကရိန္းႏိုင္ငံသားေတြအတြက္သာမက တစ္ကမာၻလုံး ေဘးကင္းလုံၿခဳံေရးအတြက္ သင့္ေတာ္မယ္လို႔ ယူဆလ်က္ရွိေနၾကပါတယ္။
ဒီေန႔အခ်ိန္အထိ ကိယက္ဗ္ သို႔မဟုတ္ ေမာ္စကိုတြင္ အပစ္အခတ္ရပ္စဲေရးအတြက္ ႏိုင္ငံေရးအရ ပံ့ပိုးမႈတစ္စုံ တစ္ရာမရွိေသးပါ။ ယူကရိန္းႏိုင္ငံသားေတြဟာ အခက္အခဲေတြၾကားမွ ႀကံ့ႀကံ့ခံရင္း တိုက္ပြဲမ်ား ဆက္လက္ဆင္ႏႊဲေနၾက ပါတယ္။ ယေန႔ ယူကရိန္းစစ္ေျမျပင္တြင္ မည္သို႔ပင္ျဖစ္ပ်က္ေနပါေစ ေရွ႕မတိုး ေနာက္မဆုတ္သာ အေျခအေနကို ဖန္တီးႏိုင္ျခင္းက ႐ုရွားအတြက္ အျမတ္အစြန္းပိုမ်ားေစမွာ ျဖစ္သလို ပိုမိုအားေကာင္းေသာ ထိုးစစ္မ်ားျဖင့္ သိမ္းပိုက္ခံ နယ္ေျမေတြကို ျပန္လည္ရယူႏိုင္ျခင္းက ယူကရိန္းအတြက္ ညႇိႏႈိင္းေရးစားပြဲဝိုင္းမွာ အက်ိဳးအျမတ္မ်ားကို ဖန္တီးႏိုင္မွာ ျဖစ္ပါတယ္။ သို႔ျဖစ္ပါ၍ ႏွစ္ဖက္စလုံးက အရႈံးအျမတ္တြက္၍ တိုက္ေနၾကသည့္ စစ္ပြဲျဖစ္သည့္အားေလ်ာ္စြာ အေျခ အေနအရပ္ ရပ္ကို သုံးသပ္ခ်င့္ခ်ိန္သြားၾကမည္ဟု ယုံၾကည္ပါတယ္။ အပ်က္အစီး အဆုံးအရႈံးမ်ားမည့္ ကမာၻစစ္ကိုေတာ့ ႏွစ္ႏိုင္ငံစလုံးအျပင္ တျခားကမာၻ႔အင္အား ႀကီးႏိုင္ငံမ်ားကပါ မလိုလားၾကတဲ့အတြက္ ယူကရိန္းပဋိပကၡဟာ တတိယ ကမာၻ႔စစ္ ေခ်ာက္ကမ္းပါးဆီသို႔ တြန္းပို႔မယ့္ အႏၲရာယ္တစ္ခုျဖစ္မလာႏိုင္ပါေၾကာင္း သုံးသပ္ေရးသားလိုက္ရပါတယ္။