တောင်အာဖရိကနိုင်ငံမှ သားအဖနှစ်ဦးက ကမ္ဘာ့အမြန်ဆုံးဒရုန်းကို တီထွင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်

 297

Pika (NP News) - ဇွန် ၂၃

တောင်အာဖရိကနိုင်ငံမှ သားအဖနှစ်ဦးသည် တစ်နာရီလျှင် ပျမ်းမျှအမြင့်ဆုံးမြန်နှုန်း (၂၉၈ ဒသမ၄၇)မိုင်နှုန်း ဖြင့်သွားနိုင်သော ကမ္ဘာ့အမြန် ဆုံးဒရုန်းကိုတီထွင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် တင်နိုင်ခဲ့ကြောင်းသိရသည်။

တောင်အာဖရိကနိုင်ငံ Western Cape ပြည်နယ်မှ လုခ်ဘဲလ်နှင့် ၎င်း၏ဖခင်ဖြစ်သူ မိုက်ခ်ဘဲလ်တို့သည် ကမ္ဘာ့ အမြန်ဆုံးဒရုန်းကိုတီထွင်ခဲ့ပြီးနောက် quadcopter Peregreen 2 ဟုအမည်ပေးခဲ့ကြောင်း ဂင်းနစ်စံချိန် မှတ်တမ်း များကဖော်ပြထားသည်။ အဆိုပါဒရုန်းကို 3D-printed ကာဗွန် ဖိုက်ဘာနှင့်အတူ ဘက်ထရီနှင့်လည်ပတ်ပြီး အဝေးထိန်း စနစ်ဖြင့် ထိန်းချုပ်နိုင်ကြောင်းလည်းသိရသည်။

၎င်းတို့နှစ်ဦးသည် အဆိုပါဒရုန်းကို ထိန်းချုပ်နိုင်ရန်အတွက် aerothermal အင်ဂျင်နီယာ ခရစ်ရော့ဆာကို အကူအညီတောင်းခဲ့ကြောင်းလည်း သိရသည်။ အဆိုပါမှတ်တမ်းကိုရယူနိုင်ရန်အတွက် ၎င်းတို့သည် ဒရုန်းကို ဆန့်ကျင် ဘက်လမ်းကြောင်းနှစ်ခုဖြင့် ပျံသန်းခဲ့ရကြောင်းလည်းသိရသည်။ လုခ်ဘဲလ်သည် အဆိုပါဒရုန်းကို လပေါင်းများစွာကြာ အောင်ဖန်တီးခဲ့ရပြီး ဝါယာကြိုးများနှင့် ဘက်ထရီများ အပူလွန်ကဲခြင်းတို့ကြောင့် မီးလောင်ကျွမ်းမှုများအပါအဝင် ပြဿနာပေါင်းများစွာကို ကြုံတွေ့ခဲ့ရကြောင်းသိရသည်။

မိုက်ခ်ဘဲလ်သည် ၂၀၁၀ ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပခဲ့သည့် ဘြသာဘနူအေားကစားကွင်းကို ဒီဇိုင်းရေးဆွဲခဲ့ သည့် ဗိသုကာပညာရှင်တစ်ဦးဖြစ် ကြောင်းလည်းသိရသည်။ ၎င်း၏သားဖြစ်သူ လုခ်ဘဲလ်သည် You Tube နှင့်အင်စတာဂရမ်တို့တွင် ဒရုန်းများနှင့် ကင်မရာများကို ပြန်လည်သုံးသပ်ခြင်းများကို လုပ်ဆောင်ပြီး Sony ကုမ္ပဏီ၏ အကြောင်းအရာ ဖန်တီးသူနှင့် သံတမန်တစ်ဦးဖြစ်ကြောင်း လည်းသိရသည်။

zawgyi version
ေတာင္အာဖရိကႏိုင္ငံမွ သားအဖႏွစ္ဦးက ကမာၻ႔အျမန္ဆုံးဒ႐ုန္းကို တီထြင္ခဲ့ၿပီး ဂင္းနစ္စံခ်ိန္တင္
Pika (NP News) - ဇြန္ ၂၃

ေတာင္အာဖရိကႏိုင္ငံမွ သားအဖႏွစ္ဦးသည္ တစ္နာရီလွ်င္ ပ်မ္းမွ်အျမင့္ဆုံးျမန္ႏႈန္း (၂၉၈ ဒသမ၄၇)မိုင္ႏႈန္း ျဖင့္သြားႏိုင္ေသာ ကမာၻ႔အျမန္ ဆုံးဒ႐ုန္းကိုတီထြင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ တင္ႏိုင္ခဲ့ေၾကာင္းသိရသည္။

ေတာင္အာဖရိကႏိုင္ငံ Western Cape ျပည္နယ္မွ လုခ္ဘဲလ္ႏွင့္ ၎၏ဖခင္ျဖစ္သူ မိုက္ခ္ဘဲလ္တို႔သည္ ကမာၻ႔ အျမန္ဆုံးဒ႐ုန္းကိုတီထြင္ခဲ့ၿပီးေနာက္ quadcopter Peregreen 2 ဟုအမည္ေပးခဲ့ေၾကာင္း ဂင္းနစ္စံခ်ိန္ မွတ္တမ္း မ်ားကေဖာ္ျပထားသည္။ အဆိုပါဒ႐ုန္းကို 3D-printed ကာဗြန္ ဖိုက္ဘာႏွင့္အတူ ဘက္ထရီႏွင့္လည္ပတ္ၿပီး အေဝးထိန္း စနစ္ျဖင့္ ထိန္းခ်ဳပ္ႏိုင္ေၾကာင္းလည္းသိရသည္။

၎တို႔ႏွစ္ဦးသည္ အဆိုပါဒ႐ုန္းကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ aerothermal အင္ဂ်င္နီယာ ခရစ္ေရာ့ဆာကို အကူအညီေတာင္းခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါမွတ္တမ္းကိုရယူႏိုင္ရန္အတြက္ ၎တို႔သည္ ဒ႐ုန္းကို ဆန႔္က်င္ ဘက္လမ္းေၾကာင္းႏွစ္ခုျဖင့္ ပ်ံသန္းခဲ့ရေၾကာင္းလည္းသိရသည္။ လုခ္ဘဲလ္သည္ အဆိုပါဒ႐ုန္းကို လေပါင္းမ်ားစြာၾကာ ေအာင္ဖန္တီးခဲ့ရၿပီး ဝါယာႀကိဳးမ်ားႏွင့္ ဘက္ထရီမ်ား အပူလြန္ကဲျခင္းတို႔ေၾကာင့္ မီးေလာင္ကြၽမ္းမႈမ်ားအပါအဝင္ ျပႆနာေပါင္းမ်ားစြာကို ႀကဳံေတြ႕ခဲ့ရေၾကာင္းသိရသည္။

မိုက္ခ္ဘဲလ္သည္ ၂၀၁၀ ဖီဖာကမာၻ႔ဖလား ၿပိဳင္ပြဲက်င္းပခဲ့သည့္ ၾဘသာဘႏူေအားကစားကြင္းကို ဒီဇိုင္းေရးဆြဲခဲ့ သည့္ ဗိသုကာပညာရွင္တစ္ဦးျဖစ္ ေၾကာင္းလည္းသိရသည္။ ၎၏သားျဖစ္သူ လုခ္ဘဲလ္သည္ You Tube ႏွင့္အင္စတာဂရမ္တို႔တြင္ ဒ႐ုန္းမ်ားႏွင့္ ကင္မရာမ်ားကို ျပန္လည္သုံးသပ္ျခင္းမ်ားကို လုပ္ေဆာင္ၿပီး Sony ကုမၸဏီ၏ အေၾကာင္းအရာ ဖန္တီးသူႏွင့္ သံတမန္တစ္ဦးျဖစ္ေၾကာင္း လည္းသိရသည္။

Related news

© 2021. All rights reserved.