မလေးရှားမှာ လမ်းမတော်တဆမှုကြောင့် ရှားပါး Tapirs ဝက် မျိုးစိတ်တွေ သေဆုံးနေ

 414

ရောင်နီ(NP News) - မေ ၂၁

မလေးရှားနိုင်ငံမှာ လမ်းမတော်တဆမှုတွေကြောင့် သေဆုံးရတဲ့ နို့တိုက်သတ္တဝါကြီးတွေ စာရင်းမှာ ရှားပါး Tapirs ဝက် မျိုးစိတ်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။

တောရိုင်းတိရစ္ဆာန်နဲ့ အမျိုးသားဥယျာဉ်ဌာန (Perhilitan)ရဲ့အဆိုအရ ၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မော်တော်ယဉ်တိုက်မှုကြောင့် Tapirs ဝက်အကောင်ရေ (၁၁၂)ကောင် သေဆုံးခဲ့ရပြီး သေဆုံးမှု အများဆုံး တိရိစ္ဆာန် ဖြစ်လာတယ်လို့ သိရပါတယ်။ သူရဲ့နောက်မှာတော့ နေဝက်ဝံနဲ့ ကျားနက်တွေက ကိုးကောင်စီသေဆုံးပြီး ဒုတိယနေရာက ရပ်တည်နေပါတယ်။ အဲဒီနောက်မှာတော့ သေဆုံးမှု ခြောက်ကောင် နဲ့ အာရှဆင်တွေက တတိယနေရာ၊ သေဆုံးမှု လေးကောင်နဲ့ မလေးရှားကျားတွေက စတုတ္တနေရာက ရပ် တည်နေပါတယ်။ ဒီမျိုးစိတ်တွေ အားလုံးဟာ မလေးရှားမှာ မျိုးသုဉ်းလုနီးပါးမျိုးစိတ်တွေအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

သဘာဝအရင်းအမြစ်နဲ့ သဘာဝပတ်ဝန်းကျင် တည်တံ့ခိုင်မြဲရေးဝန်ကြီး နစ်ခ်နာဇ်မီနစ်ခ်အာမတ်ရဲ့ ဧပြီလက ပြောကြားချက်အရ မလေးရှားမှာ Tapirs ဝက် အကောင်ရေ (၇၀၀) မှ (၈၀၀)ခန့်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

zawgyi version
မေလးရွားမွာ လမ္းမေတာ္တဆမႈေၾကာင့္ ရွားပါး Tapirs ဝက္ မ်ိဳးစိတ္ေတြ ေသဆုံးေန
ေရာင္နီ(NP News) - ေမ ၂၁

မေလးရွားႏိုင္ငံမွာ လမ္းမေတာ္တဆမႈေတြေၾကာင့္ ေသဆုံးရတဲ့ ႏို႔တိုက္သတၱဝါႀကီးေတြ စာရင္းမွာ ရွားပါး Tapirs ဝက္ မ်ိဳးစိတ္ေတြ ပါဝင္ေနတယ္လို႔ သိရပါတယ္။

ေတာ႐ိုင္းတိရစာၦန္နဲ႔ အမ်ိဳးသားဥယ်ာဥ္ဌာန (Perhilitan)ရဲ႕အဆိုအရ ၂၀၂၀ ခုႏွစ္မွ ၂၀၂၄ ခုႏွစ္အတြင္း ေမာ္ေတာ္ယဥ္တိုက္မႈေၾကာင့္ Tapirs ဝက္အေကာင္ေရ (၁၁၂)ေကာင္ ေသဆုံးခဲ့ရၿပီး ေသဆုံးမႈ အမ်ားဆုံး တိရိစာၦန္ ျဖစ္လာတယ္လို႔ သိရပါတယ္။ သူရဲ႕ေနာက္မွာေတာ့ ေနဝက္ဝံနဲ႔ က်ားနက္ေတြက ကိုးေကာင္စီေသဆုံးၿပီး ဒုတိယေနရာက ရပ္တည္ေနပါတယ္။ အဲဒီေနာက္မွာေတာ့ ေသဆုံးမႈ ေျခာက္ေကာင္ နဲ႔ အာရွဆင္ေတြက တတိယေနရာ၊ ေသဆုံးမႈ ေလးေကာင္နဲ႔ မေလးရွားက်ားေတြက စတုတၱေနရာက ရပ္ တည္ေနပါတယ္။ ဒီမ်ိဳးစိတ္ေတြ အားလုံးဟာ မေလးရွားမွာ မ်ိဳးသုဥ္းလုနီးပါးမ်ိဳးစိတ္ေတြအျဖစ္ သတ္မွတ္ခံထားရတာ ျဖစ္ပါတယ္။

သဘာဝအရင္းအျမစ္နဲ႔ သဘာဝပတ္ဝန္းက်င္ တည္တံ့ခိုင္ၿမဲေရးဝန္ႀကီး နစ္ခ္နာဇ္မီနစ္ခ္အာမတ္ရဲ႕ ဧၿပီလက ေျပာၾကားခ်က္အရ မေလးရွားမွာ Tapirs ဝက္ အေကာင္ေရ (၇၀၀) မွ (၈၀၀)ခန႔္သာ က်န္ရွိေတာ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.