ဖဲချပ်များဖြင့် ရုပ်ပုံအမျိုးမျိုးဖန်တီး၍ ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးခဲ့သည့်တရုတ်အဖွဲ့

396

Pika (NP News)-မေ ၂၁
တရုတ်နိုင်ငံမှအဖွဲ့တစ်ဖွဲ့သည် ဖဲချပ် ပေါင်း(၅၁၇၂၅)ကတ်ကိုအသုံးပြုကာ ပုံစံအမျိုးမျိုးကို ဖန်တီးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါအဖွဲ့သည် ဖဲချပ်များ ထောင်လျက်ထားသည့်အနေအထားဖြင့် ရုပ်ပုံ ပုံစံအမျိုးမျိုးကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် Foshan Sunhohi Smart Home Technology ကုမ္ပဏီသည် အဆိုပါဂင်းနစ်စံချိန်ကို ချိုးဖျက်ရန်ကြိုးပမ်းမှုအတွင်း လေတိုက်မှုကြောင့် ဖဲချပ်များ လဲကျသွားမည်ကို စိုးရိမ်သောကြောင့် လေလုံ အခန်းတစ်ခုကိုတည်ဆောက်ခဲ့ကြောင်းလည်းသိရသည်။ အဆိုပါအဖွဲ့သည် Foshan Sunhohi ကုမ္ပဏီ၏ တံဆိပ်၊ ၎င်းတို့အဖွဲ့ကို ကိုယ်စားပြုသည့် ရုပ်ပုံတစ်ခုအပြင် အခြားရုပ်ပုံအမျိုးမျိုးကို ဖန်တီးခဲ့ ပြီးနောက် ယခုကဲ့သို့ ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းအဖွဲ့သည် ဖဲချပ်အများအပြားကို အသုံးပြုပြီး ထောင်ထားသည့်အနေအထားဖြင့် ရုပ်ပုံ အမျိုးမျိုးဖန်တီးနိုင်ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ အဖွဲ့က “ဒီလိုမျိုး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်။ ဒီဂင်းနစ်စံ ချိန်ကို ရရှိဖို့ကြိုးပမ်းစဉ်အချိန်အတွင်း အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပေမယ့် အကောင်းဆုံးကျော် ဖြတ်နိုင်ခဲ့ပါတယ်”ဟုပြောဆိုခဲ့သည်။

Zawgyi Version:
Pika (NP News)-မေ ၂၁