ပူတင်နှင့်ကင်ဂျုံအမ်တို့ သဘောတူညီခဲ့သော စာချုပ်ထဲမှ ကမ္ဘာနှင့်ချီ၍ သတိပြုဖွယ် အချက်(၅)ချက်

 830

ဂျန်ဇက် (NP News) - ဇွန် ၂၅

ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံကြား ပိုမို ကောင်းမွန်သော မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း ရုရှားအစိုးရက သတင်းထုတ်ပြန်လိုက်သည်။ ရုရှားသမ္မတပူတင်သည် အမေရိကန်ဦးဆောင်သောအနောက်အုပ်စုနိုင်ငံများနှင့်တင်းမာမှုအရှိန် မြင့်တက်နေချိန်တွင် မြောက်ကိုရီးယားနိုင်ငံသို့ နှစ်ပေါင်း (၂၅)နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ရုတ်တရက်သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားခေါင်း ဆောင်ကင်ဂျုံအမ်နှင့်တွေ့ဆုံကာ သဘောတူညီစာချုပ်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်နှင့်ရုရှားသမ္မတပူတင်တို့ ချုပ်ဆိုခဲ့သောစာချုပ်သည် စစ်အေးခေတ်နောက်ပိုင်း နှစ်နိုင်ငံကြားချုပ်ဆိုခဲ့သောစာချုပ် များထဲတွင် အကောင်းဆုံးနှင့်အမြင့်ဆုံးဖြစ်နေ ကြောင်းသိရသည်။ ဇွန်လ ၁၉ ရက်နေ့ကချုပ်ဆိုခဲ့ သော စာချုပ်ထဲတွင် စစ်လက်နက်နှင့်ကာကွယ်ရေး စွမ်းရည်ပိုမိုကောင်းမွန်အောင်ကူညီပေးခြင်း၊ ကာကွယ် ရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်း၊ စီးပွားရေးပူး ပေါင်းဆောင်ရွက်မှုနှင့်ကုန်သွယ်ရေး မြင့်တက်ခြင်း၊ ပြည်ပနိုင်ငံများ၏တုံ့ပြန်မှုများကို ပူးပေါင်းဆောင် ရွက်ခြင်း၊ နိုင်ငံတကာဥပဒေများကိုအခြေခံပြီး ပြည်တွင်းရေးကိုကြားဝင်မစွက်ဖက်ရန်၊ နိုင်ငံအချုပ် အခြာအာဏာပိုင်ဆိုင်မှုများကို အပြန်အလှန်လေးစား မှုကိုအခြေခံပြီး ပိုမိုကောင်းမွန်သောမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံကြား တစ်ဖက်သတ် ပိတ်ဆို့မှုများကိုဆန့်ကျင်ခြင်း စသည့်အချက်များပါဝင်ခဲ့ကြောင်းသိရသည်။

ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု
အဆိုပါပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်များအရ ရုရှားနိုင်ငံ သို့မဟုတ် မြောက်ကိုရီးယား နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံများက ကျူးကျော်တိုက် ခိုက်မည်ဆိုလျှင် စစ်ရေးအကူအညီများပေးရမည်ဖြစ် ကြောင်းသိရသည်။ အဆိုပါစာချုပ်ထဲတွင် 'မြောက်ကိုရီးယားနဲ့ရုရှား နှစ်နိုင်ငံအနက် တစ်နိုင်ငံကို တခြား နိုင်ငံကကျူးကျော်မယ်ဆိုရင် ရုရှားနိုင်ငံဥပဒေ၊ မြောက် ကိုရီးယားနိုင်ငံဥပဒေတွေအပြင် ကုလသမဂ္ဂ ကြေညာစာတမ်း အပိုဒ် ၅၁ နဲ့အညီ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နှောင့်နှေးမှုမရှိဘဲ စစ်လက်နက်ပစ္စည်းတွေနဲ့အတူအပြန်အလှန်စစ်ရေးအကူအညီပေးရမယ်'ဟု ရေးသားဖော်ပြထားသည်။ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ဒုတိယကမ္ဘာစစ်ကတည်းက အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခဲ့သောနိုင်ငံများဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်၊ ကိုရီးယားကျွန်းဆွယ်စစ်ပွဲအတွင်း ရုရှားနိုင်ငံစစ်သားများပါဝင် တိုက်ခိုက်ခဲ့ဖူးကာ ဆိုဗီ ယက်နိုင်ငံရင်ဆိုင်ခဲ့သော စစ်ပွဲများအတွင်း မြောက်ကိုရီးယားနိုင်ငံသားများ ပါဝင်တိုက်ခိုက်ခြင်း၊ စစ်ရေး အကူအညီပေးခြင်းများရှိခဲ့ကြောင်းသိရသည်။ မြောက်ကိုရီးယားနှင့်ရုရှားနိုင်ငံကြားချုပ်ဆိုခဲ့သော ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်သည် အမေရိ ကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများနှင့် တင်းမာမှုအရှိန်မြင့်တက်နေချိန်တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရုရှားနှင့်မြောက်ကိုရီးယား နိုင်ငံကြားချုပ်ဆိုခဲ့သောစာချုပ်က တရားမျှတပြီး ဝင်ရိုးစုံကမ္ဘာသစ်တည်ထောင်နိုင်ရန် တွန်းအားဖြစ်စေမည်ဖြစ်ကြောင်းသိရသည်။

စစ်လက်နက်နှင့်ကာကွယ်ရေးစွမ်းရည် ပိုမိုကောင်းမွန်အောင်ကူညီပေးခြင်း
မြောက်ကိုရီးယားနိုင်ငံနှင့်ရုရှားနိုင်ငံတို့ချုပ် ဆိုခဲ့သောစာချုပ်ထဲတွင် စစ်လက်နက်နှင့် ကာကွယ် ရေးစွမ်းရည် ပိုမိုကောင်းမွန်အောင်ကူညီပေးခြင်းဟူသောအချက်လည်းပါဝင်ခဲ့ရာ မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့သည် စစ်လက်နက်ပစ္စည်းများနှင့် စစ် ဘက်ဆိုင်ရာနည်းပညာများ ကူညီပံ့ပိုးပေး ရမည် ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနှင့်ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲအတွင်း ရုရှား နိုင်ငံကို ပဲ့ထိန်းဒုံးကျည်များအပြင် သန်းနှင့် ချီသော ကျည်ဆန်များကူညီပေးခဲ့ဖူးကြောင်းသိရသည်။ အပြန်အလှန်အနေဖြင့် ရုရှားကလည်း မြောက်ကိုရီး ယားနိုင်ငံကို စစ်လက်နက်ပစ္စည်းများ၏ စွမ်းရည်ပိုင်း ပိုမိုကောင်းမွန်စေရန် စစ်ဘက်ဆိုင်ရာနည်းပညာများ ပံ့ပိုးပေးခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံက နိုင်ငံသမိုင်း တစ် လျှောက် ပထမဆုံးသော စစ်ဘက်သုံးဂြိုဟ်တု ကို ပြီးခဲ့သောနှစ်တွင် လွှတ်တင်နိုင်ခဲ့သည်။ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံကြား ထပ်မံချုပ်ဆိုခဲ့သော စစ်လက်နက်နှင့်ကာကွယ်ရေးစွမ်းရည် ပိုမိုကောင်း မွန်အောင်ကူညီပေးခြင်း၊ သဘောတူညီချက်အရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်သည် ရုရှားအစိုးရကို နျူကလီးယားလက်နက်များနှင့် နျူက လီးယားနည်းပညာများ အကူညီတောင်းခံဖွယ်ရှိနေ သည်ဟု ကမ္ဘာ့စစ်ရေး လေ့လာသုံးသပ်သူများကပြောသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ကုန်သွယ် ရေးမြင့်တက်ခြင်း
အဆိုပါစာချုပ်ထဲတွင် အပြန်အလှန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်ရေးမြင့်တက်ခြင်း ပါဝင်နေပြီး အဆိုပါအချက်များအရ လွတ်လပ်သော ကုန်သွယ်ရေးဇုန်များ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ အကောက်ခွန်ဌာနကဲ့သို့သော ကဏ္ဍအမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းများ ပိုမို လုပ်ဆောင်သွားဖွယ်ရှိနေကြောင်းသိရသည်။ အဆိုပါ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအရ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုခြင်း၊ Óဏ်ရည် တုနည်းပညာနှင့် သတင်းအချက်အလက် နည်းပညာ များ ပူးပေါင်းဆောင်ရွက်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရန်လုပ် ဆောင်ဖွယ်ရှိနေသည်။ မြောက်ကိုရီးယားနိုင်ငံသည် မကြာသေးမီက ခရီးသွားလုပ်ငန်း ပြန်လည်လုပ် ဆောင်ခဲ့ရာ ရုရှားနိုင်ငံသားများအများဆုံးသွားရောက် ခဲ့ကြောင်းသိရသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းအစီအစဉ်အရ နှစ်နိုင်ငံစလုံးတွင် အထူးခရီးသွားဇုန်များ၊ စီးပွားရေးဇုန်များ ပြန်လည် ဖွင့်လှစ်မည်ဖြစ်သည်။ မြောက်ကိုရီးယားသည် နိုင်ငံတကာ၏ပိတ်ဆို့မှုများ ရင်ဆိုင်နေရသော်လည်း ပြီးခဲ့သောနှစ်အတွင်း မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံ ကြား အပြန်အလှန်ကုန်သွယ်မှု ၉ ဆ မြင့်တက်လာခဲ့ ကြောင်းသိရသည်။

တစ်ဖက်သတ်ပိတ်ဆို့မှုများကို ဆန့်ကျင်ခြင်း
မြောက်ကိုရီးယားနှင့်ရုရှားတို့သည် လက်ရှိ အချိန်တွင် တစ်ဖက်သတ်ပိတ်ဆို့မှုများကိုရင်ဆိုင် နေရပြီး သမ္မတပူတင်နှင့် ကင်ဂျုံအမ်တို့က ၎င်းတို့ ရင်ဆိုင်နေရသောပိတ်ဆို့ခြင်းများသည် နိုင်ငံ တကာဥပဒေများနှင့် ကိုက်ညီခြင်းမရှိဟုရှုမြင်သုံးသပ်နေသည်။ ထို့အတွက်ကြောင့် သမ္မတပူတင်နှင့် ကင် ဂျုံအမ်တို့သည် ၎င်းတို့နိုင်ငံသားများနှင့် စီးပွာရေး အပေါ် သက်ရောက်မှုများဖြစ်လာစေသည့် အနောက် အုပ်စု၏ပိတ်ဆို့မှုများကို လျော့ပါးသက်သာစေရန် နှင့် တုံ့ပြန်ရန်ရည်ရွယ်နေကြောင်းသိရသည်။ သဘောတူညီစာချုပ်ထဲတွင် 'နှစ်နိုင်ငံစလုံးဟာ တစ် ဖက်သတ်ပိတ်ဆို့မှုချမှတ်ခြင်းနဲ့ အဲဒီပိတ်ဆို့မှုတွေကို အကောင်ထည်ဖော်ခြင်းတွေကို ဆန့်ကျင်သွားမယ်။ အဲဒီပိတ်ဆို့မှုတွေဟာ ကုလသမဂ္ဂကြေညာစာတမ်း အပြင် နိုင်ငံတကာဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုမရှိသလို တရားဝင်မှုမရှိဘူး'ဟုဖော် ပြထားသည်။ ထို့ပြင် သဘောတူစာချုပ်ထဲတွင် မြောက်ကိုရီးယားနှင့်ရုရှား နှစ်နိုင်ငံအနက် တစ်နိုင်ငံ ၏အကျိုးစီးပွားကိုထိခိုက်စေရန် တတိယ နိုင်ငံတစ် နိုင်ငံကလုပ်ဆောင်မည့်စာချုပ်ကို လက် မှတ်ရေးထိုး မည်မဟုတ်သလို နိုင်ငံပိုင်နက်များကိုလည်း အသုံးပြုခွင့်ပေးမည်မဟုတ်ဆိုသောအချက်များပါဝင်နေသည်။

ပြည်ပနိုင်ငံများ၏တုံ့ပြန်မှုများကို ပူးပေါင်းဆောင်ရွက်ခြင်း
အဆိုပါစာချုပ်ထဲတွင် ရုရှားနှင့်မြောက်ကိုရီးယား နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို ပြည်ပနိုင်ငံများမှ ဝေဖန်ပြစ်တင်တုံ့ပြန်မှုများရှိမည်ဆိုပါက ပူး ပေါင်းတုံ့ပြန်ရန်သဘောတူညီခဲ့ကြောင်းသိရသည်။မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်နှင့် နျူကလီးယား စမ်းသပ်မှုများအပေါ် အမေရိကန်အပါအဝင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ဝေဖန်ပြစ်တင်မှုများမကြာခဏလုပ်ဆောင်ခဲ့ဖူးရာ ယင်းဝေဖန်ပြစ်တင်မှုများကို ရုရှား နှင့်မြောက်ကိုရီးယားနိုင်ငံကြား ပူးပေါင်းတုံ့ပြန်ရန် သဘောတူညီခြင်းမျိုးဖြစ်ကြောင်းသိရသည်။

ရုရှားနိုင်ငံသည် ၂၀ဝ၆ ခုနှစ်က မြောက်ကို ရီးယားနိုင်ငံအပေါ်ချမှတ်ခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ဖူး သော်လည်း လက်ရှိအချိန်တွင် မြောက်ကိုရီးယား နိုင်ငံအပေါ်ချမှတ်မည့် ကုလသမဂ္ဂလုံ ခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ဗီတိုအာဏသုံးပြီး ကန့်ကွက် သွားဖွယ်ရှိနေကြောင်း သုံးသပ်နေသည်။ ရုရှားနိုင်ငံ သည် မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှု သက်တမ်းတိုးရန်အတွက် စုံစမ်းစစ်ဆေး ရေးအရာရှိ များလွှတ်ရန် ကုလသမဂ္ဂ၏တောင်းဆို ချက်များကို ယခုနှစ်အတွင်း ဗီတိုအာဏာသုံးငြင်းဆန်ပယ်ချခဲ့ဖူးသည်။

zawgyi version
ပူတင္ႏွင့္ကင္ဂ်ဳံအမ္တို႔ သေဘာတူညီခဲ့ေသာ စာခ်ဳပ္ထဲမွ ကမာၻႏွင့္ခ်ီ၍ သတိျပဳဖြယ္ အခ်က္(၅)ခ်က္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၅

႐ုရွားႏွင့္ ေျမာက္ကိုရီးယားႏိုင္ငံၾကား ပိုမို ေကာင္းမြန္ေသာ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္အျဖစ္ ပူးေပါင္းေဆာင္႐ြက္ရန္ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေၾကာင္း ႐ုရွားအစိုးရက သတင္းထုတ္ျပန္လိုက္သည္။ ႐ုရွားသမၼတပူတင္သည္ အေမရိကန္ဦးေဆာင္ေသာအေနာက္အုပ္စုႏိုင္ငံမ်ားႏွင့္တင္းမာမႈအရွိန္ ျမင့္တက္ေနခ်ိန္တြင္ ေျမာက္ကိုရီးယားႏိုင္ငံသို႔ ႏွစ္ေပါင္း (၂၅)ႏွစ္နီးပါးအတြင္း ပထမဆုံးအႀကိမ္ ႐ုတ္တရက္သြားေရာက္ခဲ့ၿပီး ေျမာက္ကိုရီးယားေခါင္း ေဆာင္ကင္ဂ်ဳံအမ္ႏွင့္ေတြ႕ဆုံကာ သေဘာတူညီစာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ႏွင့္႐ုရွားသမၼတပူတင္တို႔ ခ်ဳပ္ဆိုခဲ့ေသာစာခ်ဳပ္သည္ စစ္ေအးေခတ္ေနာက္ပိုင္း ႏွစ္ႏိုင္ငံၾကားခ်ဳပ္ဆိုခဲ့ေသာစာခ်ဳပ္ မ်ားထဲတြင္ အေကာင္းဆုံးႏွင့္အျမင့္ဆုံးျဖစ္ေန ေၾကာင္းသိရသည္။ ဇြန္လ ၁၉ ရက္ေန႔ကခ်ဳပ္ဆိုခဲ့ ေသာ စာခ်ဳပ္ထဲတြင္ စစ္လက္နက္ႏွင့္ကာကြယ္ေရး စြမ္းရည္ပိုမိုေကာင္းမြန္ေအာင္ကူညီေပးျခင္း၊ ကာကြယ္ ေရးပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ျခင္း၊ စီးပြားေရးပူး ေပါင္းေဆာင္႐ြက္မႈႏွင့္ကုန္သြယ္ေရး ျမင့္တက္ျခင္း၊ ျပည္ပႏိုင္ငံမ်ား၏တုံ႔ျပန္မႈမ်ားကို ပူးေပါင္းေဆာင္ ႐ြက္ျခင္း၊ ႏိုင္ငံတကာဥပေဒမ်ားကိုအေျခခံၿပီး ျပည္တြင္းေရးကိုၾကားဝင္မစြက္ဖက္ရန္၊ ႏိုင္ငံအခ်ဳပ္ အျခာအာဏာပိုင္ဆိုင္မႈမ်ားကို အျပန္အလွန္ေလးစား မႈကိုအေျခခံၿပီး ပိုမိုေကာင္းမြန္ေသာမိတ္ဖက္အျဖစ္ ပူးေပါင္းေဆာင္႐ြက္ရန္ ႏွစ္ႏိုင္ငံၾကား တစ္ဖက္သတ္ ပိတ္ဆို႔မႈမ်ားကိုဆန႔္က်င္ျခင္း စသည့္အခ်က္မ်ားပါဝင္ခဲ့ေၾကာင္းသိရသည္။

ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈ
အဆိုပါပူးေပါင္းေဆာင္႐ြက္မႈသေဘာတူညီခ်က္မ်ားအရ ႐ုရွားႏိုင္ငံ သို႔မဟုတ္ ေျမာက္ကိုရီးယား ႏိုင္ငံတစ္ႏိုင္ငံကို အျခားႏိုင္ငံမ်ားက က်ဴးေက်ာ္တိုက္ ခိုက္မည္ဆိုလွ်င္ စစ္ေရးအကူအညီမ်ားေပးရမည္ျဖစ္ ေၾကာင္းသိရသည္။ အဆိုပါစာခ်ဳပ္ထဲတြင္ 'ေျမာက္ကိုရီးယားနဲ႔႐ုရွား ႏွစ္ႏိုင္ငံအနက္ တစ္ႏိုင္ငံကို တျခား ႏိုင္ငံကက်ဴးေက်ာ္မယ္ဆိုရင္ ႐ုရွားႏိုင္ငံဥပေဒ၊ ေျမာက္ ကိုရီးယားႏိုင္ငံဥပေဒေတြအျပင္ ကုလသမဂၢ ေၾကညာစာတမ္း အပိုဒ္ ၅၁ နဲ႔အညီ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ေႏွာင့္ေႏွးမႈမရွိဘဲ စစ္လက္နက္ပစၥည္းေတြနဲ႔အတူအျပန္အလွန္စစ္ေရးအကူအညီေပးရမယ္'ဟု ေရးသားေဖာ္ျပထားသည္။ ႐ုရွားႏွင့္ ေျမာက္ကိုရီးယားႏိုင္ငံတို႔သည္ ဒုတိယကမာၻစစ္ကတည္းက အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္ခဲ့ေသာႏိုင္ငံမ်ားျဖစ္ခဲ့ၿပီး ဒုတိယကမာၻစစ္၊ ကိုရီးယားကြၽန္းဆြယ္စစ္ပြဲအတြင္း ႐ုရွားႏိုင္ငံစစ္သားမ်ားပါဝင္ တိုက္ခိုက္ခဲ့ဖူးကာ ဆိုဗီ ယက္ႏိုင္ငံရင္ဆိုင္ခဲ့ေသာ စစ္ပြဲမ်ားအတြင္း ေျမာက္ကိုရီးယားႏိုင္ငံသားမ်ား ပါဝင္တိုက္ခိုက္ျခင္း၊ စစ္ေရး အကူအညီေပးျခင္းမ်ားရွိခဲ့ေၾကာင္းသိရသည္။ ေျမာက္ကိုရီးယားႏွင့္႐ုရွားႏိုင္ငံၾကားခ်ဳပ္ဆိုခဲ့ေသာ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈစာခ်ဳပ္သည္ အေမရိ ကန္ဦးေဆာင္ေသာ အေနာက္အုပ္စုႏိုင္ငံမ်ားႏွင့္ တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္တြင္ ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ႐ုရွားႏွင့္ေျမာက္ကိုရီးယား ႏိုင္ငံၾကားခ်ဳပ္ဆိုခဲ့ေသာစာခ်ဳပ္က တရားမွ်တၿပီး ဝင္႐ိုးစုံကမာၻသစ္တည္ေထာင္ႏိုင္ရန္ တြန္းအားျဖစ္ေစမည္ျဖစ္ေၾကာင္းသိရသည္။

စစ္လက္နက္ႏွင့္ကာကြယ္ေရးစြမ္းရည္ ပိုမိုေကာင္းမြန္ေအာင္ကူညီေပးျခင္း
ေျမာက္ကိုရီးယားႏိုင္ငံႏွင့္႐ုရွားႏိုင္ငံတို႔ခ်ဳပ္ ဆိုခဲ့ေသာစာခ်ဳပ္ထဲတြင္ စစ္လက္နက္ႏွင့္ ကာကြယ္ ေရးစြမ္းရည္ ပိုမိုေကာင္းမြန္ေအာင္ကူညီေပးျခင္းဟူေသာအခ်က္လည္းပါဝင္ခဲ့ရာ ေျမာက္ကိုရီးယားႏွင့္ ႐ုရွားႏိုင္ငံတို႔သည္ စစ္လက္နက္ပစၥည္းမ်ားႏွင့္ စစ္ ဘက္ဆိုင္ရာနည္းပညာမ်ား ကူညီပံ့ပိုးေပး ရမည္ ျဖစ္သည္။ ေျမာက္ကိုရီးယားႏိုင္ငံသည္ ႐ုရွားႏွင့္ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနသည့္စစ္ပြဲအတြင္း ႐ုရွား ႏိုင္ငံကို ပဲ့ထိန္းဒုံးက်ည္မ်ားအျပင္ သန္းႏွင့္ ခ်ီေသာ က်ည္ဆန္မ်ားကူညီေပးခဲ့ဖူးေၾကာင္းသိရသည္။ အျပန္အလွန္အေနျဖင့္ ႐ုရွားကလည္း ေျမာက္ကိုရီး ယားႏိုင္ငံကို စစ္လက္နက္ပစၥည္းမ်ား၏ စြမ္းရည္ပိုင္း ပိုမိုေကာင္းမြန္ေစရန္ စစ္ဘက္ဆိုင္ရာနည္းပညာမ်ား ပံ့ပိုးေပးခဲ့ၿပီး ေျမာက္ကိုရီးယားႏိုင္ငံက ႏိုင္ငံသမိုင္း တစ္ ေလွ်ာက္ ပထမဆုံးေသာ စစ္ဘက္သုံးၿဂိဳဟ္တု ကို ၿပီးခဲ့ေသာႏွစ္တြင္ လႊတ္တင္ႏိုင္ခဲ့သည္။ ႐ုရွားႏွင့္ ေျမာက္ကိုရီးယားႏိုင္ငံၾကား ထပ္မံခ်ဳပ္ဆိုခဲ့ေသာ စစ္လက္နက္ႏွင့္ကာကြယ္ေရးစြမ္းရည္ ပိုမိုေကာင္း မြန္ေအာင္ကူညီေပးျခင္း၊ သေဘာတူညီခ်က္အရ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္သည္ ႐ုရွားအစိုးရကို န်ဴကလီးယားလက္နက္မ်ားႏွင့္ န်ဴက လီးယားနည္းပညာမ်ား အကူညီေတာင္းခံဖြယ္ရွိေန သည္ဟု ကမာၻ႔စစ္ေရး ေလ့လာသုံးသပ္သူမ်ားကေျပာသည္။

စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈႏွင့္ကုန္သြယ္ ေရးျမင့္တက္ျခင္း
အဆိုပါစာခ်ဳပ္ထဲတြင္ အျပန္အလွန္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ကုန္သြယ္ေရးျမင့္တက္ျခင္း ပါဝင္ေနၿပီး အဆိုပါအခ်က္မ်ားအရ လြတ္လပ္ေသာ ကုန္သြယ္ေရးဇုန္မ်ား၊ ဘ႑ာေရးဝန္ေဆာင္မႈမ်ား၊ အေကာက္ခြန္ဌာနကဲ့သို႔ေသာ က႑အမ်ိဳးမ်ိဳးတြင္ ပူးေပါင္းေဆာင္႐ြက္ျခင္းႏွင့္ ရင္းႏွီးျမႇဳပ္ႏွံျခင္းမ်ား ပိုမို လုပ္ေဆာင္သြားဖြယ္ရွိေနေၾကာင္းသိရသည္။ အဆိုပါ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားအရ န်ဴကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းစြာအသုံးျပဳျခင္း၊ Óဏ္ရည္ တုနည္းပညာႏွင့္ သတင္းအခ်က္အလက္ နည္းပညာ မ်ား ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ရန္လုပ္ ေဆာင္ဖြယ္ရွိေနသည္။ ေျမာက္ကိုရီးယားႏိုင္ငံသည္ မၾကာေသးမီက ခရီးသြားလုပ္ငန္း ျပန္လည္လုပ္ ေဆာင္ခဲ့ရာ ႐ုရွားႏိုင္ငံသားမ်ားအမ်ားဆုံးသြားေရာက္ ခဲ့ေၾကာင္းသိရသည္။ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ျခင္းအစီအစဥ္အရ ႏွစ္ႏိုင္ငံစလုံးတြင္ အထူးခရီးသြားဇုန္မ်ား၊ စီးပြားေရးဇုန္မ်ား ျပန္လည္ ဖြင့္လွစ္မည္ျဖစ္သည္။ ေျမာက္ကိုရီးယားသည္ ႏိုင္ငံတကာ၏ပိတ္ဆို႔မႈမ်ား ရင္ဆိုင္ေနရေသာ္လည္း ၿပီးခဲ့ေသာႏွစ္အတြင္း ေျမာက္ကိုရီးယားႏွင့္ ႐ုရွားႏိုင္ငံ ၾကား အျပန္အလွန္ကုန္သြယ္မႈ ၉ ဆ ျမင့္တက္လာခဲ့ ေၾကာင္းသိရသည္။

တစ္ဖက္သတ္ပိတ္ဆို႔မႈမ်ားကို ဆန႔္က်င္ျခင္း
ေျမာက္ကိုရီးယားႏွင့္႐ုရွားတို႔သည္ လက္ရွိ အခ်ိန္တြင္ တစ္ဖက္သတ္ပိတ္ဆို႔မႈမ်ားကိုရင္ဆိုင္ ေနရၿပီး သမၼတပူတင္ႏွင့္ ကင္ဂ်ဳံအမ္တို႔က ၎တို႔ ရင္ဆိုင္ေနရေသာပိတ္ဆို႔ျခင္းမ်ားသည္ ႏိုင္ငံ တကာဥပေဒမ်ားႏွင့္ ကိုက္ညီျခင္းမရွိဟုရႈျမင္သုံးသပ္ေနသည္။ ထို႔အတြက္ေၾကာင့္ သမၼတပူတင္ႏွင့္ ကင္ ဂ်ဳံအမ္တို႔သည္ ၎တို႔ႏိုင္ငံသားမ်ားႏွင့္ စီးပြာေရး အေပၚ သက္ေရာက္မႈမ်ားျဖစ္လာေစသည့္ အေနာက္ အုပ္စု၏ပိတ္ဆို႔မႈမ်ားကို ေလ်ာ့ပါးသက္သာေစရန္ ႏွင့္ တုံ႔ျပန္ရန္ရည္႐ြယ္ေနေၾကာင္းသိရသည္။ သေဘာတူညီစာခ်ဳပ္ထဲတြင္ 'ႏွစ္ႏိုင္ငံစလုံးဟာ တစ္ ဖက္သတ္ပိတ္ဆို႔မႈခ်မွတ္ျခင္းနဲ႔ အဲဒီပိတ္ဆို႔မႈေတြကို အေကာင္ထည္ေဖာ္ျခင္းေတြကို ဆန႔္က်င္သြားမယ္။ အဲဒီပိတ္ဆို႔မႈေတြဟာ ကုလသမဂၢေၾကညာစာတမ္း အျပင္ ႏိုင္ငံတကာဥပေဒစည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ကိုက္ညီမႈမရွိသလို တရားဝင္မႈမရွိဘူး'ဟုေဖာ္ ျပထားသည္။ ထို႔ျပင္ သေဘာတူစာခ်ဳပ္ထဲတြင္ ေျမာက္ကိုရီးယားႏွင့္႐ုရွား ႏွစ္ႏိုင္ငံအနက္ တစ္ႏိုင္ငံ ၏အက်ိဳးစီးပြားကိုထိခိုက္ေစရန္ တတိယ ႏိုင္ငံတစ္ ႏိုင္ငံကလုပ္ေဆာင္မည့္စာခ်ဳပ္ကို လက္ မွတ္ေရးထိုး မည္မဟုတ္သလို ႏိုင္ငံပိုင္နက္မ်ားကိုလည္း အသုံးျပဳခြင့္ေပးမည္မဟုတ္ဆိုေသာအခ်က္မ်ားပါဝင္ေနသည္။

ျပည္ပႏိုင္ငံမ်ား၏တုံ႔ျပန္မႈမ်ားကို ပူးေပါင္းေဆာင္႐ြက္ျခင္း
အဆိုပါစာခ်ဳပ္ထဲတြင္ ႐ုရွားႏွင့္ေျမာက္ကိုရီးယား ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ျပည္ပႏိုင္ငံမ်ားမွ ေဝဖန္ျပစ္တင္တုံ႔ျပန္မႈမ်ားရွိမည္ဆိုပါက ပူး ေပါင္းတုံ႔ျပန္ရန္သေဘာတူညီခဲ့ေၾကာင္းသိရသည္။ေျမာက္ကိုရီးယားႏိုင္ငံ၏ ဒုံးက်ည္ႏွင့္ န်ဴကလီးယား စမ္းသပ္မႈမ်ားအေပၚ အေမရိကန္အပါအဝင္ ကမာၻ႔ကုလသမဂၢအဖြဲ႕က ေဝဖန္ျပစ္တင္မႈမ်ားမၾကာခဏလုပ္ေဆာင္ခဲ့ဖူးရာ ယင္းေဝဖန္ျပစ္တင္မႈမ်ားကို ႐ုရွား ႏွင့္ေျမာက္ကိုရီးယားႏိုင္ငံၾကား ပူးေပါင္းတုံ႔ျပန္ရန္ သေဘာတူညီျခင္းမ်ိဳးျဖစ္ေၾကာင္းသိရသည္။

႐ုရွားႏိုင္ငံသည္ ၂၀ဝ၆ ခုႏွစ္က ေျမာက္ကို ရီးယားႏိုင္ငံအေပၚခ်မွတ္ခဲ့ေသာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ၏ဆုံးျဖတ္ခ်က္ကို ေထာက္ခံခဲ့ဖူး ေသာ္လည္း လက္ရွိအခ်ိန္တြင္ ေျမာက္ကိုရီးယား ႏိုင္ငံအေပၚခ်မွတ္မည့္ ကုလသမဂၢလုံ ၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္မ်ားကို ဗီတိုအာဏသုံးၿပီး ကန႔္ကြက္ သြားဖြယ္ရွိေနေၾကာင္း သုံးသပ္ေနသည္။ ႐ုရွားႏိုင္ငံ သည္ ေျမာက္ကိုရီးယားႏိုင္ငံအေပၚ ပိတ္ဆို႔မႈ သက္တမ္းတိုးရန္အတြက္ စုံစမ္းစစ္ေဆး ေရးအရာရွိ မ်ားလႊတ္ရန္ ကုလသမဂၢ၏ေတာင္းဆို ခ်က္မ်ားကို ယခုႏွစ္အတြင္း ဗီတိုအာဏာသုံးျငင္းဆန္ပယ္ခ်ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.