စစ်နယ်ဝန်း ကျယ်လာသည့် ရခိုင် (အခန်းဆက်ဆောင်းပါးရှည်)(အပိုင်း ၃)
1298
ဒေါက်တာအေးမောင် (NP New) - ဇွန် ၂၇
၁၁။ လက်ရှိ တစ်နိုင်ငံလုံး နိုင်ငံရေး၊ စစ်ရေး တင်းမာနေဆဲကာလ၌ ငြိမ်းချမ်းရေး လမ်းစပေါ်နိုင် /မပေါ်နိုင် သည် နစကအပေါ်၌သာ မူတည်၏။ နည်းတူနစက၏ နိုင်ငံရေးအရ လမ်းပွင့်စေမည့် ငြိမ်းချမ်းရေးဖိတ်ခေါ်ခြင်း သည် လိုအပ်၏။ ငြိမ်းချမ်းရေးလမ်း ပွင့်နိုင်ခြေ ရှိ/မရှိနှင့် နိုင်ငံရေးအရွေ့တစ်ခုအဖြစ် ပုံဖော်နိုင်ခြေသည် နစကအပေါ်၌သာ မူတည်သည် ဟုမြင်၏။ ငြိမ်းချမ်းရေးလမ်းစသည် နစက ဘက်က ဖိတ်ခေါ်မည့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီနိုင်ငံတော်သစ် ဖွဲ့တည်ရေး အစီအစဉ်သစ်အပေါ် မူတည်မည်ဖြစ်၏။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအားလုံးက လက်ခံပြီး၊ တက်ရောက်ဆွေးနွေးနိုင်မည့် နိုင်ငံရေး အနှစ်သာရပြည့်ဝသည့်ဖိတ်ခေါ်မှုဖြစ်ရန် လိုအပ်မည်ဟုမြင်၏။ ၂၀ဝ၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း နည်းလမ်းအတွက်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးညီလာခံမျိုးသည် ယခု ကာလအခင်းအကျင်းသစ်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို ဆွဲဆောင်၊ စည်းရုံးနိုင်ခြေ သည် ယခင်ကာလကဲ့သို့ မရှိနိုင်တော့ပြီဖြစ်သည်ဟု မြင်၏။
(က) တစ်နိုင်ငံလုံး၌ နိုင်ငံ့လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပါလာပြီး မျိုးဆက်အလိုက် မလျှော့သောဇွဲမာန်ဖြင့် ကာလရှည် အမျိုးသားတန်းတူရေးအတွက် လူမျိုးစုံ လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည့် ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခကြီး၏ ဖြစ်ပျက်နေမှု အမှန်နှင့်လားရာကို အချိန်မီ မှန်ကန်စွာသုံးသပ်ပြီးမှ ရရှိသည့် အချက်အလက် များအပေါ် အခြေခံသော၊ အဖြေထွက်နိုင်မည့်အချက်အလက်များပါသော ဖိတ်ခေါ်မှုဖြစ်ရန်လို၏။
(ခ) နစက အစိုးရဘက်မှ နိုင်ငံရေးအရ၊ အစွမ်းကုန် လိုက်လျောပြီး စစ်မှန်သောနှလုံးသားဖြင့် ညီရင်း၊ အစ်ကိုကဲ့သို့ ရင်ဖွင့်ကြိုဆိုရန်လည်းလိုအပ်သည်ဟု မြင်၏။
(ဂ) တစ်ဖက်နှင့်တစ်ဖက် ကာလရှည် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်များကို အာဃာတမထားဘဲ သင်ပုန်း ချေကြကာ စစ်မှန်သော အမျိုးသားစည်းလုံးညီညွတ်ရေးကို အချိန်မီ ပြန်လည်တည်ဆောက်ကြရန် လိုအပ်မည်ဟုလည်း ယူဆမိပါ၏။
(ဃ) လူထု၏ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှု၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် အခွင့်အလမ်းတန်းတူညီမျှမှုတို့ကို အာမခံသည့် ပြည်ထောင်စုသစ်ဖြစ်တည်ရေးသို့ တိုင်းရင်းသားအားလုံး လက်တွဲပြီး အတူချီတက်ကြရန် အမှန်လိုအပ်သည်ဟု လည်း ခိုင်မာစွာ ယုံကြည်ပါ၏။
(ခ-၁) ဖိတ်ခေါ်သင့်သည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီ အခြေခံမူရေးဆွဲရေးဆိုင်ရာညီလာခံ၏ အရေးပါမှု။
၁၂။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြန်လည်သင့်မြတ်ရေးသို့ဦးတည်သည့် ပြည်ထောင်စုသစ်ကိုအတူ လက်တွဲတည်ဆောက်နိုင်ရေးအတွက် အခြေခံမူများရရှိရန် ဖက်ဒရယ်နှင့်ဒီမိုကရေစီဆိုင်ရာအခြေခံမူများ ရေးဆွဲရေးညီလာခံတစ်ရပ်သည် အမှန်လိုအပ်၏။ လက်ရှိအချိန်အခါအရလည်း စစ်ရေးအကျပ်အတည်းကို ကျော်လွှားနိုင်သည့် တစ်ခုတည်းသော နိုင်ငံရေးအရ ထွက်ပေါက်ပေးခြင်းဖြစ်ရာ ထိရောက်သည့်ချဉ်းကပ်မှုဖြစ်၏။
(က) အဆိုပါညီလာခံ၌ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျယ်ပြန့်စွာ ပြန်လည်သုံးသပ်ခြင်း၊ ပြည် ထောင်စုလွှတ်တော်မှအတည်ပြုပြီးသော သဘောတူညီချက်များကို အသေးစိတ် ပြန်လည်ဆွေးနွေးသုံး သပ်ခြင်း၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီဆိုင်ရာ အခြေခံရမည့် အခြေခံမူသစ်များကို စုပေါင်းညှိနှိုင်း ရေးဆွဲ ခြင်း၊ အတည်ပြုခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို သတ်မှတ်အချိန်ကာလတစ်ရပ်အတွင်း ရရှိအောင် ဆောင်ရွက်နိုင်ရေးသည် လိုအပ်၏။
(ခ) အားလုံးပါဝင်ပြီး အားလုံးလက်ခံနိုင်သည့် အခြေခံမူများရရှိရေးအတွက် နစကအစိုးရ၏ ဦးဆောင်ဦးရွက် ကြိုးပမ်းမှုသည် ၎င်း၏ နိုင်ငံရေးအရအမြင်ကျယ်မှု၊ သဘောထားကြီးမှုနှင့် နိုင်ငံရေးခံယူချက် ပြည့်ဝရင့်ကျက်မှု တို့ကို ပြသသည်ဖြစ်ရာ အောင်မြင်အောင် အစွမ်းကုန် ကြိုးပမ်းသင့်၏။
(ဂ) လက်ရှိကာလ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေးအရ ထွက်ပေါက်ပေးနိုင်သည့်အတူ တက်ရောက်၊ အတူညှိနှိုင်း၊ အတူရေးဆွဲကြမည့် အခြေခံမူဆိုင်ရာညီလာခံသည် နစကအစိုးရ၏ ရည်သန်ချက်ကြီးမားသည့် ပြည်ထောင်စုသစ်ဖြစ်တည်ရေး နိုင်ငံရေး ရည်မျှော်ချက်ဖြစ်သည်ကို ညွှန်းဆိုရာလည်းဖြစ်ပေ၏။
(ဃ) နည်းတူ နစက၏ နိုင်ငံရေးအရ ထွက်ပေါက်ဖြစ်စေသည့် ရှေ့ဆက်ဆောင်ရွက်မည့် အားလုံး ပါဝင်သော ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် စစ်နယ်ဝန်းကျယ်လာသည့် ရခိုင်ဒေသ၏ စစ်ရေးအကျပ်အတည်းနှင့် တင်းမာမှုကို လည်း နိုင်ငံရေး ထွက်ပေါက်အဖြစ် အသွင်ပြောင်းလဲ ပြေလျော့စေမည်ဖြစ် သည်ဟုမြင်၏။ နည်းလမ်းရှာပြီး နှစ်ဖက်ဆွေးနွေးမှုဖြင့် စတင်သင့်ပေ၏။ အဖြေရရှိ အောင်မြင်သည်ထိ ဆွေးနွေးသင့်ပေ၏။
(ခ-၂) နစကမှ ငြိမ်းချမ်းရေး ဖိတ်ခေါ်ခြင်းမပြုပါက နိုင်ငံရေးအရ အရွေ့တစ်ရပ် မပေါ်ပေါက်လာနိုင်တော့ သဖြင့် ဖြစ်လာနိုင်ခြေ မြင်ကွင်းများ။
၁၃။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ CMEC လမ်းကြောင်း၌ ရှမ်းမြောက်ဒေသတွင် ဟိုက်ဂင် သဘောတူ ညီချက်အရ အပစ်အခတ် ရပ်ကောင်းရပ်နေမည်ဖြစ်သော်လည်း စီးပွားရေးစင်္ကြံတစ်လျှောက်ရှိ ဆက်စပ်ဒေသများ၌ မငြိမ်သက် မှုများဆက်ရှိနိုင်ပြီး ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်လုံး ချောမွေ့နိုင်ခြေနည်းသည်ဟု မြင်၏။ ရှမ်းမြောက်၏ အင်အားအရွေ့သည် ရခိုင်နှင့် အခြားဒေသများသို့ ရောက်ရှိမည်ဖြစ်ရာ ရခိုင်၌ စစ်ရှိန် ပိုမြင့်မားလာမည်ဖြစ်၏။ ကချင်၊ စစ်ကိုင်းနှင့် ကရင်တို့၌လည်း စစ်ရှိန်မြင့်လာနိုင်၏။ အောက်တိုဘာလ သန်းခေါင်စာရင်းကောက်ယူရာ တွင်လည်း စစ်ရေးတင်းမာသည့် အချို့ဒေသများ၌ အခက်အခဲများ ကြုံရနိုင်ခြေများသည်ဟု မြင်၏။ နည်းတူ အခြေခံမဲစာရင်းများပြုစုမှု၌လည်း အချို့ ဒေသများတွင် အခက်ကြုံနိုင်၏။ တရားဥပဒေစိုးမိုးပြီး လုံခြုံမှုထိန်းသိမ်းနိုင်သည့်ဒေသများ၌ ရွေးကောက်ပွဲ ကျင်းပပေးမည့်အစီအစဉ်ပေါ်ပေါက်လာနိုင်၏။ လွှတ်တော် များ အထမြောက်ရန် လိုအပ်သည့် အမတ်ဦးရေ၊ အစိုးရဖွဲ့စည်းနိုင်ရေး အထမြောက်ရန် လိုအပ်သည့် အမတ်ဦးရေ၊ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ပါအတိုင်း သတ်မှတ်ဒေသများ၌ အကြိမ်ကြိမ် ကျင်းပပေးနိုင်ခြေများ၏။ ရွေးကောက်ခံအစိုးရ တစ်ရပ်ပေါ်ပေါက်ပါမှ အရေးပေါ်ကာလ တာဝန်ပြီးဆုံးမည်ဖြစ်သဖြင့် နစကသည် ရွေးကောက်ပွဲကျင်းပရေးကို ပိုမိုအာရုံစိုက်လာမည်ဟု ထင်ရ၏။ ရွေးကောက်ခံအစိုးရ တစ်ရပ်ကသာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် အပစ်အခတ်ရပ်ရေး၊ နိုင်ငံရေးအရ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ရေး တွန်းအားပေးသည့် ဘက်သို့ဦးတည်သည်ဟု ယူဆရမည် ဖြစ်၏။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားတန်းတူရေးနှင့် ဖက် ဒရယ်ပြည်ထောင်စုဖွဲ့တည်ရေး ကိစ္စသည် နိုင်ငံရေး တာဝန်ဖြစ်သဖြင့် နစကသည် ကိုယ်တိုင်ဦးဆောင်သူနေရာ၌မပါဝင်တော့ဘဲ ပေါ်ထွန်းလာမည့် လွှတ်တော်နှင့် အစိုးရ၌သာ တာဝန်ရှိသည်ဟု သတ်မှတ်ကာ မူလတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးကဏ္ဍကို ပိုမို အာရုံစူးစိုက်ကာ ဆောင်ရွက်လာနိုင်သည်ဟု မြင်၏။
(အပိုင်း (၄) ကို အမှတ်စဉ် (၂၀) တွင် ဆက်လက်ဖတ်ရှုပါရန်)
Zawgyi Version;
စစ္နယ္ဝန္းက်ယ္သည့္ “ရခိုင္”
ေဒါက္တာေအးေမာင္ (NP New) - ဇြန္ ၂၇
၁၁။ လက္ရွိ တစ္ႏိုင္ငံလုံး ႏိုင္ငံေရး၊ စစ္ေရး တင္းမာေနဆဲကာလ၌ ၿငိမ္းခ်မ္းေရး လမ္းစေပၚႏိုင္ /မေပၚႏိုင္ သည္ နစကအေပၚ၌သာ မူတည္၏။ နည္းတူနစက၏ ႏိုင္ငံေရးအရ လမ္းပြင့္ေစမည့္ ၿငိမ္းခ်မ္းေရးဖိတ္ေခၚျခင္း သည္ လိုအပ္၏။ ၿငိမ္းခ်မ္းေရးလမ္း ပြင့္ႏိုင္ေျခ ရွိ/မရွိႏွင့္ ႏိုင္ငံေရးအေ႐ြ႕တစ္ခုအျဖစ္ ပုံေဖာ္ႏိုင္ေျခသည္ နစကအေပၚ၌သာ မူတည္သည္ ဟုျမင္၏။ ၿငိမ္းခ်မ္းေရးလမ္းစသည္ နစက ဘက္က ဖိတ္ေခၚမည့္ တစ္ႏိုင္ငံလုံး ၿငိမ္းခ်မ္းေရး၊ ဖက္ဒရယ္ႏွင့္ ဒီမိုကေရစီႏိုင္ငံေတာ္သစ္ ဖြဲ႕တည္ေရး အစီအစဥ္သစ္အေပၚ မူတည္မည္ျဖစ္၏။ တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားအားလုံးက လက္ခံၿပီး၊ တက္ေရာက္ေဆြးေႏြးႏိုင္မည့္ ႏိုင္ငံေရး အႏွစ္သာရျပည့္ဝသည့္ဖိတ္ေခၚမႈျဖစ္ရန္ လိုအပ္မည္ဟုျမင္၏။ ၂၀ဝ၈ ခုႏွစ္ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ျပင္ဆင္၊ ျဖည့္စြက္၊ ပယ္ဖ်က္ျခင္း နည္းလမ္းအတြက္ဖိတ္ေခၚသည့္ ၿငိမ္းခ်မ္းေရးညီလာခံမ်ိဳးသည္ ယခု ကာလအခင္းအက်င္းသစ္၌ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား အားလုံးကို ဆြဲေဆာင္၊ စည္း႐ုံးႏိုင္ေျခ သည္ ယခင္ကာလကဲ့သို႔ မရွိႏိုင္ေတာ့ၿပီျဖစ္သည္ဟု ျမင္၏။
(က) တစ္ႏိုင္ငံလုံး၌ ႏိုင္ငံ့လြတ္လပ္ေရးႏွင့္အတူ ယွဥ္တြဲပါလာၿပီး မ်ိဳးဆက္အလိုက္ မေလွ်ာ့ေသာဇြဲမာန္ျဖင့္ ကာလရွည္ အမ်ိဳးသားတန္းတူေရးအတြက္ လူမ်ိဳးစုံ လက္နက္ကိုင္ တိုက္ပြဲဝင္ေနၾကသည့္ ျပည္တြင္းလက္နက္ ကိုင္ပဋိပကၡႀကီး၏ ျဖစ္ပ်က္ေနမႈ အမွန္ႏွင့္လားရာကို အခ်ိန္မီ မွန္ကန္စြာသုံးသပ္ၿပီးမွ ရရွိသည့္ အခ်က္အလက္ မ်ားအေပၚ အေျခခံေသာ၊ အေျဖထြက္ႏိုင္မည့္အခ်က္အလက္မ်ားပါေသာ ဖိတ္ေခၚမႈျဖစ္ရန္လို၏။
(ခ) နစက အစိုးရဘက္မွ ႏိုင္ငံေရးအရ၊ အစြမ္းကုန္ လိုက္ေလ်ာၿပီး စစ္မွန္ေသာႏွလုံးသားျဖင့္ ညီရင္း၊ အစ္ကိုကဲ့သို႔ ရင္ဖြင့္ႀကိဳဆိုရန္လည္းလိုအပ္သည္ဟု ျမင္၏။
(ဂ) တစ္ဖက္ႏွင့္တစ္ဖက္ ကာလရွည္ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရသည္မ်ားကို အာဃာတမထားဘဲ သင္ပုန္း ေခ်ၾကကာ စစ္မွန္ေသာ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးကို အခ်ိန္မီ ျပန္လည္တည္ေဆာက္ၾကရန္ လိုအပ္မည္ဟုလည္း ယူဆမိပါ၏။
(ဃ) လူထု၏ ၿငိမ္းခ်မ္းမႈ၊ ဖြံ႕ၿဖိဳးမႈ၊ လြတ္လပ္မႈ၊ တရားမွ်တမႈႏွင့္ အခြင့္အလမ္းတန္းတူညီမွ်မႈတို႔ကို အာမခံသည့္ ျပည္ေထာင္စုသစ္ျဖစ္တည္ေရးသို႔ တိုင္းရင္းသားအားလုံး လက္တြဲၿပီး အတူခ်ီတက္ၾကရန္ အမွန္လိုအပ္သည္ဟု လည္း ခိုင္မာစြာ ယုံၾကည္ပါ၏။
(ခ-၁) ဖိတ္ေခၚသင့္သည့္ ဖက္ဒရယ္ႏွင့္ ဒီမိုကေရစီ အေျခခံမူေရးဆြဲေရးဆိုင္ရာညီလာခံ၏ အေရးပါမႈ။
၁၂။ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးႏွင့္ ျပန္လည္သင့္ျမတ္ေရးသို႔ဦးတည္သည့္ ျပည္ေထာင္စုသစ္ကိုအတူ လက္တြဲတည္ေဆာက္ႏိုင္ေရးအတြက္ အေျခခံမူမ်ားရရွိရန္ ဖက္ဒရယ္ႏွင့္ဒီမိုကေရစီဆိုင္ရာအေျခခံမူမ်ား ေရးဆြဲေရးညီလာခံတစ္ရပ္သည္ အမွန္လိုအပ္၏။ လက္ရွိအခ်ိန္အခါအရလည္း စစ္ေရးအက်ပ္အတည္းကို ေက်ာ္လႊားႏိုင္သည့္ တစ္ခုတည္းေသာ ႏိုင္ငံေရးအရ ထြက္ေပါက္ေပးျခင္းျဖစ္ရာ ထိေရာက္သည့္ခ်ဥ္းကပ္မႈျဖစ္၏။
(က) အဆိုပါညီလာခံ၌ ၂၀ဝ၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို က်ယ္ျပန႔္စြာ ျပန္လည္သုံးသပ္ျခင္း၊ ျပည္ ေထာင္စုလႊတ္ေတာ္မွအတည္ျပဳၿပီးေသာ သေဘာတူညီခ်က္မ်ားကို အေသးစိတ္ ျပန္လည္ေဆြးေႏြးသုံး သပ္ျခင္း၊ ဖက္ဒရယ္ႏွင့္ ဒီမိုကေရစီဆိုင္ရာ အေျခခံရမည့္ အေျခခံမူသစ္မ်ားကို စုေပါင္းညႇိႏႈိင္း ေရးဆြဲ ျခင္း၊ အတည္ျပဳျခင္း လုပ္ငန္းစဥ္ အဆင့္ဆင့္တို႔ကို သတ္မွတ္အခ်ိန္ကာလတစ္ရပ္အတြင္း ရရွိေအာင္ ေဆာင္႐ြက္ႏိုင္ေရးသည္ လိုအပ္၏။
(ခ) အားလုံးပါဝင္ၿပီး အားလုံးလက္ခံႏိုင္သည့္ အေျခခံမူမ်ားရရွိေရးအတြက္ နစကအစိုးရ၏ ဦးေဆာင္ဦး႐ြက္ ႀကိဳးပမ္းမႈသည္ ၎၏ ႏိုင္ငံေရးအရအျမင္က်ယ္မႈ၊ သေဘာထားႀကီးမႈႏွင့္ ႏိုင္ငံေရးခံယူခ်က္ ျပည့္ဝရင့္က်က္မႈ တို႔ကို ျပသသည္ျဖစ္ရာ ေအာင္ျမင္ေအာင္ အစြမ္းကုန္ ႀကိဳးပမ္းသင့္၏။
(ဂ) လက္ရွိကာလ စစ္ေရး၊ ႏိုင္ငံေရး အက်ပ္အတည္းကို ႏိုင္ငံေရးအရ ထြက္ေပါက္ေပးႏိုင္သည့္အတူ တက္ေရာက္၊ အတူညႇိႏႈိင္း၊ အတူေရးဆြဲၾကမည့္ အေျခခံမူဆိုင္ရာညီလာခံသည္ နစကအစိုးရ၏ ရည္သန္ခ်က္ႀကီးမားသည့္ ျပည္ေထာင္စုသစ္ျဖစ္တည္ေရး ႏိုင္ငံေရး ရည္ေမွ်ာ္ခ်က္ျဖစ္သည္ကို ၫႊန္းဆိုရာလည္းျဖစ္ေပ၏။
(ဃ) နည္းတူ နစက၏ ႏိုင္ငံေရးအရ ထြက္ေပါက္ျဖစ္ေစသည့္ ေရွ႕ဆက္ေဆာင္႐ြက္မည့္ အားလုံး ပါဝင္ေသာ ၿငိမ္းခ်မ္းေရးဖိတ္ေခၚမႈသည္ စစ္နယ္ဝန္းက်ယ္လာသည့္ ရခိုင္ေဒသ၏ စစ္ေရးအက်ပ္အတည္းႏွင့္ တင္းမာမႈကို လည္း ႏိုင္ငံေရး ထြက္ေပါက္အျဖစ္ အသြင္ေျပာင္းလဲ ေျပေလ်ာ့ေစမည္ျဖစ္ သည္ဟုျမင္၏။ နည္းလမ္းရွာၿပီး ႏွစ္ဖက္ေဆြးေႏြးမႈျဖင့္ စတင္သင့္ေပ၏။ အေျဖရရွိ ေအာင္ျမင္သည္ထိ ေဆြးေႏြးသင့္ေပ၏။
(ခ-၂) နစကမွ ၿငိမ္းခ်မ္းေရး ဖိတ္ေခၚျခင္းမျပဳပါက ႏိုင္ငံေရးအရ အေ႐ြ႕တစ္ရပ္ မေပၚေပါက္လာႏိုင္ေတာ့ သျဖင့္ ျဖစ္လာႏိုင္ေျခ ျမင္ကြင္းမ်ား။
၁၃။ တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍ CMEC လမ္းေၾကာင္း၌ ရွမ္းေျမာက္ေဒသတြင္ ဟိုက္ဂင္ သေဘာတူ ညီခ်က္အရ အပစ္အခတ္ ရပ္ေကာင္းရပ္ေနမည္ျဖစ္ေသာ္လည္း စီးပြားေရးစႀကႍတစ္ေလွ်ာက္ရွိ ဆက္စပ္ေဒသမ်ား၌ မၿငိမ္သက္ မႈမ်ားဆက္ရွိႏိုင္ၿပီး ကုန္သြယ္မႈလမ္းေၾကာင္းတစ္ေလွ်ာက္လုံး ေခ်ာေမြ႕ႏိုင္ေျခနည္းသည္ဟု ျမင္၏။ ရွမ္းေျမာက္၏ အင္အားအေ႐ြ႕သည္ ရခိုင္ႏွင့္ အျခားေဒသမ်ားသို႔ ေရာက္ရွိမည္ျဖစ္ရာ ရခိုင္၌ စစ္ရွိန္ ပိုျမင့္မားလာမည္ျဖစ္၏။ ကခ်င္၊ စစ္ကိုင္းႏွင့္ ကရင္တို႔၌လည္း စစ္ရွိန္ျမင့္လာႏိုင္၏။ ေအာက္တိုဘာလ သန္းေခါင္စာရင္းေကာက္ယူရာ တြင္လည္း စစ္ေရးတင္းမာသည့္ အခ်ိဳ႕ေဒသမ်ား၌ အခက္အခဲမ်ား ႀကဳံရႏိုင္ေျခမ်ားသည္ဟု ျမင္၏။ နည္းတူ အေျခခံမဲစာရင္းမ်ားျပဳစုမႈ၌လည္း အခ်ိဳ႕ ေဒသမ်ားတြင္ အခက္ႀကဳံႏိုင္၏။ တရားဥပေဒစိုးမိုးၿပီး လုံၿခဳံမႈထိန္းသိမ္းႏိုင္သည့္ေဒသမ်ား၌ ေ႐ြးေကာက္ပြဲ က်င္းပေပးမည့္အစီအစဥ္ေပၚေပါက္လာႏိုင္၏။ လႊတ္ေတာ္ မ်ား အထေျမာက္ရန္ လိုအပ္သည့္ အမတ္ဦးေရ၊ အစိုးရဖြဲ႕စည္းႏိုင္ေရး အထေျမာက္ရန္ လိုအပ္သည့္ အမတ္ဦးေရ၊ အေျခခံဥပေဒပါ ျပ႒ာန္းခ်က္ပါအတိုင္း သတ္မွတ္ေဒသမ်ား၌ အႀကိမ္ႀကိမ္ က်င္းပေပးႏိုင္ေျခမ်ား၏။ ေ႐ြးေကာက္ခံအစိုးရ တစ္ရပ္ေပၚေပါက္ပါမွ အေရးေပၚကာလ တာဝန္ၿပီးဆုံးမည္ျဖစ္သျဖင့္ နစကသည္ ေ႐ြးေကာက္ပြဲက်င္းပေရးကို ပိုမိုအာ႐ုံစိုက္လာမည္ဟု ထင္ရ၏။ ေ႐ြးေကာက္ခံအစိုးရ တစ္ရပ္ကသာ တိုင္းရင္းသား လက္နက္ကိုင္ အင္အားစုမ်ားႏွင့္ အပစ္အခတ္ရပ္ေရး၊ ႏိုင္ငံေရးအရ အေျခခံဥပေဒဆိုင္ရာ ကိစၥရပ္မ်ားကို ဆက္လက္ေဆာင္႐ြက္ေရး တြန္းအားေပးသည့္ ဘက္သို႔ဦးတည္သည္ဟု ယူဆရမည္ ျဖစ္၏။ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အမ်ိဳးသားတန္းတူေရးႏွင့္ ဖက္ ဒရယ္ျပည္ေထာင္စုဖြဲ႕တည္ေရး ကိစၥသည္ ႏိုင္ငံေရး တာဝန္ျဖစ္သျဖင့္ နစကသည္ ကိုယ္တိုင္ဦးေဆာင္သူေနရာ၌မပါဝင္ေတာ့ဘဲ ေပၚထြန္းလာမည့္ လႊတ္ေတာ္ႏွင့္ အစိုးရ၌သာ တာဝန္ရွိသည္ဟု သတ္မွတ္ကာ မူလတာဝန္ျဖစ္သည့္ ႏိုင္ငံေတာ္ကာကြယ္ေရးက႑ကို ပိုမို အာ႐ုံစူးစိုက္ကာ ေဆာင္႐ြက္လာႏိုင္သည္ဟု ျမင္၏။
(အပိုင္း (၄) ကို အမွတ္စဥ္ (၂၀) တြင္ ဆက္လက္ဖတ္ရႈပါရန္)