ဒူဘိုင်းမြို့မှာ တည်ဆောက်နေတဲ့ အဏ္ဏဝါပြန်လည်ထူထောင်‌ရေးနဲ့ ‌ဂေဟစနစ်ခရီးသွားလုပ်ငန်းစီမံကိန်း Dubai Reefs အကြောင်း (ဘာသာပြန်ဆောင်းပါး)

 174

Pika (NP News) - ဇွန် ၂၉

Dubai Reefs သည် အဏ္ဏဝါ ပြန်လည်ထူထောင်ရေးနှင့် ဂေဟစနစ်ခရီးသွားလုပ်ငန်းစီမံကိန်း အတွက် ဒူဘိုင်းမြို့တွင်တည်ဆောက်နေသည့် ကမ္ဘာ့အကြီးဆုံး ရေပေါ်ဓာတ်ခွဲခန်းတစ်ခုဖြစ်သည်။ အဆိုပါစီမံကိန်းသည် စိမ်းလန်းသော စီးပွားရေးတွင် အလုပ်အကိုင်ပေါင်း(၃) သောင်းကျော်ကို ဖန်တီးပေးနိုင်ရန် ရည်မှန်းထားသည့် စီမံကိန်းလည်းဖြစ်သည်။ Dubai Reefs တွင် အဏ္ဏဝါသုတေသန ပြုခြင်း၊ပြန်လည်ရှင်သန်လာရေးနှင့် ဂေဟစနစ် ခရီးသွားလုပ်ငန်းအတွက် ရေရှည်တည်တံ့သော ရေပေါ် ဓာတ်ခွဲခန်းတစ်ခုပါဝင်မည်ဖြစ်သည်။ အဆိုပါစီမံကိန်းတွင် လူနေမှု၊ ဧည့်ဝတ်ကျေပွန်မှု၊ ပညာရေးနှင့် သုတေသနအဆောက်အအုံများ ပါဝင်မည်လည်းဖြစ်သည်။ ထို့ပြင် အဏ္ဏဝါ အင်စတီကျုသည် ဒူဘိုင်း၏ အဏ္ဏဝါနှင့် ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေးအတွက် လုပ်ဆောင်နေသည့် စီမံကိန်း ၏ အဓိကအချက်အချာလည်းဖြစ်သည်။ Dubai Reefs သည် ဒူဘိုင်း၏ အဏ္ဏဝါသိပ္ပံပညာနှင့် ထိန်းသိမ်း ရေးစွမ်းရည်တို့ကို မြှင့်တင်နိုင်ရန်ရည်ရွယ်ထားပြီး (၂၀ဝ)စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည့် အမျိုးစုံ ပါဝင်သောသန္တာ ကျောက်တန်းအတုကိုလည်း တည်ဆောက်သွားမည် ဖြစ်သည်။ အဆိုပါစီမံကိန်းသည် သန္တာကျောက်ပေါင်း (၁)ဘီလျံကျော်နှင့် ဒီရေတောသစ်ပင်ပေါင်း သန်း (၁၀ဝ)ကျော်တို့အတွက် နေရာတစ်ခုဖန်တီးရန် ရည်မှန်းထားကြောင်းလည်းသိရသည်။

Dubai Reefsတွင် ရေပေါ်ဂေဟစနစ်အိမ်ရာအမျိုးမျိုးနှင့်အတူ အဏ္ဏဝါဂေဟစနစ်ခရီးသွားလုပ်ငန်းတွင် ထူးခြား သောအတွေ့အကြုံများကို ပေးဆောင်နိုင်လိမ့်မည်ဖြစ်ပြီး အကုန်လုံးကို နေရောင်ခြည်နှင့်ရေအားလျှပ် စစ်အမျိုးအစား အမျိုးမျိုးတို့နှင့်အတူ (၁၀ဝ) ရာခိုင်နှုန်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် လည်ပတ်မည် လည်းဖြစ်သည်။
ထို့ပြင် ဒူဘိုင်း၏တိုးပွားလာသော လူဦးရေအတွက် နောက်ထပ်သန့်ရှင်းသောစွမ်းအင်ကို ထုတ် လုပ်ပေးမည့် wave farm များလည်းပါဝင်မည်ဖြစ်ကြောင်းသိရသည်။ Regenerative Ocean Farming သည် ရာသီဥတုနှင့်သဟဇာတ ဖြစ်သော အစားအစာထုတ်လုပ်မှုနည်းပညာဖြစ်ပြီး အဆိုပါ စီမံကိန်း၏ အဓိကအရေးပါသော နောက်ထပ်သော့ချက် တစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ပင်လယ်ရေ မျက်နှာ ပြင် မြင့်တက်လာမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကမ်းရိုးတန်းမြို့များအပြင် ဒူဘိုင်းမြို့အတွက် Dubai Reefsစီမံကိန်း၏အရေးပါမှုကို URB ဗိသုကာကုမ္ပဏီ၏ စီအီးအို Baharash Bagh erian ကမီးမောင်း ထိုးပြခဲ့ကြောင်းလည်းသိရသည်။ နောက်ဆုံးအနေဖြင့် Dubai Reefs သည် လူမှုရေး၊ သဘာဝ ပတ်ဝန်း ကျင် နှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများကို မြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်းလည်း ပြောဆိုထား ကြသည်။ ထို့ပြင် ဒူဘိုင်းမြို့ကို ပင်လယ်သမုဒ္ဒရာနှင့်မြို့တို့ ဟန်ချက်ညီစွာရှိနေမည့် ဂေဟစနစ်နေရာ တစ်ခုအဖြစ် ပြောင်းလဲရန် ရည်ရွယ်ထားကြကြောင်းလည်းသိရသည်။

DUBAI REEFS စီမံကိန်း ဖြစ်ပေါ်လာခဲ့တဲ့ အကြောင်းအရင်း
ကမ္ဘာကြီးအနေဖြင့် ကာဗွန်ထုတ်လုပ်မှုကို လျှော့ချရန်နှင့် ကမ္ဘာ့ပျမ်းမျှအပူချိန်(၁ ဒသမ ၅)ဒီဂရီ ဆဲလ်ဆီးယပ်စ်ထိ မြင့်တက်လာမှုကို ကန့်သတ်ရန် ရည်မှန်းထားသည့် ပဲရစ်သဘောတူညီချက်ကို လိုက် နာရန် ပျက်ကွက်ပါက ယခုရာစုနှစ်အကုန်တွင် ဒူဘိုင်း အပါအဝင် ကမ္ဘာတစ်ဝန်းရှိ မြို့အများအပြား သည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုနှင့် ကမ်းရိုးတန်း ရေလွှမ်းမိုးမှု အန္တရာယ်တို့ကို ရင်ဆိုင်ရနိုင် ဖွယ် ရှိနေသည်။ ပဲရစ်သဘောတူညီချက်ကို လိုက်နာမည်ဆိုလျှင်ပင် ဒူဘိုင်းအပါအဝင် မြို့အများအပြား သည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုနှင့် ကမ်းရိုးတန်းရေလွှမ်းမိုးမှုတို့နှင့် လိုက်လျောညီထွေဖြစ် အောင် လုပ်ဆောင်ရမည်လည်းဖြစ်သည်။ သမုဒ္ဒရာကြီးသည် အဓိက အချက်နှစ်ချက် ကြောင့် ပိုမို ကြီးထွားလာနေပြီး အဆိုပါ အချက်နှစ်ချက်မှာ ရေခဲများအရည်ပျော်ခြင်းနှင့် အပူချိန်လွန်ကဲလာခြင်းတို့ ဖြစ်ကာ ရလဒ်အနေဖြင့် ရာသီဥတုဖောက်ပြန်မှုကို ဖြစ်ပေါ်လာစေခဲ့သည်။ ထို့ပြင် ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်လာမှုသည် ကမ်းရိုးတန်းမြို့များနှင့် မြို့ပြလူနေမှုများအပေါ် သိသာသောအကျိုးသက် ရောက်မှုများ ရှိလာလိမ့်မည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုသည် သန္တာကျောက်တန်းများအပေါ် ဆိုးရွား သောအကျိုးသက်ရောက်မှုများလည်းရှိလာနိုင်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှု လမ်း ကြောင်းများ လက်ရှိအတိုင်းဆက်ရှိနေမည်ဆိုပါက သန္တာကျောက်တန်းများသည် ယခုရာစုနှစ် အကုန် တွင် ပျက်သုဉ်းသွားနိုင်ဖွယ်ရှိနေသည်။ သန္တာ ကျောက်တန်းများသည် အကျိုးကျေးဇူးများစွာကို ထောက်ပံ့ပေးနိုင်သော်လည်း လက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုများ ကြောင့် လျင်မြန်စွာလျော့နည်းလာနေကြောင်း သိရသည်။ သန္တာ ကျောက်တန်းများသည် ရေစစ် ထုတ်ခြင်း၊ ငါးမျိုးပွားခြင်း၊ ကမ်းရိုးတန်းကာကွယ်ရေးနှင့် ရေတိုက်စားမှုကာကွယ်ခြင်းများတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပြီး ရေအောက်သက်ရှိများ အတွက် အရေးကြီးသောဂေဟစနစ်ကို ပံ့ပိုးနေသည်။ သန္တာကျောက်တန်းများသည် ကုန်းမြေအနီးရှိ ရေများ၏ အရည်အသွေးနှင့်ကြည်လင်မှုကို မြှင့်တင်ပေးပြီး ကမ္ဘာပေါ်တွင် ကွဲပြားမှုအရှိဆုံးနှင့် တန်ဖိုး အရှိဆုံးဂေဟနစ်များထဲမှ တစ်ခုဖြစ်သည်။

အဏ္ဏဝါပြန်လည်ထူထောင်ရေးစီမံကိန်း
အဆိုပါစီမံကိန်းသည် ဒူဘိုင်းမြို့၏ ကမ်းရိုးတန်းဂေဟစနစ်ကို ကာကွယ်ရန်အတွက် ရည်ရွယ် ထားသည့် စီမံကိန်းတစ်ခုဖြစ်သည်။ ကမ်းရိုးတန်း ဂေဟစနစ်များသည် ပင်လယ်သမုဒ္ဒရာနှင့် ကုန်းမြေ ကြား နယ်နမိတ်တွင် ရှင်သန်ပေါက်ရောက်နိုင်သည့် အပင်များနှင့် အခြားသက်ရှိများဖြင့် ဖွဲ့စည်းထား သော ထူးခြားသောနေရာတစ်ခုဖြစ်သည်။

အဆိုပါကမ်းရိုးတန်း ဂေဟစနစ်များတွင် ကမ္ဘာမြေကြီး၏အပူချိန်ကို ထိန်းညှိပေးသည့် အပင် များဖြင့် ပြည့်နှက်နေပြီး အဆိုပါအပင်များမှာ ပင်လယ်သစ်တောများဖြစ်သည်။ ပင်လယ်သစ်တော များသည် လေထုထဲမှကာဗွန်ကို ဆွဲထုတ်ကာ ၎င်းတို့၏တစ်သျှူးများ၊ အမြစ်များနှင့် မြေဆီလွှာထဲ တို့တွင် သိမ်းဆည်းထားနိုင်ကြောင်း သိရသည်။ သို့သော်လည်း ဒူဘိုင်းမြို့၏ ကမ်းရိုးတန်းသည် ပြီးခဲ့ သည့် ဆယ်စုနှစ်များအတွင်း ရေနံတူးခြင်း၊ သောင်တူးခြင်း နှင့် ပြန်လည်နေရာချထားခြင်းဆိုင်ရာ ပရောဂျက်များကြောင့် ကြီးမားသောအကျိုးသက်ရောက်မှုများကို ခံခဲ့ရကြောင်းသိရသည်။

ထို့ပြင် Dubai Reefs စီမံကိန်းသည် ဒူဘိုင်းမြို့၏ ကမ်းရိုးတန်းဂေဟစနစ်ကို ပြန်လည် ရှင်သန်စေမည်လည်းဖြစ်သည်။ (၂၀ဝ)စတုရန်းကီလို မီတာရှိသော သန္တာကျောက်တန်းအတုသည် တန်ဖိုးမဖြတ် နိုင်သော ဂေဟစနစ်နှင့် စီးပွားရေးကြွယ်ဝမှု၊ အဏ္ဏဝါ မျိုးစိတ်များကို စောင့်ရှောက် ပေးခြင်းနှင့် ကမ်းရိုး တန်း ရေတိုက်စားခံရမှုတို့ကို ကာကွယ်ပေးမည်လည်းဖြစ်သည်။ Dubai Reefs စီမံကိန်းသည် ရာသီဥတုပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်စေရန်အတွက် အရေးကြီးသော အကျိုးကျေးဇူးများစွာကို ထောက်ပံ့ပေးမည့် ကမ်းရိုးတန်းဂေဟစနစ်ကိုမြှင့် တင်ပေးမည်လည်း ဖြစ်သည်။ ဒီရေတောများ၊ ဒီရေ လှိုင်းများနှင့် ပင်လယ်မြက်များကဲ့သို့သော ကမ်းရိုးတန်း ဂေဟစနစ် များသည် ကုန်းနေသစ်တောများထက် ကာဗွန်ကို ပိုမိုသိုလှောင်နိုင်ကြောင်းလည်းသိရသည်။ ပြီးခဲ့ သည့်နှစ်ပေါင်း(၃၀)အတွင်း ကမ္ဘာကြီးသည် သန္တာကျောက်တန်းများ၏(၅၀)ရာခိုင်နှုန်းခန့်ကို ဆုံးရှုံးခဲ့ရကြောင်းလည်းသိရသည်။

အဏ္ဏဝါဂေဟစနစ်ခရီးသွားလုပ်ငန်း
သန္တာကျောက်တန်းအတုများသည် ဂေဟစနစ်ခရီးသွားလုပ်ငန်းအတွက် အဓိကအကျိုးကျေးဇူး များဖြစ်ပြီး အမျိုးမျိုးသောငါးများ၊ ပင်လယ် သတ္တဝါများဖြင့် ပြည့်နှက်နေသည့် ရေအောက်မြို့တော်များ ကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။ သန္တာကျောက်တန်းအတုများသည် သဘာဝသန္တာ ကျောက် တန်းများကဲ့သို့ လှပပြီးခရီးသွားလုပ်ငန်း အတွက်အထောက်အကူဖြစ်စေမည်ဟု ပြောဆိုထားကြသည်။

Dubai Reefs စီမံကိန်းသည် ရေပေါ် ဂေဟစနစ်အပန်းဖြေစခန်းများနှင့် ဂေဟစနစ် တည်းခိုခန်းများ အပြင် ခရီးသွားများအတွက်ထူးခြားသော နေရာတစ်ခုဖြစ်လာစေရန် ရေပေါ်အဏ္ဏဝါ စင်တာ တစ်ခုကို ပံ့ပိုးပေးမည်လည်းဖြစ်သည်။ အဆိုပါစီမံကိန်းသည် အလုပ်အကိုင်အခွင့်အလမ်း တိုးများလာစေရန်နှင့် ဒေသခံလူထုအတွက် ရေရှည်ဝင်ငွေရှာရန်အခွင့်အလမ်းများကို ပေးဆောင်နိုင်ရန် မျှော်လင့်ထားသည့် စီမံကိန်းလည်း ဖြစ်သည်။

အဆိုပါစီမံကိန်းတွင် အပြာရောင်အခြေခံအဆောက်အအုံအမျိုးမျိုးပါဝင်မည်ဖြစ်ပြီး နေရောင် ခြည်၊ရေအားလျှပ်စစ်နှင့် wave farm တို့ထံမှ (၁၀ဝ)ရာခိုင်နှုန်း ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြင့် လည်ပတ်မည်လည်းဖြစ်သည်။ နောက်ဆုံးအနေဖြင့် Dubai Reefs စီမံကိန်းသည် သန္တာကျောက်တန်း ပြန်လည်ထူထောင်ရေးနှင့် အဏ္ဏဝါဆိုင်ရာ ပညာပေးရေးလုပ်ငန်းများတွင် လူမှုရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ထားကြောင်းလည်းသိရသည်။

zawgyi version
ဒူဘိုင္းၿမိဳ႕မွာ တည္ေဆာက္ေနတဲ့ အဏၰဝါျပန္လည္ထူေထာင္‌ေရးနဲ႔ ‌ေဂဟစနစ္ခရီးသြားလုပ္ငန္းစီမံကိန္း Dubai Reefs အေၾကာင္း (ဘာသာျပန္ေဆာင္းပါး)
Pika (NP News) - ဇြန္ ၂၉

Dubai Reefs သည္ အဏၰဝါ ျပန္လည္ထူေထာင္ေရးႏွင့္ ေဂဟစနစ္ခရီးသြားလုပ္ငန္းစီမံကိန္း အတြက္ ဒူဘိုင္းၿမိဳ႕တြင္တည္ေဆာက္ေနသည့္ ကမာၻ႔အႀကီးဆုံး ေရေပၚဓာတ္ခြဲခန္းတစ္ခုျဖစ္သည္။ အဆိုပါစီမံကိန္းသည္ စိမ္းလန္းေသာ စီးပြားေရးတြင္ အလုပ္အကိုင္ေပါင္း(၃) ေသာင္းေက်ာ္ကို ဖန္တီးေပးႏိုင္ရန္ ရည္မွန္းထားသည့္ စီမံကိန္းလည္းျဖစ္သည္။ Dubai Reefs တြင္ အဏၰဝါသုေတသန ျပဳျခင္း၊ျပန္လည္ရွင္သန္လာေရးႏွင့္ ေဂဟစနစ္ ခရီးသြားလုပ္ငန္းအတြက္ ေရရွည္တည္တံ့ေသာ ေရေပၚ ဓာတ္ခြဲခန္းတစ္ခုပါဝင္မည္ျဖစ္သည္။ အဆိုပါစီမံကိန္းတြင္ လူေနမႈ၊ ဧည့္ဝတ္ေက်ပြန္မႈ၊ ပညာေရးႏွင့္ သုေတသနအေဆာက္အအုံမ်ား ပါဝင္မည္လည္းျဖစ္သည္။ ထို႔ျပင္ အဏၰဝါ အင္စတီက်ဳသည္ ဒူဘိုင္း၏ အဏၰဝါႏွင့္ ကမ္း႐ိုးတန္း သဘာဝပတ္ဝန္းက်င္ကို ကာကြယ္ေရးအတြက္ လုပ္ေဆာင္ေနသည့္ စီမံကိန္း ၏ အဓိကအခ်က္အခ်ာလည္းျဖစ္သည္။ Dubai Reefs သည္ ဒူဘိုင္း၏ အဏၰဝါသိပၸံပညာႏွင့္ ထိန္းသိမ္း ေရးစြမ္းရည္တို႔ကို ျမႇင့္တင္ႏိုင္ရန္ရည္႐ြယ္ထားၿပီး (၂၀ဝ)စတုရန္း ကီလိုမီတာ က်ယ္ဝန္းသည့္ အမ်ိဳးစုံ ပါဝင္ေသာသႏၲာ ေက်ာက္တန္းအတုကိုလည္း တည္ေဆာက္သြားမည္ ျဖစ္သည္။ အဆိုပါစီမံကိန္းသည္ သႏၲာေက်ာက္ေပါင္း (၁)ဘီလ်ံေက်ာ္ႏွင့္ ဒီေရေတာသစ္ပင္ေပါင္း သန္း (၁၀ဝ)ေက်ာ္တို႔အတြက္ ေနရာတစ္ခုဖန္တီးရန္ ရည္မွန္းထားေၾကာင္းလည္းသိရသည္။

Dubai Reefsတြင္ ေရေပၚေဂဟစနစ္အိမ္ရာအမ်ိဳးမ်ိဳးႏွင့္အတူ အဏၰဝါေဂဟစနစ္ခရီးသြားလုပ္ငန္းတြင္ ထူးျခား ေသာအေတြ႕အႀကဳံမ်ားကို ေပးေဆာင္ႏိုင္လိမ့္မည္ျဖစ္ၿပီး အကုန္လုံးကို ေနေရာင္ျခည္ႏွင့္ေရအားလွ်ပ္ စစ္အမ်ိဳးအစား အမ်ိဳးမ်ိဳးတို႔ႏွင့္အတူ (၁၀ဝ) ရာခိုင္ႏႈန္း ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ျဖင့္ လည္ပတ္မည္ လည္းျဖစ္သည္။
ထို႔ျပင္ ဒူဘိုင္း၏တိုးပြားလာေသာ လူဦးေရအတြက္ ေနာက္ထပ္သန႔္ရွင္းေသာစြမ္းအင္ကို ထုတ္ လုပ္ေပးမည့္ wave farm မ်ားလည္းပါဝင္မည္ျဖစ္ေၾကာင္းသိရသည္။ Regenerative Ocean Farming သည္ ရာသီဥတုႏွင့္သဟဇာတ ျဖစ္ေသာ အစားအစာထုတ္လုပ္မႈနည္းပညာျဖစ္ၿပီး အဆိုပါ စီမံကိန္း၏ အဓိကအေရးပါေသာ ေနာက္ထပ္ေသာ့ခ်က္ တစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ပင္လယ္ေရ မ်က္ႏွာ ျပင္ ျမင့္တက္လာမႈအႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရသည့္ ကမ္း႐ိုးတန္းၿမိဳ႕မ်ားအျပင္ ဒူဘိုင္းၿမိဳ႕အတြက္ Dubai Reefsစီမံကိန္း၏အေရးပါမႈကို URB ဗိသုကာကုမၸဏီ၏ စီအီးအို Baharash Bagh erian ကမီးေမာင္း ထိုးျပခဲ့ေၾကာင္းလည္းသိရသည္။ ေနာက္ဆုံးအေနျဖင့္ Dubai Reefs သည္ လူမႈေရး၊ သဘာဝ ပတ္ဝန္း က်င္ ႏွင့္ စီးပြားေရးဆိုင္ရာ အက်ိဳးေက်းဇူးမ်ားကို ျမႇင့္တင္ေပးလိမ့္မည္ျဖစ္ေၾကာင္းလည္း ေျပာဆိုထား ၾကသည္။ ထို႔ျပင္ ဒူဘိုင္းၿမိဳ႕ကို ပင္လယ္သမုဒၵရာႏွင့္ၿမိဳ႕တို႔ ဟန္ခ်က္ညီစြာရွိေနမည့္ ေဂဟစနစ္ေနရာ တစ္ခုအျဖစ္ ေျပာင္းလဲရန္ ရည္႐ြယ္ထားၾကေၾကာင္းလည္းသိရသည္။

DUBAI REEFS စီမံကိန္း ျဖစ္ေပၚလာခဲ့တဲ့ အေၾကာင္းအရင္း
ကမာၻႀကီးအေနျဖင့္ ကာဗြန္ထုတ္လုပ္မႈကို ေလွ်ာ့ခ်ရန္ႏွင့္ ကမာၻ႔ပ်မ္းမွ်အပူခ်ိန္(၁ ဒသမ ၅)ဒီဂရီ ဆဲလ္ဆီးယပ္စ္ထိ ျမင့္တက္လာမႈကို ကန႔္သတ္ရန္ ရည္မွန္းထားသည့္ ပဲရစ္သေဘာတူညီခ်က္ကို လိုက္ နာရန္ ပ်က္ကြက္ပါက ယခုရာစုႏွစ္အကုန္တြင္ ဒူဘိုင္း အပါအဝင္ ကမာၻတစ္ဝန္းရွိ ၿမိဳ႕အမ်ားအျပား သည္ ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္လာမႈႏွင့္ ကမ္း႐ိုးတန္း ေရလႊမ္းမိုးမႈ အႏၲရာယ္တို႔ကို ရင္ဆိုင္ရႏိုင္ ဖြယ္ ရွိေနသည္။ ပဲရစ္သေဘာတူညီခ်က္ကို လိုက္နာမည္ဆိုလွ်င္ပင္ ဒူဘိုင္းအပါအဝင္ ၿမိဳ႕အမ်ားအျပား သည္ ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္လာမႈႏွင့္ ကမ္း႐ိုးတန္းေရလႊမ္းမိုးမႈတို႔ႏွင့္ လိုက္ေလ်ာညီေထြျဖစ္ ေအာင္ လုပ္ေဆာင္ရမည္လည္းျဖစ္သည္။ သမုဒၵရာႀကီးသည္ အဓိက အခ်က္ႏွစ္ခ်က္ ေၾကာင့္ ပိုမို ႀကီးထြားလာေနၿပီး အဆိုပါ အခ်က္ႏွစ္ခ်က္မွာ ေရခဲမ်ားအရည္ေပ်ာ္ျခင္းႏွင့္ အပူခ်ိန္လြန္ကဲလာျခင္းတို႔ ျဖစ္ကာ ရလဒ္အေနျဖင့္ ရာသီဥတုေဖာက္ျပန္မႈကို ျဖစ္ေပၚလာေစခဲ့သည္။ ထို႔ျပင္ ပင္လယ္ေရမ်က္ႏွာ ျပင္ျမင့္တက္လာမႈသည္ ကမ္း႐ိုးတန္းၿမိဳ႕မ်ားႏွင့္ ၿမိဳ႕ျပလူေနမႈမ်ားအေပၚ သိသာေသာအက်ိဳးသက္ ေရာက္မႈမ်ား ရွိလာလိမ့္မည္ျဖစ္ၿပီး ရာသီဥတုေျပာင္းလဲမႈသည္ သႏၲာေက်ာက္တန္းမ်ားအေပၚ ဆိုး႐ြား ေသာအက်ိဳးသက္ေရာက္မႈမ်ားလည္းရွိလာႏိုင္သည္။ ကာဗြန္ဒိုင္ေအာက္ဆိုက္ဒ္ ထုတ္လႊတ္မႈ လမ္း ေၾကာင္းမ်ား လက္ရွိအတိုင္းဆက္ရွိေနမည္ဆိုပါက သႏၲာေက်ာက္တန္းမ်ားသည္ ယခုရာစုႏွစ္ အကုန္ တြင္ ပ်က္သုဥ္းသြားႏိုင္ဖြယ္ရွိေနသည္။ သႏၲာ ေက်ာက္တန္းမ်ားသည္ အက်ိဳးေက်းဇူးမ်ားစြာကို ေထာက္ပံ့ေပးႏိုင္ေသာ္လည္း လက္ရွိအခ်ိန္တြင္ သဘာဝပတ္ဝန္းက်င္ အက်ိဳးသက္ေရာက္မႈမ်ား ေၾကာင့္ လ်င္ျမန္စြာေလ်ာ့နည္းလာေနေၾကာင္း သိရသည္။ သႏၲာ ေက်ာက္တန္းမ်ားသည္ ေရစစ္ ထုတ္ျခင္း၊ ငါးမ်ိဳးပြားျခင္း၊ ကမ္း႐ိုးတန္းကာကြယ္ေရးႏွင့္ ေရတိုက္စားမႈကာကြယ္ျခင္းမ်ားတြင္ အေရးပါေသာအခန္းက႑မွပါဝင္ေနၿပီး ေရေအာက္သက္ရွိမ်ား အတြက္ အေရးႀကီးေသာေဂဟစနစ္ကို ပံ့ပိုးေနသည္။ သႏၲာေက်ာက္တန္းမ်ားသည္ ကုန္းေျမအနီးရွိ ေရမ်ား၏ အရည္အေသြးႏွင့္ၾကည္လင္မႈကို ျမႇင့္တင္ေပးၿပီး ကမာၻေပၚတြင္ ကြဲျပားမႈအရွိဆုံးႏွင့္ တန္ဖိုး အရွိဆုံးေဂဟနစ္မ်ားထဲမွ တစ္ခုျဖစ္သည္။

အဏၰဝါျပန္လည္ထူေထာင္ေရးစီမံကိန္း
အဆိုပါစီမံကိန္းသည္ ဒူဘိုင္းၿမိဳ႕၏ ကမ္း႐ိုးတန္းေဂဟစနစ္ကို ကာကြယ္ရန္အတြက္ ရည္႐ြယ္ ထားသည့္ စီမံကိန္းတစ္ခုျဖစ္သည္။ ကမ္း႐ိုးတန္း ေဂဟစနစ္မ်ားသည္ ပင္လယ္သမုဒၵရာႏွင့္ ကုန္းေျမ ၾကား နယ္နမိတ္တြင္ ရွင္သန္ေပါက္ေရာက္ႏိုင္သည့္ အပင္မ်ားႏွင့္ အျခားသက္ရွိမ်ားျဖင့္ ဖြဲ႕စည္းထား ေသာ ထူးျခားေသာေနရာတစ္ခုျဖစ္သည္။
အဆိုပါကမ္း႐ိုးတန္း ေဂဟစနစ္မ်ားတြင္ ကမာၻေျမႀကီး၏အပူခ်ိန္ကို ထိန္းညႇိေပးသည့္ အပင္ မ်ားျဖင့္ ျပည့္ႏွက္ေနၿပီး အဆိုပါအပင္မ်ားမွာ ပင္လယ္သစ္ေတာမ်ားျဖစ္သည္။ ပင္လယ္သစ္ေတာ မ်ားသည္ ေလထုထဲမွကာဗြန္ကို ဆြဲထုတ္ကာ ၎တို႔၏တစ္သွ်ဴးမ်ား၊ အျမစ္မ်ားႏွင့္ ေျမဆီလႊာထဲ တို႔တြင္ သိမ္းဆည္းထားႏိုင္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ဒူဘိုင္းၿမိဳ႕၏ ကမ္း႐ိုးတန္းသည္ ၿပီးခဲ့ သည့္ ဆယ္စုႏွစ္မ်ားအတြင္း ေရနံတူးျခင္း၊ ေသာင္တူးျခင္း ႏွင့္ ျပန္လည္ေနရာခ်ထားျခင္းဆိုင္ရာ ပေရာဂ်က္မ်ားေၾကာင့္ ႀကီးမားေသာအက်ိဳးသက္ေရာက္မႈမ်ားကို ခံခဲ့ရေၾကာင္းသိရသည္။

ထို႔ျပင္ Dubai Reefs စီမံကိန္းသည္ ဒူဘိုင္းၿမိဳ႕၏ ကမ္း႐ိုးတန္းေဂဟစနစ္ကို ျပန္လည္ ရွင္သန္ေစမည္လည္းျဖစ္သည္။ (၂၀ဝ)စတုရန္းကီလို မီတာရွိေသာ သႏၲာေက်ာက္တန္းအတုသည္ တန္ဖိုးမျဖတ္ ႏိုင္ေသာ ေဂဟစနစ္ႏွင့္ စီးပြားေရးႂကြယ္ဝမႈ၊ အဏၰဝါ မ်ိဳးစိတ္မ်ားကို ေစာင့္ေရွာက္ ေပးျခင္းႏွင့္ ကမ္း႐ိုး တန္း ေရတိုက္စားခံရမႈတို႔ကို ကာကြယ္ေပးမည္လည္းျဖစ္သည္။ Dubai Reefs စီမံကိန္းသည္ ရာသီဥတု ေျပာင္းလဲမႈကို လိုက္ေလ်ာညီေထြျဖစ္ေစရန္အတြက္ အေရးႀကီးေသာ အက်ိဳးေက်းဇူးမ်ားစြာကို ေထာက္ပံ့ေပးမည့္ ကမ္း႐ိုးတန္းေဂဟစနစ္ကိုျမႇင့္ တင္ေပးမည္လည္း ျဖစ္သည္။ ဒီေရေတာမ်ား၊ ဒီေရ လႈိင္းမ်ားႏွင့္ ပင္လယ္ျမက္မ်ားကဲ့သို႔ေသာ ကမ္း႐ိုးတန္း ေဂဟစနစ္ မ်ားသည္ ကုန္းေနသစ္ေတာမ်ားထက္ ကာဗြန္ကို ပိုမိုသိုေလွာင္ႏိုင္ေၾကာင္းလည္းသိရသည္။ ၿပီးခဲ့ သည့္ႏွစ္ေပါင္း(၃၀)အတြင္း ကမာၻႀကီးသည္ သႏၲာေက်ာက္တန္းမ်ား၏(၅၀)ရာခိုင္ႏႈန္းခန႔္ကို ဆုံးရႈံး ခဲ့ရေၾကာင္းလည္းသိရသည္။

အဏၰဝါေဂဟစနစ္ခရီးသြားလုပ္ငန္း
သႏၲာေက်ာက္တန္းအတုမ်ားသည္ ေဂဟ စနစ္ခရီးသြားလုပ္ငန္းအတြက္ အဓိကအက်ိဳးေက်းဇူး မ်ားျဖစ္ၿပီး အမ်ိဳးမ်ိဳးေသာငါးမ်ား၊ ပင္လယ္ သတၱဝါမ်ားျဖင့္ ျပည့္ႏွက္ေနသည့္ ေရေအာက္ၿမိဳ႕ေတာ္မ်ား ကဲ့သို႔ ျဖစ္လာမည္ျဖစ္ေၾကာင္းသိရသည္။ သႏၲာေက်ာက္တန္းအတုမ်ားသည္ သဘာဝသႏၲာ ေက်ာက္ တန္းမ်ားကဲ့သို႔ လွပၿပီးခရီးသြားလုပ္ငန္း အတြက္အေထာက္အကူျဖစ္ေစမည္ဟု ေျပာဆိုထားၾကသည္။

Dubai Reefs စီမံကိန္းသည္ ေရေပၚ ေဂဟစနစ္အပန္းေျဖစခန္းမ်ားႏွင့္ ေဂဟစနစ္ တည္းခိုခန္းမ်ား အျပင္ ခရီးသြားမ်ားအတြက္ထူးျခားေသာ ေနရာတစ္ခုျဖစ္လာေစရန္ ေရေပၚအဏၰဝါ စင္တာ တစ္ခုကို ပံ့ပိုးေပးမည္လည္းျဖစ္သည္။ အဆိုပါစီမံကိန္းသည္ အလုပ္အကိုင္အခြင့္အလမ္း တိုးမ်ားလာေစရန္ႏွင့္ ေဒသခံလူထုအတြက္ ေရရွည္ဝင္ေငြရွာရန္အခြင့္အလမ္းမ်ားကို ေပးေဆာင္ႏိုင္ရန္ ေမွ်ာ္လင့္ထားသည့္ စီမံကိန္းလည္း ျဖစ္သည္။
အဆိုပါစီမံကိန္းတြင္ အျပာေရာင္အေျခခံအေဆာက္အအုံအမ်ိဳးမ်ိဳးပါဝင္မည္ျဖစ္ၿပီး ေနေရာင္ ျခည္၊ေရအားလွ်ပ္စစ္ႏွင့္ wave farm တို႔ထံမွ (၁၀ဝ)ရာခိုင္ႏႈန္း ျပန္လည္ ျပည့္ၿဖိဳးၿမဲ စြမ္းအင္ျဖင့္ လည္ပတ္မည္လည္းျဖစ္သည္။ ေနာက္ဆုံးအေနျဖင့္ Dubai Reefs စီမံကိန္းသည္ သႏၲာေက်ာက္တန္း ျပန္လည္ထူေထာင္ေရးႏွင့္ အဏၰဝါဆိုင္ရာ ပညာေပးေရးလုပ္ငန္းမ်ားတြင္ လူမႈေရးဆိုင္ရာပူးေပါင္း ေဆာင္႐ြက္မႈမ်ားကို ပံ့ပိုးေပးႏိုင္ရန္ ရည္႐ြယ္ထားေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.