လယ်ယာလုပ်သားရှားပါးမှုကို ကုစားရန် စက်မှုလယ်ယာကူးပြောင်းရေးအတွက် ငွေကြေးထောက်ပံ့မှုများ လိုအပ်နေ

 718

ယွန်း(NP News) - ဇွန် ၂၉

တိုးပွားလာသည့် လုပ်သားရှားပါးမှုကို ကုစားရန် စက်မှုလယ်ယာကူးပြောင်းရေးအတွက် ငွေကြေးထောက်ပံ့မှုများပြုလုပ်ရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကိုပြောသည်။

ပြည်တွင်း၌ လယ်ယာလုပ်သားရှားပါးမှုကို ပြီးခဲ့သည့် ကိုဗစ်ကာလမှစ၍ ကြုံတွေ့ခဲ့ရပြီး လက်ရှိတွင် နိုင်ငံရေးအခြေအနေအပါအဝင် လုံခြုံရေးအခြေအနေများကြောင့် လုပ်သားရှားပါးမှု ပိုမိုမြင့်တက်လာကြောင်း သိရသည်။

“လယ်ယာလုပ်သားရှားပါးမှုကတော့ ဆန်စပါးစိုက်ပျိုးတဲ့နိုင်ငံတွေအားလုံး ထိုင်း၊ ဗီယက်နမ် အပါအဝင် နိုင်ငံတိုင်းမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်တာပေါ့။ ကိုဗစ်ကာလမှာ ပြင်းထန်စွာဖြစ်ပေါ်ခဲ့တယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေပေါ်မှာ သက်ရောက်မှုတွေရှိခဲ့တယ်။ ကိုဗစ်ပြီးတော့လည်း လက်ရှိနိုင်ငံရေး အခြေအနေနဲ့ နိုင်ငံမှာဖြစ်ပေါ်နေတဲ့ လုံခြုံရေး အခြေအနေအရပ်ရပ်ကြောင့် အလုပ်သမားရှားပါးမှုက အခက်အခဲဖြစ်တာပေါ့။ ကိုဗစ်ကာလနဲ့ယှဉ်ရင် ပိုများလာတယ်။ ကျေးလက်မှာလည်း အလုပ်သမား ရှားပါးမှုတွေရှိတယ်။ မြို့ပြမှာလည်း အလုပ်သမား အခက်အခဲတွေရှိတယ်”ဟု ဦးရဲမင်းအောင်က ပြော သည်။

မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် လူဦး‌ရေတိုးတက်မှုနှုန်း ဝ ဒသမ ၆ ရာခိုင်နှုန်းသာရှိခြင်းကြောင့် အလုပ်သမားအင်အားလျှော့ချ၍ နည်းပညာပိုင်းဆိုင်ရာကိုသာအသုံးချပြီး လယ်ယာလုပ်ငန်းများကို ပြောင်းလဲဆောင်ရွက်ရန်ကြိုးပမ်းနေကြောင်း သိရသည်။ ထို့ကြောင့် စက် ပစ္စည်းကိရိယာများ ပြောင်းလဲ သုံးစွဲနိုင်ရန် တောင်သူလယ်သမားများအတွက် ကာလတို၊ ကာလရှည်၊ ကာလလတ် ချေးငွေကဲ့သို့ ငွေကြေးအရင်းအနှီးပံ့ပိုးမှုများလိုအပ်နေကြောင်း ဦးရဲမင်းအောင်က ဆိုသည်။

“ရင်းနှီးမြှုပ်နှံမှုတွေ ပိုလိုအပ်တာပေါ့နော်။ ဒါကြောင့်မို့လို့ တောင်သူလယ်သမားတွေအတွက် စက်မှုလယ်ယာကိရိယာတွေကို ပြောင်းလဲပြီးတော့ သုံးမယ်ဆိုလည်း သူတို့အတွက် ကာလတို၊ ကာလရှည်၊ ကာလလတ်ချေးငွေတွေကို ပိုပြီးတော့ ပံ့ပိုးကူညီပေးဖို့လိုအပ်တာပေါ့။ စက်တွေဝယ်ဖို့ဆိုရင် သူတို့အတွက် အရင်းအနှီးများတယ်လေ။ တခြားနိုင်ငံတွေမှာလည်း လုပ်ပေးနေတာရှိပါတယ်။ ဒီမှာလည်း လုပ်ပေးနေတာရှိပါတယ်။ စက်မှုလယ်ယာ ပြောင်းလဲရေး နည်းပညာပြောင်းလဲရေးဆိုတဲ့အပိုင်းမှာ စက်တွေဝယ်ယူနိုင်ဖို့ ငှားရမ်းနိုင်ဖို့အတွက် ငွေရေးကြေးရေးပံ့ပိုးပေးနိုင်မှု ဒါတွေကတော့ လိုအပ်ချက် တွေ ဖြစ်နေမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်သားရှားပါးမှုဆိုတာ တောက်လျှောက်တွေ့လာရမယ့် စိန်ခေါ်မှုပဲ။ ပြင်းထန်မှုနဲ့ သက်သာမှုပဲရှိလိမ့်မယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့အနေဖြင့် လယ်သမားများကို ချေးငွေများထုတ်ချေးပြီး စက်ပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ချိတ် ဆက်ဆောင်ရွက်မှုများလည်းရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ လယ်ယာကဏ္ဍအပါအဝင် စက်မှု ဇုန်များတွင်လည်း ကျွမ်းကျင်လုပ်သားရှားပါးမှုများနှင့် ကြုံတွေ့နေရပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပြည်သူ့ စစ်မှုထမ်းဥပဒေထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းတွင် လုပ်သားရှားပါးမှု ပိုမိုမြင့်တက်လာခဲ့ခြင်း ဖြစ် သည်။ လယ်ယာစိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိက လုပ်ငန်းကြီးတစ်ခုဖြစ်သကဲ့သို့ နိုင်ငံ၏ (၆၀)ရာခိုင်နှုန်းသော GDP သည် လယ်ယာစိုက်ပျိုးရေးတွင် မှီခိုနေကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧကပေါင်း (၁၅)သန်းခန့်ရှိပြီး နှစ်စဉ်စပါးထွက်ရှိမှုနှုန်းမှာ တင်း သန်းပေါင်း (၁၀၈၈)သန်းရှိ၍ နွေစပါးစိုက်ဧက ပေါင်းမှာလည်း နှစ်သန်းရှိသည့်အတွက် စပါးတင်း သန်းပေါင်း (၂၁၃)သန်းခန့်ထွက်ရှိကြောင်း သိရသည်။

zawgyi version
လယ္ယာလုပ္သားရွားပါးမႈကို ကုစားရန္ စက္မႈလယ္ယာကူးေျပာင္းေရးအတြက္ ေငြေၾကးေထာက္ပံ့မႈမ်ား လိုအပ္ေန
ယြန္း(NP News) - ဇြန္ ၂၉

တိုးပြားလာသည့္ လုပ္သားရွားပါးမႈကို ကုစားရန္ စက္မႈလယ္ယာကူးေျပာင္းေရးအတြက္ ေငြေၾကးေထာက္ပံ့မႈမ်ားျပဳလုပ္ရန္ လိုအပ္ေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကိုေျပာသည္။

ျပည္တြင္း၌ လယ္ယာလုပ္သားရွားပါးမႈကို ၿပီးခဲ့သည့္ ကိုဗစ္ကာလမွစ၍ ႀကဳံေတြ႕ခဲ့ရၿပီး လက္ရွိတြင္ ႏိုင္ငံေရးအေျခအေနအပါအဝင္ လုံၿခဳံေရးအေျခအေနမ်ားေၾကာင့္ လုပ္သားရွားပါးမႈ ပိုမိုျမင့္တက္လာေၾကာင္း သိရသည္။

“လယ္ယာလုပ္သားရွားပါးမႈကေတာ့ ဆန္စပါးစိုက္ပ်ိဳးတဲ့ႏိုင္ငံေတြအားလုံး ထိုင္း၊ ဗီယက္နမ္ အပါအဝင္ ႏိုင္ငံတိုင္းမွာ ႀကဳံေတြ႕ေနရတဲ့ စိန္ေခၚမႈတစ္ခု ျဖစ္တာေပါ့။ ကိုဗစ္ကာလမွာ ျပင္းထန္စြာျဖစ္ေပၚခဲ့တယ္။ စိုက္ပ်ိဳးေရးလုပ္ငန္းေတြေပၚမွာ သက္ေရာက္မႈေတြရွိခဲ့တယ္။ ကိုဗစ္ၿပီးေတာ့လည္း လက္ရွိႏိုင္ငံေရး အေျခအေနနဲ႔ ႏိုင္ငံမွာျဖစ္ေပၚေနတဲ့ လုံၿခဳံေရး အေျခအေနအရပ္ရပ္ေၾကာင့္ အလုပ္သမားရွားပါးမႈက အခက္အခဲျဖစ္တာေပါ့။ ကိုဗစ္ကာလနဲ႔ယွဥ္ရင္ ပိုမ်ားလာတယ္။ ေက်းလက္မွာလည္း အလုပ္သမား ရွားပါးမႈေတြရွိတယ္။ ၿမိဳ႕ျပမွာလည္း အလုပ္သမား အခက္အခဲေတြရွိတယ္”ဟု ဦးရဲမင္းေအာင္က ေျပာ သည္။

ျမန္မာႏိုင္ငံ၌ တစ္ႏွစ္လွ်င္ လူဦး‌ေရတိုးတက္မႈႏႈန္း ဝ ဒသမ ၆ ရာခိုင္ႏႈန္းသာရွိျခင္းေၾကာင့္ အလုပ္သမားအင္အားေလွ်ာ့ခ်၍ နည္းပညာပိုင္းဆိုင္ရာကိုသာအသုံးခ်ၿပီး လယ္ယာလုပ္ငန္းမ်ားကို ေျပာင္းလဲေဆာင္႐ြက္ရန္ႀကိဳးပမ္းေနေၾကာင္း သိရသည္။ ထို႔ေၾကာင့္ စက္ ပစၥည္းကိရိယာမ်ား ေျပာင္းလဲ သုံးစြဲႏိုင္ရန္ ေတာင္သူလယ္သမားမ်ားအတြက္ ကာလတို၊ ကာလရွည္၊ ကာလလတ္ ေခ်းေငြကဲ့သို႔ ေငြေၾကးအရင္းအႏွီးပံ့ပိုးမႈမ်ားလိုအပ္ေနေၾကာင္း ဦးရဲမင္းေအာင္က ဆိုသည္။

“ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ပိုလိုအပ္တာေပါ့ေနာ္။ ဒါေၾကာင့္မို႔လို႔ ေတာင္သူလယ္သမားေတြအတြက္ စက္မႈလယ္ယာကိရိယာေတြကို ေျပာင္းလဲၿပီးေတာ့ သုံးမယ္ဆိုလည္း သူတို႔အတြက္ ကာလတို၊ ကာလရွည္၊ ကာလလတ္ေခ်းေငြေတြကို ပိုၿပီးေတာ့ ပံ့ပိုးကူညီေပးဖို႔လိုအပ္တာေပါ့။ စက္ေတြဝယ္ဖို႔ဆိုရင္ သူတို႔အတြက္ အရင္းအႏွီးမ်ားတယ္ေလ။ တျခားႏိုင္ငံေတြမွာလည္း လုပ္ေပးေနတာရွိပါတယ္။ ဒီမွာလည္း လုပ္ေပးေနတာရွိပါတယ္။ စက္မႈလယ္ယာ ေျပာင္းလဲေရး နည္းပညာေျပာင္းလဲေရးဆိုတဲ့အပိုင္းမွာ စက္ေတြဝယ္ယူႏိုင္ဖို႔ ငွားရမ္းႏိုင္ဖို႔အတြက္ ေငြေရးေၾကးေရးပံ့ပိုးေပးႏိုင္မႈ ဒါေတြကေတာ့ လိုအပ္ခ်က္ ေတြ ျဖစ္ေနမွာေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ လုပ္သားရွားပါးမႈဆိုတာ ေတာက္ေလွ်ာက္ေတြ႕လာရမယ့္ စိန္ေခၚမႈပဲ။ ျပင္းထန္မႈနဲ႔ သက္သာမႈပဲရွိလိမ့္မယ္”ဟု ၎ကေျပာသည္။

လက္ရွိတြင္ ျပည္တြင္း၌ ျမန္မာ့စီးပြားေရးဘဏ္ အပါအဝင္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္တို႔အေနျဖင့္ လယ္သမားမ်ားကို ေခ်းေငြမ်ားထုတ္ေခ်းၿပီး စက္ပစၥည္းမ်ားဝယ္ယူႏိုင္ေရးအတြက္ ခ်ိတ္ ဆက္ေဆာင္႐ြက္မႈမ်ားလည္းရွိေနေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံ၌ လယ္ယာက႑အပါအဝင္ စက္မႈ ဇုန္မ်ားတြင္လည္း ကြၽမ္းက်င္လုပ္သားရွားပါးမႈမ်ားႏွင့္ ႀကဳံေတြ႕ေနရၿပီး ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္း ျပည္သူ႔ စစ္မႈထမ္းဥပေဒထုတ္ျပန္ခဲ့ၿပီးေနာက္ပိုင္းတြင္ လုပ္သားရွားပါးမႈ ပိုမိုျမင့္တက္လာခဲ့ျခင္း ျဖစ္ သည္။ လယ္ယာစိုက္ပ်ိဳးေရးသည္ ျမန္မာႏိုင္ငံ၏ အဓိက လုပ္ငန္းႀကီးတစ္ခုျဖစ္သကဲ့သို႔ ႏိုင္ငံ၏ (၆၀)ရာခိုင္ႏႈန္းေသာ GDP သည္ လယ္ယာစိုက္ပ်ိဳးေရးတြင္ မွီခိုေနေၾကာင္း သိရသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ မိုးစပါးစိုက္ဧကေပါင္း (၁၅)သန္းခန႔္ရွိၿပီး ႏွစ္စဥ္စပါးထြက္ရွိမႈႏႈန္းမွာ တင္း သန္းေပါင္း (၁၀၈၈)သန္းရွိ၍ ေႏြစပါးစိုက္ဧက ေပါင္းမွာလည္း ႏွစ္သန္းရွိသည့္အတြက္ စပါးတင္း သန္းေပါင္း (၂၁၃)သန္းခန႔္ထြက္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.