စင်ကာပူနိုင်ငံရဲ့ လေးဦးမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့ လောရမ်ဝေါင်အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)

 222

ဂျန်ဇက် (NP News) - ဇွန် ၃ဝ

စင်ကာပူနိုင်ငံတည်ထောင်ခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၆၅ နှစ်နီးပါးအတွင်း နိုင်ငံကို တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ် လေးဦးအထိသာရှိနေပါတယ်။ စင်ကာပူနိုင်ငံရဲ့ပထမဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ လီကွမ်ယုဟာ စင်ကာပူ နိုင်ငံဝန်ကြီးချုပ်အဖြစ် (၈) ကြိမ်တိုင်တာဝန်ယူခဲ့ပြီး ဂိုချောင်တောင်က စင်ကာပူဝန်ကြီးချုပ်အဖြစ် သုံးကြိမ်ဆက်တိုက် တာ ဝန်ယူခဲ့ပါတယ်။ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ် ယုရဲ့သားဖြစ်သူ လီရှန်လွန်းဟာ စင်ကာပူနိုင်ငံဝန်ကြီးချုပ် အဖြစ် လေးကြိမ်ဆက်တိုက်တာဝန်ယူခဲ့ပြီး လက်ရှိအချိန်မှာတော့ စင်ကာပူဝန်ကြီးချုပ်အဖြစ်လောရမ် ဝေါင်ကို တာဝန် ယူလွှဲ ပေးလိုက်ပါတယ်။ စင်ကာပူနိုင်ငံမှာ ဝန်ကြီးချုပ်ဟာ စင်ကာပူအစိုးရအဖွဲ့အကြီးအကဲဖြစ်ပြီး ဝန်ကြီးချုပ်ကို သမ္မတက ရွေးချယ်တာမျိုးဖြစ်ပါတယ်။ စင်ကာပူသမ္မတဟာ လွှတ်တော်ကိုယ်စား လှယ်တွေထဲကနေ မဲအများဆုံးရရှိတဲ့ သူကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ရတာမျိုးဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့တည်းက စင်ကာပူနိုင်ငံရဲ့လေး ဦးမြောက်ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူခဲ့ပါတယ်။ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလမှာမွေးဖွားခဲ့တဲ့ လောရမ်ဝေါင်ဟာ စင်ကာပူနိုင်ငံဝန်ကြီးချုပ်အဖြစ်တာဝန်မယူခင် ၂၀၂၁ ခုနှစ်နောက်ပိုင်းတည်းက စင်ကာပူဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ် ပါတယ်။ လက်ရှိအချိန်မှာ အသက် ၅၂ နှစ်အရွယ်ရှိ နေတဲ့ ဝေါင်ဟာ အစိုးရအဖွဲ့မှာတာဝန်မယူခင် စီးပွားရေးလုပ်ငန်းရှင်၊ အစိုးရဝန်ထမ်းနဲ့ နိုင်ငံရေး သမားအဖြစ်လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ လောရမ်ဝေါင်ဟာ ၁၉၉၄ ခုနှစ်မှာ Wisconsin Madison တက္ကသိုလ်ကနေ စီးပွားရေးပညာနဲ့ ဘွဲရရှိခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ မီချီဂန် တက္ကသိုလ်မှာ စီးပွားရေးပညာနဲ့ မဟာဘွဲ့ထပ်မံရရှိခဲ့ကာ ၂၀ဝ၄ ခုနှစ်မှာ အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ် ကနေ ပြည်သူ့အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှု ဘာသာရပ်နဲ့ မဟာဘွဲ့ထပ်မံရရှိခဲ့ပါတယ်။ ငယ်စဉ်က ဘဝကိုခက်ခဲစွာရုန်းကန် ခဲ့ရသူဖြစ်ပြီး မိခင်ဖြစ်သူဟာ မူလတန်းကျောင်းရဲ့ဆရာမတစ်ဦးဖြစ်သလို ဖခင်ဖြစ်သူက ဈေးရောင်းရသူတစ်ဦးဖြစ်ပါ တယ်။ ဝေါင်ဟာ ပညာရေးထူးချွန်တဲ့အတွက် စင်ကာပူအစိုးရရဲ့ စကောလားရှစ်ထောက်ပံ့မှုနဲ့ ပညာသင်ကြားခဲ့ရပြီး ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ စီးပွားရေးအကြံပေးအဖြစ်လုပ်ကိုင်ခဲ့ရပါတယ်။ လောရမ်ဝေါင်ဟာ စင်ကာပူနိုင်ငံရဲ့ ဗျူရိုကရက်အစိုးရဝန်ကြီးဌာနတွေမှာ အဓိကအရေးပါတဲ့ရာထူးတွေကိုလည်း ရရှိခဲ့ဖူးသူဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ စင်ကာပူနိုင်ငံရေးလောကကို စတင်ဝန်ဆောင်ခဲ့ပြီး စင်ကာပူဗဟိုဘဏ်ရဲ့ ငွေကြေးအာဏာပိုင်တွေ၊ အဖွဲ့ဘုတ်အဖွဲ့ ဒါရိုက်တာတာဝန် တွေကိုလည်း ရယူခဲ့ဖူးသူဖြစ်ပါတယ်။ လောရမ့်ဝေါင်ဟာ ၂၀၁၁ ခုနှစ်မှာ နိုင်ငံရေးလောကကို စတင်ဝင်ရောက်ခဲ့ပြီးနောက် People's Action Party (PAP) ပါတီကိုယ်စားပြုကာ West Coast GRC အရပ်ဒေသ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပြီး အစိုးအဖွဲ့ဝန်ကြီးတွေအဖြစ် တာဝန်ယူ ခွင့်ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီးမှာ စင်ကာပူအစိုးရအဖွဲ့အတွင်း ပညာရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီး၊ ဆက်သွယ်ရေးနဲ့ သတင်း အချက် လက်ဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတာဝန်တွေ ကိုထမ်းဆောင်ခဲ့ပါတယ်။

လောရမ်ဝေါင်ဟာ ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲအပြီးမှာတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးတာဝန်တွေကို ရယူနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်က စင်ကာပူအစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ချိန်မှာ စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့်ရခဲ့ပါတယ်။ စင်ကာပူ အစိုးရအဖွဲ့ ဒုတိယ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူခွင့်တွေရရှိဖို့ တွန်းအားတွေလည်းဖြစ်စေခဲ့ပါတယ်။

စင်ကာပူဝန်ကြီးချုပ်အဖြစ်တာဝန်ယူနေတဲ့ လီရှန်လွန်း နိုင်ငံရေးလောကမှအနားယူသွား ချိန်မှာ လောရမ်ဝေါင် ဟာ စင်ကာပူနိုင်ငံဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရဖို့ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင် လာသူဖြစ်စေခဲ့ပါတယ်။ လီရှန် လွန်းဟာ စင်ကာပူနိုင်ငံဝန်ကြီးချုပ်အဖြစ် လောရမ်ဝေါင်ကို အစားထိုးရွေးချယ်မယ်လို့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း သတင်း ထုတ်ပြန်ခဲ့ပြီးနောက် လောရမ်ဝေါင်ဟာ ၂၀၂၄ ခုနှစ် မေလမှာ စင်ကာပူဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန် ဆိုခဲ့ ပါတယ်။ လောရမ်ဝေါင်ဟာ စင်ကာပူနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း စင်ကာပူနိုင်ငံမှာ မွေးဖွား ခဲ့သူတွေထဲကနေ ပထမဆုံး ဝန်ကြီးချုပ်အဖြစ်တာ ဝန်ယူခွင့်ရခဲ့သူဖြစ်ပါတယ်။

စင်ကာပူဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း စိန်ခေါ်မှုတွေများစွာ ရင်ဆိုင်ရဖွယ်ရှိနေပေမယ့် အဲဒီစိန်ခေါ်မှု တွေထဲက အကြီးမားဆုံးစိန်ခေါ်မှုဟာ နိုင်ငံရေးစိန်ခေါ်မှုထက် ပြည်သူ့ကျန်းမာရေးဆိုင် ရာဖြစ်တယ်လို့ဆိုပါတယ်။ စင်ကာပူနိုင်ငံ အစိုးရဆေး ရုံတွေရဲ့ဝန်ဆောင်မှုပိုင်းနဲ့ လူသေဆုံးမှုနှုန်းမြင့်တက် နေခြင်းတွေဟာ ဝန်ကြီးချုပ်အသစ် အဖြစ်တာဝန်ယူ နေတဲ့လောရမ်ဝေါင်အတွက် စိန်ခေါ်မှုဖြစ်လာဖွယ် ရှိနေပါတယ်။ စင်ကာပူနိုင်ငံရဲ့ ဆေးရုံတွေ ပိုမို ကောင်းမွန်အောင်လုပ်ဆောင်နိုင်ဖို့ နည်းလမ်းရှာမယ်လို့ လောရမ်ဝေါင်ကဆိုထားပါတယ်။

‘‘စင်ကာပူနိုင်ငံသားတွေရဲ့ ရှင်သန်နေ ထိုင်မှုတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမယ်။ အထူးသဖြင့် ကျန်းမာရေးစနစ်တွေနဲ့ပတ်သက်ပြီး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရမယ်။ စင်ကာပူနိုင်ငံရဲ့ကျန်းမာရေးစနစ်နဲ့ ဆေးရုံဝန်ဆောင်မှုတွေဟာ ကျွန်တော့်အတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ် လာဖွယ်ရှိနေပါတယ်”လို့ လောရမ်ဝေါင်က ပြောဆိုခဲ့ ဖူးပါတယ်။ လောရမ်ဝေါင်ဟာ ဂီတာတီးရတာကိုဝါ သနာပါသူတစ်ဦးဖြစ်ပြီး သူရဲ့လူမူကွန်ရက်တွေမှာ ကိုယ်တိုင်ဂီတာတီး၊ သီချင်းဆိုတဲ့ ရုပ်သံဖိုင်တွေကို မကြာခဏတင်လေ့ရှိနေသူဖြစ်ပါတယ်။ ဂီတကိုချစ် မြတ်နိုးသူ တစ်ဦးဖြစ်ပြီး အသက် ၈ နှစ်အရွယ်တုန်းက ဖခင်ဖြစ်သူက လောရမ်ဝေါင်ကို ဂီတာတစ်လက် လက်ဆောင်ပေး ခဲ့ဖူးပါ တယ်။ လောရမ်ဝေါင်ဟာ ဂီတနဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုတွေပိုမိုဖြစ်လာစေဖို့ အမေရိကန်နိုင်ငံမှာ လေ့လာသင်ကြားခဲ့ သူဖြစ်ပါတယ်။ သူ့ကိုယ်သူ စာကြမ်းပိုးတစ်ဦးအဖြစ် မကြာခဏပြောဆိုလေ့ရှိပြီး စာအုပ်စာပေဖတ်အား ကောင်း သူတစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။ တခြားခေါင်း ဆောင်တွေနဲ့မတူဘဲ သူရဲ့ထူးခြားမှုဟာ ခွေးတွေကို ချစ်ခင်တတ်သူဖြစ် တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

လောရမ်ဝေါင်ဟာ အိမ်ထောင်ဆက်နှစ် ဆက်ဖြစ်ပြီး အသက် ၂၀ အရွယ်မှာ ပထမဆုံး အိမ်ထောင်ကျခဲ့ကာ စီးပွားရေးမပြည့်စုံမှုတွေနဲ့ အငြင်းပွားမှုတွေကြောင့် အိမ်ထောင်ကွဲခဲ့ပြီး နောက်နှစ် အနည်းငယ်အကြာမှာ စီးပွားရေးစီမံ ခန့်ခွဲမှုပညာရှင် တစ်ဦးဖြစ်သူ Loo TzeLu အမည်ရှိ အမျိုးသမီးနဲ့ ထပ်မံအိမ်ထောင်ပြုခဲ့ပေမယ့် သားသမီးထွန်းကား တာမျိုးမရှိပါဘူး။ လောရမ်ဝေါင်က ‘‘စင်ကာပူနိုင်ငံသားတွေ ပညာရေးနဲ့ ကျန်းမာရေးအခွင့်အရေးတွေ အပါအဝင် နိုင်ငံသားတိုင်းရသင့်တဲ့ အခွင့်အရေး အားလုံးရအောင်လုပ်ဆောင်မယ်။ အဲဒီလိုမျိုးလုပ်ဆောင်ပေးဖို့ သဘောတူညီမှု တွေရှိမယ်ဆိုရင် လူတွေဟာ ဆင်းရဲတာပဲဖြစ်ဖြစ် ချမ်းသာတာပဲဖြစ်ဖြစ် အလုပ်လုပ်လိုစိတ်အပြည့်အဝရှိရမယ်။ စင်ကာပူနိုင်ငံရဲ့အိပ်မက်ဗားရှင်းအသစ်ဟာ အာရှတိုက်ရဲ့ အချမ်းသာဆုံးမြို့မဖြစ်မချင်း ကျွန်တော်တို့ရဲ့လုပ်အားတွေ ကို လျှော့ချလို့မရဘူး” လို့ပြောပါတယ်။ စင်ကာပူနိုင်ငံဟာ အာဆီယံဒေသအတွင်းရှိနိုင်ငံတွေထဲမှာ လူဦးရေအနည်းဆုံး နိုင်ငံဖြစ်ပြီး လူဦးရေ ၆ သန်း နီးပါးရှိကာ မလေးရှားနိုင်ငံထံကနေခွဲထွက်ပြီး လွတ် လပ်ရေးရယူနိုင်ခဲ့တာ နှစ်ပေါင်း ၆၀ နီးပါးသာရှိပါသေးတယ်။

စင်ကာပူသမ္မတနိုင်ငံဟာ အာဆီယံဒေသ တွင်းနိုင်ငံတွေထဲမှာ နာမည်ကျော်နိုင်ငံဖြစ်ပေမယ့် ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မလေးကျွန်းဆွယ်ရဲ့တောင်ဘက်အစွန်ဆုံးမှာတည်ရှိနေသလို ကမ္ဘာပေါ်ရှိ နိုင်ငံနှင့်မြို့တော်တစ်ခု တည်းဖြစ်တဲ့ နိုင်ငံ ၃ ခုထဲမှာ ပါဝင်နေပါတယ်။ စင်ကာပူနိုင်ငံဟာ ဥရောပသားတို့ အခြေချမနေထိုင်မီအချိန်တုန်းက စင်ကာပူမြစ်ဝမှာတည်ရှိတဲ့ မလေးငါးဖမ်းရွာကလေးတစ်ရွာမျှသာဖြစ်တယ် လို့ဆိုပါတယ်။ စင်ကာပူနိုင်ငံရဲ့တည်ရှိမှု ဟာ ကမ္ဘာ့ကုန်သွယ်ရေးအတွက်အချက်အချာကျတဲ့ နေရာမှာရှိ နေတဲ့အတွက် နိုင်ငံငယ်ပေမယ့် ပြည်ပနိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံမှုကတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတဲ့နိုင်ငံဖြစ်ပါတယ်။ စင်ကာပူနိုင်ငံဟာ ဗြိတိန်ကိုလိုနီဖြစ်ခဲ့ သလို မလေးရှားလက်အောက်ခံအဖြစ် လည်းရပ်တည်ခဲ့ရပြီး ၁၉၆၅ ခုနှစ်မှာ မလေးရှားလက် အောက်ကခွဲထွက်ကာ ကိုယ်ပိုင် လွတ်လပ်တဲ့နိုင်ငံ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း စင်ကာပူရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာခဲ့ပါတယ်။ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ နယ်သာ လန်စီးပွားရေးပညာရှင် အဲလ်ဘတ်ဝင်းစီးမီးယပ် (Albert Winsemius) ရေးဆွဲခဲ့တဲ့ စီမံကိန်းအပေါ် အခြေပြုပြီး စက်မှုထုတ်လုပ်ငန်း ပြောင်းလဲမှုတွေကြောင့် အီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ရေနံဓာတုလုပ်ငန်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတို့အပြင် ရိုးရာကုန် သွယ်ရေးနဲ့ ထုတ်ကုန်သွင်းကုန်လုပ်ငန်းတို့ပါဝင်တဲ့ ခေတ်သစ်စီးပွားရေးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ စင်ကာပူနိုင်ငံဟာ အာဆီယံဒေသအတွင်းရှိနိုင်ငံတွေထဲမှာ နှစ်ပေါင်း ၆၀ နီးပါးအတွင်း ဝန်ကြီးချုပ်အပြောင်း အလဲ အနည်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေကြောင်းသိရပါတယ်။

zawgyi version
စင္ကာပူႏိုင္ငံရဲ႕ ေလးဦးေျမာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူတဲ့ ေလာရမ္ေဝါင္အေၾကာင္း တေစ့တေစာင္း (အတၳဳပၸတၱိ)
ဂ်န္ဇက္ (NP News) - ဇြန္ ၃ဝ

စင္ကာပူႏိုင္ငံတည္ေထာင္ခဲ့ၿပီးေနာက္ပိုင္း ႏွစ္ေပါင္း ၆၅ ႏွစ္နီးပါးအတြင္း ႏိုင္ငံကို တာဝန္ယူခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ ေလးဦးအထိသာရွိေနပါတယ္။ စင္ကာပူႏိုင္ငံရဲ႕ပထမဆုံး ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့တဲ့ လီကြမ္ယုဟာ စင္ကာပူ ႏိုင္ငံဝန္ႀကီးခ်ဳပ္အျဖစ္ (၈) ႀကိမ္တိုင္တာဝန္ယူခဲ့ၿပီး ဂိုေခ်ာင္ေတာင္က စင္ကာပူဝန္ႀကီးခ်ဳပ္အျဖစ္ သုံးႀကိမ္ဆက္တိုက္ တာ ဝန္ယူခဲ့ပါတယ္။ စင္ကာပူဝန္ႀကီးခ်ဳပ္ေဟာင္း လီကြမ္ ယုရဲ႕သားျဖစ္သူ လီရွန္လြန္းဟာ စင္ကာပူႏိုင္ငံဝန္ႀကီးခ်ဳပ္ အျဖစ္ ေလးႀကိမ္ဆက္တိုက္တာဝန္ယူခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ စင္ကာပူဝန္ႀကီးခ်ဳပ္အျဖစ္ေလာရမ္ ေဝါင္ကို တာဝန္ ယူလႊဲ ေပးလိုက္ပါတယ္။ စင္ကာပူႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ဟာ စင္ကာပူအစိုးရအဖြဲ႕အႀကီးအကဲျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ကို သမၼတက ေ႐ြးခ်ယ္တာမ်ိဳးျဖစ္ပါတယ္။ စင္ကာပူသမၼတဟာ လႊတ္ေတာ္ကိုယ္စား လွယ္ေတြထဲကေန မဲအမ်ားဆုံးရရွိတဲ့ သူကို ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ရတာမ်ိဳးျဖစ္ၿပီး ၂၀၂၄ ခုႏွစ္ ေမလ ၁၅ ရက္ေန႔တည္းက စင္ကာပူႏိုင္ငံရဲ႕ေလး ဦးေျမာက္ဝန္ႀကီးခ်ဳပ္အျဖစ္ စတင္တာဝန္ယူခဲ့ပါတယ္။ ၁၉၇၂ ခုႏွစ္ ဒီဇင္ဘာလမွာေမြးဖြားခဲ့တဲ့ ေလာရမ္ေဝါင္ဟာ စင္ကာပူႏိုင္ငံဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္မယူခင္ ၂၀၂၁ ခုႏွစ္ေနာက္ပိုင္းတည္းက စင္ကာပူဘ႑ာေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့သူျဖစ္ ပါတယ္။ လက္ရွိအခ်ိန္မွာ အသက္ ၅၂ ႏွစ္အ႐ြယ္ရွိ ေနတဲ့ ေဝါင္ဟာ အစိုးရအဖြဲ႕မွာတာဝန္မယူခင္ စီးပြားေရးလုပ္ငန္းရွင္၊ အစိုးရဝန္ထမ္းနဲ႔ ႏိုင္ငံေရး သမားအျဖစ္လုပ္ကိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ေလာရမ္ေဝါင္ဟာ ၁၉၉၄ ခုႏွစ္မွာ Wisconsin Madison တကၠသိုလ္ကေန စီးပြားေရးပညာနဲ႔ ဘြဲရရွိခဲ့ၿပီး ၁၉၉၅ ခုႏွစ္မွာ အေမရိကန္ႏိုင္ငံ မီခ်ီဂန္ တကၠသိုလ္မွာ စီးပြားေရးပညာနဲ႔ မဟာဘြဲ႕ထပ္မံရရွိခဲ့ကာ ၂၀ဝ၄ ခုႏွစ္မွာ အေမရိကန္ႏိုင္ငံ ဟားဗတ္ တကၠသိုလ္ ကေန ျပည္သူ႔အုပ္ခ်ဳပ္ေရးနဲ႔ စီမံခန႔္ခြဲမႈ ဘာသာရပ္နဲ႔ မဟာဘြဲ႕ထပ္မံရရွိခဲ့ပါတယ္။ ငယ္စဥ္က ဘဝကိုခက္ခဲစြာ႐ုန္းကန္ ခဲ့ရသူျဖစ္ၿပီး မိခင္ျဖစ္သူဟာ မူလတန္းေက်ာင္းရဲ႕ဆရာမတစ္ဦးျဖစ္သလို ဖခင္ျဖစ္သူက ေဈးေရာင္းရသူတစ္ဦးျဖစ္ပါ တယ္။ ေဝါင္ဟာ ပညာေရးထူးခြၽန္တဲ့အတြက္ စင္ကာပူအစိုးရရဲ႕ စေကာလားရွစ္ေထာက္ပံ့မႈနဲ႔ ပညာသင္ၾကားခဲ့ရၿပီး ကုန္သြယ္ေရးဝန္ႀကီးဌာနရဲ႕ စီးပြားေရးအႀကံေပးအျဖစ္လုပ္ကိုင္ခဲ့ရပါတယ္။ ေလာရမ္ေဝါင္ဟာ စင္ကာပူႏိုင္ငံရဲ႕ ဗ်ဴ႐ိုကရက္အစိုးရဝန္ႀကီးဌာနေတြမွာ အဓိကအေရးပါတဲ့ရာထူးေတြကိုလည္း ရရွိခဲ့ဖူးသူျဖစ္ပါတယ္။ ၂၀၁၁ ခုႏွစ္မွာ စင္ကာပူႏိုင္ငံေရးေလာကကို စတင္ဝန္ေဆာင္ခဲ့ၿပီး စင္ကာပူဗဟိုဘဏ္ရဲ႕ ေငြေၾကးအာဏာပိုင္ေတြ၊ အဖြဲ႕ဘုတ္အဖြဲ႕ ဒါ႐ိုက္တာတာဝန္ ေတြကိုလည္း ရယူခဲ့ဖူးသူျဖစ္ပါတယ္။ ေလာရမ့္ေဝါင္ဟာ ၂၀၁၁ ခုႏွစ္မွာ ႏိုင္ငံေရးေလာကကို စတင္ဝင္ေရာက္ခဲ့ၿပီးေနာက္ People's Action Party (PAP) ပါတီကိုယ္စားျပဳကာ West Coast GRC အရပ္ေဒသ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ရာ အႏိုင္ရခဲ့ၿပီး အစိုးအဖြဲ႕ဝန္ႀကီးေတြအျဖစ္ တာဝန္ယူ ခြင့္ရရွိခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲအၿပီးမွာ စင္ကာပူအစိုးရအဖြဲ႕အတြင္း ပညာေရးဝန္ႀကီး၊ ယဥ္ေက်းမႈဝန္ႀကီး၊ ဆက္သြယ္ေရးနဲ႔ သတင္း အခ်က္ လက္ဆိုင္ရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီးတာဝန္ေတြ ကိုထမ္းေဆာင္ခဲ့ပါတယ္။

ေလာရမ္ေဝါင္ဟာ ၂၀၂၀ ျပည့္ႏွစ္အေထြေထြ ေ႐ြးေကာက္ပြဲအၿပီးမွာေတာ့ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ဘ႑ာေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးတာဝန္ေတြကို ရယူႏိုင္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္က စင္ကာပူအစိုးရအဖြဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္ခ်ိန္မွာ စင္ကာပူႏိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခြင့္ရခဲ့ပါတယ္။ စင္ကာပူ အစိုးရအဖြဲ႕ ဒုတိယ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခြင့္ရရွိခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္ တာဝန္ယူခြင့္ေတြရရွိဖို႔ တြန္းအားေတြလည္းျဖစ္ေစခဲ့ပါတယ္။

စင္ကာပူဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူေနတဲ့ လီရွန္လြန္း ႏိုင္ငံေရးေလာကမွအနားယူသြား ခ်ိန္မွာ ေလာရမ္ေဝါင္ ဟာ စင္ကာပူႏိုင္ငံဝန္ႀကီးခ်ဳပ္အျဖစ္ေ႐ြးခ်ယ္ခံရဖို႔ လြတ္လြတ္ကြၽတ္ကြၽတ္ဦးေဆာင္ လာသူျဖစ္ေစခဲ့ပါတယ္။ လီရွန္ လြန္းဟာ စင္ကာပူႏိုင္ငံဝန္ႀကီးခ်ဳပ္အျဖစ္ ေလာရမ္ေဝါင္ကို အစားထိုးေ႐ြးခ်ယ္မယ္လို႔ ၂၀၂၄ ခုႏွစ္ ဧၿပီလအတြင္း သတင္း ထုတ္ျပန္ခဲ့ၿပီးေနာက္ ေလာရမ္ေဝါင္ဟာ ၂၀၂၄ ခုႏွစ္ ေမလမွာ စင္ကာပူဝန္ႀကီးခ်ဳပ္အျဖစ္ က်မ္းသစၥာက်ိန္ ဆိုခဲ့ ပါတယ္။ ေလာရမ္ေဝါင္ဟာ စင္ကာပူႏိုင္ငံ လြတ္လပ္ေရးရရွိခဲ့ၿပီးေနာက္ပိုင္း စင္ကာပူႏိုင္ငံမွာ ေမြးဖြား ခဲ့သူေတြထဲကေန ပထမဆုံး ဝန္ႀကီးခ်ဳပ္အျဖစ္တာ ဝန္ယူခြင့္ရခဲ့သူျဖစ္ပါတယ္။

စင္ကာပူဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း စိန္ေခၚမႈေတြမ်ားစြာ ရင္ဆိုင္ရဖြယ္ရွိေနေပမယ့္ အဲဒီစိန္ေခၚမႈ ေတြထဲက အႀကီးမားဆုံးစိန္ေခၚမႈဟာ ႏိုင္ငံေရးစိန္ေခၚမႈထက္ ျပည္သူ႔က်န္းမာေရးဆိုင္ ရာျဖစ္တယ္လို႔ဆိုပါတယ္။ စင္ကာပူႏိုင္ငံ အစိုးရေဆး ႐ုံေတြရဲ႕ဝန္ေဆာင္မႈပိုင္းနဲ႔ လူေသဆုံးမႈႏႈန္းျမင့္တက္ ေနျခင္းေတြဟာ ဝန္ႀကီးခ်ဳပ္အသစ္ အျဖစ္တာဝန္ယူ ေနတဲ့ေလာရမ္ေဝါင္အတြက္ စိန္ေခၚမႈျဖစ္လာဖြယ္ ရွိေနပါတယ္။ စင္ကာပူႏိုင္ငံရဲ႕ ေဆး႐ုံေတြ ပိုမို ေကာင္းမြန္ေအာင္လုပ္ေဆာင္ႏိုင္ဖို႔ နည္းလမ္းရွာမယ္လို႔ ေလာရမ္ေဝါင္ကဆိုထားပါတယ္။

‘‘စင္ကာပူႏိုင္ငံသားေတြရဲ႕ ရွင္သန္ေန ထိုင္မႈေတြကို ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္သြားမယ္။ အထူးသျဖင့္ က်န္းမာေရးစနစ္ေတြနဲ႔ပတ္သက္ၿပီး ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ရမယ္။ စင္ကာပူႏိုင္ငံရဲ႕က်န္းမာေရးစနစ္နဲ႔ ေဆး႐ုံဝန္ေဆာင္မႈေတြဟာ ကြၽန္ေတာ့္အတြက္ ႀကီးမားတဲ့စိန္ေခၚမႈျဖစ္ လာဖြယ္ရွိေနပါတယ္”လို႔ ေလာရမ္ေဝါင္က ေျပာဆိုခဲ့ ဖူးပါတယ္။ ေလာရမ္ေဝါင္ဟာ ဂီတာတီးရတာကိုဝါ သနာပါသူတစ္ဦးျဖစ္ၿပီး သူရဲ႕လူမူကြန္ရက္ေတြမွာ ကိုယ္တိုင္ဂီတာတီး၊ သီခ်င္းဆိုတဲ့ ႐ုပ္သံဖိုင္ေတြကို မၾကာခဏတင္ေလ့ရွိေနသူျဖစ္ပါတယ္။ ဂီတကိုခ်စ္ ျမတ္ႏိုးသူ တစ္ဦးျဖစ္ၿပီး အသက္ ၈ ႏွစ္အ႐ြယ္တုန္းက ဖခင္ျဖစ္သူက ေလာရမ္ေဝါင္ကို ဂီတာတစ္လက္ လက္ေဆာင္ေပး ခဲ့ဖူးပါ တယ္။ ေလာရမ္ေဝါင္ဟာ ဂီတနဲ႔ပတ္သက္ၿပီး ကြၽမ္းက်င္မႈေတြပိုမိုျဖစ္လာေစဖို႔ အေမရိကန္ႏိုင္ငံမွာ ေလ့လာသင္ၾကားခဲ့ သူျဖစ္ပါတယ္။ သူ႔ကိုယ္သူ စာၾကမ္းပိုးတစ္ဦးအျဖစ္ မၾကာခဏေျပာဆိုေလ့ရွိၿပီး စာအုပ္စာေပဖတ္အား ေကာင္း သူတစ္ဦး ျဖစ္တယ္လို႔ဆိုပါတယ္။ တျခားေခါင္း ေဆာင္ေတြနဲ႔မတူဘဲ သူရဲ႕ထူးျခားမႈဟာ ေခြးေတြကို ခ်စ္ခင္တတ္သူျဖစ္ တယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။

ေလာရမ္ေဝါင္ဟာ အိမ္ေထာင္ဆက္ႏွစ္ ဆက္ျဖစ္ၿပီး အသက္ ၂၀ အ႐ြယ္မွာ ပထမဆုံး အိမ္ေထာင္က်ခဲ့ကာ စီးပြားေရးမျပည့္စုံမႈေတြနဲ႔ အျငင္းပြားမႈေတြေၾကာင့္ အိမ္ေထာင္ကြဲခဲ့ၿပီး ေနာက္ႏွစ္ အနည္းငယ္အၾကာမွာ စီးပြားေရးစီမံ ခန႔္ခြဲမႈပညာရွင္ တစ္ဦးျဖစ္သူ Loo TzeLu အမည္ရွိ အမ်ိဳးသမီးနဲ႔ ထပ္မံအိမ္ေထာင္ျပဳခဲ့ေပမယ့္ သားသမီးထြန္းကား တာမ်ိဳးမရွိပါဘူး။ ေလာရမ္ေဝါင္က ‘‘စင္ကာပူႏိုင္ငံသားေတြ ပညာေရးနဲ႔ က်န္းမာေရးအခြင့္အေရးေတြ အပါအဝင္ ႏိုင္ငံသားတိုင္းရသင့္တဲ့ အခြင့္အေရး အားလုံးရေအာင္လုပ္ေဆာင္မယ္။ အဲဒီလိုမ်ိဳးလုပ္ေဆာင္ေပးဖို႔ သေဘာတူညီမႈ ေတြရွိမယ္ဆိုရင္ လူေတြဟာ ဆင္းရဲတာပဲျဖစ္ျဖစ္ ခ်မ္းသာတာပဲျဖစ္ျဖစ္ အလုပ္လုပ္လိုစိတ္အျပည့္အဝရွိရမယ္။ စင္ကာပူႏိုင္ငံရဲ႕အိပ္မက္ဗားရွင္းအသစ္ဟာ အာရွတိုက္ရဲ႕ အခ်မ္းသာဆုံးၿမိဳ႕မျဖစ္မခ်င္း ကြၽန္ေတာ္တို႔ရဲ႕လုပ္အားေတြ ကို ေလွ်ာ့ခ်လို႔မရဘူး” လို႔ေျပာပါတယ္။ စင္ကာပူႏိုင္ငံဟာ အာဆီယံေဒသအတြင္းရွိႏိုင္ငံေတြထဲမွာ လူဦးေရအနည္းဆုံး ႏိုင္ငံျဖစ္ၿပီး လူဦးေရ ၆ သန္း နီးပါးရွိကာ မေလးရွားႏိုင္ငံထံကေနခြဲထြက္ၿပီး လြတ္ လပ္ေရးရယူႏိုင္ခဲ့တာ ႏွစ္ေပါင္း ၆၀ နီးပါးသာရွိပါေသးတယ္။

စင္ကာပူသမၼတႏိုင္ငံဟာ အာဆီယံေဒသ တြင္းႏိုင္ငံေတြထဲမွာ နာမည္ေက်ာ္ႏိုင္ငံျဖစ္ေပမယ့္ ကြၽန္းႏိုင္ငံ တစ္ႏိုင္ငံျဖစ္ၿပီး မေလးကြၽန္းဆြယ္ရဲ႕ေတာင္ဘက္အစြန္ဆုံးမွာတည္ရွိေနသလို ကမာၻေပၚရွိ ႏိုင္ငံႏွင့္ၿမိဳ႕ေတာ္တစ္ခု တည္းျဖစ္တဲ့ ႏိုင္ငံ ၃ ခုထဲမွာ ပါဝင္ေနပါတယ္။ စင္ကာပူႏိုင္ငံဟာ ဥေရာပသားတို႔ အေျခခ်မေနထိုင္မီအခ်ိန္တုန္းက စင္ကာပူျမစ္ဝမွာတည္ရွိတဲ့ မေလးငါးဖမ္း႐ြာကေလးတစ္႐ြာမွ်သာျဖစ္တယ္ လို႔ဆိုပါတယ္။ စင္ကာပူႏိုင္ငံရဲ႕တည္ရွိမႈ ဟာ ကမာၻ႔ကုန္သြယ္ေရးအတြက္အခ်က္အခ်ာက်တဲ့ ေနရာမွာရွိ ေနတဲ့အတြက္ ႏိုင္ငံငယ္ေပမယ့္ ျပည္ပႏိုင္ငံသားေတြ ရင္းႏွီးျမႇဳပ္ႏွံမႈကတစ္ဆင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာတဲ့ႏိုင္ငံျဖစ္ပါတယ္။ စင္ကာပူႏိုင္ငံဟာ ၿဗိတိန္ကိုလိုနီျဖစ္ခဲ့ သလို မေလးရွားလက္ေအာက္ခံအျဖစ္ လည္းရပ္တည္ခဲ့ရၿပီး ၁၉၆၅ ခုႏွစ္မွာ မေလးရွားလက္ ေအာက္ကခြဲထြက္ကာ ကိုယ္ပိုင္ လြတ္လပ္တဲ့ႏိုင္ငံ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

လြတ္လပ္ေရးရၿပီးေနာက္ပိုင္း စင္ကာပူရဲ႕ လူေနမႈအဆင့္အတန္း ျမင့္မားလာခဲ့ပါတယ္။ ႏိုင္ငံျခားမွ တိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔အတူ နယ္သာ လန္စီးပြားေရးပညာရွင္ အဲလ္ဘတ္ဝင္းစီးမီးယပ္ (Albert Winsemius) ေရးဆြဲခဲ့တဲ့ စီမံကိန္းအေပၚ အေျချပဳၿပီး စက္မႈထုတ္လုပ္ငန္း ေျပာင္းလဲမႈေတြေၾကာင့္ အီလက္ထ႐ြန္နစ္ပစၥည္း ထုတ္လုပ္မႈလုပ္ငန္း၊ ေရနံဓာတုလုပ္ငန္း၊ ကမာၻလွည့္ခရီးသြားလုပ္ငန္းနဲ႔ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းတို႔အျပင္ ႐ိုးရာကုန္ သြယ္ေရးနဲ႔ ထုတ္ကုန္သြင္းကုန္လုပ္ငန္းတို႔ပါဝင္တဲ့ ေခတ္သစ္စီးပြားေရးတစ္ခုကို ဖန္တီးခဲ့ပါတယ္။ စင္ကာပူႏိုင္ငံဟာ အာဆီယံေဒသအတြင္းရွိႏိုင္ငံေတြထဲမွာ ႏွစ္ေပါင္း ၆၀ နီးပါးအတြင္း ဝန္ႀကီးခ်ဳပ္အေျပာင္း အလဲ အနည္းဆုံး ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ရပ္တည္ေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.