ဆန်ဈေးနှုန်းများကို အဆမတန်မြှင့်တင်ရောင်းချခဲ့သည့် City Mart Holding ကုမ္ပဏီမှ တာဝန်ရှိသူ အပါအဝင် (၁၁)ဦးကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူမည်ဟု နစကထုတ်ပြန်

 11315

NP News - ဇူလိုင် ၁

ဆန်ဈေးနှုန်းများကို အဆမတန်မြှင့်တင်ရောင်းချခဲ့သည့် City Mart Holding ကုမ္ပဏီမှ တာဝန်ရှိသူ အပါအဝင် (၁၁)ဦးကို ၂၀၂၁ ခုဣှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူမည်ဖြစ်ကြောင်း နစကမှ ဇွန်လ(၃၀)ရက် ညပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။

ပြည်တွင်းဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းဝယ်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် ဆန်ဝယ်ယူစားသုံးရန် အခက်အခဲများဖြစ်ပေါ်နေကြောင်း သတင်းရရှိသည့်အတွက် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ မြို့ကြီးများရှိ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ၇ ခုတို့မှ ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦးကို လုံခြုံရေးအဖွဲ့အစည်းများက ဖော်ထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိချက်များအရ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဥ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းအထိ အမြတ် အစွန်းပိုမိုရယူကာ ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၇ ဦး၊ သတ်မှတ်ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦး၊ သတ်မှတ်ဈေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၇ ဦးရှိသည်ကို စိစစ်တွေ့ရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် သတ်မှတ်ဈေးနှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သူ ၂၄ ဦးကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့်အခွန် ထပ်မံစည်းကြပ်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ဈေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၇ ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ-၅ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ဆိုထားသည်။

အလားတူ နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ မြို့ကြီးများရှိ ဈေးဝယ်စင်တာနှင့်စတိုးဆိုင်ကြီးများတွင် အလေးချိန်အမျိုးမျိုးဖြင့် အသင့်ထုပ်ပိုးထားသည့်ဆန်အိတ်များ (Consumer Package) ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ပိုမိုအမြတ်တင်ရောင်းချနေသည့်အတွက် ဈေးဝယ်စင်တာနှင့် စတိုးဆိုင်ကြီး ၅၃ ဆိုင်၏ ဆန်ရောင်းဝယ်မှုအခြေအနေများအား လုံခြုံရေးအဖွဲ့အစည်းများက ဝင်ရောက်စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို ထိန်းသိမ်းစစ်ဆေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

စစ်ဆေးတွေ့ရှိချက်များအရ အထက်ပါ ဈေးဝယ်စင်တာနှင့်စတိုးဆိုင်ကြီးများသည် အလေး ချိန်အမျိုးမျိုးဖြင့် အသင့်ထုပ်ပိုးထားသည့် ဆန်အိတ်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းအထိ အမြတ်အစွန်းပိုမိုရယူကာ ရောင်းချလျက်ရှိသည့် စတိုးဆိုင် ၁ ဆိုင်၊ ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချလျက်ရှိသည့် ဈေးဝယ်စင်တာနှင့်စတိုးဆိုင် ၃၀ ဆိုင်၊ ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင် ရောင်းချလျက်ရှိသည့် ဈေးဝယ်စင်တာ ၂၂ ဆိုင်ရှိကြောင်း နစကမှ ဆိုထားသည်။

ထို့ပြင် ဈေးဝယ်စင်တာနှင့် စတိုးဆိုင်အချို့မှာ ၎င်းတို့၏ ကုမ္ပဏီဝန်ထမ်းစရိတ်၊ အရောင်းမြှင့်တင်ရေးစရိတ်များကိုပါ အကျိုးအမြတ်ရယူရောင်းချသည့် နှုန်းများတွင် မလိုလားအပ်ဘဲ ထည့်သွင်းတွက်ချက် ရောင်းဝယ်လျက်ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း သိရသည်။

သို့ဖြစ်၍ စစ်ဆေးတွေ့ရှိရသည့်ဆိုင်များအနက် သတ်မှတ်ဈေးနှုန်းထက် ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချခဲ့သည့် ဈေးဝယ်စင်တာနှင့်စတိုးဆိုင် ၃၀ ဆိုင်ကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့်အခွန်ထပ်မံ စည်းကြပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သတ်မှတ်ဈေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍အကျိုး အမြတ်များစွာ ရယူရောင်းချခဲ့သည့် ဈေးဝယ်စင်တာ ၂၂ ဆိုင်မှ တာဝန်ရှိသူ ၄ ဦးကို ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။ ထိုသို့အရေးယူခံခဲ့ရသည့် တာဝန်ရှိသူ(၄)ဦးမှာ One Stop Mart၊ City Mart Holding ကုမ္ပဏီ၊ Sein Gay Har Holding ကုမ္ပဏီနှင့် Aeon Orange တို့မှ တာဝန်ရှိသူများ ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူလူထု၏စားဝတ်နေရေး အကြပ်အတည်းဖြစ်စေရန် ပြည်တွင်းဆန်ဈေးကွက်အတွင်း၌ ဆန်ဈေးနှုန်းများကို သင့်တင့်မျှတသောဈေးနှုန်းများထက် ပိုမိုရောင်းချဆောင်ရွက်နေသူများကိုလည်း စိစစ်ဖော်ထုတ်ကာ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ဆိုထားသည်။

zawgyi version
ဆန္ေဈးႏႈန္းမ်ားကို အဆမတန္ျမႇင့္တင္ေရာင္းခ်ခဲ့သည့္ City Mart Holding ကုမၸဏီမွ တာဝန္ရွိသူ အပါအဝင္ (၁၁)ဦးကို အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒျဖင့္ အေရးယူမည္ဟု နစကထုတ္ျပန္

NP News - ဇူလိုင္ ၁

ဆန္ေဈးႏႈန္းမ်ားကို အဆမတန္ျမႇင့္တင္ေရာင္းခ်ခဲ့သည့္ City Mart Holding ကုမၸဏီမွ တာဝန္ရွိသူ အပါအဝင္ (၁၁)ဦးကို ၂၀၂၁ ခုဣွစ္၊ အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈ ဥပေဒပုဒ္မ-၅ အရ အေရးယူမည္ျဖစ္ေၾကာင္း နစကမွ ဇြန္လ(၃၀)ရက္ ညပိုင္းတြင္ အသိေပးထုတ္ျပန္ထားသည္။

ျပည္တြင္းဆန္ေဈးကြက္အတြင္း ဆန္ေဈးႏႈန္းမ်ား အဆမတန္ျမႇင့္တင္ေရာင္းဝယ္လ်က္ရွိေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ဆန္ဝယ္ယူစားသုံးရန္ အခက္အခဲမ်ားျဖစ္ေပၚေနေၾကာင္း သတင္းရရွိသည့္အတြက္ ေနျပည္ေတာ္အပါအဝင္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးမ်ား၏ ၿမိဳ႕ႀကီးမ်ားရွိ ဆန္ဂိုေဒါင္ ၁၀၂ လုံး၊ ဆန္စက္ ၂၅ ခု၊ ဆိုင္ခန္း ၇ ခုတို႔မွ ဆန္စပါးလုပ္ငန္းရွင္ ၅၈ ဦးကို လုံၿခဳံေရးအဖြဲ႕အစည္းမ်ားက ေဖာ္ထုတ္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ လစဥ္ထုတ္ျပန္သည့္ သင့္တင့္မွ်တေသာ ေဈးကြက္ေဈးႏႈန္းထက္ ၁၀ ရာခိုင္ႏႈန္းအထိ အျမတ္ အစြန္းပိုမိုရယူကာ ေရာင္းခ်ခဲ့သည့္ ဆန္စပါးလုပ္ငန္းရွင္ ၂၇ ဦး၊ သတ္မွတ္ေဈးႏႈန္းထက္ ၁၁ ရာခိုင္ႏႈန္းမွ ၃၀ ရာခိုင္ႏႈန္းအထိ ပိုမိုအျမတ္တင္ေရာင္းခ်ခဲ့သည့္ ဆန္စပါးလုပ္ငန္းရွင္ ၂၄ ဦး၊ သတ္မွတ္ေဈးႏႈန္းထက္ ၃၁ ရာခိုင္ႏႈန္းမွ ၇၀ ရာခိုင္ႏႈန္းအထိ အက်ိဳးအျမတ္မ်ားစြာ ရယူေရာင္းခ်ခဲ့သည့္ ဆန္စပါးလုပ္ငန္းရွင္ ၇ ဦးရွိသည္ကို စိစစ္ေတြ႕ရွိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ သတ္မွတ္ေဈးႏႈန္းထက္ ၁၁ ရာခိုင္ႏႈန္းမွ ၃၀ ရာခိုင္ႏႈန္းအထိ ပိုမိုအျမတ္တင္ေရာင္းခ်ခဲ့သူ ၂၄ ဦးကို ၎တို႔ရရွိခဲ့သည့္ အက်ိဳးအျမတ္မ်ားအေပၚ ဒဏ္ေၾကးႏွင့္အခြန္ ထပ္မံစည္းၾကပ္သြားမည္ျဖစ္ေၾကာင္း၊ သတ္မွတ္ေဈးႏႈန္းထက္ ၃၁ ရာခိုင္ႏႈန္းမွ ၇၀ ရာခိုင္ႏႈန္းအထိ ပိုမို၍အက်ိဳးအျမတ္မ်ားစြာ ရယူေရာင္းခ်ခဲ့သည့္ ဆန္စပါးလုပ္ငန္းရွင္ ၇ ဦးကို ၂၀၁၂ ခုႏွစ္၊ အေရးႀကီး ကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒပုဒ္မ-၅ အရ အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။

အလားတူ ေနျပည္ေတာ္အပါအဝင္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးမ်ား၏ ၿမိဳ႕ႀကီးမ်ားရွိ ေဈးဝယ္စင္တာႏွင့္စတိုးဆိုင္ႀကီးမ်ားတြင္ အေလးခ်ိန္အမ်ိဳးမ်ိဳးျဖင့္ အသင့္ထုပ္ပိုးထားသည့္ဆန္အိတ္မ်ား (Consumer Package) ကို ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ လစဥ္ထုတ္ျပန္သည့္ သင့္တင့္မွ်တေသာ ေဈးကြက္ေဈးႏႈန္းထက္ ပိုမိုအျမတ္တင္ေရာင္းခ်ေနသည့္အတြက္ ေဈးဝယ္စင္တာႏွင့္ စတိုးဆိုင္ႀကီး ၅၃ ဆိုင္၏ ဆန္ေရာင္းဝယ္မႈအေျခအေနမ်ားအား လုံၿခဳံေရးအဖြဲ႕အစည္းမ်ားက ဝင္ေရာက္စစ္ေဆးခဲ့ၿပီး တာဝန္ရွိသူမ်ားကို ထိန္းသိမ္းစစ္ေဆးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ အထက္ပါ ေဈးဝယ္စင္တာႏွင့္စတိုးဆိုင္ႀကီးမ်ားသည္ အေလး ခ်ိန္အမ်ိဳးမ်ိဳးျဖင့္ အသင့္ထုပ္ပိုးထားသည့္ ဆန္အိတ္မ်ားကို ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ လစဥ္ထုတ္ျပန္သည့္ သင့္တင့္မွ်တေသာ ေဈးကြက္ေဈးႏႈန္းထက္ ၂၀ ရာခိုင္ႏႈန္းအထိ အျမတ္အစြန္းပိုမိုရယူကာ ေရာင္းခ်လ်က္ရွိသည့္ စတိုးဆိုင္ ၁ ဆိုင္၊ ၂၁ ရာခိုင္ႏႈန္းမွ ၅၀ ရာခိုင္ႏႈန္းအထိ ပိုမိုအျမတ္တင္ေရာင္းခ်လ်က္ရွိသည့္ ေဈးဝယ္စင္တာႏွင့္စတိုးဆိုင္ ၃၀ ဆိုင္၊ ၅၁ ရာခိုင္ႏႈန္းမွ ၇၀ ရာခိုင္ႏႈန္းအထိ ပိုမိုအျမတ္တင္ ေရာင္းခ်လ်က္ရွိသည့္ ေဈးဝယ္စင္တာ ၂၂ ဆိုင္ရွိေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ျပင္ ေဈးဝယ္စင္တာႏွင့္ စတိုးဆိုင္အခ်ိဳ႕မွာ ၎တို႔၏ ကုမၸဏီဝန္ထမ္းစရိတ္၊ အေရာင္းျမႇင့္တင္ေရးစရိတ္မ်ားကိုပါ အက်ိဳးအျမတ္ရယူေရာင္းခ်သည့္ ႏႈန္းမ်ားတြင္ မလိုလားအပ္ဘဲ ထည့္သြင္းတြက္ခ်က္ ေရာင္းဝယ္လ်က္ရွိသည္ကို စိစစ္ေတြ႕ရွိရေၾကာင္း သိရသည္။

သို႔ျဖစ္၍ စစ္ေဆးေတြ႕ရွိရသည့္ဆိုင္မ်ားအနက္ သတ္မွတ္ေဈးႏႈန္းထက္ ၂၁ ရာခိုင္ႏႈန္းမွ ၅၀ ရာခိုင္ႏႈန္းအထိ ပိုမိုအျမတ္တင္ေရာင္းခ်ခဲ့သည့္ ေဈးဝယ္စင္တာႏွင့္စတိုးဆိုင္ ၃၀ ဆိုင္ကို ၎တို႔ရရွိခဲ့သည့္ အက်ိဳးအျမတ္မ်ားအေပၚ ဒဏ္ေၾကးႏွင့္အခြန္ထပ္မံ စည္းၾကပ္သြားမည္ျဖစ္ေၾကာင္းသိရသည္။

သတ္မွတ္ေဈးႏႈန္းထက္ ၅၁ ရာခိုင္ႏႈန္းမွ ၇၀ ရာခိုင္ႏႈန္းအထိ ပိုမို၍အက်ိဳး အျမတ္မ်ားစြာ ရယူေရာင္းခ်ခဲ့သည့္ ေဈးဝယ္စင္တာ ၂၂ ဆိုင္မွ တာဝန္ရွိသူ ၄ ဦးကို ၂၀၁၂ ခုႏွစ္၊ အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈ ဥပေဒပုဒ္မ-၅ အရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။ ထိုသို႔အေရးယူခံခဲ့ရသည့္ တာဝန္ရွိသူ(၄)ဦးမွာ One Stop Mart၊ City Mart Holding ကုမၸဏီ၊ Sein Gay Har Holding ကုမၸဏီႏွင့္ Aeon Orange တို႔မွ တာဝန္ရွိသူမ်ား ျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျပည္သူလူထု၏စားဝတ္ေနေရး အၾကပ္အတည္းျဖစ္ေစရန္ ျပည္တြင္းဆန္ေဈးကြက္အတြင္း၌ ဆန္ေဈးႏႈန္းမ်ားကို သင့္တင့္မွ်တေသာေဈးႏႈန္းမ်ားထက္ ပိုမိုေရာင္းခ်ေဆာင္႐ြက္ေနသူမ်ားကိုလည္း စိစစ္ေဖာ္ထုတ္ကာ ဆက္လက္အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။

Picture

U Kyaw

02/07/2024 00:51

လုပ်သင့်​တယ်😊

Related news

© 2021. All rights reserved.