ဖိလစ်ပိုင်နိုင်ငံက ကမ္ဘာ့အကြီးဆုံးအရုပ်ကောက်စက်

 142

Pika (NP News) - ဇူလိုင် ၃၁
ဖိလစ်ပိုင်နိုင်ငံရှိ ကစားကွင်းတစ်ခုသည် ဧရိယာအကျယ်အဝန်း(၁၇၆၁)ကုဗပေရှိသော ကမ္ဘာ့အကြီးဆုံး အရုပ်ကောက်စက်ကို တပ်ဆင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ကြောင်း သိရသည်။ Cebu City မြို့ TOPS အထင်ကရနေရာရှိ PlayFair ကစားကွင်းသည် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ရန်အတွက် ၎င်းတို့တပ်ဆင်ထားသော အရုပ်ကောက်စက်ကို ထုတ်ပြန်ပြသခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံးအရုပ်ကောက်စက်အဖြစ် တရားဝင်သတ်မှတ်ခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။
တရားဝင်တိုင်းတာမှုများအရ PlayFair ကစားကွင်းရှိ အရုပ်ကောက်စက်သည် အရှည်(၁၇ ဒသမ ၁၆) ပေ၊ အကျယ်(၈ ဒသမ ၁၂) ပေနှင့် အမြင့်(၁၂ ဒသမ ၇၃)ပေရှိကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံရှိ အရုပ်ကောက်စက်၏အတိုင်းအတာသည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် တပ်ဆင် ထားသည့် အရှည်(၁၆ ဒသမ ၇) ပေ၊ အကျယ်(၇ ဒသမ ၈၇) ပေ နှင့် အမြင့်(၁၁ ဒသမ ၈၁) ပေရှိသော အရုပ် ကောက်စက် Santa Claw တင်ထားသည့်ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
PlayFair ကစားကွင်းက “ကျွန်တော်တို့ရဲ့ကစားကွင်းဟာ ကမ္ဘာ့အကြီးဆုံးအရုပ်ကောက်စက်အတွက် ဂင်းနစ်စံချိန် ကို တရားဝင်ရရှိခဲ့တယ်ဆိုတာကို ထုတ်ပြန်ကြေညာခွင့်ရတဲ့အတွက် တကယ်ကိုဝမ်းသာမိပါတယ်။ ဒါဟာ သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်ပြီး ဒီမှတ်တမ်းကို ဖိလစ်ပိုင်ကိုယူလာနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ထုတ်ပြန်ပြောခဲ့သည်။

Zawgyi Version:
ဖိလစ္ပိုင္ႏိုင္ငံက ကမာၻ႔အႀကီးဆုံးအ႐ုပ္ေကာက္စက္
Pika (NP News) - ဇူလိုင္ ၃၁
ဖိလစ္ပိုင္ႏိုင္ငံရွိ ကစားကြင္းတစ္ခုသည္ ဧရိယာအက်ယ္အဝန္း(၁၇၆၁)ကုဗေပရွိေသာ ကမာၻ႔အႀကီးဆုံး အ႐ုပ္ေကာက္စက္ကို တပ္ဆင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ေၾကာင္း သိရသည္။ Cebu City ၿမိဳ႕ TOPS အထင္ကရေနရာရွိ PlayFair ကစားကြင္းသည္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ရန္အတြက္ ၎တို႔တပ္ဆင္ထားေသာ အ႐ုပ္ေကာက္စက္ကို ထုတ္ျပန္ျပသခဲ့ၿပီးေနာက္ ကမာၻ႔အႀကီးဆုံးအ႐ုပ္ေကာက္စက္အျဖစ္ တရားဝင္သတ္မွတ္ခံခဲ့ ရျခင္းျဖစ္ေၾကာင္း သိရသည္။
တရားဝင္တိုင္းတာမႈမ်ားအရ PlayFair ကစားကြင္းရွိ အ႐ုပ္ေကာက္စက္သည္ အရွည္(၁၇ ဒသမ ၁၆) ေပ၊ အက်ယ္(၈ ဒသမ ၁၂) ေပႏွင့္ အျမင့္(၁၂ ဒသမ ၇၃)ေပရွိေၾကာင္း သိရသည္။
ဖိလစ္ပိုင္ႏိုင္ငံရွိ အ႐ုပ္ေကာက္စက္၏အတိုင္းအတာသည္ အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္တြင္ တပ္ဆင္ ထားသည့္ အရွည္(၁၆ ဒသမ ၇) ေပ၊ အက်ယ္(၇ ဒသမ ၈၇) ေပ ႏွင့္ အျမင့္(၁၁ ဒသမ ၈၁) ေပရွိေသာ အ႐ုပ္ ေကာက္စက္ Santa Claw တင္ထားသည့္ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
PlayFair ကစားကြင္းက “ကြၽန္ေတာ္တို႔ရဲ႕ကစားကြင္းဟာ ကမာၻ႔အႀကီးဆုံးအ႐ုပ္ေကာက္စက္အတြက္ ဂင္းနစ္စံခ်ိန္ ကို တရားဝင္ရရွိခဲ့တယ္ဆိုတာကို ထုတ္ျပန္ေၾကညာခြင့္ရတဲ့အတြက္ တကယ္ကိုဝမ္းသာမိပါတယ္။ ဒါဟာ သမိုင္းဝင္မွတ္တမ္းတစ္ခုျဖစ္ၿပီး ဒီမွတ္တမ္းကို ဖိလစ္ပိုင္ကိုယူလာႏိုင္တဲ့အတြက္ ဂုဏ္ယူမိပါတယ္” ဟု ထုတ္ျပန္ေျပာခဲ့သည္။

Related news

© 2021. All rights reserved.