အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းမှာ စပါးအုံးမြွေ မျိုခံရခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

 366

ရောင်နီ (NP News) - ဇူလိုင် ၄

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း တောင်စူလာဝေစီ ပြည်နယ်မှာ စပါးအုံးမြွမျိုခံရခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင် ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ အဲဒီပြည်နယ်မှာ ၁ လနီးပါးအတွင်း ဒုတိယအကြိမ် စပါးအုံးမြွေမျိုခံရခြင်းကြောင့် လူသေဆုံးမှုဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် မစ္စ ဆာရီရာတီ အမည်ရှိ အမျိုးသမီးဟာ ကလေးအတွက် ဆေးဝယ်ဖို့ ဇူလိုင် ၂ ရက် နံနက် က နေအိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့တာတာကြောင့် ဆွေမျိုးတွေက ရဲတပ်ဖွဲ့ကို လူပျောက်တိုင်ခဲ့ တာပါ။ အဲဒီနောက် သူမရဲ့နောက်ဆုံးဝတ်ခဲ့တဲ့ အဝတ်အစားတချို့ကို တောင်ဆူလာဝေစီပြည်နယ်၊ စီတာဘာ ရွာရှိ ၎င်းတို့အိမ်မှ မီတာ ၅၀၀ အကွာ မြေပြင်ပေါ်မှာ တွေ့ရှိခဲ့ပြီး အဲဒီနေရာနဲ့ ၁၀ မီတာလောက်အကွာမှာ စပါးအုံးမြွေ တစ်ကောင်ကို တွေ့ခဲ့ရပါတယ်။

အဆိုပါ စပါးအုံးမြွေရဲ့ဝမ်းဗိုက်ဟာ မသင်္ကာစရာ အလွန် ဖောင်းကားနေတာကို သတိပြုမိပြီးနောက် ရွာသားတွေရဲ့ အကူအညီနဲ့ မြွေကိုသတ်၊ ဗိုက်ကို ခွဲကြည့်ရာမှ ပျောက်ဆုံးနေတဲ့ အမျိုးသမီးကို ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားမှာ အခုတလော စပါးအုံးမြွေမျိုခံရတဲ့ဖြစ်စဉ်တွေ ခပ်စိပ်စိပ် တွေ့လာရပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံ အလယ္ပိုင္းမွာ စပါးအုံးေႁမြ မ်ိဳခံရျခင္းေၾကာင့္ အမ်ိဳးသမီးတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ဇူလိုင္ ၄

အင္ဒိုနီးရွားႏိုင္ငံ အလယ္ပိုင္း ေတာင္စူလာေဝစီ ျပည္နယ္မွာ စပါးအုံးႁမြမ်ိဳခံရျခင္းေၾကာင့္ အမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ဇူလိုင္ ၃ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ ဒါဟာ အဲဒီျပည္နယ္မွာ ၁ လနီးပါးအတြင္း ဒုတိယအႀကိမ္ စပါးအုံးေႁမြမ်ိဳခံရျခင္းေၾကာင့္ လူေသဆုံးမႈျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ မစၥ ဆာရီရာတီ အမည္ရွိ အမ်ိဳးသမီးဟာ ကေလးအတြက္ ေဆးဝယ္ဖို႔ ဇူလိုင္ ၂ ရက္ နံနက္ က ေနအိမ္မွ ထြက္သြားၿပီးေနာက္ ေပ်ာက္ဆုံးသြားခဲ့တာတာေၾကာင့္ ေဆြမ်ိဳးေတြက ရဲတပ္ဖြဲ႕ကို လူေပ်ာက္တိုင္ခဲ့ တာပါ။ အဲဒီေနာက္ သူမရဲ႕ေနာက္ဆုံးဝတ္ခဲ့တဲ့ အဝတ္အစားတခ်ိဳ႕ကို ေတာင္ဆူလာေဝစီျပည္နယ္၊ စီတာဘာ ႐ြာရွိ ၎တို႔အိမ္မွ မီတာ ၅၀၀ အကြာ ေျမျပင္ေပၚမွာ ေတြ႕ရွိခဲ့ၿပီး အဲဒီေနရာနဲ႔ ၁၀ မီတာေလာက္အကြာမွာ စပါးအုံးေႁမြ တစ္ေကာင္ကို ေတြ႕ခဲ့ရပါတယ္။

အဆိုပါ စပါးအုံးေႁမြရဲ႕ဝမ္းဗိုက္ဟာ မသကၤာစရာ အလြန္ ေဖာင္းကားေနတာကို သတိျပဳမိၿပီးေနာက္ ႐ြာသားေတြရဲ႕ အကူအညီနဲ႔ ေႁမြကိုသတ္၊ ဗိုက္ကို ခြဲၾကည့္ရာမွ ေပ်ာက္ဆုံးေနတဲ့ အမ်ိဳးသမီးကို ရွာေတြ႕ခဲ့တယ္လို႔ သိရပါတယ္။
အင္ဒိုနီးရွားမွာ အခုတေလာ စပါးအုံးေႁမြမ်ိဳခံရတဲ့ျဖစ္စဥ္ေတြ ခပ္စိပ္စိပ္ ေတြ႕လာရပါတယ္။

Picture

095000238

04/07/2024 09:33

အခု KBZ စပါယ်ရှယ်အကောင့်မှာ ငွေထုတ်လျှင် သိန်း၅၀ထက်ပို့မရကြောင်း Terminal ရှိဘဏ်ခဲမှ ပြောကြား

Related news

© 2021. All rights reserved.