ရုရှား-တရုတ်ဆက်ဆံရေးက သမိုင်းတစ်လျှောက် အကောင်းဆုံးအဆင့်ကိုရောက်ရှိနေပြီလို့ ရုရှားသမ္မတပူတင် ပြော

 491

Pika (NP News) - ဇူလိုင် ၄
ရုရှားနဲ့ တရုတ်တို့ဟာ ၎င်းတို့ရဲ့ပြည်သူတွေ အကျိုးစီးပွားအတွက် လုပ်ဆောင်နေပြီး တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှုဆိုင်ရာ အခြေခံမူဝါဒတွေအပေါ်မှာ နှစ်နိုင်ငံကြားဆက်ဆံရေးကို တည်ဆောက်နေတယ်လို့ ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရုရှားသမ္မတပူတင်ဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ပူတင်နဲ့ ရှီကျင့်ဖျင်တို့ဟာ ဇူလိုင်လ(၃)ရက်က ကာဇက်စတန်နိုင်ငံ အက်စတာနာ မြို့မှာ ကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီးအစည်းအဝေးအပြီးမှာ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ တာဖြစ်တယ်လို့လည်း သိရပါတယ်။

ပူတင်က “ရုရှား-တရုတ်ဆက်ဆံရေး၊ ဘက်စုံမိတ်ဖက်ဆက်ဆံရေးနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တွေဟာ သမိုင်းတစ်လျှောက်အကောင်းဆုံးကာလကို ဖြတ်သန်းနေတယ်ဆိုတာ ကျွန်တော်တို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးပါပြီ။ တန်းတူညီမျှမှု၊အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုနဲ့ အချင်းချင်းရဲ့အချုပ်အခြာအာဏာကို လေးစားမှုအခြေခံမူဝါဒတွေအပေါ်မှာ နှစ်နိုင်ငံကြားဆက်ဆံရေးကို တည်ဆောက်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်နိုင်ငံကိုမှ တိုက်ရိုက်ဆန့်ကျင်နေတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အစုအဖွဲ့ တွေ ဒါမှမဟုတ် မိတ်ဖက်တွေကိုလည်း မဖန်တီးပါဘူး။ ကျွန်တော်တို့ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ရိုးရိုး ရှင်းရှင်းလုပ်ဆောင်နေတာပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ပူတင်နဲ့ပုံမှန်တွေ့ဆုံမှုတွေဟာ နှစ်နိုင်ငံကြားက အစဉ်အလာကောင်းတွေတင်မဟုတ်ဘဲ မြင့်မားလာတဲ့ ရုရှား-တရုတ်ဆက်ဆံရေးရဲ့သင်္ကေတတစ်ခုလည်းဖြစ်တယ်လို့ ရှီကျင့်ဖျင်က ပြောခဲ့ပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံစလုံးရဲ့ တရားဝင်အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ဆက်ဆံရေးတွေကို တိုးမြှင့်ဖို့ ပူတင်နဲ့ရှီကျင့်ဖျင်တို့က သဘောတူညီခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
႐ုရွား-တ႐ုတ္ဆက္ဆံေရးက သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးအဆင့္ကိုေရာက္ရွိေနၿပီလို႔ ႐ုရွားသမၼတပူတင္ ေျပာ
Pika (NP News) - ဇူလိုင္ ၄
႐ုရွားနဲ႔ တ႐ုတ္တို႔ဟာ ၎တို႔ရဲ႕ျပည္သူေတြ အက်ိဳးစီးပြားအတြက္ လုပ္ေဆာင္ေနၿပီး တန္းတူညီမွ်မႈ၊ အျပန္အလွန္ ေလးစားမႈဆိုင္ရာ အေျခခံမူဝါဒေတြအေပၚမွာ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးကို တည္ေဆာက္ေနတယ္လို႔ ႐ုရွားသမၼတ ပူတင္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

႐ုရွားသမၼတပူတင္ဟာ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ပူတင္နဲ႔ ရွီက်င့္ဖ်င္တို႔ဟာ ဇူလိုင္လ(၃)ရက္က ကာဇက္စတန္ႏိုင္ငံ အက္စတာနာ ၿမိဳ႕မွာ က်င္းပတဲ့ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕(SCO) ထိပ္သီးအစည္းအေဝးအၿပီးမွာ ေတြ႕ဆုံမႈေတြ ျပဳလုပ္ခဲ့ တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ပူတင္က “႐ုရွား-တ႐ုတ္ဆက္ဆံေရး၊ ဘက္စုံမိတ္ဖက္ဆက္ဆံေရးနဲ႔ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈ ေတြဟာ သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကာလကို ျဖတ္သန္းေနတယ္ဆိုတာ ကြၽန္ေတာ္တို႔ အႀကိမ္ႀကိမ္ ေျပာဆိုခဲ့ၿပီးပါၿပီ။ တန္းတူညီမွ်မႈ၊အျပန္အလွန္အက်ိဳးျဖစ္ထြန္းေစမႈနဲ႔ အခ်င္းခ်င္းရဲ႕အခ်ဳပ္အျခာအာဏာကို ေလးစားမႈအေျခခံမူဝါဒေတြအေပၚမွာ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးကို တည္ေဆာက္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈက ဘယ္ႏိုင္ငံကိုမွ တိုက္႐ိုက္ဆန႔္က်င္ေနတာမ်ိဳး မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ဟာ အစုအဖြဲ႕ ေတြ ဒါမွမဟုတ္ မိတ္ဖက္ေတြကိုလည္း မဖန္တီးပါဘူး။ ကြၽန္ေတာ္တို႔ျပည္သူေတြရဲ႕အက်ိဳးစီးပြားအတြက္ ႐ိုး႐ိုး ရွင္းရွင္းလုပ္ေဆာင္ေနတာပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ပူတင္နဲ႔ပုံမွန္ေတြ႕ဆုံမႈေတြဟာ ႏွစ္ႏိုင္ငံၾကားက အစဥ္အလာေကာင္းေတြတင္မဟုတ္ဘဲ ျမင့္မားလာတဲ့ ႐ုရွား-တ႐ုတ္ဆက္ဆံေရးရဲ႕သေကၤတတစ္ခုလည္းျဖစ္တယ္လို႔ ရွီက်င့္ဖ်င္က ေျပာခဲ့ပါတယ္။ ဒါ့ျပင္ ႏွစ္ႏိုင္ငံစလုံးရဲ႕ တရားဝင္အက်ိဳးစီးပြားေတြကို ကာကြယ္ဖို႔အတြက္ ဆက္ဆံေရးေတြကို တိုးျမႇင့္ဖို႔ ပူတင္နဲ႔ရွီက်င့္ဖ်င္တို႔က သေဘာတူညီခဲ့တယ္လို႔လည္း သိရပါတယ္။

© 2021. All rights reserved.