တာတိုပစ်ဒုံးကျည်များ နှင့် တာလတ်ပစ်ဒုံးကျည်များကို တစ်ကျော့ပြန်စတင်ထုတ်လုပ်ရန် အဆင့်သင့်ရှိနေဟု ရုရှားသမ္မတပြော

 443

ဂျန်ဇက် (NP News) - ဇူလိုင် ၆

ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် တာလတ်ပစ်ဒုံးကျည်များ၊ တာတိုပစ်ဒုံးကျည်များကို စတင်ထုတ်လုပ်ရန် အဆင့်သင့်ရှိနေကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ရုရှားနိုင်ငံ နှင့် အမေရိကန်နိုင်ငံကြား စစ်အေးခေတ်ကာလအတွင်း၌ ချုပ်ဆိုခဲ့သော တာလတ်ပစ်နျူကလီးယားလက်နက်များစာချုပ်(INF)နှင့်ပတ်သက်ပြီး အငြင်းပွားမှုများရှိလာခဲ့ရာ အမေရိကန်နိုင်ငံက ၂၀၁၉ ခုနှစ်တွင် အဆိုပါစာချုပ်မှနုတ်ထွက်သွားခဲ့ကြောင်းသိရသည်။

အမေရိကန်နိုင်ငံသည် အဆိုပါစာချုပ်မှနုတ်ထွက်ခဲ့သော်လည်း ရုရှားနိုင်ငံက အဆိုပါစာချုပ်ပါအချက်အလက်များကို နှစ်အတန်ကြာစောင့်ထိန်းလိုက်နာခဲ့ကြောင်း၊ လက်ရှိအချိန်တွင်တော့ စာချုပ်ပါအချက်အလက်များကို လိုက်နာစောင့်ဆိုင်းတော့မည်မဟုတ်ဘဲ တာတိုပစ်နှင့်တာလတ်ပစ်ဒုံးကျည်များ ထုတ်လုပ်ရန်လုပ်ဆောင်မည်ဟု ရုရှားသမ္မတက ပြောသည်။ ရုရှားသမ္မတပူတင်က "ကျွန်တော် သိရသလောက်တော့ အမေရိကန်နိုင်ငံဟာ အဲဒီစာချုပ်ကနေ နုတ်ထွက်ခဲ့ပြီးချိန်မှာ စာချုပ်ထဲမှာ ပိတ်ပင်ထားတဲ့လက်နက်တွေကို ပြန်လည်ထုတ်လုပ်ခဲ့တယ်။ ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ စဉ်းစားနေတယ်။ သုတေသနပြုလုပ်ကာ ပြန် လည် ထုတ်လုပ်သွားဖို့စတင်သွားမယ်"ဟု ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးအတွင်းထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် ရုရှားသမ္မတပူတင်က "ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနဟာ တာတိုပစ်နဲ့ တာလတ်ပစ်ဒုံးကျည်တွေကို ပြန်လည်စတင်ထုတ်လုပ်ဖို့ အဆင့်သင့်ရှိနေတယ်။ စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေကို ညွှန်ကြားချက်ပေးထားတယ်"ဟု ထပ်မံပြောဆိုခဲ့သည်။ ပိတ်ပင်ထားသည့်လက်နက်များကို ပြန်လည်ထုတ်လုပ်နေခြင်းသည် အမေရိကန်နိုင်ငံ၏ ရန်လိုသောလုပ်ရပ်များကိုပြသနေခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည်ပိတ်ပင်ထားသည့် ဒုံးကျည်များကို ပြန်လည်ထုတ်လုပ်ရုံသာမက ဥရောပနှင့်ဒိန်းမတ်နိုင်ငံများသို့ အသုံးပြုရန် ပေးပို့ခြင်းများလည်းရှိနေကြောင်း ရုရှားသမ္မတက ပြောသည်။ အမေရိကန်နိုင်ငံသည် အဆိုပါပိတ်ပင်ထားသည့် ဒုံးကျည်စနစ်များကို ပြန်လည်ထုတ်လုပ်ပြီး ဖိလစ်ပိုင်နိုင်ငံသို့ ပေးပို့ခြင်းများလည်းရှိခဲ့ကြောင်း သမ္မတပူတင်ကပြောသည်။

zawgyi version
တာတိုပစ္ဒုံးက်ည္မ်ား ႏွင့္ တာလတ္ပစ္ဒုံးက်ည္မ်ားကို တစ္ေက်ာ့ျပန္စတင္ထုတ္လုပ္ရန္ အဆင့္သင့္ရွိေနဟု ႐ုရွားသမၼတေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၆

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနသည္ တာလတ္ပစ္ဒုံးက်ည္မ်ား၊ တာတိုပစ္ဒုံးက်ည္မ်ားကို စတင္ထုတ္လုပ္ရန္ အဆင့္သင့္ရွိေနေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ႐ုရွားႏိုင္ငံ ႏွင့္ အေမရိကန္ႏိုင္ငံၾကား စစ္ေအးေခတ္ကာလအတြင္း၌ ခ်ဳပ္ဆိုခဲ့ေသာ တာလတ္ပစ္န်ဴကလီးယားလက္နက္မ်ားစာခ်ဳပ္(INF)ႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ားရွိလာခဲ့ရာ အေမရိကန္ႏိုင္ငံက ၂၀၁၉ ခုႏွစ္တြင္ အဆိုပါစာခ်ဳပ္မွႏုတ္ထြက္သြားခဲ့ေၾကာင္းသိရသည္။

အေမရိကန္ႏိုင္ငံသည္ အဆိုပါစာခ်ဳပ္မွႏုတ္ထြက္ခဲ့ေသာ္လည္း ႐ုရွားႏိုင္ငံက အဆိုပါစာခ်ဳပ္ပါအခ်က္အလက္မ်ားကို ႏွစ္အတန္ၾကာေစာင့္ထိန္းလိုက္နာခဲ့ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ေတာ့ စာခ်ဳပ္ပါအခ်က္အလက္မ်ားကို လိုက္နာေစာင့္ဆိုင္းေတာ့မည္မဟုတ္ဘဲ တာတိုပစ္ႏွင့္တာလတ္ပစ္ဒုံးက်ည္မ်ား ထုတ္လုပ္ရန္လုပ္ေဆာင္မည္ဟု ႐ုရွားသမၼတက ေျပာသည္။ ႐ုရွားသမၼတပူတင္က "ကြၽန္ေတာ္ သိရသေလာက္ေတာ့ အေမရိကန္ႏိုင္ငံဟာ အဲဒီစာခ်ဳပ္ကေန ႏုတ္ထြက္ခဲ့ၿပီးခ်ိန္မွာ စာခ်ဳပ္ထဲမွာ ပိတ္ပင္ထားတဲ့လက္နက္ေတြကို ျပန္လည္ထုတ္လုပ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ဟာ လက္ရွိအခ်ိန္မွာ စဥ္းစားေနတယ္။ သုေတသနျပဳလုပ္ကာ ျပန္ လည္ ထုတ္လုပ္သြားဖို႔စတင္သြားမယ္"ဟု ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ ထိပ္သီးအစည္းအေဝးအတြင္းထည့္သြင္းေျပာဆိုခဲ့သည္။

ထို႔ျပင္ ႐ုရွားသမၼတပူတင္က "ကြၽန္ေတာ္တို႔ ကာကြယ္ေရးဝန္ႀကီးဌာနဟာ တာတိုပစ္နဲ႔ တာလတ္ပစ္ဒုံးက်ည္ေတြကို ျပန္လည္စတင္ထုတ္လုပ္ဖို႔ အဆင့္သင့္ရွိေနတယ္။ စစ္လက္နက္ ပစၥည္း ထုတ္လုပ္ေရးလုပ္ငန္းေတြကို ၫႊန္ၾကားခ်က္ေပးထားတယ္"ဟု ထပ္မံေျပာဆိုခဲ့သည္။ ပိတ္ပင္ထားသည့္လက္နက္မ်ားကို ျပန္လည္ထုတ္လုပ္ေနျခင္းသည္ အေမရိကန္ႏိုင္ငံ၏ ရန္လိုေသာလုပ္ရပ္မ်ားကိုျပသေနျခင္းျဖစ္ေၾကာင္း၊ အေမရိကန္ႏိုင္ငံသည္ပိတ္ပင္ထားသည့္ ဒုံးက်ည္မ်ားကို ျပန္လည္ထုတ္လုပ္႐ုံသာမက ဥေရာပႏွင့္ဒိန္းမတ္ႏိုင္ငံမ်ားသို႔ အသုံးျပဳရန္ ေပးပို႔ျခင္းမ်ားလည္းရွိေနေၾကာင္း ႐ုရွားသမၼတက ေျပာသည္။ အေမရိကန္ႏိုင္ငံသည္ အဆိုပါပိတ္ပင္ထားသည့္ ဒုံးက်ည္စနစ္မ်ားကို ျပန္လည္ထုတ္လုပ္ၿပီး ဖိလစ္ပိုင္ႏိုင္ငံသို႔ ေပးပို႔ျခင္းမ်ားလည္းရွိခဲ့ေၾကာင္း သမၼတပူတင္ကေျပာသည္။

Related news

© 2021. All rights reserved.